သေချာ ရေရာတဲ့ အိမ်

" အိမ်"ဆိုတဲ့ သီချင်းလေးကို သွားသတိရတယ်။ ကဗျာလေးလားတောင်ထင်ရတယ် သီးချင်းရဲ့ အစက "
ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုခဲ့ အိမ်...
ရံရွေလယ်ထည်ဝါစွာ ဆင်စွယ်နန်း အိမ်...
ကျူထရံတွေကာရံကာ ဓနိမိုးအိမ်...
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်..."

သီချင်းလေးက ရိုးရှင်းပင်မဲ့ ကျွန်တော့် အတွက်တော့ လေးနှက်မှု့ တွေကတော့ အပြည့်ပါ။ နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ် ဆိုပင်မဲ့ အဲ့ဒါက ရနိုင်ခဲတယ် လို့အဂ္ဂ တစ်ယောက်ထင်နေမိတယ်။ ဒီတော့ ရနိုင်တဲ့ အရာတွေကိုတော့ မျှော်ကြည့်တော့
ကျွန်တော်လည်း အထက်က အိမ်  ဆိုတာ တစ်ခုလောက်တော့ လိုချင်နေမိတယ်၊ ကျွန်တော်လိုဘဲ ကျွန်တော့် မိတ်ဆွေတွေ ၊ သူငယ်ချင်းတွေ ၊
ညီငယ် ညီမငယ်တွေ နဲ့ နောင်အနာဂတ် သား မြေးတွေ လည်း ကျွန်တော့်လို အိမ် လေး တစ်လုံးလောက်တော့ ကိုယ်ပိုင် လိုချင်နေမှာဘဲ။
ဒီလိုနဲ့ အဂ္ဂ တစ်ယောက် ဟိုတွေ ဒီတွေး ရင်းနဲ့ နိုင်ငံရပ်ခြား က အိမ် မြေ လောက ထဲက အစိတ်အပိုင်းတစ်ခု ကို လေ့လာမိသလောက် တင်ပြလိုက်ပါတယ်။

အဲ့ဒီနိုင်ငံမှာက Hosing Development Board ( HDB ) ဌာနကနေပြီး ဈေးနှုံးချိုသာတဲ့ အိမ်ယာ တွေ ဆောက်လုပ်ပြီး နိုင်ငံသား နှစ်ယောက် ပေါင်းဝယ်ယူခွင့်ရှိတဲ့ ၂၅ နှစ် နှစ်ရှည် ချေးငွေစနစ်နဲ့ အိမ်ကို ဈေးနှုံး ချိုသာစွာ ရောင်းချပေးပါတယ်။ အဲ့ဒီ အိမ်ယာတွေဟာ ကန်ထရိုက် အမြတ် တွေမပါဘဲ အစိုးရက အရင်းဈေးနဲ့ ရောင်းပေးတော့ အတော့ကို ဈေးသက်သာတယ်။ ဒါပင်မဲ့ ဈေးကစားသူ ဝယ်ရောင်းတွေ လုပ်စားလို့ မရအောင် ဝယ်သူဟာ ၅ နှစ် မပြည့်ခင် ရောင်းချလို့မရပါဘူး၊ ဒါကိုလည်း တင်တင်းကျပ်ကျပ် စီမံ အုပ်ချုပ်ထားတယ်။

ဒီတော့ အခုမှ အိမ်ထောင်ပြုမည့် ချစ်သူ ရည်းစား နှစ်ယောက်ပေါင်းပြီး အိမ်လေး တစ်လုံး ဝယ်လိုက်လို့ ရပြီး သူတို့ နှစ်ဦးအလုပ် ကရတဲ့ လစာ  ထဲက တစ်ဦးရဲ့ လစာက အိမ်အတွက်ပေးပြီး နောက်တစ်ဦးရဲ့ လစာလေးနဲ့ အိမ်စာရိပ်လုပ်ပြီး သာယာတဲ့ အနာဂတ် ဘဝကို အဲ့ဒီ အိမ်လေး နဲ့ မျှော်လင့်ချက်တွေ တပုံတပင်ကြီးထားကာ တည်ဆောက်နိုင်ပြီး နောက်ဆုံးတော့ နှလုံးသားတွေ နွေးထွေးတဲ့ အိမ်လေး တစ်ခုကိုပါ ထက်မံ ပိုင်ဆိုင်နိုင်တဲ့ စနစ်ကို အစိုးရက လုပ်ပေးထားတယ်။

အခုတော့ တစ်လကို အိမ်ဌာခက ၈၀၀၀၀ ကျပ် ၆ လစာမှ မပေးနိုင်ရင် အစဉ်မပြေ၊ ၆ လပြည့်လို့ ဈေးတက်မလား၊ အဲ့ဒါဆို ဘယ်ပြောင်းမလည်း၊ အိမ်လခ ကြီးကြီးပေးပြီး ဟိုအိမ် မှာနေ ဒီအိမ်မှာ နေနဲ့ ဟိုပြောင်း ဒီပြောင်းကနေ ဘဝသာ ပြောင်းသွားနိုင်တယ်
ကိုယ်ပိုင် အိမ်လေးကတော့ ဝေးနေမလား အဂ္ဂ တစ်ယောက် တွေးရင်း ...  တွေးရင်း  .....

လေးစားစွာဖြင့်
အဂ္ဂ

မှတ်ချက် ။ ကျွန်တော်၏ facebook Note များအား ဖြတ်တောက် စိတ်ပိုင်း ပြုပြင် ကူးယူဖေါ်ပြခွင့်ရှိပါသည်။ Credit ပေးရန်မလိုပါ။

No comments:

Post a Comment

Make Your Customers Your Sales Force

  Make Your Customers Your Sales Force It is vital to recognize that the most successful businesses don't just grow through advertising—...