Sunday, November 28, 2010
Do you agreed with me.
မှီတင်းနေထိုင်မည့် နောင်လူသားတွေအတွက် ငါတို့ သစ္စာဆိုတယ်၊ ငါတို့ ဘယ်တော့မှ
မသေချာ မရေရာတဲ့ အနာဂတ်တစ်ခု ကို အုပ်မြစ်မပါဘဲ နောင်လူတို့ကို
အမွေမပေးခဲ့ဘူး။
Do you agreed with me.
Why we need Aung San Suu Kyi ?
ဗိုလ်ချုပ် အသက်ရှင်လျက် ရှိနေလျက် လွတ်လပ်ရေးပွဲကို ဗိုလ်ချုပ်မပါဘဲ လုပ်မယ်ဆိုရင် ဘယ်ပြည်သူတွေ ကထောက်ခံမလည်း။
မြန်မာ့ဒီမိုကရေစီ ရဲ့ ပြရုပ် တစ်ခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဘေးဖယ်ထားပြီး၊ ဒီမိုကရေစီကို ဖေါ်ဆောင်မယ်ဆိုတာဟာ အတော့ကို မဖြစ်သင့် မဖြစ်ထိုက်သလို၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဘေးဖယ်ထားသလိုဖြစ်နေပါတယ်။
မြန်မာနိုင်ငံ ဦးဆောင်တော့မည့် တိုင်းပြည်အတွက် ပြည်သူ့အတွက်ဆိုတဲ့ ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းဆုကြည် ရဲ့ အခန်းကဏ္ဍ ပိုမိုရှင်းလင်းစွား ပြောရမယ်ဆိုရင် ပြည်သူ့ကိုယ်စာလှည် တစ်ဦး ဒီထက်ပြောရမယ်ဆိုရင် ဒီနေ့ ပြည်သူတွေက ပေးလိုက်တဲ့ အဆင့်က အမျိုးသားခေါင်းဆောင် ကို ဘယ်လို ချန်လှပ်ပြီး လုပ်မတုန်း။
ယခု ဖြစ်ပေါ်လာမည့် အစိုးရအသစ်နေနဲ့ ဒီကိစ္စကို အလေးဂရုပြုစဉ်းစားသင့်ပါတယ်။
အမျိုးသားပြန်လည် သင့်မြတ်ရေး ကို အစိုးရသစ်အနေနဲ့ ဆောင်ရွက်သင့်သလို ပြည်သူတွေကို ဆွေးနွေးချက်များ ပွင့်လင်းစွားထုပ်ဖေါ် တင်ပြသင့်ပါတယ်။
ကျွန်တော်က ဒီလိုတွေးပါတယ်။
အစိုးရအသစ်အနေနဲ့ အမျိုးသာပြန်လည် သင့်မြတ်ရေး ညီလာခံ တစ်ခုကို ဆင့်ခေါ် ဆွေးနွေးသင့်ပါတယ်။
ဒီနေရာမှာ NLD ပါတီ သည်သာမက ၉၀ ခုနှစ်တုန်းက အနိုင်ရ အမတ်တွေ နဲ့ ယခု အစိုးရသစ်တိုက ပူးတွဲပြီး အစိုးရသစ် ပြန်ဖွဲ့သင့်ပါတယ်။
၎င်းကနေ ယုံကြည့်မှု့တွေ တည်ဆောင်ရမှာပါ ရရှိလာတဲ့ အမျိုးသားယုံကြည်မှု့ကို အားပြုပြီး ရွေးကောက်ပွဲ အသစ်စီသို့ သွားသင့်ပါတယ်။
ယနေ့ ဒေါ်အောင်ဆန်းဆုကြည်ဟာ ရှားပါလှတဲ့ လူထုရဲ့ ယုံကြည်မှု့ ချစ်ခင်မှု့ကို ရရှိနေသူ တစ်ဦး ဖြစ်တာကြောင့် တိုင်းရင်းသာ အရေးများနှင့် အလုံးစုံ ပြည်တွင်း ငြိမ်ချမ်းရေးကို ရခဲလှတဲ့ အခွင့်အရေး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရရှိတဲ့ ပြည်သူတို့၏ ယုံကြည် ချစ်ခင်မှု့ ကြောင့် အားလုံး အောင်မြင်လာမှာပါ။
နိုင်ငံတကာက ရင်နှီးကျွမ်းဝင် ချစ်ခင်ပြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းဆုကြည် ရဲ့ ဦးဆောင်မှု့ သို့ ထောင်ခံတဲ့ အစိုးရကို နိုင်ငံတကာမှ ယုံကြည်မှု့ကို အလွယ်လေး ရရှိလာနိုင်သဖြင့် တိုင်းပြည်ဖွင့်ဖြိုးမှု့ အရှိန်ဟာ ပြောမပြ နိုင်အောင် ကမ္ဘာ့အလည်မှာ ၀န့်ထည်လာမှာပါ။
ဒီအခွင့်အရေးကိုလည်း ယူသင့်တယ်...
