မြန်မာနိုင်ငံဟာ ယခုအခါ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ပေါ်ရန် လမ်းကြောင်းပေါ်သို့ ရောက်နေပါပြီ။ မြန်မာပြည်သူတွေ လက်မခံဘဲ ဘယ်နည်းနဲ့မှ ရိုဟင်ဂျာတွေဟာ တိုင်းရင်းသား၊ နိုင်ငံသား ဖြစ်မလာနိုင်ပါဘူး။ ဒါကလည်း လွှတ်တော်ပေါ်မှာ အတည်ပြုချက် ရယူရန် မလွယ်သလို လွှတ်တော်က အတည်ပြုမှသာ ရမှာဖြစ်ပါတယ်။ ယခုအချိန်က စောနေသေးလို့ပါ။ တိုင်းရင်းသားလူမျိုးစုကိစ္စကို အလေးအနက် တစ်နေ့ ပြောကြရမှာပါ။ ဒီကိစ္စတွေကလည်း ပြောရသည့်ကိစ္စမဟုတ်ဘဲ လုပ်မှရသည့်ကိစ္စပေကိုး။ ကျွန်တော်တို့အနေနဲ့ အခြေခံဥပဒေ၊ နည်းဥပဒေတွေမှာ တိုင်းရင်းသားလူမျိုးစုကိစ္စကို ပြန်ပြီး လေ့လာစိစစ်ရမှာပါ။ ကျွန်တော်သိသလောက်ကတော့ အင်္ဂလိပ်တွေ မြန်မာပြည်ကို မသိမ်းခင်အထိ တည်ရှိနေတဲ့ မြန်မာပြည်အတွင်း နေထိုင်သူတွေကို တိုင်းရင်းသား သတ်မှတ်ပါတယ်။ ဒီတော့ '၀'၊ ကိုးကန့်၊ ရိုဟင်ဂျာတွေဟာ ဘယ်အခြေခံဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ တည်ရှိခွင့်ရှိမရှိ စိစစ်ရန် လိုပေမည်။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးစုတွေကို တန်ဖိုးထား အခွင့်အရေးပေးစေလိုပါတယ်။ တိုင်းရင်းသား ဖြစ်စေတဲ့ နည်းဥပဒေတွေ၊ သမိုင်းဆိုင်ရာ အချက်အလက်တွေ ညီတယ်ဆိုရင်ပေါ့။ မဟုတ်ရင်တော့ နိုင်ငံသားအခွင့်အရေး...