Skip to main content

လူနဲ့ လူ့ပတ်ဝန်းကျင်

အဖွဲ့အစည်းတွေ ဆိုတာ လူမှု့အသိုင်းအ၀ိုင်းအတွက် အလွန်အရေး တကြီးလိုအပ်ပါတယ်.. တူညီတဲ့ ရည်ရွယ်ချက်၊ ရည်မှန်ချက် ပန်းတိုင် တွေချမှတ်ပြီး စနစ် တကျ စုပေါင်း အကောင်အထည် ဖေါ်တယ်ဆိုတော့ အနဲဆုံး တစ်ဦး တစ်ယောက်ထက် သာလွန်တဲ့ ခွန်အားရတယ်၊ တစ်ဉ်ီးတစ်ယောက်ထဲက ဦးဆောင်လုပ်ကိုင်တဲ့ လူပုဂ္ဂိုလ် အခြေပြု အဖွဲတွေကျတော့ သိပ်ကြာကြာ မခံတက်ကျပါဘူး၊ ရာစု တစ်ခုလောက်ဆို ပြောက်သွားနိုင်တယ်.. ယနေ့ရှိနေတဲ့ လူပုဂ္ဂိုလ် ကိုယ်စားပြု အဖွဲတွေ ရှင်သန်နေတာကလည်း အစိုရ သို့မဟုတ် အဖွဲအစည်များက ထိန်သိမ်း ပေးခဲကျတာကို တွေ့ရတယ်....

အဖွဲအစည်း ဆိုတာက လူများမယ် လူများတယ် ဆိုမှတော့ ပါစပ်လည်းများမယ်၊ အခွင့်အရေးသမားတွေလည်း များမယ် အခွင့်အရေးဆိုတာမှာမှ၊ ငွေးကြေးအခွင့်အရေး၊ တချို့က ပုဂ္ဂိုလ်ရေး အရှိန်အ၀ါ အခွင့်အရေး၊ စီးပွားရေးအခွင့်အရေး တွေ စသည် စသည်ဖြင့် ထုပ်ယူ စုပ်ယူကျတာ တွေလည် ရှိမယ်၊ အဲ့ဒီမှာ အဏာရှုး တွေလည်းရှိမယ်.. ဒါတွေကို ကြည့်ပြီးတော့ အဖွဲ့အစည်လုပ်ငန်းတွေကို ရှုံချ တိုက်ထုပ် မကောင်းပြောလို့ ကတော့ ကိုယ်ဘဲမှားမယ်၊ အထူးသဖြင့် တိုင်ပြည်ရဲ့ ခြေတွေ လက်တွေနဲ့ တူတဲ့ NGO တွေဟာ မရှိမဖြစ်လိုအပ်ပါတယ်...

အဖွဲအစည်းတွေကဘဲ အလွန်တန်ဖိုးရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ ဦးဆောင်မှု့ပေးနိုင်တဲ့ နိုင်ငံခေါင်းဆောင်တွေ၊ လူမှု့ခေါင်းဆောင်တွေကို မွေးထုပ်ပေးခဲ့တာတွေ အထင်အရှားတွေ့ခဲ့ရမှာပါ။

အဲဒီတော့ အဆိုးအကောင်းတွေ ထဲက အကောင်ဘက်များတဲ့ အဖွဲအစည်းတွေကို ပူးပေါင်းပါဝင်ပြီး လူထဲက လူ လုပ်ဘို့ မေတ္တာ ရပ်ခံလိုပါတယ်.. အဲ့ဒီနေရာမှာ တချို့ အဖွဲတွေမှာ လူတစ်စု က အပြတ်အသက် ဗိုလ်ကျပြီး အာဏာရှင်အရမ်း ဖြစ်လာတယ် ဆိုတော့လည်း အသာလေး ဘေးဖယ်ပေးပြီး အကောင်းဆုံး အဖွဲ့အကြိုးပြုတွေကို လုင်သင့်တယ်လို့ အကြံပြုလိုပါတယ်..( တခါတလေ အာဏာရှင်ကို တိုက်တဲ့ သူတွေလည်း အာဏာရှင်တွေ ဖြစ်သွားတက်ပါတယ်..)

Comments

Popular posts from this blog

တိုင်းကျိုး၊ ပြည်ကျိုး၊ ငါ့အကျိုး

မြန်မာပြည်မှာ အုပ်စုဖွဲ့လူမိုက် ဂိုင်းဆိုလို့ သံထုတ်မောင်မောင် တို့ လမ်းမတော်ဖိုးတုန်တို့ စိန်ဂေါ်လီဂိုင်းတို့၊ စကော်ပီယံ ဂိုင်းတို့ ကြားဖူးလိုက်ပါတယ်။ မည်သို့ မည်ပုံ မိုက်ကြသည် ကျွန်တော်မသိ၊ သို့သော် တိုင်ပြည်အတွက် ရတက်မအေးစရာ ဂိုင်းတချို့ပေါ်လာသည်။ တိုင်းကျိုး၊ ပြည်ပြု၊ အကျိုးတော်ဆောင်၊ ကူညီကယ်ဆယ်ရေး၊ နည်းပညာ ပြန့်ပွားရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့် တို့ အဖွဲ့ခေါင်းစဉ် ကောင်းကောင်းလေးတွေ ဖြည့်ထည့်ပြီး အုပ်စုဖွဲ့လိမ်စားသူတွေရဲ့ ခေတ်သစ် လူမိုက်ဂိုင်းတွေပါဘဲ၊ လိမ်စာတဲ့ အဖွဲ့ဆိုလို့ အထင်တော့ မသေးနဲ့နော် တကယ့်ကို နည်းပညာပိုင်းဆိုင်ပြီး လက်ကြောတင်းတင်း မလုပ်စားချင်တဲ့ လူ့ဘောကျော့လေးတွေ။ ဒီလို အစုအဖွဲ့လေးတွေက အခု ကျွန်တော်တို့ နိုင်ငံမှာကျယ်ပြန့်စွာ ဖြစ်ပေါ်ထွန်းကားလာသည်မှာ ကောင်းသည့် နိမိတ်လဏ္ခာမဟုတ်