တကယ်လို့ မပြောကောင်း မဆိုကောင်း ဒေါ်အောင်ဆန်းဆုကြည် လုပ်ကြံခံ ရတယ်ဆို ဘာဖြစ်လာနိုင်တုန်း။
ဒါကတော့ ရှင်းပါတယ် အထက်ပါ ကိစ္စတွေ အခွင့်အရေးတွေ ပျက်သုန်းပြီး၊ ခေါင်းဆောင်ပြောက်ပြီး၊ ငြိမ်းချမ်းရေး နည်း နိုင်ငံရေးနည်းတွေ ကုန်ဆုံးသွားနိုင်ပြီး၊ နိုင်ငံတကာ အထောက်အပန့် တွေကလည်း တမျိုးတဖုန် ပြောင်းသွား နိုင်ပြီး၊ ပြည်တွင်း စစ်ဘက်ကို ဦးတည်သွားနိုင်ပါတယ်။ အဲ့ဒီလို ပြည်တွင်းစစ်ဖြစ်ရင် ယခင်က ဖြစ်တဲ့ ပြည်တွင်းစစ် ပုံစံမျိုး မဟုတ်နိုင်တော့ ဘဲ မြို့ပေါ်တိုက်ပွဲ တွေပိုမို ဖြစ်လာနိုင်ပြီး၊ နိုင်ငံတကာ ထောက်ပံ့မှု့တွေကလဲ မသိမသာ လက်နှက်ကိုင်လမ်းစဉ်ကို တွန်းပို့ သွားနိုင်ပြီး ဆုံးရှုံးသူတွေကတော့ ဟော့ ဒီ မြန်မာပြည်သူတွေပါဘဲ.
how do we call Aung San Suu Kyi as People's Leader or National Leader ?
ယနေ့ အချိန်မှာ ဒေါ်အောင်ဆန်းဆုကြည်ဟာ အမျိုးသာ တစ်စု ကို ကိုယ်စားပြုတဲ့ အနေအထား မဟုတ်တော့ဘဲ ၊ အမျိုးသားအစု တစ်စု ၊ တိုင်းပြည် တစ်ပြည်ထက်ကျော်လွန်ပြီး ၊ ကမ္ဘာ့လူထုက ချစ်သော၊ ကမ္ဘာလူထုကို သူ့ရဲ့ စိတ်ဓါတ်ကို စံနမ္မူနာပြု ပြောဆိုလာရသည် ဖြစ်သောကြောင့် လူထု ခေါင်းဆောင် ဆိုတာက ပိုမို သင့်လျော်မည်ဟုထင်မိပါတယ်။
Tuesday, September 28, 2010
မင်္ဂလာပေါင်း နဲ့ ၀ါကျွတ် အစ်နေ့မှာ စကားအနည်းငယ် တင်ပြ မေတ္တာရပ်ခံ လိုတာက
ဒီနေ့လို ၀ါကျွတ် အစ်နေ့မှာ မိမိရင်ထဲ ရှိတဲ့ စကားလေးတွေ ကို ဒီနေရာလေးမှာ ရင်ဖွင့်တင်ပြပါရစေ၊ ကျွန်တော် မနှစ်က တင်ပြချက်ကို အောက်ပိုင်းမှာ ဆက်လက် ထားရှိလိုပါတယ် ဘာကြောင့်လဲဆိုတော့ တချို့သော Feedback တွေက လိုရင်းတိုရှင်း တင်ပြမှု့လေးတွေဖြစ်နေလို့ပါ၊
ပထမဦးစွာ အစ္စလာမ်မဟုတ်သူတွေ နဲ့ အစ္စလာမ်တွေပါ ရှိတဲ့ ဒီနေရာလေးမှာ အစ္စလာမ်တွေရဲ့ အစ်နေ့ လူသိများတဲ့ မုန့်အစ် ဆိုတာလေးကို ဟိုလူ့ စကားဌား ပြီး ဘာလဲဟဲ့ ၀ါကျွတ် အစ် ဆိုပြီး သုံးလို့ လွယ်ကူစွာ နားလည်နိုင်ရန် တင်ပြပါရစေ။
