ပြည်တိုးတက်ရေးအကြံပေး



ပြည်တိုးတက်ရေးအကြံပေး

ကျွန်တော်တို့ တိုင်းပြည်ဟာ စစ်တပ်လူတန်းစား ကယ်တင်ရှင်အမြင်နဲ့ ထင်တစ်လုံးရောက်ပြီး တိုင်းပြည်ကို ချနင်း၊ ရှေးဘုရင်စနစ်တွေထက်ဆိုးတဲ့ ခေတ်ကို နှစ်ပေါင်း ၇၀ ကျော် ဖွတ်ဖွတ်ညက်ညက် ကျေအောင် ရင်နာစွာ အချိန်ကာလ ကြာမြင့်စွာ ခံစားလာခဲ့ရပြီး ဖြစ်ပါတယ်။
ဒီတစ်ခါ စစ်တပ်ဆိုတာ ငါတို့တိုင်းပြည်မှာ ပြည်သူ့ခြေထောက်အောက်မှာ ထားနိုင်သည့်အချိန် ရောက်လာတဲ့အခါ 'ခုန်ပျံရုန်းထ မြန်မာ့အနာဂတ်ဘဝ' ဆိုပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင်ရမှာဖြစ်ပါတယ်၊
ထိုအချိန် မြေစမ်းခရမ်းပျိုးတာတို့၊ တက်ယောင်ကား လုပ်တာတို့ မဟုတ်ဘဲ အမှားမခံဘဲ ရွေးချယ်လုပ်ဆောင်မှု မှန်ကန်စေရန်၊ တိုင်းပြည်တိုးတက်ရေးအတွက် အခြေခံအုပ်မြစ်ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ဆိပ်ကမ်းနှင့် စက်မှုဆိုင်ရာ အကြောင်းအရာများ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းပြည်၏ အခြေခံအုတ်မြစ်များသဖွယ် အရေးကြီးလှပေသည်။
ထို့ကြောင့် ထိုလုပ်ငန်းများအတွက် စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ ဂျာမနီတို့တွင် ကုန်း၊ ရေ၊ လေ အခန်းကဏ္ဍများ၌ Professional များအဖြစ် နှစ်ကာလကြာရှည် လုပ်ကိုင်ခဲ့ပြီး နာမည်ကောင်းရှိခဲ့သည့်၊ ၎င်းတို့အစိုးရမှ အကြံပြုသည့် ပင်စင်စား ကျွမ်းကျင်ပညာရှင်များကို ခေါ်ယူပြီး မိမိတို့နိုင်ငံအတွက် ဖွံ့ဖြိုးရေး Project Plan ရေးဆွဲခြင်း၊ ဝယ်ယူအသုံးပြု ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်အလက်နှင့် အခက်အခဲများကို ၎င်းတို့ထံမှ အကြံရယူပြီး ပြည်သူ့အစိုးရအနေဖြင့် ဆုံးဖြတ်အကောင်အထည်ဖော်သင့်ပါသည်။
၎င်းတို့မှာ ချေးငွေရရှိရေးအတွက်ပါ အကြံကောင်းများ ရှိပါသည်။ မဟုတ်ရင် မဆလခေတ်တုန်းကလို ကွင်းဆက်အကျိုးအကြောင်းများ စဉ်းစားနိုင်စွမ်းမရှိသည့်အတွက် လုပ်တိုင်းပျက်၊ ရေရှည်မတည်တံ့သည့် ပြဿနာများ ဖြစ်ခဲ့ရခြင်း ဖြစ်ပါသည်။
မအလနှင့် အပေါင်းအပါ ပုန်ကန်လူသတ်သမားများ တရားစီရင်ရေးရှေ့မှောက်သို့ အမြန်ဆုံး ရောက်ပါစေ။
အောင်မျိုးလွင် ( အဂ္ဂ )








A Strategic Framework for Myanmar’s Economic Sovereignty


A Strategic Framework for Myanmar’s Economic Sovereignty



In the near future, as Min Aung Hlaing and his cohorts—the perpetrators of genocide and traitors to the state—face their ultimate downfall and are brought to justice, we must simultaneously hold firm to a strategic framework for our nation-building efforts.

