Wednesday, July 28, 2010

၆၃ နှစ်မြောက် အာဇာနည် နေ့

၆၃ နှစ်မြောက် အာဇာနည်နေ့ ကို သတိမထားလိုက်မိဘူး... နောက်နေ့ ဂျာနယ် တချို့မှာ ပါတဲ့ သတင်းတွေကြောင့် အော်... အာဇာနည် နေ့တောင် ၆၃ နှစ်ရှိပြီဆိုတာ စိတ်မကောင်းစွာ သိလိုက်ရတယ်....
ဘာဘဲပြောပြော အာဇာနည် နေ့ဆိုတာ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား တို့ တစ်ရက်ထဲ လုပ်ကြံခံရတဲ့ နေ့လားလို့ ငါသား င့ါကို လာမမေးတာကိုဘဲ ကျေးဇူးတင် မိတယ်...
အာဇာနည် နေ့ ဟာ နှစ်ခါပြန် စိတ်မကောင်းစရာ ကောင်းတဲ့ နေ့ လို့ ကျွန်တော်က မှတ်တယ်၊ ပထမက အမျိုးသား ခေါင်းဆောင်ကြီးတွေ ဆုံးရှုံးခဲ့ရလို့၊ နောက်တစ်ခုက ကိုယ့်အမျိုးသား အချင်းချင်း လုပ်ကြံမှု့ဖြစ်ရတဲ့ အတွက် ဆုံးရှုံးခဲ့ရတဲ့ အရှက်နဲ့ သိက္ခာ တွေအတွက်။ နောင်တဆိုတာ နောင်မှ ရတတ်တယ်ဆို သလို ကျွန်တော်တို့ နောင်တက နောင်မှ တခဲ့ရပြီ၊ ဒီနေရာမှာ ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ မေးစရာပေါ်လာတယ် နောင်တရပြီလား...
ကိုယ့် အမျိုးသားတွေ စည်းလုံးညီညွတ်မှုဟာ သိပ်အရေးကြီးတယ်ဆိုတာ... ဒီတော့ ကျွန်တော်တို့ တွေ အာဇာနည်နေ့ ဆိုတာနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေး ဆိုတာကို တွဲပြီမြင်ရမယ်လို့ ကျွန်တော် အကြံပြုလိုပါတယ် ... အမျိုးသားတွေ စည်းလုံးညီညွတ်မှု့ မရှိတဲ့ ရလဒ်တွေ ကို ကျွန်တော်တို့ ခါးသီးစွာ ခါးစည်းခံ နေရတယ်ဆိုတာ အားလုံးအသိဘဲ... လူဦးရေ နည်းနည်းလေး ရှိပြီး ကြွယ်ဝတဲ့ ကျူပ်တို့တွေ သူများနိုင်ငံမှာ ကျွန်ဖြစ်နေရတာကို သွားသတိရတယ်၊ ဒါတောင်ဂုဏ်ယူတဲ့ သူတွေက ရှိသေးတယ်၊

