Search This Blog ရှာရန်

Tuesday, September 28, 2010

မင်္ဂလာပေါင်း နဲ့ ဝါကျွတ် အစ်နေ့မှာ စကားအနည်းငယ် တင်ပြ မေတ္တာရပ်ခံ လိုတာက

အလ္လာရှင်မြတ် ထာဝရ ဘုရားသခင် ရဲ့ ငြိမ်းချမ်းသာယာ မှု့ အဖြာဖြာ အသင်တို့ အပေါ်ကျရောက်ပါစေ -

ဒီနေ့လို ဝါကျွတ် အစ်နေ့မှာ မိမိရင်ထဲ ရှိတဲ့ စကားလေးတွေ ကို ဒီနေရာလေးမှာ ရင်ဖွင့်တင်ပြပါရစေ၊ ကျွန်တော် မနှစ်က တင်ပြချက်ကို အောက်ပိုင်းမှာ ဆက်လက် ထားရှိလိုပါတယ် ဘာကြောင့်လဲဆိုတော့ တချို့သော Feedback တွေက လိုရင်းတိုရှင်း တင်ပြမှု့လေးတွေဖြစ်နေလို့ပါ၊

ပထမဦးစွာ အစ္စလာမ်မဟုတ်သူတွေ နဲ့ အစ္စလာမ်တွေပါ ရှိတဲ့ ဒီနေရာလေးမှာ အစ္စလာမ်တွေရဲ့ အစ်နေ့ လူသိများတဲ့ မုန့်အစ် ဆိုတာလေးကို ဟိုလူ့စကားဌား ပြီး ဘာလဲဟဲ့ ဝါကျွတ် အစ် ဆိုပြီး သုံးလို့ လွယ်ကူစွာ နားလည်နိုင်ရန် တင်ပြပါရစေ။

အစ္စလာမ်တွေမှာ ဥပုဒ် ဝါတွင်းက တစ်နှစ်မှာ တစ်လ ဖြစ်ပြီး၊ မနက် အာရုဏ် မတက်မှီ စားသောက်ပြီး ၊နောက် ညနေ နေဝင်ချိန် အထိ စားသောက်ခြင်း နဲ့ မကောင်းမှု့ အစုစုတို့ ကို ပိုမို ရှောင်ကျဉ်ပြီး နေရပါမယ်၊ ၎င်းလတွင်ပင် အစ္စလာမ် ဘာသာဝင်တွေဟာ မိမိပိုင် ရွေ ၅ ကျုပ်သားအထက် ရှိပါက နွမ်းပါးသူ များအား မျှပေးရန် တာဝန်ရှိပြီး မိမိပိုင် အိမ် ၊ ကား စသည်တို့ မပါဘဲ မိမိပိုင် ပစ္စည်းရတနာ၊ စီးပွားတန်ဖိုးများမှ ၂.၅% အား ဆင်းရဲသူများကို မျှဝေပေးရတယ်။
၎င်းနောက် ဝါကျွတ်ပွဲ ရက်မှာလဲ မိမိပိုင် သီးနှံရိတ္ခာ ထဲမှ မိမိ တို့ တစ်ရက်စာ စားသောက်လေ့ရှိသော ပမာဏ အတိုင်း သီးနှံရိတ္ခာအား ကလေး၊ လူကြီး ၊ မိန်းမ အားလုံး ဝါကျွတ်ပွဲ စုံညီဆုတောင်း ဝတ်ပြုပွဲ ကွင်းပြင်သို့ မသွားခင် အရင် နွမ်းပါသူတို့ အိမ်သို့ ၎င်းတို့ လဲ အစ်နေ့ မှာ အပူအပင်ကင်းကင်း ပျော်ရွှင်နိုင်အောင် ပေးကမ်းရပါမယ်။
ဝါကျွတ်အစ်နေ့ မှာ လူငယ်တွေဟာ လူကြီးများအိမ်သို့ သွားရောက်ပြီး စလာမ် မေတ္တာပို့ နှုတ်ဆက်ပြီး မိမိတို့ အမှားပြုခဲ့သည်များ ရှိပါက ခွင့်လွတ်ပါရန် တောင်းခံလေ့ရှိပြီး လူကြီးများမှလဲ မုန့် အချို နဲ့ အီဒီ လို့ ခေါ်တဲ့ လက်ဆောင်ငွေများ ပေးလေ့ရှိပါတယ်။

ဒါကတော့ လိုရင်းတိုရှင်း တင်ပြမှု့ပါ။

ဒီနေရာလေးမှာ တင်ပြလိုတဲ့ နောက်တစ်ခုက အဒ်စရာဟီ လူမျိုးများ အကြောင်း ပါ --- အီဂျစ်နိုင်ငံမှာ ဖာရိုဘုရင် တွေရဲ့ ကျွန် ဖြစ်နေတဲ့ အဒ်စရာဟီ လူမျိုးတွေကို ကယ်တင်ဘို့ ဘုရားသခင်က မူစာလို့ခေါ်တဲ့ တမန်တော် တစ်ပါးကို ဖေ(လ်)အောင် ဘုရင့်နန်းတော်ထဲ မှာဘဲ ကြီးပြင်းစေခဲ့ပါတယ်။ အဒ်စရာဟီ လူမျိုးတွေဟာ နှစ်ပေါင်းများစွာ၊ မျိုးရိုးအစဉ် အဆက် ကျွန်ဖြစ်ခဲ့ရတော့ ကျွန်စိတ် အတော့ကို ဝင်နေတယ် သခင်တွေကို ကြောက်ကြရ သလောက် အချင်းချင်းကတော့ တယ်လဲ သတ္တိရှိကျပြီး ၊ စီးလုံးမှု့ မရှိ အကွဲကွဲ အပြဲပြဲပါဘဲ.. ဒါကို တမန်တော် အီစာက အတော့်ကို ကြိုးစား စည်းရုံးပြီး မနက် အစေားကြီး မှာ အဒ်စရာဟီ လူမျိုးတွေကို အခြားလွတ်လပ်ရာ နေရာသို့ ပို့ဆောင်ရန် ဦးဆောင်ပြီး တိတ်တဆိတ် ခေါ်ဆောင်လာခဲ့ပါတယ်။
ဒါကို သတင်းရတဲ့ ဖေ(လ်)အောင်ဘုရင်က သူ့စစ်တပ်ကြီးနဲ့ အမှီလိုက်ဖမ်းပါတယ်။