In alignment with the principle of 'Leap and Strive: For the Future of Myanmar,' we must strictly adhere to two core pillars: a Value-Added Export Policy and an Open Import Policy (Excluding Luxury Goods).

Our focus must be on integrating significant value into our products before exporting them to global markets, while maintaining an open gateway for the mass importation of industrial raw materials and machinery. This is the only way to ensure our industrial sector remains operational, competitive, and sustainable."

Aung Myo Lwin (Agga) 

#MyanmarInvestment #Myanmar #KoAgga #Economy

အရေးကြီးတဲ့ မူဘောင် မြန်မာ့စီးပွားဂုဏ်ရောင်



အရေးကြီးတဲ့ မူဘောင်
မြန်မာ့စီးပွားဂုဏ်ရောင်


မကြာသောကာလ မအလ (မင်းအောင်လှိုင်) နှင့် အပေါင်းအပါ လူမျိုးတုံးသတ်ဖြတ်မှု တရားခံ၊ နိုင်ငံတော်ပုန်ကန် သစ္စာဖောက်သူများ ကံဆိုးမိုးမှောင်ကျပြီး အားလုံး တရားရင်ဆိုင်ရချိန် တစ်ဖက်မှာ ကျွန်တော်တို့ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းတွေအတွက်
'ခုန်ပျံရုန်းထ မြန်မာ့အနာဂတ်ဘဝ' ဆိုသည့် မူနှင့်အညီ
ဘောင်တစ်ခုကိုတော့ မြဲမြန်စွာ ဆုပ်ကိုင်ထားရန် လိုအပ်ပါတယ်။ အဲဒါကတော့ Value-Added Export Policy နှင့် Open Import Policy (Not for Luxury) တို့ ဖြစ်ပါတယ်။ တန်ဖိုးမြှင့် ကုန်ထုတ်လုပ်ပြီးမှ ပြည်ပသို့ တင်ပို့ရောင်းချရန်နှင့် လိုအပ်သည့် စက်မှုကုန်ကြမ်းများကို အလုံးအရင်းနှင့် တင်သွင်းကာ စက်မှုကဏ္ဍ လည်ပတ်နိုင်ရန် ဖြစ်ပါသည်။
အောင်မျိုးလွင် ( အဂ္ဂ )
#MyanmarInvestment #Myanmar #koagga #Economy

Aviation Catering Export Business: A Strategic Blueprint for Myanmar’s Economic Transformation

 

Aviation Catering Export Business: A Strategic Blueprint for Myanmar’s Economic Transformation



"To liberate our citizens from the hardships of precarious labor abroad—where many are reduced to menial roles due to the negligence of the current regime—we must launch projects that allow us to stand on our own feet.

By October 2026, as justice is restored, we must bring our people home under the banner of 'Leap and Strive: We are Myanmar.' To make this homecoming possible, we must implement a systematic Aviation Catering Export Business that offers wages competitive enough to rival those in Thailand and Malaysia, right here in our own country.

Phase One of this project will be centered in Mingaladon and along the arterial highways, leveraging the surrounding agricultural and livestock land. We will build international-standard processing facilities near the airport to produce premium meals for global airline passengers. This serves as a strategic gateway to penetrate global markets through major aviation hubs in Thailand, Malaysia, and Singapore.

However, this must not be a private monopoly; it should be a 100% public-owned venture, supported by substantial state loans and comprehensive technical backing. In Phase Two, we will expand this project to strategic corridors like the Mawlamyine–Mae Sot route and the coastal hub of Myeik.

The lifeblood of this industry is a disciplined Supply Chain. To achieve this, we must identify 150 established SME farmers and livestock owners with at least three years of experience, providing them with state-backed financing to integrate into this value chain.

Since the requirements for poultry, fish, and shrimp farming differ significantly, we will collaborate with experts to ensure strict adherence to HACCP, ISO 22000, and Halal certification standards. Crucially, a six-month pilot phase must be operational to test these systems before the full project launch.

By producing between 20,000 and 50,000 meals daily, we can generate approximately $150,000 in daily revenue while creating tens of thousands of direct and indirect jobs. Processing 4 tons of meat, 3 tons of rice, and 5 tons of vegetables into value-added exports every single day—this is the future of Myanmar’s agriculture.