အစ္စလာမ်တွေမှာ ဥပုဒ် ၀ါတွင်းက တစ်နှစ်မှာ တစ်လ ဖြစ်ပြီး၊ မနက် အာရုဏ် မတက်မှီ စားသောက်ပြီး ၊နောက် ညနေ နေ၀င်ချိန် အထိ စားသောက်ခြင်း နဲ့ မကောင်းမှု့ အစုစုတို့ ကို ပိုမို ရှောင်ကျဉ်ပြီး နေရပါမယ်၊ ၄င်းလတွင်ပင် အစ္စလာမ် ဘာသာဝင်တွေဟာ မိမိပိုင် ရွေ ၅ ကျုပ်သားအထက် ရှိပါက နွမ်းပါးသူ များအား မျှပေးရန် တာဝန်ရှိပြီး မိမိပိုင် အိမ် ၊ ကား စသည်တို့ မပါဘဲ မိမိပိုင် ပစ္စည်းရတနာ၊ စီးပွားတန်ဖိုးများမှ ၂.၅% အား ဆင်းရဲသူများကို မျှဝေပေးရတယ်။
၎င်းနောက် ၀ါကျွတ်ပွဲ ရက်မှာလဲ မိမိပိုင် သီးနှံရိတ္ခာ ထဲမှ မိမိ တို့ တစ်ရက်စာ စားသောက်လေ့ရှိသော ပမာဏ အတိုင်း သီးနှံရိတ္ခာအား ကလေး၊ လူကြီး ၊ မိန်းမ အားလုံး ၀ါကျွတ်ပွဲ စုံညီဆုတောင်း ၀တ်ပြုပွဲ ကွင်းပြင်သို့ မသွားခင် အရင် နွမ်းပါသူတို့ အိမ်သို့ ၄င်းတို့ လဲ အစ်နေ့ မှာ အပူအပင်ကင်းကင်း ပျော်ရွှင်နိုင်အောင် ပေးကမ်းရပါမယ်။
ဝါကျွတ်အစ်နေ့ မှာ လူငယ်တွေဟာ လူကြီးများအိမ်သို့ သွားရောက်ပြီး စလာမ် မေတ္တာပို့ နှုတ်ဆက်ပြီး မိမိတို့ အမှားပြုခဲ့သည်များ ရှိပါက ခွင့်လွတ်ပါရန် တောင်းခံလေ့ရှိပြီး လူကြီးများမှလဲ မုန့် အချို နဲ့ အီဒီ လို့ ခေါ်တဲ့ လက်ဆောင်ငွေများ ပေးလေ့ရှိပါတယ်။
ဒါကတော့ လိုရင်းတိုရှင်း တင်ပြမှု့ ပါ။
ဒီနေရာလေးမှာ တင်ပြလိုတဲ့ နောက်တစ်ခုက အဒ်စရာဟီ လူမျိုးများ အကြောင်း ပါ --- အီဂျစ်နိုင်ငံမှာ ဖာရိုဘုရင် တွေရဲ့ ကျွန် ဖြစ်နေတဲ့ အဒ်စရာဟီ လူမျိုးတွေကို ကယ်တင်ဘို့ ဘုရားသခင်က မူစာလို့ခေါ်တဲ့ တမန်တော် တစ်ပါးကို ဖေ(လ်)အောင် ဘုရင့်နန်းတော်ထဲ မှာဘဲ ကြီးပြင်းစေခဲ့ပါတယ်။ အဒ်စရာဟီ လူမျိုးတွေဟာ နှစ်ပေါင်းများစွာ၊ မျိုးရိုးအစဉ် အဆက် ကျွန်ဖြစ်ခဲ့ရတော့ ကျွန်စိတ် အတော့ကို ၀င်နေတယ် သခင်တွေကို ကြောက်ကြရ သလောက် အချင်းချင်းကတော့ တယ်လဲ သတ္တိရှိကျပြီး ၊ စီးလုံးမှု့ မရှိ အကွဲကွဲ အပြဲပြဲပါဘဲ.. ဒါကို တမန်တော် အီစာက အတော့်ကို ကြိုးစား စည်းရုံးပြီး မနက် အစေားကြီး မှာ အဒ်စရာဟီ လူမျိုးတွေကို အခြားလွတ်လပ်ရာ နေရာသို့ ပို့ဆောင်ရန် ဦးဆောင်ပြီး တိတ်တဆိတ် ခေါ်ဆောင်လာခဲ့ပါတယ်။
ဒါကို သတင်းရတဲ့ ဖေ(လ်)အောင်ဘုရင်က သူ့စစ်တပ်ကြီးနဲ့ အမှီလိုက်ဖမ်းပါတယ်။