အဲ့ဒီမှာ ပြသနာတက်ပါပြီ .. တဖတ်က ဖေ(လ်)အောင်ဘုရင်က သူ့စစ်တပ်ကြီး အားလုံးကို မိလို့ကတော့ အသေသက်မှာ၊ တဖတ်ကလဲ ပင်လယ်နီးကမ်းခြေ ပြေးစရာ နေရာ မရှိတော့ဘူး ၊ အဲ့ဒီတော့ အဒ်စရာဟီ လူမျိုးတွေက တမန်တော်မူစာကို ပြောတယ် .. ဟိတ် မူစာ .. မင်းကို ယုံလို့ လိုက်လာမိတာ မှားပြီ ၊ ငါတို့ ကျွန်လိုနေတာမှ ကောင်းကောင်းနေရအုံးမယ် အခုတော့ တဖက်က ပင်လယ် ၊ တဖက်က ဖေ(လ်)အောင်ဘုရင်က သူ့ စစ်တပ်ကြီး နဲ့ ငါတို့ ကို သတ်ဖို့ လာနေပြီ မင်းဘယ်လို လုပ်မလဲ ဆိုပြီး ပြသနာ ရှာတာပေါ့ အဲ့ဒီတော့ တမန်တော်မူစာလဲ ဘုရားသခင်ထံ ဆုတောင်း ၊ ဘုရားက မင်းလက်ထဲက ဒုတ် နဲ့ ပင်လယ်ကို ရိုက်လို့ ပြောတော့ သူရိုက်လိုက်တယ်.....
အဲ့ဒီမှာ ပင်လယ်ရေ တွေဟာ နှစ်ပိုင်းကွဲသွားပြီး တဖတ်ကို သွားနိုင်တဲ့ လမ်းပေါ်လာတယ်....
အယ် ဟိုဘက်ကမ်းလဲ ရောက်ရော နောက်ထပ်ပြသနာပေါ်တယ် အီဂျစ်ပြည်ရဲ့ တဖတ်ကမ်း က လမ်းမမြင် တဲ့ သဲကတ္တရကြီးဖြစ်နေပြီး အပူချိန်က ၁၂၀ ဖာရီဟိုက်တော့ ရှိတယ်... ဒီတော့ ၁၂ အုပ်စု ကွဲနေတဲ့ အဒ်စရာဟီ လူမျိုးတွေဟာ တမန်တော်မူစာကို ပြသနာရှာ ပြန်တာပေါ့ ဒီတော့ ဘုရားသခင်က တိမ်တွေကို အရိပ်အဖြစ် ထားပေးသတဲ့ ၊ ပြီးတော့ စားရန် နတ်ပြည်က စားစရာတွေလဲ ချပေးတယ်တဲ့ ၊ အဲ့ဒီမှာ သူတို့ အချင်းချင်းလုစာ တချို့ က စားလို့ တင်မကဘူး နေ့ဘို့ ညစာတွေပါ သိမ်းသတဲ့ မူစာကတော့ သိမ်းမထားဘို့ပြောသတဲ့ အယ်စားလို့ ဝတော့ ရေငတ်ပြီ အဲ့ဒီတော့ ဒီလောက် ချောက်သွေ့တဲ့ သဲပြင်ကြီးမှာ ရှိတဲ့ ကျောက်တောင်ကို ထုံးစံ အတိုင် ဒုတ်နဲ့ ရိုက်လိုက်တာ ရေတွေ ထွက်လာသတဲ့.... ဒီနေရာမှာလဲ ပြသနာ သူတို့ အဲ့ဒီရေကို လက်မခံနိုင်ပါဘူး ဟိုအဖွဲသောက်ထားတဲ့ ရေနေရာကို ငါတို့ မသောက်နိုင်ဘူး ဆိုပြီး ပြသနာ လုပ်လို့ နောက်ဆုံး ၁၂ ပေါက်ဖောက်ပေးရတဲ့ ကိန်းဆိုက်တယ်.... ဒီဇတ်လမ်းမှာ တမန်တော်မူစာဟာ နှစ်ပေါင်း ၄၀ တိုင်တိုင် ဒီ အဒ်စရာဟီ လူမျိုးတွေကို ကျွန်စိတ် ပြောက် သခင်စိတ် ရောက် အောင်လုပ်ပေးခဲ့တယ်....တမန်တော်တပါးဟာ ကျွန်စိတ်ပေါက်သူတို့ရဲ့ စရိုက်ကို ပြင်တာ နှစ် ၄၀ အချိန်ယူတယ်ဆိုတာ သတိပြုမိလိုက်တယ်.....

ဒီနေ့ ဘယ်သူတွေဟာ သူများကို ကြောက်ပြီး ကိုယ့်အချင်းချင်းကို အနိုင်အထက်ပြု သတ္တိပြနေကျသလဲ.... သူဖြူဆို ကိုယ်က အမဲ ဆိုသလို အပြိုင်ကျဲနေတာတွေကို ကြည့်ပြီး ကျွန်တော်တို့ ကျွန်စိတ်များ ဝင်နေလေသလား အထင်ရမိတယ်.....

ဆွေးနွေးစရာေ၇ွးပြီးတဲ့ အခါ

ရွေးကောက်ပွဲ ပြီးရင် ပထမဆုံးဖြစ်လာမှာကတော့ ဖွဲ့ စည်ပုံနဲ့ ရင်နှီးမှု့ သိပ်မ၇ှိသေးတဲ့ အတွက် တာဝန်ပိုင်းနဲ့ လုပ်ပိုင်ခွင့် အခန်းတွေကို ရှင်းရှင်းလင်းလင်း မြင် နိုင်အောင် ကြိုးစားရအုံးမှာပါ ၊ အင်အားစု သုံးခု အကြား အားပြိုင်မှု့တွေဟာ အစပိုင်းမှာ ထင်ထားသလောက် မရှိတော့ သလို လုပ်ဆောင်မှု့တွေဟာလဲ ဗဟို ဦးစီးပုံစံ နဲ့ သိပ်မကွာဘဲ ဖြစ်သွားနိုင်ပါတယ်။



အစိုးရသစ်ကတော့ စပြီး ကြုံတွေရမှာကတော့ ဆန္တပြ ပြသနာတွေနဲ့ မီဒီယာ လွတ်လပ်ခွင့်တွေကို စတင် တောင်ဆိုလာမှာဖြစ်ပါတယ်။ NLD ကိုတော့ အစိုးရနေနဲ့ အတိုက်အခံ အနေနဲ့ တွေ့မြင်နေရမှာ ဖြစ်ပြီး၊ ဝေဖန်မှု့တွေကတော့ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာမှာပါ။ဒါပင်မဲ့ NLD ဟာ အပြုသဘေားဆောင်တဲ့ အတိုက်အခံ အဖြစ် မြင်တွေ့ လာနိုင်ပါတယ်။

After Myanmar Election အပေါ် မေးလိုတာက

(၁) တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို သမ္မတက ခန့်မယ် လို့ သိရတယ် ၊ သမ္မတ နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်း ဖွဲစည်းပုံအခြေခံမှာပါ ရှိလား၊ သူတို့ ကို ဘယ်လိုဆက်သွယ်ပေးထားလဲ....