ကြာကူလီ နဲ့ စပွန်ဆာ

ယနေ့ခေတ် ကြာကူလီ၊ စပွန်ဆာ ဆိုသည့် စကားလုံးများသည် ကြွားစရာ၊ ပြိုင်စရာ တစ်ခုလို အရှက်အကြောက်ကင်းစွာ ရေပန်စားလာသည့် လူ့ဘောင်တစ်ခု ဖြစ်မှန်းမသိ ဖြစ်ပေါ်တိုးပွားလျက်ရှိသည်မှာ စိတ်မကောင်းစရာတစ်ခုပါ၊ မိန်းကလေးတွေအကြား မိမိကို စပွန်စာအနေနဲ့ ပေးလာတဲ့ တိုက်၊ကား ပိုက်စံဆိုတာ ပြိုင်ဆိုင်စရာတစ်ခုလိုဖြစ်နေသည်မှ ရှက်ရကောင်းမှန် အသိလေးတွေ ရစေလိုသလို ၊ လင်ကြီးငုတ်တုတ် ရှိလျက် အိမ်ထောင်ရေး အစဉ်မပြေလေး ဖြစ်လိုက်တာနဲ့ "ကင်းကင်းရှင်းရှင်းဖြစ်ရင် လက်ထက်ချင်ပါတယ်" ၊ တာဝန်ယူလိုပါတယ် လို့ ပြောလိုက်တာကို လူကြီးလူကောင်းဆန်ဆန် ကယ်တင်တာပါ လို့ အရှက်မရှိ စိတ်အထင်ရောက်နေသည့် လူငယ်လူရွယ်တွေကို လည် အရှက်တရားလေးနဲ့ ပြုပြင်မိစေချင်တယ်၊

ကျွန်တော် မမုန်းတဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွေ ( ၁ )

သူငယ်ချင်းတွေဘဲ ဖြစ်ဖြစ်၊ လင်မယားတွေဘဲဖြစ်ဖြစ်၊ အုပ်စုတွေဘဲ ဖြစ်ဖြစ်၊ တဖတ်နဲ့ တဖတ် ငြိမ်ချမ်း တည်ငြိမ် ပြီး သင့်မြတ်ရေး လိုချင်တယ်ဆိုရင် တဖတ်နဲ့ တစ်ဖတ် တစ်ဦးနဲ့ တစ်ဦး ခွင့်လွတ် နာလည်မှု့၊ အပြန်အလှန်ယုံကြည့်မှု့ ၊  အပြန်အလှန် အသိအမှတ်ပြုမှု့တွေ လိုအပ်ပါမယ်။ ဒီနေရာမှာ ခဏ ခဏ ခွင့်လွတ် ယုံကြည် အသိအမှတ်ပြု ပေးနေရတာ တွေကတော့ အစဉ်မပြေနိုင်ဘူးပေါ့။ မနေ့ တနေ့က ဗိုလ်ချုပ်မှုးကြီး သန်းရွေက ဗိုလ်ချုပ်ကြီးဟောင်း တချို့ကို နေပြည်တော် နေအိမ်မှာ အလွတ် တွေ့ဆုံ စဉ် သူ့မှာ စိုးရိမ် မှု့တွေ ရှိနေတယ်လို့ ဖတ်လိုက်ရတော့၊  ကျွန်တော်ဘဲ အသဲငယ်လို့လားတော့ မသိ စိတ်မကောင်းဖြစ်မိတယ်။ ငါတို့ မြန်မာ အချင်းချင်း ကိုယ့်နိုင်ငံမှာ ကိုယ် မလုံခြုံဘူးခံစားရတယ် ဆိုတာ ဘယ်လောက် အသဲနာစရာ ကောင်းတုန်းပေါ့။ ကျွန်တော် စိတ်ကို တမျိုးစဉ်းစားတယ် ဒီလူကြီး ငါ ချစ်ခင် လေးစားတဲ့ အမေ ဒေါ်အောင်ဆုကြည် ကို ဆယ်စု နှစ် ၂ ခုလောက် ဖမ်းခဲ့တယ် သူ့အမိန့်နဲ့ ယနေ့ အထိ ထောင်နန်းစံ နေရသူတွေ ထောင်နန်းမှ နတ်နန်းစံ ရသူတွေအတွက်  ဒင်း ခံစားနာလည်မှု့ မရှိခဲ့ဘူးလားပေါ့။ ကျွန်တော်တို့က တိုင်းပြည်ချစ်တယ်၊ လူမျိုးကိုချစ်တယ်၊ ဘာညာ တွေက ပြောရမယ်၊ သတင်းစားတွေ နဲ့