အဲ့ဒီမှာ ပြသနာတက်ပါပြီ .. တဖတ်က ဖေ(လ်)အောင်ဘုရင်က သူ့စစ်တပ်ကြီး အားလုံးကို မိလို့ကတော့ အသေသက်မှာ၊ တဖတ်ကလဲ ပင်လယ်နီးကမ်းခြေ ပြေးစရာ နေရာ မရှိတော့ဘူး ၊ အဲ့ဒီတော့ အဒ်စရာဟီ လူမျိုးတွေက တမန်တော်မူစာကို ပြောတယ် .. ဟိတ် မူစာ .. မင်းကို ယုံလို့ လိုက်လာမိတာ မှားပြီ ၊ ငါတို့ ကျွန်လိုနေတာမှ ကောင်းကောင်းနေရအုံးမယ် အခုတော့ တဖက်က ပင်လယ် ၊ တဖက်က ဖေ(လ်)အောင်ဘုရင်က သူ့  စစ်တပ်ကြီး နဲ့  ငါတို့ ကို သတ်ဖို့ လာနေပြီ မင်းဘယ်လို လုပ်မလဲ ဆိုပြီး ပြသနာ ရှာတာပေါ့ အဲ့ဒီတော့ တမန်တော်မူစာလဲ ဘုရားသခင်ထံ ဆုတောင်း ၊ ဘုရားက မင်းလက်ထဲက ဒုတ် နဲ့ ပင်လယ်ကို ရိုက်လို့ ပြောတော့ သူရိုက်လိုက်တယ်.....
အဲ့ဒီမှာ ပင်လယ်ရေ တွေဟာ နှစ်ပိုင်းကွဲသွားပြီး တဖတ်ကို သွားနိုင်တဲ့ လမ်းပေါ်လာတယ်....
အယ် ဟိုဘက်ကမ်းလဲ ရောက်ရော နောက်ထပ်ပြသနာပေါ်တယ် အီဂျစ်ပြည်ရဲ့  တဖတ်ကမ်း က လမ်းမမြင် တဲ့ သဲကတ္တရကြီးဖြစ်နေပြီး အပူချိန်က ၁၂၀ ဖာရီဟိုက်တော့ ရှိတယ်... ဒီတော့ ၁၂ အုပ်စု ကွဲနေတဲ့ အဒ်စရာဟီ လူမျိုးတွေဟာ တမန်တော်မူစာကို ပြသနာရှာ ပြန်တာပေါ့ ဒီတော့ ဘုရားသခင်က တိမ်တွေကို အရိပ်အဖြစ် ထားပေးသတဲ့ ၊ ပြီးတော့ စားရန် နတ်ပြည်က စားစရာတွေလဲ ချပေးတယ်တဲ့ ၊ အဲ့ဒီမှာ သူတို့ အချင်းချင်းလုစာ တချို့ က စားလို့ တင်မကဘူး နေ့ ဘို့ ညစာတွေပါ သိမ်းသတဲ့ မူစာကတော့ သိမ်းမထားဘို့ပြောသတဲ့ အယ်စားလို့ ၀တော့ ရေငတ်ပြီ အဲ့ဒီတော့ ဒီလောက် ချောက်သွေ့တဲ့ သဲပြင်ကြီးမှာ ရှိတဲ့ ကျောက်တောင်ကို ထုံးစံ အတိုင် ဒုတ်နဲ့ ရိုက်လိုက်တာ ရေတွေ ထွက်လာသတဲ့.... ဒီနေရာမှာလဲ ပြသနာ သူတို့ အဲ့ဒီရေကို လက်မခံနိုင်ပါဘူး ဟိုအဖွဲသောက်ထားတဲ့ ရေနေရာကို ငါတို့ မသောက်နိုင်ဘူး ဆိုပြီး ပြသနာ လုပ်လို့ နောက်ဆုံး ၁၂ ပေါက်ဖောက်ပေးရတဲ့ ကိန်းဆိုက်တယ်.... ဒီဇတ်လမ်းမှာ တမန်တော်မူစာဟာ နှစ်ပေါင်း ၄၀ တိုင်တိုင် ဒီ အဒ်စရာဟီ လူမျိုးတွေကို ကျွန်စိတ် ပြောက် သခင်စိတ် ရောက် အောင်လုပ်ပေးခဲ့တယ်....တမန်တော်တပါးဟာ ကျွန်စိတ်ပေါက်သူတို့ရဲ့ စရိုက်ကို ပြင်တာ နှစ် ၄၀ အချိန်ယူတယ်ဆိုတာ သတိပြုမိလိုက်တယ်.....