(၂) အေ ဆိုတဲ့ ပါတီက တိုင်းဒေသကြီးတစ်ခုမှာ ဥပမာ အပြတ်အသက် အနိုင်ရတယ်ဆိုပါတော့၊ တိုင်းဒေသကြီး အတွင်းမှာ အမတ်အများစုက အေ ဆိုတဲ့ ပါတီက ရနေတယ်၊ ဒါပင်မဲ့ သမ္မတ က တိုင်းဒေသကြီး လွှတ်တော် အမတ် ထဲက တပ်မတော် ကိုယ်စာလှည်ကို ရွေးပြီး တိုင်းဒေသြ့ကီး ဝန်ြ့ကီးချုပ် ခန့်တယ်ဆိုရင် ရလား၊



(၃) ရန်ကုန်တိုင်းလို တိုင်းဒေသကြီးမှာ မြို့တော်စည်ပင်သာယာရေး အခွန်တွေ၊ အမြတ်ခွန်တွေ၊ ယစ်မျိုးခွန်တွေ အများကြီးရမယ် ၊ ဒီတော့ ပြည်ထောင်စုအစိုးရက ခွဲဝေပေးမည့် ဘက်ဂျက်က လျော့ ရလာမှာလား၊



(၄) မြန်မာနိုင်ငံရဲ့ အဓိက ဆိပ်ကမ်းြ့ကီးတွေက ရန်ကုန်မှာ လက်ရှိ တည်ရှိနေတော့ အခြေခံဥပဒေက ပေးတဲ့ အခွင့်အရေးက ဆိပ်ကမ်းခွန်ကို ရန်ကုန်တိုင်ဒေသြ့ကီး ကဘဲ ရယူခွင့်ရှိလာမလား၊



(၅) နိုင်ငံတော် လုံခြံရေးအရ အမျိုးသားလုံခြုံရေး ကောင်စီက နိုင်ငံတော် သမ္မတ ရဲ့ လွဲအပ်ချက်အရ စစ်အုပ်ချုပ်ရေး ပြောင်းရင် ဖွဲစည်းပုံအခြေခံ ဥပဒေ တရာရုံး နဲ့ ပြည်ထောင်စုတရားသူကြီးချုပ် တွေ ပါတဲ့ တရားစီရင်ရေး အဖွဲ့ တွေပါ ပျက်သလား ၊



(၆) နိုင်ငံတော်လုံခြုံရေး အတွက် အခြေခံ ဥပဒေ ၏ ခွင့်ပြုချက် ၃၇၆ အရ ကြိုတင်ကာကွယ်ထားရှိရန် နိုင်ငံသားတစ်ယောက်ကို လိုအပ်လို့ ကြိုဖမ်းထားမယ်ဆိုရင် (၁) တရားသူကြီး၏ ချုပ်မိန့်လိုပါသလား (၂) ပုဒ်မ တစ်စုံတစ်ခု မတင်ဘဲ အချိန် ဘယ်လောက် ထိ ဖမ်းထားခွင့်ရှိသလဲ ၊ ၎င်း အခွင့် အာဏာက ပြည်ထဲရေး လက်ထဲမှာရှိမှာလား ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် လက်ထဲမှာ ရှိမှာလား နိုင်ငံတော်သမ္မတ လက်ထဲမှာလား၊



(၇) ပင်လယ် ကမ်းရိုးတန်း ရှိတဲ့ တိုင်းတွေ ဟာ ပုဒ်မ ၂၅၄ အရ သတ်မှတ်ရေပိုင်နက်အကွာ အဝေးအတွင်း ငါးဖမ်းလုပ်ငန်း အပေါ် တွင် စည်းကြပ်ကောက်ခံ နိုင်သည် လို့ ဆိုထားတော့ ကမ်းနီးငါးဖမ်းလုပ်ငန်းကို ဆိုလိုတာလား၊ ကမ်းဝေးငါးဖမ်းလုပ်ငန်းကို ဆိုလိုပါသလား၊ ကမ်းဝေးဆိုရင် ယခုခွင့်ပြုထားသည် Fishing Right ဒါမှ မဟုတ် ယခင် တိုင်းတွေက တိုက်ရိုက်ခွင့်ပြုသည့် ဒေါ်လာပြတ် ပြည်ပ ငါးဖမ်းလုပ်ငန်းတွေ ပါအခွန်စည်းကြပ်ခွင့် ရှိလာမလား၊



(ဂ) မြန်မာပြည်ရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး ရှိတဲ့ တိုင်းဒေသကြီးတွေဟာ နယ်စပ် ကုန်သွယ်ခွန်တွေကို ရယူ သုံးစွဲခွင့်ရှိလာမလား၊ ဥမာ - မူစယ် နမ့်ခမ်း၊ လိုင်စာ၊ ကျိုင်းတုန်၊ မြဝတီ၊ တမူး၊ ဘူးသီးတောင် ၊



(၉) တိုင်းဒေသကြီး အတွင်းရှိ စီးပွားရေးလုပ်ငန်းများမှ စည်းကြပ်ခွန်များ ကို ပြည်ပ ငွေ ဒေါ်လာငွေဖြင့် ကောက်ခံခွင့်ရှိလာမလား ဥပမာ နိုင်ငံခြားမှ ရင်နှီးထားသော ဟော်တယ် စသည်ဖြင့်၊



(၁၀) တိုင်ရင်သားအရေးကိစ္စတွေ ကို ပြည်ထောင်စုလွတ်တော်တွင် ဆွေးနွေးဆုံးဖြတ်တဲ့ အခါ တိုင်းရင်းသား ကိုယ်စာလှည်များ တက်ရောက်ခွင့်ရှိသလား၊

၎င်းတိုင်းရင်းသာတွေဟာ လူနဲစုဖြစ်နေမည်ဆိုပါက ၎င်းတို့အခွင့်အရေးကို ဘယ်လို အကာအကွယ်ပေးထားပါသလဲ၊ အမျိုးသားလွတ်တော်အပါအဝင်၊

( ၎င်း မေးခွန်းကို မေးရသည်မှာ တိုင်းရင်သားရေးရာ ကိုယ်စာလှည်တွေဟာ တိုင်းဒေသကြီး များတွင်သာ ပါဝင်သည့်အတွက် ၎င်းတို့ ၏ အခွင်းရေးတောင်းဆိုပိုင်ခွင့်တွေဟာ တိုင်းဒေသကြီးလွတ်တော်သည်သာ အမြင့်ဆုံးဖြစ်နေသလား အတွေးပေါ်အခြေခံပါသည် )

Tuesday, August 24, 2010

ကြောက်ရွံ့ခြင်း

ဒီနေ့ မိတ်ဆွေတွေနဲ့ တွေ့တော့ စကားအကြောင်းအရာ နှစ်ခုကို ဆွေးနွေးဖြစ်တယ်၊ အဲ့ဒီ ၂ ခုထဲက တစ်ခုက ကြောက်ရွံ့ခြင်း ဆိုတာလေးကို ပါ၊ ကျွန်တော်တို့ နောက်ဆုံး အဆုံးသက်မှာတော့ ကြောက်ရွံ့ ခြင်းဆိုတာဟာ ခံယူချက် / ယုံကြည်ချက် ပေါ်တည်မှီနေပါတယ် ခံယူချက် / ယုံကြည်ချက် ဆိုတာကလဲ၊ အသိပညာပေါ်မှာ တည်မှီ တယ်လို့ အဖြေကို အားလုံးက လက္ခံကြပါတယ်။

ဒီနေရာမှာ ခွေးတွေ ကြောင်တွေတောင် ခြောင် ပိတ်ရိုက်ရင် ပြန်ကိုက်တက်ပါတယ်၊ အဲ့ဒီလိုဘဲ လူတစ်ယောက်ရဲ့ တန်ဖိုး ပျက်ရွင်းအောင် အထိ အနိုင့် အထက်ပြုလာရင် ၄င်းရဲ့ ကြောက်စိတ်တွေ ပျောက်သွားတက်ပါတယ်။