မြန်မာနိုင်ငံမှာ FTZ တို့ EPZ တို့ ကို ( free trade zone or export processing zone ) အလျင်အမြန် အကောင်အထည်ဖေါ် ဆောင်၇ွက်သင့်တယ်၊ အဲ့ဒီစနစ်တွေကို လွယ်လွယ် ပြောရမယ်ဆိုရင် နိုင်ငံတကာက စက်ရုံကြီးတွေကို ဒီမှာ အလကားနီနီဈေးနဲ့ စက်မှု့ဇုန် ကြီးတွေ ဆောက်ခွင့် ပေးတာဘဲ.. ဒါပ်ေမဲ့ အဲ့ဒီ စက်ရုံကြီးတွေမှာ ၇၀ % ကနေ ၁၀၀ အထိ မြန်မာ လုပ်သားတွေကို ခန့်စေပြီး နိုင်ငံတကာ လုပ်အားခ တွေအတိုင်း ပေးစေတယ်၊ ကိုရီးယား နိုင်ငံက စက်ရုံတွေ မြန်မာပြည်မှာ အများကြီးလာဆောက်ရင် ကိုရီးယာသွားပြီး အလုပ်လုပ် နေစရာမလိုတော့ ဘူးပေါ့၊ လုပ်ခကလည်း တစ်လကို ၃ သိန်းကနေ ၁၅ သိန်းလောက် ရလာနိုင်တယ်၊ အကျိုးဆက်တွေ က ဆိပ်ကမ်းတွေ ဖွံ့ဖြိုးလာမယ်၊ နည်းပညာ နဲ့ ကျွမ်းကျင်သူတွေ ပေါများလာတဲ့ အတွက် ပြည်တွင်း စက်မှု့လုပ်ငန်း တွေလဲ အရည်အသွေး တွေ တက်လာမယ်၊ ၄င်း စက်မှု့ဇုန်တွေက ပစ္စည်းတွေကို ပြည်တွင်းအတွက် တင်သွင်းတဲ့ အခါ သယ်ယူစရိတ် သက်သာပြီး သုံးစွဲသူတွေ ဈေးနှုန်းချိုသာ မှု့တွေကို ရမယ်၊ နိုင်ငံခြားသား လုပ်ငန်းရှင်တွေ အများကြီးလာနေတဲ့ အတွက် အချို့ စားသောက်ဆိုင်တွေ ၊ လုပ်ငန်းငယ်တွေလည်း အစဉ်ပြေ တိုးတက် လာစေတယ် ၊ ဒါတွေထက် အဆပေါင်းများစွာ အကျိုးရှိစေတာက သူများနိုင်ငံမှာ ကျွန်ဖြစ်မှန်း မသိဖြစ်နေတဲ့ ကျုပ်တို့ မြန်မာတွေကို အမိနိုင်ငံမှာ ရင်ကော့်ပြီး မိသားစု ဘ၀ ဆွေမျိုးးစုံစွာနဲ့ ဘ၀တည်ဆောက် နိုင်စေမယ်။

Saturday, June 19, 2010

ငါ အိမ့်မက် မက်တယ်

မီးတွေ ထိန်ထိန်လင်းတဲ့ လမ်းတွေမှာ ငါပြေးနေတယ်....ကလေးတွေကလည် ပျော်လို့.....လမ်းတွေပေါ်မှာ နောက်ဆုံးပေါ် ကားတွေက တ၀ီဝီ နဲ.. လူတွေက လမ်းမြန်မြန်လျောက်နေကျတယ်.. အချိန်တွေက တန်ဖိုးရှိလို့ အနာဂတ်တွေ ကိုယ်စီ ပိုင်ဆိုင်လျက်..... MRT ရထားပေါ်မှာ ကျောင်းသားလေးတွေ ပျော်ပါး စကားပြောလျက်
တိုက်အောက်မှာ အဖိုးကြီးတွေ အဖွားကြီးတွေ စုပြီ ထိုင်နေတယ်... ငယ်ဘ၀ ပြောနေလိုက်ကျတာ အားရစရာ
မြို့လယ် တိုက်နရံပေါ်က TV ကြီးက ကြီးလိုက်တာ... LED မီးသီတွေနဲ့ ပုံဖေါ်ထားပင်မဲ့ ကြည့်လို့ကောင်းတယ်...
ပန်ခြံထဲက မိသားစု တွေ ပျော်ပါး အော်ဟစ်သံ... ၃ နှစ် သမီးလေးက အားရပါရ ပျော်ပြီး အော်လိုက်သံ ....
ဒါပင်မဲ့ ရန်ကုန်မှာ....... ကျွန်တော် လန့်နိုးလားတော့..