ဒီနေ့ ဘယ်သူတွေဟာ သူများကို ကြောက်ပြီး ကိုယ့်အချင်းချင်းကို အနိုင်အထက်ပြု သတ္တိပြနေကျသလဲ.... သူဖြူဆို ကိုယ်က အမဲ ဆိုသလို အပြိုင်ကျဲနေတာတွေကို ကြည့်ပြီး ကျွန်တော်တို့ ကျွန်စိတ်များ ၀င်နေလေသလား အထင်ရမိတယ်.....
ဆွေးနွေးစရာေ၇ွးပြီးတဲ့ အခါ
အစိုးရသစ်ကတော့ စပြီး ကြုံတွေရမှာကတော့ ဆန္တပြ ပြသနာတွေနဲ့ မီဒီယာ လွတ်လပ်ခွင့်တွေကို စတင် တောင်ဆိုလာမှာဖြစ်ပါတယ်။ NLD ကိုတော့ အစိုးရနေနဲ့ အတိုက်အခံ အနေနဲ့ တွေ့မြင်နေရမှာ ဖြစ်ပြီး၊ ဝေဖန်မှု့တွေကတော့ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာမှာပါ။ဒါပင်မဲ့ NLD ဟာ အပြုသဘေားဆောင်တဲ့ အတိုက်အခံ အဖြစ် မြင်တွေ့ လာနိုင်ပါတယ်။
After Myanmar Election အပေါ် မေးလိုတာက
(၂) အေ ဆိုတဲ့ ပါတီက တိုင်းဒေသကြီးတစ်ခုမှာ ဥပမာ အပြတ်အသက် အနိုင်ရတယ်ဆိုပါတော့၊ တိုင်းဒေသကြီး အတွင်းမှာ အမတ်အများစုက အေ ဆိုတဲ့ ပါတီက ရနေတယ်၊ ဒါပင်မဲ့ သမ္မတ က တိုင်းဒေသကြီး လွှတ်တော် အမတ် ထဲက တပ်မတော် ကိုယ်စာလှည်ကို ရွေးပြီး တိုင်းဒေသြ့ကီး ၀န်ြ့ကီးချုပ် ခန့်တယ်ဆိုရင် ရလား၊
(၃) ရန်ကုန်တိုင်းလို တိုင်းဒေသကြီးမှာ မြို့တော်စည်ပင်သာယာရေး အခွန်တွေ၊ အမြတ်ခွန်တွေ၊ ယစ်မျိုးခွန်တွေ အများကြီးရမယ် ၊ ဒီတော့ ပြည်ထောင်စုအစိုးရက ခွဲဝေပေးမည့် ဘက်ဂျက်က လျော့ ရလာမှာလား၊
(၄) မြန်မာနိုင်ငံရဲ့ အဓိက ဆိပ်ကမ်ြး့ကီးတွေက ရန်ကုန်မှာ လက်ရှိ တည်ရှိနေတော့ အခြေခံဥပဒေက ပေးတဲ့ အခွင့်အရေးက ဆိပ်ကမ်းခွန်ကို ရန်ကုန်တိုင်ဒေသြ့ကီး ကဘဲ ရယူခွင့်ရှိလာမလား၊
(၅) နိုင်ငံတော် လုံခြံရေးအရ အမျိုးသားလုံခြုံရေး ကောင်စီက နိုင်ငံတော် သမ္မတ ရဲ့ လွဲအပ်ချက်အရ စစ်အုပ်ချုပ်ရေး ပြောင်းရင် ဖွဲစည်းပုံအခြေခံ ဥပဒေ တရာရုံး နဲ့ ပြည်ထောင်စုတရားသူကြီးချုပ် တွေ ပါတဲ့ တရားစီရင်ရေး အဖွဲ့ တွေပါ ပျက်သလား ၊