I share these views for the sake of a 'Leap and Strive' future for Myanmar. Take what is useful, discard the rest, and let us view one another with humanity as we build for the next generation. Let us rise together."

Aung Myo Lwin (Agga)

#MyanmarInvestment #Myanmar #Opportunity #KoAgga

လေကြောင်း စားကုန်တင်ပို့လုပ်ငန်း



လေကြောင်း စားကုန်တင်ပို့လုပ်ငန်း
(Aviation Catering Export Business)



မြန်မာ့စီးပွားရေး အပြောင်းအလဲအတွက် လေကြောင်းစားကုန်တင်ပို့မှု ဗျူဟာ
"ကျွန်တော်တို့ နိုင်ငံသားတွေ တစ်ပါးနိုင်ငံမှာ ကျွန်ခံနေရတဲ့ 'သဘောက်' ဘဝကနေ လွတ်မြောက်ဖို့ဆိုရင် အစိုးရလို့ အမည်ခံထားတဲ့သူတွေရဲ့ ဂရုမစိုက်မှုကို ကျော်လွှားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မယ့် စီမံကိန်းတွေ လိုအပ်ပါတယ်။
၂၀၂၆ အောက်တိုဘာမှာ တရားမျှတမှုတွေ ပြန်လည်ရောက်ရှိလာတာနဲ့အမျှ 'အမြန်ရုန်းထ မြန်မာကွ' ဆိုတဲ့ ဇွဲနဲ့အတူ ကျွန်တော်တို့ ပြည်သူတွေကို အိမ်ပြန်ခေါ်ရပါမယ်။ အဲဒီလို အိမ်ပြန်ခေါ်နိုင်ဖို့ဆိုရင် ထိုင်းနဲ့ မလေးရှားမှာ ရနေတဲ့ လစာမျိုးကို ပြည်တွင်းမှာတင် ရရှိစေမယ့် လေကြောင်းစားကုန်တင်ပို့လုပ်ငန်း (Aviation Catering Export Business) ကို စနစ်တကျ အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။
ဒီစီမံကိန်းရဲ့ ပထမအဆင့်ကို မင်္ဂလာဒုံနဲ့ အဝေးပြေးလမ်းမကြီးတွေရဲ့ ဝဲယာမှာရှိတဲ့ စိုက်ပျိုးမွေးမြူရေး မြေတွေကို အခြေခံပြီး စတင်ပါမယ်။ လေဆိပ်နဲ့ အနီးဆုံးနေရာမှာ နိုင်ငံတကာ စံချိန်စံညွှန်းမီ စက်ရုံကြီးတွေ တည်ဆောက်ပြီး ကမ္ဘာ့လေကြောင်းလိုင်း ခရီးသည်တွေအတွက် အစားအစာတွေကို ထုတ်လုပ်မှာပါ။ ဒါဟာ ထိုင်း၊ မလေးရှားနဲ့ စင်ကာပူ လေဆိပ်တွေကတစ်ဆင့် ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်နိုင်မယ့် လမ်းကြောင်းဖြစ်ပါတယ်။
ဒါပေမဲ့ ဒါကို လုပ်တဲ့အခါ တစ်ဦးတည်းမူပိုင် မဟုတ်ဘဲ ၁၀၀% အများပိုင်လုပ်ငန်း အဖြစ် လုပ်ကိုင်ပြီး နိုင်ငံတော်ကနေ ချေးငွေနဲ့ နည်းပညာ အပြည့်အဝ ပံ့ပိုးပေးရပါမယ်။ ဒုတိယအဆင့်အနေနဲ့ မော်လမြိုင်-မဲဆောက် လမ်းကြောင်းနဲ့ မြိတ်မြို့တို့အထိပါ လုပ်ငန်းတိုးချဲ့သွားဖို့ Project တွေ ဆွဲထားရမှာပါ။
ဒီလုပ်ငန်းရဲ့ အသက်ဟာ စနစ်ကျတဲ့ Supply Chain ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းအတွေ့အကြုံ ၃ နှစ်ခန့် ရှိပြီးသားဖြစ်တဲ့ SME စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင် ၁၅၀ ကို သေချာရွေးထုတ်ပြီး နိုင်ငံတော်က ချေးငွေ ထုတ်ပေးကာ ဒီကွင်းဆက်ထဲကို ဆွဲသွင်းရပါမယ်။
ကြက်၊ ငါး၊ ပုဇွန် မွေးမြူရေးတွေဟာ တစ်ခုနဲ့တစ်ခု စနစ်ချင်း မတူညီတဲ့အတွက် ကျွမ်းကျင်ပညာရှင်တွေနဲ့ ပူးပေါင်းပြီး HACCP၊ ISO 22000 နဲ့ Halal အသိအမှတ်ပြု စနစ်တွေအတိုင်း လုပ်ဆောင်ရပါမယ်။ အထူးသဖြင့် ပင်မ Project မစတင်ခင် ၆ လအလိုကတည်းက ဒီစနစ်တွေနဲ့အညီ စမ်းသပ်လည်ပတ်နေဖို့ လိုအပ်ပါတယ်။
တစ်ရက်ကို အစားအစာ အထုပ်ရေ ၂၀,၀၀၀ ကနေ ၅၀,၀၀၀ ကြား ထုတ်လုပ်နိုင်ရင် တစ်ရက်ကို ဒေါ်လာ ၁ သိန်းခွဲလောက် ဝင်ငွေရနိုင်သလို၊ တိုက်ရိုက်နဲ့ သွယ်ဝိုက်တဲ့ အလုပ်အကိုင်ပေါင်း သောင်းချီ ဖန်တီးပေးနိုင်မှာပါ။
အသား ၄ တန်၊ ဆန် ၃ တန်နဲ့ ဟင်းသီးဟင်းရွက် ၅ တန်လောက်ကို နေ့စဉ် Value-added (တန်ဖိုးမြှင့်) လုပ်ပြီး တင်ပို့နိုင်တာဟာ မြန်မာ့စိုက်ပျိုးရေးရဲ့ အနာဂတ်ပါပဲ။
'ခုန်ပျံရုန်းထ မြန်မာ့အနာဂတ်ဘဝ' အတွက် ဒီအမြင်တွေကို မျှဝေရခြင်းဖြစ်ပါတယ်။
လိုတာစား၊ အရိုးပါရင် ထွေးပြီး လူလိုမြင်ပေးကြပါ။ နောက်လူအတွက် တွေးပေးကြပါ။ ကျွန်တော်တို့အားလုံး အတူတူ ရုန်းထကြပါစို့။"
"Technical Training Center" တစ်ခုစလုပ်ရမယ်ဆိုတာကိုတော့ Project သမားတွေနာလည်မှာပါ
အောင်မျိုးလွင် ( အဂ္ဂ )
#MyanmarInvestment #Myanmar #opportunity
#koagga