ကျွန်တော် ဒီနေ့ရလိုက်တာက အသိပညာ အရေးကြီးတယ်ဆိုတာပါ၊ ကျွန်တော်တို့ အသိပညာဆိုတာကိုဘဲ ခွဲခြာသိရှိဘို့ အများကြီလှိုသေးတယ် ဆိုတာကို တွေးရင် အိမ်ပြန်လာခဲ့မိတယ်၊

လူတစ်ယောက်မှာ အခြေခံအားဖြင့် လူမှု့ရေး အသိပညာ၊ ကျန်းမာရေးအသိပညာ စတာတွေ အပြင် နိုင်ငံရေး အသိပညာလဲ ရှိသင့်တယ်၊ ကျွန်တော်တို့ မှာ နိုင်ငံရေး အသိပညာ ကသိပ်ပြီး လေ့လာခွင့်မရခဲ့တော့ အဲ့ဒီ အသိပညာ မရှိဘူး မရှိတော့ ခံယူချက် / ယုံကြည်ချက် သိပ်မရှိဘူး၊့ ဒီတော့ ဘာမှန်း အသိဘဲနဲ့ ကို ကြောက်တက်လာတယ်။

Tuesday, August 17, 2010

လူထု သူကြီး


အစိုးရကလည်း လူထု အစိုးရ။ လူထုစည်းဝေးပွဲ၊ လူထု အရေးဆိုပွဲ၊ လူထုတိုက်ပွဲများ ကိုလည်း မကြာခဏ ဆင်ယင်နေကြသည့် သမယ ဖြစ်သည်။ လူထုမိတ်ဆွေ၊ လူထု ရန်သူ၊ လူထု ခေါင်းဆောင် ဟူသော ဝေါဟာရများလည်း ပေါက်ပွား လာခဲ့လေပြီ။


အမှန်စင်စစ်အားဖြင့် ယခုခေတ်တွင် နေရာတကာ၌ လူထုနှင့် ကိုင်ပေါက် နေကြလေတော့သည်။ လူထုတည်းဟူသော နာမဝိသေသနကို ရေလဲနှင့် ပေါပေါကြီး သုံးစွဲနေကြသည့် ခေတ်ပေတကား။


လူထု လက်ဖက်ရည်ဆိုင်၊ လူထု ပင်မင်း၊ လူထု သတင်းစာ၊ လူထုပျော်ပွဲစားရုံ၊ လုူထု ကိတ်မုန့်၊ လူထု မြေပဲလှော်၊ လူထုဘာ လူထုညာဟာ မရေ မတွက် နိုင်တော့ပြီ။ နေရာတကာမှာ လူထု။ ဟိုမှာလည်း လူထု၊သည်မှာလည်း လူထု ။ရှေ့မှ နာမဝိသေသန အမျိုးမျိုး တပ်၍ လူထုကိ သုံးစွဲကြသေးသည်။ လယ်သမားလူထု၊ အလုပ်သမား လူူထု၊ ကုလားလူထု၊ မြန်မာ လူထု၊ အင်္ဂလိပ် လူထု၊ လူထု စုံလို့။ ဟောလာပြန်ချေပြီ။



မောင်ပြုံးချိုတို့ နယ်တွင် "လူထု သူကြီး" ရွေးပွဲတွေကျင်းပရပေဦးတော့မည်။ လူထုက တင်မြှောက်သော သူကြီးကို လူထုသူကြီးဟု ခေါ်ပါသည်။ ယခု ရှိရင်းစွဲ သူကြီးတွေကော လူထုကတင်မြှောက်သည့် သူကြီးမင်းများ ဖြစ်ကြပေသည်။ သို့သော်လည်း ထိုအိုမင်းဟောင်းနွမ်း နေသော သူကြီးများကို သစ်လွင်နေသော ယခုလူထုက မကြိုက်နိုင်တော့ ပြီဟု ဆိုသည်။ ထိုကဲ့သို့ ခေတ်မမီသည့် သူကြီးများကို ယခုမျက်စိကျယ်သော တက်လူများက မလိုချင်တော့ပြီ။ မျက်စိကျယ်သော လူထုသည် မျက်စိကျဉ်းသော သူကြီးကိုမကြည့်လိုတော့ပြီ။



"ဒီသူကြီးတွေဟာ ဗြူလိုကလား နက်စိတ် ဝင်နေပြီး။ ပြုပြင်လို့ မရတော့ဘူး။ ခေတ်မမီတော့ဘူး။ ဖြုတ်ပစ်ဖို့ပဲ ကောင်းတော့တယ်"


"သူကြီး ရွေးတင်တဲ့ အခါမှာလည်း ငယ်ငယ်ရွယ်ရွယ်ဖျတ်ဖျတ်လတ်လတ် လူကို တင်ဖို့ လိုတယ်။ အဘိုကြီးတွေ တင်လို့ မဟန်ဘူး။ ဘုန်းကြီးအို ကျောင်းပေါ် တင်သလိုပေါ့ကွ။ ခဏခဏဘုန်းကြီးပျံ လုပ်နေရမယ်။



ဤ အသံများကား ခေတ်၏ ကြွေကြော်သံများ ဖြစ်လေသည်။ သို့နှင့်ရှိရင်းစွဲ သူကြီးများကို ရာထူးမှရပ်စဲကာ လူထုသူကြီးများကို ပြန်လည်ရွေးကောက်ရန် လျှောက် လွှာများ ခေါ်ရလေသည်။


မောင်ပြုံးချို၏ ရုံးတွင် လျှောက်လွှာတွေ ဟီးတိုက်၍ ဝင်လာလေသည်။ အချို့ သူကြီးလူပါးများကမှု ရွာထဲ၌ ကြော်ငြာခြင်း မရှိဘဲ တိတ်တဆိတ်ပြိုင်သူမရှိသကဲ့သို့ တစ်ယောက်တည်းလာ၍ လျှောက်လွှာတင်ကြသည်။


သည်အချိန်တွင် မြို့ပိုင်တွေ အခက်အခဲနှင့် အတွေ့ရဆုံး အချိန်ဖြစ်သည်။ အသက်ငါးဆယ့် ငါးနှစ် ကျော်၍ပြန်လည် လျှောက်ထားခွင့် ရတော့မည် မဟုတ်သော သူကြီးကိစ္စကိုလည်း သူ ဂရုမစိုက်၊ အခွန်ကောက်ရန်ကိုလည်း သူမမှု၊ ရုံးအမိန့်ကိုလည်း မနာခံ၊ ထင်ရာကြဲလေတော့သည်။ ပြုတ်မဲ့တူတူမထူးတော့ပါဘူးဆိုကာ ကြက်ဝိုင်းကလေးများလည်း တိတ်တိတ်ပုန်း ထောင်လိုက်သေးသည်။ အရက်ကလေးများလည်း ချက်လိုက်သေးသည်။