(၆) နိုင်ငံတော်လုံခြုံရေး အတွက် အခြေခံ ဥပဒေ ၏ ခွင့်ပြုချက် ၃၇၆ အရ ကြိုတင်ကာကွယ်ထားရှိရန် နိုင်ငံသားတစ်ယောက်ကို လိုအပ်လို့ ကြိုဖမ်းထားမယ်ဆိုရင် (၁) တရားသူကြီး၏ ချုပ်မိန့်လိုပါသလား (၂) ပုဒ်မ တစ်စုံတစ်ခု မတင်ဘဲ အချိန် ဘယ်လောက် ထိ ဖမ်းထားခွင့်ရှိသလဲ ၊ ၄င်း အခွင့် အာဏာက ပြည်ထဲရေး လက်ထဲမှာရှိမှာလား ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် လက်ထဲမှာ ရှိမှာလား နိုင်ငံတော်သမ္မတ လက်ထဲမှာလား၊
(၇) ပင်လယ် ကမ်းရိုးတန်း ရှိတဲ့ တိုင်းတွေ ဟာ ပုဒ်မ ၂၅၄ အရ သတ်မှတ်ရေပိုင်နက်အကွာ အဝေးအတွင်း ငါးဖမ်းလုပ်ငန်း အပေါ် တွင် စည်းကြပ်ကောက်ခံ နိုင်သည် လို့ ဆိုထားတော့ ကမ်းနီးငါးဖမ်းလုပ်ငန်းကို ဆိုလိုတာလား၊ ကမ်းဝေးငါးဖမ်းလုပ်ငန်းကို ဆိုလိုပါသလား၊ ကမ်းဝေးဆိုရင် ယခုခွင့်ပြုထားသည် Fishing Right ဒါမှ မဟုတ် ယခင် တိုင်းတွေက တိုက်ရိုက်ခွင့်ပြုသည့် ဒေါ်လာပြတ် ပြည်ပ ငါးဖမ်းလုပ်ငန်းတွေ ပါအခွန်စည်းကြပ်ခွင့် ရှိလာမလား၊
(ဂ) မြန်မာပြည်ရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး ရှိတဲ့ တိုင်းဒေသကြီးတွေဟာ နယ်စပ် ကုန်သွယ်ခွန်တွေကို ရယူ သုံးစွဲခွင့်ရှိလာမလား၊ ဥမာ - မူစယ် နမ့်ခမ်း၊ လိုင်စာ၊ ကျိုင်းတုန်၊ မြ၀တီ၊ တမူး၊ ဘူးသီးတောင် ၊
(၉) တိုင်းဒေသကြီး အတွင်းရှိ စီးပွားရေးလုပ်ငန်းများမှ စည်းကြပ်ခွန်များ ကို ပြည်ပ ငွေ ဒေါ်လာငွေဖြင့် ကောက်ခံခွင့်ရှိလာမလား ဥပမာ နိုင်ငံခြားမှ ရင်နှီးထားသော ဟော်တယ် စသည်ဖြင့်၊
(၁၀) တိုင်ရင်သားအရေးကိစ္စတွေ ကို ပြည်ထောင်စုလွတ်တော်တွင် ဆွေးနွေးဆုံးဖြတ်တဲ့ အခါ တိုင်းရင်းသား ကိုယ်စာလှည်များ တက်ရောက်ခွင့်ရှိသလား၊
၎င်းတိုင်းရင်းသာတွေဟာ လူနဲစုဖြစ်နေမည်ဆိုပါက ၄င်းတို့အခွင့်အရေးကို ဘယ်လို အကာအကွယ်ပေးထားပါသလဲ၊ အမျိုးသားလွတ်တော်အပါအ၀င်၊
( ၄င်း မေးခွန်းကို မေးရသည်မှာ တိုင်းရင်သားရေးရာ ကိုယ်စာလှည်တွေဟာ တိုင်းဒေသကြီး များတွင်သာ ပါဝင်သည့်အတွက် ၄င်းတို့ ၏ အခွင်းရေးတောင်းဆိုပိုင်ခွင့်တွေဟာ တိုင်းဒေသကြီးလွတ်တော်သည်သာ အမြင့်ဆုံးဖြစ်နေသလား အတွေးပေါ်အခြေခံပါသည် )
Tuesday, August 24, 2010
ကြောက်ရွံ့ခြင်း
