Search This Blog ရှာရန်

Monday, November 07, 2022

Dr Tun Min Latt and Min Aung Hlaing

 မူးယစ်ဆေးဝါးတွေနဲ့ ထိုင်းက ဖမ်းလိုက်တဲ့ ဒေါက်တာထွန်းမင်းလက်ကိစ္စ စစ်အုပ်စု ခွေးမီဒီယာများက ဘယ်လိုများရှင်းလင်းကြသည်ကို မှတ်တမ်းယူထားပါ။ ဒီကိစ္စက နိုင်ငံတကာ Interpol ပါဝင်တဲ့အတွက် မင်းအောင်လှိုင်နှင့်အပေါင်းအပါတွေအတွက် ဒုတိယ Manuel Antonio Noriegaကဲ့သို့ သေအချာအထိနာစေနိုင်ပါတယ်။ တခါတလေ စစ်ပွဲတစ်ခုကို နိုင်ဖို့ လက်နှက်တွေ စစ်သေားတွေတောင်မလိုအပ်လိုက်တာရှိပါတယ်။

သတင်းတွေမှာတော့ လက်ရှိဖမ်းမိသော ဒေါက်တာထွန်မင်းလက်၏ ထွက်ဆိုချက်များ အချိန်ယူစောင့်ကြည့် အချက်အလက်ရယူထားသည့် မတူညီတော့ Interpol အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ပေးပို့လာသော အချက်အလက်များအပေါ်အခြခံပြီး ၎င်းနှင့် ဆက်စပ်ကုမ္ပဏီများတွင် လက်ရှိ နှင့် ယခင် ဒါရိုက်တာများနှင့် အစုရှယ်ယာရှင်များ မှာ
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည့် မြန်မာ့လေတပ်မှ ဒုဗိုလ်မှူးကြီးဟောင်း ခင်မောင်လတ်၏သား ဒေါက်တာ ထွန်းမင်းလတ် ၊ သားအဖနှစ်ဦးစလုံးကို ယခင်က ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူခဲ့သည် ။
ဒေါက်တာ ဝင်းမင်းစိုး – ဒေါက်တာထွန်းမင်းလတ်၏ဇနီး။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သမီး ခင် သီရိသက်မွန် ။
ယခင်က စစ်ဦးစီးချုပ်(လေ)၊ မြန်မာ့စီးပွားရေးဦးပိုင် အများပိုင်ကုမ္ပဏီလီမိတက် (MEHL) ၏ ဒါရိုက်တာဖြစ်ခဲ့သူ ဗိုလ်မှူးချုပ် ဇင်ယော်၏သား ဒေါက်တာ ထက်အောင် ။ သားအဖနှစ်ဦးစလုံးကို ယခင်က ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူခဲ့သည် ။
Upakit Pachariyangkun - ထိုင်းအထက်လွှတ်တော်အမတ်နှင့် တားမြစ် ခံထားရသော Ratchaburi လွှတ်တော်အမတ် Pareena Kraikupt ၏ခင်ပွန်းဟောင်း ။
အချက်အလက်အတော်များများအားကျယ်ပြန့်စွာ စနစ်တကျရယူထားပုံရပါတယ် ဥပမာအားဖြင့် ပေါက်ကြားလာသည့် စာရွက်စာတမ်းများသည် အစ္စရေး လူ့အခွင့်ရေးရှေ့နေ Eitay Mack မှ ရှေ့နေချုပ် Gali Baharav-Miara ထံ ပေးပို့သော စာတစ်စောင်ဖြစ်ပြီး အစ္စရေး အာကာသ စက်မှုလုပ်ငန်း၊ Elbit နှင့် အစ္စရေး သင်္ဘောကျင်းများအား လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇဝတ်မှုများအတွက် အထောက်အကူဖြစ်စေရန်အတွက် စုံစမ်းစစ်ဆေးမှု စတင်ရန် တောင်းဆိုခဲ့သည့်စာအပြင် ၁၉၅၀ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံသို့ လက်နှက်ရောင်းချခဲ့သော အချက်အလက်များ၊ မြန်မာ့စစ်အုပ်စု၏ စိတ်ဓာတ်စစ်ဆင်ရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနအား အစ္စရေးနိုင်ငံမှ Gilat Satellite Networks သည် နည်းပညာအထောက်အကူများပေးလျက်ရှိကြောင်း Gilat Satellite Networks နှင့်ပတ်သက်ဆက်နွယ်သည့် အခြားလုပ်ငန်းကိုတော့ ဒီမှာ မဖေါ်ပြချင်လို့ မဖေါ်ပြလိုတော့ပါ ရန်ကုန်သက္ကသိုလ်မှသူတို့လင်မယား သင်္ချာဘာသာနဲ့ဘွဲ့ရခဲ့ကြတာပါ။













(ကူးယူဖေါ်ပြသည်)

No comments:

Post a Comment

Search for the elixir of life, find the powder of death.

Over 1,300 years ago in ancient China, emperors and royals were desperately hunting for the secret to eternal life. This obsession gave birt...