ပြန်လည် အရွေးခံမည့် သူကြီးများမှာတော့ မဲ အရေးမို့ကြိုးစားပါ ကျွန်တော်တို့မှာ ချွေးတလုံးလုံး ဖြစ်နေကြလေတော့သည်။ တစ်နှစ်ကြာလို့မှရုံးသို့ခြေဦးမလှည့်ဖူးသည့် သူကြီးပေ သူကြီးကပ်များလည်း သူတို့အိမ်နှင့်ရုံးအိမ်ဦး နှင့် ကြမ်းပြင် ဖြစ်နေလေသည်။ ရွာသားတွေအတွက် အမတော်ကြေး လျှောက်ပေးရသည်မှာလည်း အမော။ သူ့ရွာတွင် လူအများ အလုပ်အကိုင်မဲ့၍ စားရမဲ့ သောက်ရမဲ့ဖြစ်နေပါသည်ဟု ဆိုကာ အငတ်စာရင်းတွေကိုလည်း တပြုံတခေါင်းကြီး လာပေးလိုက်သေးသည်။ သူ့အားမဲပေးမည့်သူတွေကို အကုန်လုံး စာရင်းတွင် ထည့်လာလေတော့သည်။


တစ်ပွဲတစ်လမ်း အကဲစမ်း ကြမည့် သူကြီးလောင်းတွေကလည်း လူထု အတွက် ပျာပျာသလဲ တအားခဲပြီး အလုပ်လုပ်နေကြလေသည်။ဟိုမှာလည်း သူတို့ ၊ သည်မှာလည်း သူတို့ကိုပဲ ရှောင်၍ပင် မလွတ်။ အချို့လည်း ရိုးရိုးသားသားပင် မိမိ သဘောကျသလို နိုင်ငံရေး ပါတီ များ၏ လက်မှတ်ကို ယူထားကြလေသည်။


အချို့လည်း မဲရရုံလောက်သာ ရည်ရွယ်လျက် အရေ အမျိုးမျိုး ကို ခြုံထားကြလေသည်။ မောင်ပြုံးချို၏ နယ်တွင် ဂွချောင်းရွာသည် နာမည်အကြီးဆုံး ဖြစ်သည်။ နွားခိုးတို့၏ ပုန်းအောင်းရာ ဒေသ ဖြစ်သည်။အရက်သမား တို့၏ မှီခိုရာလည်း မည်သည်။ ဓားပြ၊ သူခိုး ၊ ကိုလူဆိုးတို့၏စံပျော်ရာလည်း ဟူ၏ ။ ထိုကျေးရွာကို လွန်ခဲ့သော နှစ်ပေါင်းဆယ့်ငါးနှစ် လောက်ကတည်းက စိုးမိုးအုပ်ချုပ်ခဲ့သော သူကြီးမင်း ဦးဘချစ်သည် သူ၏ရာဇပလ္လင် မငြိမ်မသက်ရှိ နေသည်ကို တုန်လှုပ်သောအမူအရာဖြင့် အကဲခတ် လျက် ရှိသည်။ သူနှင့် ယှဉ်ပြိုင်လျှောက်ထား အရွေးခံမည့်သူသုံးဦး ပေါ်ပေါက်နေပါသည်။


မောင်ပြုံးချိုက သူ့သူကြီးမင်းကို ဤသို့မေး၏။


" ဘယ်နှယ့်လဲ သူကြီးမင်း၊ဟန်ပါ့မလား"


"ဟဲ ဟဲ ဟဲ ဟန်ရမပေါ့မြို့အုပ်မင်းရာ"


သူပြောလို့သာကြားလိုက်ရသည်။ မောင်ပြုံးချိုကတော့ ဘယ်နည်း နဲ့မှ သူရမည်မထင်။


နောက်သုံးရက်ကြာသော အခါ သူနှင့် ယှဉ်ပြိုင် အရွေးခံမည့်သူသုံးဦး အနက်မှ တစ်ဦးဖြစ်သူ ဦးဖိုးထောင်သည် အရွေးမခံတော့ပါဆို၍ သူ့လျှောက်လွှာကို ပြန်လည်ရုပ်သိမ်းသွားလေသည်။


ဦးဘချစ် ဘယ်လို ခြေထိုးလိုက်သည် မသိ။ သူနှင့် ယှဉ်ပြိုင်အရွေးခံရန် ဦးသာထွန်းနှင့် ကိုဖိုးမြစ်နှစ်ဦးသာ ကျန်တော့သည်။ ဦးသာထွန်းနှင့် ကိုဖိုးမြစ်တို့လည်း တလှုပ်လှုပ် တရွရွ ဖြစ်ကာ မြို့မှ မိမိတို့ အဖွဲ့ခေါင်းဆောင် များကို ဖိတ်ကြား၍ ရွာထဲတွင် တရားပွဲများ ကျင်းပလျက် ရှိလေသည်။ "သူကြီးဟာကျုပ်တို့ကို အုပ်ချုပ်လာတာ ဆယ်ငါးနှစ်ရှိပြီ။ ဘာတစ်ခုမှ ကောင်းတာ မလုပ်ခဲ့ဘူး။ဗြူလိုကလား နက်တွေနဲ့ ပေါင်းပြီး မဟုတ်တာချည်း လုပ်တယ်။ ဟိုတစ်နှစ်က အမတော်ကြေး ထုတ်တုန်းကလည်း ကျုပ်တို့ဆီက တစ်ယောက်တစ်မတ် တောင်းတယ်။ ဘာကောင်းသလဲ။ အုပ်ချုပ်မှုလည်း သိပ်ညံ့ဖျင်း တာပဲ။ ရွာထဲမယ် နွားခိုးတွေ၊အရက်သမား တွေ၊ ဘိန်းပုန်းစားတွေ သိပ်ပေါတယ်။ ဒီရွာဟာ နာမယ် ပျက်နေတယ်။ အခုဖြစ်နေတာက ဒီရွာသားဆိုရင် ဘယ်သူကမှလူကောင်းလို့ မထင်ဘူး ။ လူဆိုးနဲ့ သူခိုးချည်း ထင်တာပဲ။ ဒါကြောင့် သည်လိုမသမာမှုတွေကို ပပျောက်အောင် လူထု သူကြီးတင်ပြီး လုပ်ရမယ်။"


ဦးသာထွန်း ဘက်မှလူတွေက ဟောကြပြောကြ၏ ။ ကိုဖိုးမြစ် ဘက်ကလူများကလည်း ဤ နည်းဖြင့် သူကြီးကို ရှုတ်ချ၍ ပြောဟာက မဲဆွယ် ကြလေသည်။ သူကြီးမင်း ဦးဘချစ်ကား အပြုံးပင် မပျက်။ လသာသော ညတစ်ညတွင် သူကြီးမင်းက အရပ်ထဲမှ သြဇာတိက္ကမ ရှိသူများကိုသူ့အိမ်သို့ ဖိတ်ကြားထားလေသည်။ ရွာဦး ဘုန်တော်ကြီး ကျောင်းမှ ဝတ်တတ်ကြေး စည်းသံကို နာခံရင်း လူကြီးမင်း များ သူကြီးမင်းထံသို့ ရောက်လာကြလေသည်။ သူကြီးမင်းသည် သူ၏ ခြံဝင်းအတွင်း ရှိမြေကွက်လပ်တွင် ခုံတန်းရှည်များ၊ ကုလားထိုင်များကို ချထာလေသည်။ လူပေါင်းငါးဆယ်ခန့် ဖိတ်မန ္တက ပြုထားလေရာ လူစုံလျှင် ပေါင်းမှ ချခါစ အရက်ဖြူကို လက်ဖက်ရည် ပန်းကန်လုံးများတွင် ထည့်၍ တစ်လှည့် စီလိုက်ပေးလေသည်။ သူကြီးမင်း၏သား အာလူးသည် သည်နေရာတွင် အတော်ဖျတ်လတ်သည်။ ဖခင်၏ အဖော်အားကို ရာဖြစ်၏ ။