ဒီနေ့ မိတ်ဆွေတွေနဲ့ တွေ့တော့ စကားအကြောင်းအရာ နှစ်ခုကို ဆွေးနွေးဖြစ်တယ်၊ အဲ့ဒီ ၂ ခုထဲက တစ်ခုက ကြောက်ရွံ့ခြင်း ဆိုတာလေးကို ပါ၊ ကျွန်တော်တို့ နောက်ဆုံး အဆုံးသက်မှာတော့ ကြောက်ရွံ့ ခြင်းဆိုတာဟာ ခံယူချက် / ယုံကြည်ချက် ပေါ်တည်မှီနေပါတယ် ခံယူချက် / ယုံကြည်ချက် ဆိုတာကလဲ၊ အသိပညာပေါ်မှာ တည်မှီ တယ်လို့ အဖြေကို အားလုံးက လက္ခံကြပါတယ်။
ဒီနေရာမှာ ခွေးတွေ ကြောင်တွေတောင် ခြောင် ပိတ်ရိုက်ရင် ပြန်ကိုက်တက်ပါတယ်၊ အဲ့ဒီလိုဘဲ လူတစ်ယောက်ရဲ့ တန်ဖိုး ပျက်ရွင်းအောင် အထိ အနိုင့် အထက်ပြုလာရင် ၄င်းရဲ့ ကြောက်စိတ်တွေ ပျောက်သွားတက်ပါတယ်။
ကျွန်တော် ဒီနေ့ရလိုက်တာက အသိပညာ အရေးကြီးတယ်ဆိုတာပါ၊ ကျွန်တော်တို့ အသိပညာဆိုတာကိုဘဲ ခွဲခြာသိရှိဘို့ အများကြီလှိုသေးတယ် ဆိုတာကို တွေးရင် အိမ်ပြန်လာခဲ့မိတယ်၊
လူတစ်ယောက်မှာ အခြေခံအားဖြင့် လူမှု့ရေး အသိပညာ၊ ကျန်းမာရေးအသိပညာ စတာတွေ အပြင် နိုင်ငံရေး အသိပညာလဲ ရှိသင့်တယ်၊ ကျွန်တော်တို့ မှာ နိုင်ငံရေး အသိပညာ ကသိပ်ပြီး လေ့လာခွင့်မရခဲ့တော့ အဲ့ဒီ အသိပညာ မရှိဘူး မရှိတော့ ခံယူချက် / ယုံကြည်ချက် သိပ်မရှိဘူး၊့ ဒီတော့ ဘာမှန်း အသိဘဲနဲ့ ကို ကြောက်တက်လာတယ်။
လူမှုအသိုက်အဝန်း ပြိုကွဲပျက်စီးခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း
လူမှုအသိုက်အဝန်း ပြိုကွဲပျက်စီးခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း - မြန်မာ့ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးစနစ်နှင...
-
The National Unity Government (NUG) of Myanmar is a government formed by revolutionary forces and pro-democracy forces in respon...
-
အိမ့်မက်လှလှ မက်ဖို့ရာ ငြိမ်းချမ်း ပျော်ရွှင်မှုလေးတော့ ရှိဖို့လိုပါတယ်။ အဂ္ဂ မြန်မာ့စစ်အုပ်စု စစ်ရှုံးပြီးနောက် တိုင်းပြည်တည်ငြိမ်အေးချမ်းရ...
-
THERAPEUTIC COMMUNITY (TC) AADAP, Inc. "Whenever I hear AADAP, the word MONAD comes to mind. MONAD is nothing other than 'M...