အမှိုက်မှ ရွှေထုပ်၊ သူဌေးဖြစ်မယ်အဟုတ်



"အမှိုက်မှ ရွှေထုပ်၊ သူဌေးဖြစ်မယ်အဟုတ်"
========================


ကျွန်ုပ်တို့ တိုင်းပြည်သည် အင်မတန် ဆင်းရဲမွဲတေသော နိုင်ငံဖြစ်နေပြီ ဖြစ်သည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်ခဲ့သော်လည်း ယခု မင်းအောင်လှိုင် လက်ထက်တွင် အခြားနိုင်ငံများသို့ သွားရောက်ကာ ကျွန်ခံရသည့် 'သဘောက်' ဘဝသို့ ပြန်လည် ရောက်ရှိနေရသည်။ ဤကဲ့သို့သော အကျပ်အတည်းကာလတွင် ကျွန်တော်ကတော့ လက်တွေ့မကျသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဟန်ဆောင်မှုများ၊ အနံ့ကြီး ဂွင်းကျယ် အထည်ကြီးပျက်ဉာဏ်နှင့် လူ့ကန့်လန့် အတွေးအခေါ်များကို ဘေးဖယ်ထားချင်ပါသည်။
လက်ရှိ ဘဝပေးအခြေအနေကို မှန်မှန်ကန်ကန် နားလည်ပြီး ကာလတစ်ခုအထိတော့ 'အမှိုက်ကောက်စားရသည့် ဘဝ' ကို ရဲရဲဝံ့ဝံ့ လက်ခံရမည်။ ၎င်းသည် ခိုးယူခြင်းမဟုတ်သလို ရှက်စရာလည်း မဟုတ်ပါ။ ကျွန်တော်၏ အဓိက ရည်မှန်းချက်မှာ တစ်ပါးနိုင်ငံတွင် ဒုက္ခရောက်နေသည့် မြန်မာများကို မိမိအိမ်သို့ ပြန်ခေါ်ချင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်၏ စိတ်ကူးထဲမှ စီးပွားရေး ဗျူဟာတစ်ခုကို မျှဝေလိုပါသည်။
အမေရိကန်၊ ဂျပန်၊ ကိုရီးယား နှင့် ဥရောပနိုင်ငံများမှ စွန့်ပစ်လိုက်သည့် လျှပ်စစ်ပစ္စည်းဟောင်းများသာမက သက်တမ်းကုန် ကားဟောင်းများ (End-of-Life Vehicles - ELV) ကိုပါ ဝယ်ယူကာ ပြည်တွင်းရှိ Free Import and Re-export Zone (အခွန်လွတ် သွင်းကုန်နှင့် ပြန်လည်ပို့ကုန်ဇုန်) အတွင်းသို့ သယ်ယူခွင့် ပြုရပါမည်။
လုပ်ငန်းစဉ်အဆင့်ဆင့် ဖြည့်စွက်ချက်များ -
၁။ ကားဟောင်းဖျက်သိမ်းရေးနှင့် အပိုပစ္စည်းထုတ်လုပ်ခြင်း (Automotive Dismantling):
နိုင်ငံတကာမှ အသုံးပြုပြီးသား ကားဟောင်းများကို အလုံးလိုက် တင်သွင်းကာ စနစ်တကျ ဖျက်သိမ်းပါမည်။ ကောင်းမွန်သေးသော အပိုပစ္စည်းများ (Engine, Gearbox, Body Parts) ကို ပြန်လည်သန့်စင်ပြီး ပြည်တွင်း/ပြည်ပ ဈေးကွက်သို့ ပြန်လည်တင်ပို့ရောင်းချခြင်းဖြင့် ဝင်ငွေအမြောက်အမြား ရရှိနိုင်ပါသည်။