လမင်းသည် ထိန်ထိန်ပနေလေသည်။ လရောင်ထိုးနေသော သူကြီးမင်း၏ အိမ်မှ သွပ်မိုးကို အဝေးမှပင်အထင်သား မြင်နေရသည်။ ဧည့်ပရိတ်သတ်များသည် အရက်ဖြူ တစ်ပန်းကန်လောက် ဝင်မိလျှင်လျှာသွက်အာသွက် ဖြစ်လာကြ လေသည်။ သည်အချိန်တွင် သူကြီးသား အာလူးက ပန်းကန်ပြားကြီးနှင့် အမဲသား နှပ်တွေကို ယူလာပြန်သည်။


" ကဲ ကဲ စားကြဗျ၊ အမဲသားနုနုလေး နှပ်ထားတာဗျ "


ဧည့်သည် အပေါင်းတို့သည်လည်း အားနာသော အားဖြင့် အတုံးခပ်ကြီးကြီးများကို ရွေးကာ သုံးဆောင်ကြကုန်သည်။


" ဟေမောင်ဘချစ်တဲ့၊ မင်းအမဲနှပ်က ကောင်းသဟေ့"


နှုတ်ခမ်းမွေးဖြူဖြူကြီးနှင့် အဘိုးကြီးတစ်ယောက်က ဆို၏ ။


" လတ်လတ်ဆက်ဆက်ကိုဘကြီးအောင်ရဲ့"


" အေး ဒါတော့ ဟုတ်ပါရဲ့၊ မင်းဟာ က တစ်ခွက်တည်းနဲ့ ပြီးရတော့မှာလား။ အာတောင် မစွတ်ဘူး"


" ရပါတယ် ၊ ရပါတယ် ၊လိုသလောက် ရပါတယ်၊ သုံးပေါင်းတောင် တည်ထားတာ။ ဒါနဲ့မှ မလောက်ရင် ဆယ်အိမ်ခေါင်းအိမ်က ယူပေးပါမယ်။


"အေးကွယ်၊ ဒီလို အခါတော့ ငါ့သားလေးအောက်မေ့သကွယ်" လောကနီတိ အဆိုအားဖြင့် အရသာ နှင့်ပြည်စုံသော အာဟာရကို သုံးဆောင်ရသော အခါ ချစ်ခင်ရင်းနှီး သူကိုသတိရမြဲတည်း။


"လွတ်လုပါပြီ ။ ရှေ့လမယ် ထင်တယ်"


" အဲဒါ သာထွန်းတို့လက်ချက်ပေါ့၊ ကျွန်တော်က မသိချင်ယောင် ဆောင်နေတာ ။ဒီကောင်က သွားတို့တာ၊ ခိုးတဲ့နွားရော တစ်ခါတည်း မိတော့ မကယ်နိုင်တော့ဘူး၊" သူကြီးက ခြေတစ်ချောင်းထိုးလိုက်လေသည်။


"အေးပေါ့ကွ၊ ဒါတောင်ဒီကောင်က သူကြီးလုပ်ဦးမတဲ့။ ဟင် ခွေးမသား။ ငါ့သား ထောင်ချတဲ့ကောင်"


အဘိုးကြီးသည် အရက်တစ်ခွက်ကိုမော့ချလိုက်ပြီးလျှင် တံတွေးကို ပျစ်ခနဲ ထွေးလိုက်ကာ အမဲသားတုံးကို ကိုက်လိုက်လေသည်။


" ဟုတ်တယ်၊ ဒီကောင်သာသူကြီးဖြစ်ရင် ကျုပ်တို့ ဒုက္ခပဲ၊ ကျုပ်တို့ ဒီရွာမှာတောင် နေနိုင်မှာ မဟုတ်ဘူး"


မကြာသေမီက အရက်ချက်မှုနှင့် ထောင်ကျပြီးလွတ်လာသူ ဖိုးထူးက အရက်သံနှင့် ပြောပြန်လေသည်။ သည် အချိန်တွင် အခါခွင့်ကိုစောင့်မျှော်လျက် ရှိသော သူကြီးမင်းက စကားစလေတော့သည်။


" အခု ကျွန်တော်ခေါ်ပြီး ကျွေးမွေးတာက သူကြီးကိစ ္စနှင့် ဘာမှ မဆိုင်ဘူးဗျ။ သက်သက်မဲ့ အလှုလုပ်တာ။ သူကြီး ကိစ္စတော့ ခင်ဗျားတို့စလာလို့သာ ပြောရဦးမယ်"


ဤသို့ နိဒါန်းသွယ်ကာ ရပ်လိုက်ပြန်သည်။


လူတွေက ငြိမ်းပြီး နားထောင်နေလေရာ တစ်ခါတစ်ရံ တံတွေးထွေးသံနှင့် လေချဉ်တက်သံ များကို သာကြားရသည်။ သူကြီးမင်းစကား ဆက်ပြန်လေသည်။ "ကျွန်တော် အခြေအနေလည်း ခင်ဗျားတို့ အတွက် လုပ်နေတာပါ။ ခင်ဗျားတို့ အပေါ်များ ကျွန်တော် မတရားတာ ဘာလုပ်ဖူးလို့တုံး။ ကဲ ပြောကြစမ်းပါ"


မည်သူမျှ မဖြေကြချေ။ သူကြီးက စကားဆက်ပြန်လေသည်။


" သူတို့က ဟိုအမတော်ကြေး ထုတ်တုန်းက တစ်မတ်စီတောင်းတာပြောနေတယ်။ အဲဒါ မြို့အုပ်က တောင်းခိုင်းလို့ တောင်းရတာဗျ။ ကျွန်တော် ရတာမဟုတ်ဘူး ။ ပြီးတော့ ကျွန်တော့ကိုအုပ်ချုပ်မှု မကောင်းဘူးတဲ့။ ဒီရွာမယ် အရက်ချက်တဲ့ လူတွေပေါတယ် ၊ နွားသတ်တဲ့ လူတွေပေါသတဲ့။ ဘုရားဒကာ တွေကလေ။ ကျွန်တော့ ထွက်ပေးလိုက်ပါမယ်။ သူတို့ဒါလောက်တောင် သူကြီးလုပ်ချင်ရင် လုပ်ကြစမ်းပါစေ"


