Skip to main content

ဟုတ်မှ လည်းလုပ်ကြပါ ...

လောကကြီးမှာ စိတ်တိုင်းမကျဆုံးက ကိုယ့်ကို ကိုယ်ဘဲ.. အင်းလေ ကိုယ့်အကြောင်းကိုယ်အသိဆုံး
ကို...

နိုင်ငံရေးတွေကလည်း ဒီနှစ်ထဲမှာ အပြောင်းအလည်းတွေ နဲ့ ရွေးကောက်ပွဲခေါ်ခေါ် ရွေးချယ်ပွဲ လုပ်လုပ်... ပါဝင်တဲ့ ပါတီတွေထဲက အနိုင်မဲ အချိုးတစ်ခုခု ရတဲ့ ပါတီတစ်ခုက ပွဲပြီးမှ အယုံအကြည်မရှိဆိုပြီးထွက်သွား ရင်ဘယ်လိုလုပ်မလည်း
စဉ်းစားမိတယ်... ဒါနိုင်ငံရေး အနိုင်ပိုင်း တိုက်ခိုက်မှု့ ပုံစံ အသစ်တစ်ခု ဖြစ်လာနိုင်တယ်.....

NLD ပါတီကိုမှ မဲပေးလိုတဲ့ မြန်မာပြည်သူ တွေရဲ့ မဲတွေကို ရောင်စိန် ရောင်တော်ပြန် ပါတီတွေက ရမလား ဒါမှမဟုတ်... အဲ့ဒီမဲတွေ အတွက် အချိန်က ဆုံးဖြတ်လာမယ်ဆိုပင်မဲ့ ဆက်သွယ်ရေး နဲ့ နိုင်ငံရေးနမိတ် သိပ်မမြင်တဲ့ ရိုးသားတဲ့ ပြည်သူတွေ အတွက်တော့ သိပ်ခပ်ပြီ..

နိုင်ငံရေးပါတီတွေကလည်း ဖာသည် တွေလိုဘဲ... တချို့ပါတီတွေဆို ရွေးကောက်ပွဲ ဥပဒေ မထွက်ခင်ကထဲက ရွေးကောက်ပွဲပါမယ် လို့ ကြေငြာတယ်... ပါချင်တာ အရမ်းဘဲ... ဘာဥပဒေ ထွက်ထွက် ဆိုပြီး လုပ်တာဘဲ.. အဲ့ဒါကိုမှ Blank Chaque ပေးတဲ့ ပါတီလို့ပြောရမယ်.. ဒီလို ပါတီတွေကို ပြည်သူတွေက ဘယ်လို ယုံပုံရမလည်း... ကိုယ့်ဖာသာစဉ်းစားကြည့်

ကြည့်နေ NLD ပါတီ က ရွေးကောက်ပွဲ မပါဝင်လို့ နိုင်ငံရေးလိုအပ်ချက် အရ ရွေးကောက်ပွဲ ၀င်ရပါတယ်ဆိုတဲ့ ရောင်တော်ပြန် ပါတီ ဘယ်နှစ်ခုက ပြောမလည်း ကြည့်.....

မြန်မာပြည်သူ ပြည်သားတွေ ဟာ လွတ်လပ်ရေး မရခင်လေးတင် နိုင်ငံခေါင်းဆောင်တွေ ဆုံးရှုံးခဲ့တယ်... ၀ါစဉ်အရ ဦးစေားက နိုင်ငံတော်ကို ဦးဆောင်ရဘို့ ရှိပင်မဲ့ သူက သရခံ ဖြစ်နေတော့် ဦးနုက အစိုရဖွဲရတယ်.... အဲ့ဒီနေရာမှာအလျှင်းသင့်လို့ ဦးစေားကို ကြိုးပေးပြီးပြီချင်း နောက်တစ်ယောက် ကြိုးစဉ်ပေါ်တက်လာတာက မှုံကြီး သူက ကြိုးတန်လန်းနဲ့ အောင်ရောက်နေတဲ့ သူကို ကြည့်ပြီး ဦးစေားလားလို့ မေးတယ်... ပြီးတော့ သူကို Dead Cap အုပ်တဲ့ အချိန်မှာ မှုံကြီးက ကျွန်တော်တို့ ခေါင်ဆောင်ကြီး လို့ စကားမဆုံးခင်မှာ ကြိုးပေးခံလိုက်ရတယ်... ကျွန်တော်ရဲ့ လွတ်လပ် အတွေးအရ ဦးစေား ဒီကိစ္စကို မသိချင်ရောင်စောင်ခဲ့တဲ့ အမှာရှိတယ် ဆိုတာတော့ မှန်လောက်တယ်....