၂။ စနစ်ကျသော ခွဲခြားခြင်း (Industrial Dismantling): ကြီးမားသော ဂိုဒေါင်များအတွင်း လေးလံသော ပစ္စည်းများကို အလွယ်တကူ ရွှေ့ပြောင်းနိုင်သည့် Conveyor စားပွဲတန်းကြီးများဖြင့် စနစ်တကျ တပ်ဆင်ထားမည်။ အလုပ်သမားများက ထိုစားပွဲရှေ့တွင် တန်းစီကာ မိမိတို့ တာဝန်ယူထားသည့် အစိတ်အပိုင်းအလိုက် (ဥပမာ - ကွိုင်၊ စတီး၊ သံကျွတ်၊ ပလတ်စတစ်၊ လျှပ်စစ်ကြိုးနှင့် Circuit Board များ) ကို အမြန်နှုန်းဖြင့် ခွဲခြား ဖြုတ်ယူကြမည် ဖြစ်သည်။
၃။ ဈေးကွက်ချိတ်ဆက်မှု (Global Market Integration): ဤသို့ ခွဲခြားရရှိလာသော ကုန်ကြမ်းများကို ဝယ်ယူမည့် နိုင်ငံတကာ ဈေးကွက်ကြီးများ ရှိပြီးသား ဖြစ်သည်။ ပြည်တွင်း လုပ်ငန်းရှင်များကလည်း LC (Letter of Credit) ဖွင့်ကာ တရားဝင် ဝယ်ယူနိုင်မည် ဖြစ်သဖြင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုအတွက် ကုန်ကြမ်းဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားမည် ဖြစ်သည်။
၄။ ဘေးထွက်ဆိုးကျိုး စနစ်တကျ ကိုင်တွယ်ခြင်း (Hazardous Waste Management): အထူးသဖြင့် ဘက်ထရီအဟောင်းများနှင့် ကားဟောင်းများမှထွက်သော ဓာတ်ဆီ၊ ဆီဟောင်းများ ဖျက်ဆီးခြင်းသည် ပတ်ဝန်းကျင်ကို ထိခိုက်နိုင်သော်လည်း နိုင်ငံတော်အဆင့် နည်းပညာဖြင့် စနစ်တကျ လုပ်ဆောင်ပါက အင်မတန် အကျိုးအမြတ် များပါသည်။ ယခုအခါ ကမ္ဘာ့ဈေးကွက်တွင် ခဲ (Lead) သည် အလွန်ရှားပါးပြီး ဈေးကောင်းရနေသော ပစ္စည်းဖြစ်သည်။
၅။ စွန့်ပစ်တာယာမှ ဆောက်လုပ်ရေးပစ္စည်း (Upcycling): အသုံးမပြုတော့သော တာယာဟောင်းများကို တင်သွင်းကာ ပြန်လည် ထုတ်လုပ်ခြင်းဖြင့် အရည်အသွေးမြင့် ဆောက်လုပ်ရေးပစ္စည်းများကိုပါ ထုတ်လုပ်နိုင်မည် ဖြစ်သည်။
ဤ Free Import and Re-export Zone Project ကို အကောင်အထည်ဖော်ခြင်းဖြင့် သောင်းနှင့်ချီသော အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပြီး
"ခုန်ပျံရုန်းထ မြန်မာ့အနာဂတ်ဘဝ" ကို အတူတကွ တည်ဆောက်နိုင်မည် ဖြစ်သည်။
https://koagga.blogspot.com/.../turning-global-waste-into...
အောင်မျိုးလွင် ( အဂ္ဂ )
#JobCreationMyanmar #MyanmarInvestment #investmentopportunity #freetradezone #koagga