စကားအနည်းငယ် တင်ပြ မေတ္တာရပ်ခံ လိုတာက

လေးစားရပါသော စာရှု့သူအပေါင်းအား အလ္လာရှင်မြတ် ထားဝရ ဘုရားသခင် ရဲ့ငြိမ်းချမ်းသာယာ မှု့အဖြာဖြာ အသင်တို့ အပေါ်သို့ ကျရောက်ပါစေလို့ ဆုမွန်ကောင်း တောင်လိုက်ပါတယ်… ယနေ့ သမရမှာ စကားအနည်းငယ် တင်ပြလိုပါတယ် …

ယနေ့ အစ္စလာမ် ဘာသာဝင် တွေ ဟာ အကြမ်းဖတ်မှု့ တရားခံ တွေ အဖြစ် စွတ်စွဲ ခံနေရမှု့ဟာ အမှန် ပကတိအခြေ အနေပါ မိတ်ဆွေတို့ ကိုယ့် မှတ်ပုံတင် ကိုယ်ကိုင်ပြီး ဖြစ်ဖြစ် Passbook ကိုင်ပြီးဖြစ်ဖြစ် အတော်များများ သက်ဆိုက်ရာ နိုင်ငံ Immagartion နဲ့ လုံခြုံရေးတွေ ရှေ့ကိုရောက် ရင် စိတ် ကသိ ကအောင့် ဖြစ်ခဲ့ရတဲ့ သူတွေ အားလုံး အသိပင်ဖြစ်ပါတယ်။
ကျွန်တော်ကတော့ ဒီဖြစ်စဉ်က အစ္စလာမ် ကို မီဒီယာနဲ့ လုပ်ကြံခံရတဲ့ ကိစ္စလို့ ယုံကြည့်မိပါတယ်။ ကမ္ဘာ့ သမိုင်းမှာ ယနေ့ ပြောပြောနေကျတဲ့ အကြမ်းဖတ်မှု့ဆိုတာ ကို ဘာသာ ပေါင်းစုံက လူတွေ လုပ်ခဲ့ ကျတာဘဲ ဥပမာ ခရစ်ယာန် ဘာသာကို ယုံကြည်တဲ့ ဟစ်တလာက ဂျူးလူမျိုး ၄ သန်းလောက်ကို သတ်ခဲ့တယ် ၄င်း ရဲ့ လုပ်ရပ်ကို ကမ္ဘာ့ပေါ်မှာ ရှိတဲ့ ခရစ်ယာန်တွေကို အကြမ်းဖက် သမားတွေလို့ ဂျူးလူမျိုး တွေကိုယ်တိုင်က မမြင်သလို ဘယ်လူမျိုး ဘယ်ဘာသာ ၀င်တွေကမှ အသိဥာဏ် ဆင်ခြင် တုန်တရားကင်းမဲ့ စွာ မျက်စိ တဖတ်ပိတ် ပြီး မစွတ်စွဲ ခဲ့ကျပါဘူး၊ Cambodia က ဗုဒ္ဒဘာသာဝင် ပိုးပေါ့က Cambodia မှာနေထိုင်ကျတဲ့ ရိုးရာ နတ်ကိုးကွယ်သူတွေ၊ ဗုဒ္ဒဘာသာဝင်တွေ နဲ့ အစ္စလာမ် ဘာသာဝင် စုစုပေါင်း ၃ သန်းလောက် ကို သတ်ခဲ့တယ်။ မနေ့ တစ်နေ့ကလို သွေးညှိနံ့တွေ မပျောက်သေးတဲ့ ဘောစ့်စနီးယားကိစ္စ ကို အကြောင်းခံပြီး အစ္စလာမ် ဘာသာဝင် ၃ သိန်းလောက်ကို မျိုးဖြုတ်ခဲ့တဲ့ ကာရာဒစ်ကို ဘယ်အစ္စလာမ် ဘာသာဝင်က မှ ခရစ်ယာန်တွေ အကြမ်း ဖက်နေတယ်လို့ မမြင်ပါဘူး ကဲ..ဒါဆို အိုစမာ ဘီလာဒင်ရဲ့ အကြမ်းဖက်မှု့ ကြောင့် လူ ၃၀၀၀ ကျော် အကြမ်းဖက်ခံ ရတဲ့ ၉/၁၁ ကိစ္စပေါ် အခြေခံပြီး အစ္စလာမ်လူ့ အစုအဝေး အားလုံး အပေါ် အကြမ်းဖက် သမားတွေလို့ လူအများက ဘာကြောင့် ယူဆ လာကျပါသလဲ။ ဒီကိစ္စကို ကြည့်လိုက်ရင် မီဒီယာရဲ့ သတင်း တွေက လူအများရဲ့ အသိကို ပြောင်းလဲ စေခဲ့တယ် ဆိုတာ ထင်ရှားသိမြင်လာစေမှာပါ။