ီဦးနုက အမှာကြီးတစ်ခုကို လုပ်ခဲ့တယ်လို့ မြင်မိတယ် .. ခရစ်ယန် ဘာသာကိုးကွယ်တဲ့ တိုင်းရင်သား တွေအမျာကြီရှိတဲ့ မြန်မာနိုင်ငံကို ဗုဒ္ဒဘာသာ နိုင်ငံကြောငြာမယ်ဆိုတာ ကို မူ နဲ့ အချိန်အခါ အရ လက္ခံနိုင်စရာ ရှိပင်မဲ့ ဦးနုက ရွေးကောက်ပွဲ နိုင်ငံရေးအမြတ်ထုပ်ဘို့ သုံးခဲ့တဲ့ အတွက် မြန်မာ့နိုင်ငံရေး မလိုအပ်ဘဲ... စစ်တပ်အုပ်ချုပ်တဲ့ ဘ၀ကို စတင်စေခဲ့တယ်....

ဦးနေ၀င်းက သူ့ နောက်ဆုံးမိန့်ခွန်းမှာ သူနဲ့ အတူ သူ့ နိုင်ငံရေးသမားတွေကို နိုင်ငံရေးက နှုတ်ထွက်မယ်လို့ကြောငြာပြီး ပါတီစုံကို ကြိုက်တယ်ဆိုရင် ပါတီဆုံလုပ်ပေါ့လို့ ပြောပြီး နိုင်ငံရေး ဇတ်ခုန်ကနေ ခုန်ဆင်းသွားတယ်....

ဒေါက်တာမောင်မောင်က ပါတီစုံရွေးကောက်ပွဲလုပ်ပေးပါ့မယ်လို့ ပြောတယ် ပြည်သူတွေ လက်မခံတော့ဘူး.. ( ဘာကြောင့်လည်း )

ဗိုလ်ချုပ်ကြီးစောမောင်ကတော့ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲကို တရားမျှတစွားပြုလုပ်ပေးမယ် ပြီးတော့ ကျုပ်တို့ စစ်သားတွေက ကိစ္စပြီးရင် တပ်ရင်းကို ပြန်မယ်လို့ ပြောခဲ့တယ်.... သူ့ဇတ်လမ်းက ဘယ်လိုပြီးသွားလည်း။

လူ ထောင့်ငါရာလောက်က ၁၅ နှစ်လောက်ရေးလိုက်တဲ့ ကမ္ဘာ့ထူးခြားစာရင်းပါသင့်တဲ့ အချိန်အကြာဆုံးရေးလိုက်တဲ့ အခြေခံဥပဒေကြီးကို အခြေခံပြီး လုပ်မယ့် ရွေးကောက်ပွဲမှာ ပါတီတွေက အခုအထိဘာ လှုပ်ရှားမှု့ မတွေ့ ရသေးသလို ရွေးကောက်ပွဲရက် ကာလကလည်း မကြေငြာနိုင်သေးဘူး.....

တပ်မတော်မှာ ထင်ရှားခဲ့တဲ့ နေ၀င်း၊ အောင်ကြီး၊ လှမြင့် ( ကျောင်းသားသမဂ္ဂကို ဒိုင်နမိုက်နဲ့ ကိုယ်တိုင်ဖြိုခဲ့သူ ) ၊ စိန်လွင်၊ တင်ဦး၊စေားမောင်၊ ခင်ညွန့်၊ ထွန်းကြည် သူတို့ အားလုံး ဟာ အနားပေး၊ အရေးယူခံခဲ့ရသူတွေ ဖြစ်နေတယ်...

Comments

Popular posts from this blog

တိုင်းကျိုး၊ ပြည်ကျိုး၊ ငါ့အကျိုး

မြန်မာပြည်မှာ အုပ်စုဖွဲ့လူမိုက် ဂိုင်းဆိုလို့ သံထုတ်မောင်မောင် တို့ လမ်းမတော်ဖိုးတုန်တို့ စိန်ဂေါ်လီဂိုင်းတို့၊ စကော်ပီယံ ဂိုင်းတို့ ကြားဖူးလိုက်ပါတယ်။ မည်သို့ မည်ပုံ မိုက်ကြသည် ကျွန်တော်မသိ၊ သို့သော် တိုင်ပြည်အတွက် ရတက်မအေးစရာ ဂိုင်းတချို့ပေါ်လာသည်။ တိုင်းကျိုး၊ ပြည်ပြု၊ အကျိုးတော်ဆောင်၊ ကူညီကယ်ဆယ်ရေး၊ နည်းပညာ ပြန့်ပွားရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့် တို့ အဖွဲ့ခေါင်းစဉ် ကောင်းကောင်းလေးတွေ ဖြည့်ထည့်ပြီး အုပ်စုဖွဲ့လိမ်စားသူတွေရဲ့ ခေတ်သစ် လူမိုက်ဂိုင်းတွေပါဘဲ၊ လိမ်စာတဲ့ အဖွဲ့ဆိုလို့ အထင်တော့ မသေးနဲ့နော် တကယ့်ကို နည်းပညာပိုင်းဆိုင်ပြီး လက်ကြောတင်းတင်း မလုပ်စားချင်တဲ့ လူ့ဘောကျော့လေးတွေ။ ဒီလို အစုအဖွဲ့လေးတွေက အခု ကျွန်တော်တို့ နိုင်ငံမှာကျယ်ပြန့်စွာ ဖြစ်ပေါ်ထွန်းကားလာသည်မှာ ကောင်းသည့် နိမိတ်လဏ္ခာမဟုတ်