Turning Global Waste into National Wealth

 

"Turning Global Waste into National Wealth: A Blueprint for Prosperity"



Our nation is currently facing an unprecedented economic crisis. While we once broke the chains of colonialism, the current regime has regressed our people into a state of displacement and vulnerability abroad—forced into menial labor in foreign lands. In this time of crisis, I choose to set aside impractical environmental pretenses and high-minded rhetoric that ignores our current reality.

We must confront our situation with honesty: for a strategic period, we must courageously embrace the "recycling economy." There is no shame in this; it is not theft, but a tactical stepping stone. My primary mission is to bring home every Myanmar citizen struggling in a foreign country. To achieve this, I am proposing the following economic strategy:

We must establish Free Import and Re-export Zones that permit the duty-free importation of e-waste and End-of-Life Vehicles (ELV) from the United States, Japan, Korea, and Europe.

Key Operational Pillars:

  1. Automotive Dismantling & Component Recovery: We will import decommissioned vehicles for systematic dismantling. High-value components—including engines, gearboxes, and body parts—will be refurbished and re-exported or sold domestically, generating significant foreign exchange reserves.

  2. Advanced Industrial Dismantling: Our facilities will feature large-scale warehouses equipped with heavy-duty conveyor systems. Workers will be trained in high-efficiency separation techniques to harvest premium raw materials, such as copper coils, stainless steel, cast iron, plastics, wiring, and high-grade circuit boards.

  3. Global Market Integration: There is already a robust international demand for these recovered materials. By facilitating domestic procurement via Letters of Credit (LC), we will simultaneously slash raw material costs for our local manufacturers, boosting our overall industrial competitiveness.

  4. Hazardous Waste Management & Specialized Recovery: While handling used batteries and automotive fluids requires care, leveraging state-of-the-art technology makes this highly profitable. For instance, the recovery of lead—currently a scarce and high-value global commodity—will be a prioritized revenue stream.

  5. Upcycling Waste Tires into Construction Materials: By importing and processing scrap tires, we will produce high-quality, sustainable building materials for the domestic construction sector.

By implementing this Free Import and Re-export Zone Project, we will create tens of thousands of high-quality jobs. Together, we will build a future under the banner: "Leap and Strive: For the Future of Myanmar."

Aung Myo Lwin (Agga) Entrepreneur & Visionary

ချမ်းသာကြွယ်ဝခြင်း

ချမ်းသာကြွယ်ဝခြင်း ============ လောကမှာ မိမိထက် ဉာဏ်မကောင်း၊ တွေးခေါ်မှု အားနည်းသော်လည်း အလွန်ချမ်းသာနေသူများ ရှိသကဲ့သို့၊ အီလွန်မတ်စ် (Elo...