ယနေ့ ကမ္ဘာပေါ်မှာ လူဦးရေ ငါးပုံ တစ်ပုံ ဟာ အစ္စလာမ် ဘာသာ ၀င်တွေ ဖြစ်ပင်မဲ့ ပညာရေးမှာ အတော် ကို ရာခိုင်နှုံန်း နည်းနေပါတယ်။ ပထမ အကြောင်းကတော့ အာဖဂန်လို နိုင်ငံတွေ နဲ့ တချို့ အစ္စလာမ့် နိုင်ငံတွေမှာ အမျိုးသမီးတွေ ပညာသင်ကြားခွင့် အခွင့်အလမ်း နည်းပါးခြင်းနဲ့ အချို့ အစ္စလာမ်ဘာသာဝင်တွေ စနစ် မကျတဲ့ ဘာသာရေး ကျောင်းတွေမှာဘဲ သူတို့ အချိန်ကို ကုန်လွန်ခဲ့ကျလို့ပါဘဲ။ ဒီနေရာမှာ ပညာရေးဆိုတာမှာ လည်း စနစ်ကျတဲ့ ပညာရေးကို အစ္စလာမ်က အမျိုးသမီး တွေနဲ့ အမျိုးသားတွေကို တန်းတူ ပညာမဖြစ်မနေ သင်ကြားဖို့ အတိအလင်းခွင့်ပြုထား ပင်မဲ့ မျက်နှာလွဲခဲပစ် ပညာရေးဆိုပြီး လူမှု့ သိက္ခာ ပျက်ယွင်းစေနိုင်မဲ့ ကိစ္စကိုတော့ အစ္စလာမ်က တားမြစ်ထားပါတယ်၊ ဥပမာ ပညာရေးကို စိတ်ဝင်တစား အားပေးတဲ့ အထဲမှာ မြန်မာပြည်က အစ္စလာမ် မိဘတွေ ရဲ့ ရာခိုင်နှုံးက မနည်းပါဘူး… သိန်း ၂၀၀ - ၄၀၀ လောက်ကုန်တဲ့ စင်္ကာပူ ကျောင်းတွေတက်ဖို့ လား အိုကေ .. ကောင်းပါတယ် ဒါပ်ေမဲ့ လွတ်လိုက်တာက အလွန်နုပျိုပြီး စိတ်ကစား နိုင်တဲ့ ဘ၀ရဲ့ အချိုးအကွေ့ ကို ဆုံးဖြတ်ရမဲ့ အရွယ် သမီးပျို တွေကို အုပ်ထိန်းသူ မပါဘဲ လွှတ်တယ် .. အဲ့ဒါ ကို အစ္စလာမ်က ခွင့်မပြုပါဘူး၊ အုပ်ထိန်း သူနဲ့ ခွင့်ပြုပါတယ်.. စင်္ကာပူမပြောနဲ့ မြင့်မြတ်နဲ့ မင်္ကာ ရွှေမြို့တော်ကို ဘုရားဖူးဖို့ကိုတောင် အစ္စလာမ်က ကိုယ်သမီးပျို လေးကို အုပ်ထိန်းသူ မပါဘဲ လွှတ်ဖို့ ခွင့်မပြုဘူး။ အခု စင်္ကာပူမှာ တော့ မသိဘူး ရန်ကုန်မှာ Day Club တဲ့ ခေတ်စား နေတဲ့ နေရာတွေမှာ ကြည့်မလား မွတ်စလင်မလေး တွေ တွေ့နေရပြီ မိဘ တွေကတော့ ‘တာဝ” က တက္ကသိုလ် ကျောင်းသွားတယ် မှတ်နေမှာ။ ဒါအစ္စလာမ် မှ မဟုတ်ဘူး ဘယ် သားပျို သမီးပျို အတွက်မှ မကောင်းဘူး. စာရှု့သူတို့ လည်း ဘယ်ဘာသာ ၀င်ဖြစ်ဖြစ် ဒီကိစ္စကို လက္ခံမယ် မထင်ပါဘူး၊