လူတွေ လှုပ်လှုပ်ရွရွ ဖြစ်သွားလေသည် ။ တံတွေးထွေးသံ ၊ အာမေဋိတ်သံတွေ ထွက်ပေါ်လာလေသည်။


" ဟာ မထွက်ပါနဲ့"


"ထွက်သွားလို့ဘာဖြစ်မလဲ"


"ဟိုကောင်တွေနဲ့ကျုပ်တို့နဲ့ မဖြစ်ပါဘူး" ဟူသော အသံများ ထွက်ပေါ်လာရာ ဦးဘချစ်သည် အတော် ပီတိသောမနဿဖြစ်သွားလေသည်။ သို့သော် ငြားလည်း သူက ထပ်၍ မှုလိုက်ပြန်သည်။ " မဟုတ်ဘူး။ ကျွန်တော့ရွာသားတွေကကျွန်တော့ကို မလိုချင်ဘူးဆိုရင် ထွက်ရုံပေါ့။ လုပ်ချင်တဲ့လူ တက်လုပ်ပါစေ။ ကျွန်တော် ဒီသူကြီး အလုပ်ကို မမက်မောပါဘူး"


အဘိုးကြီးသည် ဒယီးဒယိုင် နှင့် လက်တစ်ဖက်မှာ အမဲသားတုံး၊အခြားလက်တစ်ဖက်မှ အရက်ပန်းကန် ကို ကိုင်ကာ နေရာမှ ထလေသည်။ ပေါတယ်။ ဒါကြောင့် မတတ်သာလို့ အရက်ချက် ရောင်းကြရတယ်" လူ တစ်ယောက်က လျှာလေးလေးနှင့် ပြောလေသည်။


" ကျွန်တော် ဘယ်တော့ဖမ်းဖူးသလဲ" သူကြီးမင်းက ဂုဏ်ဖော်လိုက်သည်။


"ဟုတ်တယ်၊ သူကြီးမင်းဆီတစ်လုံး ပို့လိုက်ရင် ပြီးတာပဲ" အသံတစ်သံ ထွက်လာလေသည်။


" ဟုတ်တယ်၊ ကျွန်တော်ကလည်း ကြိုက်တတ်သကိုး ဟဲဟဲ၊ ပြီးတော့ နွားသတ်တယ်။ ကျွန်တော် ဘာလုပ်ဖူးသလဲ"


"သူကြီးမင်းဆီ အူစုံသည်းစုံ ပို့လိုက်ရင်ကိစ္စပြီးတာပါပဲ"


"ဟဲ ဟဲ ကျွန်တော် ကလည်း ကြိုက်တတ်သကိုး"


သူကြီးကိုယ်တိုင် အတန်ထွေနေသည့် အထဲ တစ်ခွက်မော့လိုက်ပြန်သည်။ အမဲသားတုံးကို ခဲလိုက်ပြန်သည်။နောက် စကားဆက်ပြန်သည်။ " အဲဒီတော့ ကိုယ့်သူကြီးနဲ့ ကိုယ်ရွာသား ဘယ်လောက် ဟန်သလဲ။ ဖိုးဗြူလား ဓားပြတိုက်တုန်းကလည်း ပုလိပ်မမိအောင် ကျွန်တော်ကိုယ်တိုင် ဝှက်ထားတယ် မဟုတ်လား။ဒီထက်တော့ ကျွန်တော် ခင်ဗျား တို့အတွက် မလုပ်နိုင်တော့ဘူး၊။ ဒါလောက်တောင် ခင်ဗျားတို့ အတွက် ဆောင်ရွက်နေတဲ့ အထဲ ကျွန်တော့ကို မကြိုက်ဘူးဆိုရင်လည်း ခင်ဗျားတို့ သဘောပေါ့"


" ဟိုး ဟိုး ၊ ဟေ့မောင်ဘချစ် ၊ မင်းကို ဘယ်သူက မကြိုက်ဘူးပြောသတုံး။ မကြိုက်ဘူးပြောတဲ့ ကောင် ငါနွားသတ်တဲ့ ဓားနဲ့ ခုတ်မယ်" အဘိုးကြီး တစ်ယောက်က ထ၍ ဆူပြန်သည်။


"ကဲ ဦးလေးဘချစ်"


လူငယ် တစ်ယောက်က ထ၍ပြောသည်။


"ဦးလေးဟာ ကျွန်တော်တို့ ကျေးဇူးရှင်ကြီးပဲ။ အရက်ချက်လည်းမဖမ်းဘူး။ နွားခိုးလည်း မမြင်ချင်ယောင်ဆောင်တယ်။ ဓားပြတွေလည်း ဝှက်ပေးတယ်။ နည်းနည်းပါးပါးဝေစုပေးရတာ ဘာအရေးကြီးလဲဗျာနော်။ အမတော်တို့၊ အခွန်တော်တို့၊လည်း ဘယ်တော့မှ အတင်းအကျပ် မတောင်းဖူးဘူး။ဦးလေးဘချစ်ဟာ ကျွန်တော်တို့ လူထု အကျိုးကို အကြည့်ဆုံးပဲ။ ဒါကြောင့် ဦးလေးဘချစ်ပြန်အရွေးခံပါ။ ကျွန်တော်ရအောင် ဆောင်ရွက် ပေးပါမယ်"


ထိုစကားကို ကြားသော အရက်ချက်သမားလူထု ၊ နွားခိုးလူထု နှင့်ဓားပြ လူထုက သာဓု သုံးကြိမ်ခေါ်ကြကုန်သည်။ကောင်းချီသြဘာ ပေးကြသည် ။ အနုမောဒနာ ပြုကြကုန်သည်။


" ကဲ ဒီလိုဆိုရင် အများက တောင်ပန်းလည်း လုပ်ရတာပေါ့" ဟု ဦးဘချစ်က အာမဝန်တာ ခံလိုက်ရလေသည်။မဲရွေးပွဲနေ့တွင် ဦးသာထွန်နှင့် မောင်ဖိုးမြစ်တို့မှ မြို့က အဖွဲ့အသီးသီး ကိုယ်စားလှယ် များရောက်လာ၍ပါးစပ်ပြဲအောင် အော်ကာဟစ်ကာ တရားဟောကာ အားပေးနေကြသော်လည်း မဲရေတွက်လိုက်သောအခါဦးဘချစ် အများဆုံး ရရှိနေသည်ကို တွေ့ရလေသည်။


ထို့ကြောင့် ဦးဘချစ်သည် လူထု သူကြီး ဖြစ်ရပြန်လေသည်။


(ဂျာနယ်ကျော်၁၉၄၇ ဒီဇင်ဘာ ၁)