ကြာကူလီ နဲ့ စပွန်ဆာ

ယနေ့ခေတ် ကြာကူလီ၊ စပွန်ဆာ ဆိုသည့် စကားလုံးများသည် ကြွားစရာ၊ ပြိုင်စရာ တစ်ခုလို အရှက်အကြောက်ကင်းစွာ ရေပန်စားလာသည့် လူ့ဘောင်တစ်ခု ဖြစ်မှန်းမသိ ဖြစ်ပေါ်တိုးပွားလျက်ရှိသည်မှာ စိတ်မကောင်းစရာတစ်ခုပါ၊ မိန်းကလေးတွေအကြား မိမိကို စပွန်စာအနေနဲ့ ပေးလာတဲ့ တိုက်၊ကား ပိုက်စံဆိုတာ ပြိုင်ဆိုင်စရာတစ်ခုလိုဖြစ်နေသည်မှ ရှက်ရကောင်းမှန် အသိလေးတွေ ရစေလိုသလို ၊ လင်ကြီးငုတ်တုတ် ရှိလျက် အိမ်ထောင်ရေး အစဉ်မပြေလေး ဖြစ်လိုက်တာနဲ့ "ကင်းကင်းရှင်းရှင်းဖြစ်ရင် လက်ထက်ချင်ပါတယ်" ၊ တာဝန်ယူလိုပါတယ် လို့ ပြောလိုက်တာကို လူကြီးလူကောင်းဆန်ဆန် ကယ်တင်တာပါ လို့ အရှက်မရှိ စိတ်အထင်ရောက်နေသည့် လူငယ်လူရွယ်တွေကို လည် အရှက်တရားလေးနဲ့ ပြုပြင်မိစေချင်တယ်၊

ကျွန်တော် မမုန်းတဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွေ ( ၁ )

သူငယ်ချင်းတွေဘဲ ဖြစ်ဖြစ်၊ လင်မယားတွေဘဲဖြစ်ဖြစ်၊ အုပ်စုတွေဘဲ ဖြစ်ဖြစ်၊ တဖတ်နဲ့ တဖတ် ငြိမ်ချမ်း တည်ငြိမ် ပြီး သင့်မြတ်ရေး လိုချင်တယ်ဆိုရင် တဖတ်နဲ့ တစ်ဖတ် တစ်ဦးနဲ့ တစ်ဦး ခွင့်လွတ် နာလည်မှု့၊ အပြန်အလှန်ယုံကြည့်မှု့ ၊  အပြန်အလှန် အသိအမှတ်ပြုမှု့တွေ လိုအပ်ပါမယ်။ ဒီနေရာမှာ ခဏ ခဏ ခွင့်လွတ် ယုံကြည် အသိအမှတ်ပြု ပေးနေရတာ တွေကတော့ အစဉ်မပြေနိုင်ဘူးပေါ့။ မနေ့ တနေ့က ဗိုလ်ချုပ်မှုးကြီး သန်းရွေက ဗိုလ်ချုပ်ကြီးဟောင်း တချို့ကို နေပြည်တော် နေအိမ်မှာ အလွတ် တွေ့ဆုံ စဉ် သူ့မှာ စိုးရိမ် မှု့တွေ ရှိနေတယ်လို့ ဖတ်လိုက်ရတော့၊  ကျွန်တော်ဘဲ အသဲငယ်လို့လားတော့ မသိ စိတ်မကောင်းဖြစ်မိတယ်။ ငါတို့ မြန်မာ အချင်းချင်း ကိုယ့်နိုင်ငံမှာ ကိုယ် မလုံခြုံဘူးခံစားရတယ် ဆိုတာ ဘယ်လောက် အသဲနာစရာ ကောင်းတုန်းပေါ့။ ကျွန်တော် စိတ်ကို တမျိုးစဉ်းစားတယ် ဒီလူကြီး ငါ ချစ်ခင် လေးစားတဲ့ အမေ ဒေါ်အောင်ဆုကြည် ကို ဆယ်စု နှစ် ၂ ခုလောက် ဖမ်းခဲ့တယ် သူ့အမိန့်နဲ့ ယနေ့ အထိ ထောင်နန်းစံ နေရသူတွေ ထောင်နန်းမှ နတ်နန်းစံ ရသူတွေအတွက်  ဒင်း ခံစားနာလည်မှု့ မရှိခဲ့ဘူးလားပေါ့။ ကျွန်တော်တို့က တိုင်းပြည်ချစ်တယ်၊ လူမျိုးကိုချစ်တယ်၊ ဘာညာ တွေက ပြောရမယ်၊ သတင်းစားတွေ နဲ့