Skip to main content

အရှိတရား ကို အသိတရားနဲ့ ယှင်

၁၀ တန်းအောင်စာရင်းသွားကြည့်ဘို့ မနက် ၂ နာရီလောက်ကြီး ဂိုထောင်ထဲက Master Jeep ကို သူငယ်ချင်းတွေနဲ့ လမ်းထိပ်အထိ တွန်းထုတ်သွားလိုက်တယ် ကယ် ဘယ်ရမတုန်း အိမ်းက ဘိုးတော် ဘွားတော်တွေ မသိရုံတင်မက ရပ်ကွတ် ပါမသိ၊ ပထမဆုံးတော့ ရန်ကုန် ဘူတာကြီးနားက ညလုံးပေါက် Tea Shop လေးမှာ သွားစားလိုက်တယ် ပြီးတော့မှ အောင်စာရင်း သွားကြည့်တော့ သူငယ်ချင်းတွေနဲ့ တိုးဝှေ့ပြီး ကြည့်တာပေါ့ ၊ ပျော်တဲ့ အကောင်က ပျော်၊ ဆဲတဲ့ အကောင်ကဆဲ၊ ကယ် နောက်ဆုံးတော့ ကျွန်တော့် နာမည် ပါမလားပါဘူး၊

 

ဘယ်ရမတုန်း လသာ ( ၂ ) ကိုသွားပြီး ရည်းစားအောင်မအောင်တော့ ကြည့်လိုက်အုံးမယ်ဆိုပြီး သူငယ်ချင်းတွေကို ခေါ်ပြီး အင်နဲ့ အားနဲ့ကို သွားအားပေးဘို့ ချီတက်သွားတာပေါ့ ဟင် လူတွေအုံ ကြည့်နေတဲ့ ဘေးတစ်နေရာမှာ ငိုနေသူလေးကတော့ ကျုပ်ချစ်ရတဲ့ ကောင်မလေးပါလား ၊ ဒါနဲ့ဘဲ သူငယ်ချင်းတွေကို ဟေ့ရောင်တွေ အသာနေခဲ့ပေးတော့ အခြေအနေမကောင်းဘူး ဟုဆိုကာ ကျွန်တော် သူအနားကပ်ပြီး မေးလိုက်တယ် ဟေ့ နင်စာမေးပွဲကျတယ်မလား၊ မဖြေ ငိုသာငို နေတော့တာပါဘဲ .. သူ့ သူငယ်ချင်းတစ်ယောက်က အနားမှ မနေနိုင်မထိုင်နိုင် ၀င်ဖြေတယ် အောင်တယ်ဟေ့ အောင်းတယ် သချာင်္ ဒီမပါလို့တဲ့ ။။ ဟိုက်

 

အဲ့ဒီတော့မှ ကျုပ်ရည်းစားက နင်ကျတယ်မလား လို့ ဆိုလာတော့ ကျွန်တော်လည်း ဘာပြောရမည်မသိ" နင်ဘယ်လိုသိလဲ  '' လို့မေးတော့"  နောက်ဆုံးနေ့ သွားမဖြေဘူးလို့ ရှင့်သူငယ်ချင်းတွေဘဲ ပြောတာလေ".... ဒီကောင်တွေ ကို သချိုင်းပို့ ရအုံးမယ်...

ရှင်မို့လို့ မရှက်ဘူး စာမေးပွဲ မဖြေဘဲ အောင်စာရင်းသွားကြည့်နေသေးတယ် လို့ ဆိုပြန်တော့ ဟိုက်... ဒါနဲ့ဘဲ NDF ကာရာအိုကေ ဆိုင်မှာ လင်းလင်းရဲ့ သီချင်း ကိုယ်ဘက်က မှားတာပါ သီးချင်းအော်ဆိုလိုက်တယ်

 

ဒီဖြစ်ရပ်က မြန်မာပြည်သား ကျုပ်အတွက် သိပ်ရှက်စရာမဟုတ် လုပ်ချင်ရာလုပ် အဟုတ်ဘဲ နိုင်ငံရေးကြိုက်သလို လုပ် ထောင်မကျတဲ့ နိုင်ငံ ကျုပ်တို့ တစ်နိုင်ငံထဲရှိတယ်.. မယုံဘူးလား မြန်မာပြည်မှာ နိုင်ငံရေး အမှု့နဲ့ ထောင်ကျနေတဲ့ သူတစ်ယောက်လောက်ပြပါလား ?