Wednesday, July 28, 2010

၆၃ နှစ်မြောက် အာဇာနည် နေ့

၆၃ နှစ်မြောက် အာဇာနည်နေ့ ကို သတိမထားလိုက်မိဘူး... နောက်နေ့ ဂျာနယ် တချို့မှာ ပါတဲ့ သတင်းတွေကြောင့် အော်... အာဇာနည် နေ့တောင် ၆၃ နှစ်ရှိပြီဆိုတာ စိတ်မကောင်းစွာ သိလိုက်ရတယ်....
ဘာဘဲပြောပြော အာဇာနည် နေ့ဆိုတာ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား တို့ တစ်ရက်ထဲ လုပ်ကြံခံရတဲ့ နေ့လားလို့ ငါသား င့ါကို လာမမေးတာကိုဘဲ ကျေးဇူးတင် မိတယ်...
အာဇာနည် နေ့ ဟာ နှစ်ခါပြန် စိတ်မကောင်းစရာ ကောင်းတဲ့ နေ့ လို့ ကျွန်တော်က မှတ်တယ်၊ ပထမက အမျိုးသား ခေါင်းဆောင်ကြီးတွေ ဆုံးရှုံးခဲ့ရလို့၊ နောက်တစ်ခုက ကိုယ့်အမျိုးသား အချင်းချင်း လုပ်ကြံမှု့ဖြစ်ရတဲ့ အတွက် ဆုံးရှုံးခဲ့ရတဲ့ အရှက်နဲ့ သိက္ခာ တွေအတွက်။ နောင်တဆိုတာ နောင်မှ ရတတ်တယ်ဆို သလို ကျွန်တော်တို့ နောင်တက နောင်မှ တခဲ့ရပြီ၊ ဒီနေရာမှာ ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ မေးစရာပေါ်လာတယ် နောင်တရပြီလား...
ကိုယ့် အမျိုးသားတွေ စည်းလုံးညီညွတ်မှုဟာ သိပ်အရေးကြီးတယ်ဆိုတာ... ဒီတော့ ကျွန်တော်တို့ တွေ အာဇာနည်နေ့ ဆိုတာနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေး ဆိုတာကို တွဲပြီမြင်ရမယ်လို့ ကျွန်တော် အကြံပြုလိုပါတယ် ... အမျိုးသားတွေ စည်းလုံးညီညွတ်မှု့ မရှိတဲ့ ရလဒ်တွေ ကို ကျွန်တော်တို့ ခါးသီးစွာ ခါးစည်းခံ နေရတယ်ဆိုတာ အားလုံးအသိဘဲ... လူဦးရေ နည်းနည်းလေး ရှိပြီး ကြွယ်ဝတဲ့ ကျူပ်တို့တွေ သူများနိုင်ငံမှာ ကျွန်ဖြစ်နေရတာကို သွားသတိရတယ်၊ ဒါတောင်ဂုဏ်ယူတဲ့ သူတွေက ရှိသေးတယ်၊

မြန်မာနိုင်ငံမှာ FTZ တို့ EPZ တို့ ကို ( free trade zone or export processing zone ) အလျင်အမြန် အကောင်အထည်ဖေါ် ဆောင်၇ွက်သင့်တယ်၊ အဲ့ဒီစနစ်တွေကို လွယ်လွယ် ပြောရမယ်ဆိုရင် နိုင်ငံတကာက စက်ရုံကြီးတွေကို ဒီမှာ အလကားနီနီဈေးနဲ့ စက်မှု့ဇုန် ကြီးတွေ ဆောက်ခွင့် ပေးတာဘဲ.. ဒါပ်ေမဲ့ အဲ့ဒီ စက်ရုံကြီးတွေမှာ ၇၀ % ကနေ ၁၀၀ အထိ မြန်မာ လုပ်သားတွေကို ခန့်စေပြီး နိုင်ငံတကာ လုပ်အားခ တွေအတိုင်း ပေးစေတယ်၊ ကိုရီးယား နိုင်ငံက စက်ရုံတွေ မြန်မာပြည်မှာ အများကြီးလာဆောက်ရင် ကိုရီးယာသွားပြီး အလုပ်လုပ် နေစရာမလိုတော့ ဘူးပေါ့၊ လုပ်ခကလည်း တစ်လကို ၃ သိန်းကနေ ၁၅ သိန်းလောက် ရလာနိုင်တယ်၊ အကျိုးဆက်တွေ က ဆိပ်ကမ်းတွေ ဖွံ့ဖြိုးလာမယ်၊ နည်းပညာ နဲ့ ကျွမ်းကျင်သူတွေ ပေါများလာတဲ့ အတွက် ပြည်တွင်း စက်မှု့လုပ်ငန်း တွေလဲ အရည်အသွေး တွေ တက်လာမယ်၊ ၄င်း စက်မှု့ဇုန်တွေက ပစ္စည်းတွေကို ပြည်တွင်းအတွက် တင်သွင်းတဲ့ အခါ သယ်ယူစရိတ် သက်သာပြီး သုံးစွဲသူတွေ ဈေးနှုန်းချိုသာ မှု့တွေကို ရမယ်၊ နိုင်ငံခြားသား လုပ်ငန်းရှင်တွေ အများကြီးလာနေတဲ့ အတွက် အချို့ စားသောက်ဆိုင်တွေ ၊ လုပ်ငန်းငယ်တွေလည်း အစဉ်ပြေ တိုးတက် လာစေတယ် ၊ ဒါတွေထက် အဆပေါင်းများစွာ အကျိုးရှိစေတာက သူများနိုင်ငံမှာ ကျွန်ဖြစ်မှန်း မသိဖြစ်နေတဲ့ ကျုပ်တို့ မြန်မာတွေကို အမိနိုင်ငံမှာ ရင်ကော့်ပြီး မိသားစု ဘ၀ ဆွေမျိုးးစုံစွာနဲ့ ဘ၀တည်ဆောက် နိုင်စေမယ်။

Saturday, June 19, 2010

ငါ အိမ့်မက် မက်တယ်

မီးတွေ ထိန်ထိန်လင်းတဲ့ လမ်းတွေမှာ ငါပြေးနေတယ်....ကလေးတွေကလည် ပျော်လို့.....လမ်းတွေပေါ်မှာ နောက်ဆုံးပေါ် ကားတွေက တဝီဝီ နဲ.. လူတွေက လမ်းမြန်မြန်လျောက်နေကျတယ်.. အချိန်တွေက တန်ဖိုးရှိလို့ အနာဂတ်တွေ ကိုယ်စီ ပိုင်ဆိုင်လျက်..... MRT ရထားပေါ်မှာ ကျောင်းသားလေးတွေ ပျော်ပါး စကားပြောလျက်
တိုက်အောက်မှာ အဖိုးကြီးတွေ အဖွားကြီးတွေ စုပြီ ထိုင်နေတယ်... ငယ်ဘ၀ ပြောနေလိုက်ကျတာ အားရစရာ
မြို့လယ် တိုက်နရံပေါ်က TV ကြီးက ကြီးလိုက်တာ... LED မီးသီတွေနဲ့ ပုံဖေါ်ထားပင်မဲ့ ကြည့်လို့ကောင်းတယ်...
ပန်ခြံထဲက မိသားစု တွေ ပျော်ပါး အော်ဟစ်သံ... ၃ နှစ် သမီးလေးက အားရပါရ ပျော်ပြီး အော်လိုက်သံ ....
ဒါပင်မဲ့ ရန်ကုန်မှာ....... ကျွန်တော် လန့်နိုးလားတော့..

The Current State of the Yangon Real Estate Market (2026)

The Current State of the Yangon Real Estate Market (2026) In 2026, the Yangon real estate market continues to operate on a trajectory that d...