 

တိုင်းသိ ၊ ပြည်သိ ၊ ကမ္ဘာသိ နိုဘလ် ဆုရှင် ဒေါ်အောင်ဆန်းဆုကြည်က ကျုပ်တို့ နိုင်ငံမှာတော့ သာမာန်ပြည်သူတစ်ယောက်ဘဲ ...သာမာန်မဟုတ်တဲ့ ပြည်သူတွေက ဘယ်သူတွေလဲ ကျုပ်မသိ

ဒါပင်မဲ့ မင်းသမီးမဟုတ်တဲ့ အတွက် ဂျာနယ်များမှာ ထင်ထင်ပေါ်ပေါ်ဖေါ်ပြခွင့်မရှိတာလေးကလွဲလို့ ၊


Comments

Popular posts from this blog

တိုင်းကျိုး၊ ပြည်ကျိုး၊ ငါ့အကျိုး

မြန်မာပြည်မှာ အုပ်စုဖွဲ့လူမိုက် ဂိုင်းဆိုလို့ သံထုတ်မောင်မောင် တို့ လမ်းမတော်ဖိုးတုန်တို့ စိန်ဂေါ်လီဂိုင်းတို့၊ စကော်ပီယံ ဂိုင်းတို့ ကြားဖူးလိုက်ပါတယ်။ မည်သို့ မည်ပုံ မိုက်ကြသည် ကျွန်တော်မသိ၊ သို့သော် တိုင်ပြည်အတွက် ရတက်မအေးစရာ ဂိုင်းတချို့ပေါ်လာသည်။ တိုင်းကျိုး၊ ပြည်ပြု၊ အကျိုးတော်ဆောင်၊ ကူညီကယ်ဆယ်ရေး၊ နည်းပညာ ပြန့်ပွားရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့် တို့ အဖွဲ့ခေါင်းစဉ် ကောင်းကောင်းလေးတွေ ဖြည့်ထည့်ပြီး အုပ်စုဖွဲ့လိမ်စားသူတွေရဲ့ ခေတ်သစ် လူမိုက်ဂိုင်းတွေပါဘဲ၊ လိမ်စာတဲ့ အဖွဲ့ဆိုလို့ အထင်တော့ မသေးနဲ့နော် တကယ့်ကို နည်းပညာပိုင်းဆိုင်ပြီး လက်ကြောတင်းတင်း မလုပ်စားချင်တဲ့ လူ့ဘောကျော့လေးတွေ။ ဒီလို အစုအဖွဲ့လေးတွေက အခု ကျွန်တော်တို့ နိုင်ငံမှာကျယ်ပြန့်စွာ ဖြစ်ပေါ်ထွန်းကားလာသည်မှာ ကောင်းသည့် နိမိတ်လဏ္ခာမဟုတ်

ကြာကူလီ နဲ့ စပွန်ဆာ

ယနေ့ခေတ် ကြာကူလီ၊ စပွန်ဆာ ဆိုသည့် စကားလုံးများသည် ကြွားစရာ၊ ပြိုင်စရာ တစ်ခုလို အရှက်အကြောက်ကင်းစွာ ရေပန်စားလာသည့် လူ့ဘောင်တစ်ခု ဖြစ်မှန်းမသိ ဖြစ်ပေါ်တိုးပွားလျက်ရှိသည်မှာ စိတ်မကောင်းစရာတစ်ခုပါ၊ မိန်းကလေးတွေအကြား မိမိကို စပွန်စာအနေနဲ့ ပေးလာတဲ့ တိုက်၊ကား ပိုက်စံဆိုတာ ပြိုင်ဆိုင်စရာတစ်ခုလိုဖြစ်နေသည်မှ ရှက်ရကောင်းမှန် အသိလေးတွေ ရစေလိုသလို ၊ လင်ကြီးငုတ်တုတ် ရှိလျက် အိမ်ထောင်ရေး အစဉ်မပြေလေး ဖြစ်လိုက်တာနဲ့ "ကင်းကင်းရှင်းရှင်းဖြစ်ရင် လက်ထက်ချင်ပါတယ်" ၊ တာဝန်ယူလိုပါတယ် လို့ ပြောလိုက်တာကို လူကြီးလူကောင်းဆန်ဆန် ကယ်တင်တာပါ လို့ အရှက်မရှိ စိတ်အထင်ရောက်နေသည့် လူငယ်လူရွယ်တွေကို လည် အရှက်တရားလေးနဲ့ ပြုပြင်မိစေချင်တယ်၊

ကျွန်တော် မမုန်းတဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွေ ( ၁ )

သူငယ်ချင်းတွေဘဲ ဖြစ်ဖြစ်၊ လင်မယားတွေဘဲဖြစ်ဖြစ်၊ အုပ်စုတွေဘဲ ဖြစ်ဖြစ်၊ တဖတ်နဲ့ တဖတ် ငြိမ်ချမ်း တည်ငြိမ် ပြီး သင့်မြတ်ရေး လိုချင်တယ်ဆိုရင် တဖတ်နဲ့ တစ်ဖတ် တစ်ဦးနဲ့ တစ်ဦး ခွင့်လွတ် နာလည်မှု့၊ အပြန်အလှန်ယုံကြည့်မှု့ ၊  အပြန်အလှန် အသိအမှတ်ပြုမှု့တွေ လိုအပ်ပါမယ်။ ဒီနေရာမှာ ခဏ ခဏ ခွင့်လွတ် ယုံကြည် အသိအမှတ်ပြု ပေးနေရတာ တွေကတော့ အစဉ်မပြေနိုင်ဘူးပေါ့။ မနေ့ တနေ့က ဗိုလ်ချုပ်မှုးကြီး သန်းရွေက ဗိုလ်ချုပ်ကြီးဟောင်း တချို့ကို နေပြည်တော် နေအိမ်မှာ အလွတ် တွေ့ဆုံ စဉ် သူ့မှာ စိုးရိမ် မှု့တွေ ရှိနေတယ်လို့ ဖတ်လိုက်ရတော့၊  ကျွန်တော်ဘဲ အသဲငယ်လို့လားတော့ မသိ စိတ်မကောင်းဖြစ်မိတယ်။ ငါတို့ မြန်မာ အချင်းချင်း ကိုယ့်နိုင်ငံမှာ ကိုယ် မလုံခြုံဘူးခံစားရတယ် ဆိုတာ ဘယ်လောက် အသဲနာစရာ ကောင်းတုန်းပေါ့။ ကျွန်တော် စိတ်ကို တမျိုးစဉ်းစားတယ် ဒီလူကြီး ငါ ချစ်ခင် လေးစားတဲ့ အမေ ဒေါ်အောင်ဆုကြည် ကို ဆယ်စု နှစ် ၂ ခုလောက် ဖမ်းခဲ့တယ် သူ့အမိန့်နဲ့ ယနေ့ အထိ ထောင်နန်းစံ နေရသူတွေ ထောင်နန်းမှ နတ်နန်းစံ ရသူတွေအတွက်  ဒင်း ခံစားနာလည်မှု့ မရှိခဲ့ဘူးလားပေါ့။ ကျွန်တော်တို့က တိုင်းပြည်ချစ်တယ်၊ လူမျိုးကိုချစ်တယ်၊ ဘာညာ တွေက ပြောရမယ်၊ သတင်းစားတွေ နဲ့