အစ္စလာမ် မှာ အမျိုးသမီးတွေကို သိပ်တန်ဖိုးထားတယ်.. မင်္ဂလာဆောင်မယ် ဆိုရင် ကိုယ်ယူမယ့် မယား လောင်းကို မဟာ လို့ခေါ်တဲ့ လက်ဆောင်ပေးပြီး ဂုဏ်ပြုရတယ်၊
ယနေ့ လူချမ်းသာ တွေကတော့ ချမ်းသာသလောက် ရွှေ ၆ ကျပ်သား ရွှေ နှစ်ပိသာ၊ စိန်တဆင်စာ စသည်ဖြင့်ပေါ့.. ဒီလိုဘဲ အကြောင်းမလှတဲံ ဆင်းရဲတဲ့ အမျိုးသားတွေ ကို လည်း သာသနာက နောက်ဆုံး ရေလေး တစ်ခွတ်လောက်တော့ ခန်းဝင် မဟာ အဖြစ် လက်ဆောင် ပေးဖို့ ဆုံးမတယ်။ ကိုယ့်ဇနီးမယားတွေကို လည်း ရတနာတွေလို တန်ဖိုးထားခိုင်းတယ် ကျွန်တော်တို့ အဖိုးတန် ရတနာတွေကို ဘယ်လို ထားလည်း အဲ့ဒီလို ထားခိုင်းတယ်၊ အဲ့ဒါကို အ၀တ်ထုပ်နဲ့ ထုပ်သလို သိမ်းထားရင်တော့ ထိုသူမ ခင်မျာ ကျေနပ်ရင်တော့ ကြားက ဘာမှ ၀င်ပြောစရာမလိုပါဘူး မကျေနပ်ဘဲ နေရတယ် ဆိုရင်တော့ အတော့ကို ကသိကအောင့်နေမယ်…လုံခြုံစွာ
းထားပါ ကောင်းပါတယ် လွန်ကဲမှု့တွေ မဖြစ်ဘို့ကိုဘဲ စဉ်းစား ချင့်ချိန်စေလိုပါတယ်။

ယနေ့ ကမ္ဘာပျက်မည့် နမိတ်လား တော့မသိဘူး အားလုံး ပြောင်းပြန်တွေ ဖြစ်ဖြစ်နေတယ် အမျိုးသားတွေက အတင်းပြောနေလိုက်တာ ဈေးထဲက ဈေးရောင်းတဲ့ ငါးစိမ်း သယ်က အန့်အော် တယ် ပြောရမယ်.. အခြေအမြစ် မရှိ၊ ခိုင်မာမှု့ မရှိတဲ့ သတင်းတွေ၊ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာပိုင်းနဲ့ ဆိုင်တဲ့ ကိစ္စတွေကို အစ္စလာမ်က တင်းတင်း ကြပ်ကြပ် မပြောဖို့ တားမြစ်ထား သလို နားထောင်တဲ့ သူကလည်း အခြေအမြစ် မရှိ၊ ခိုင်မာမှု့ မရှိတဲ့ သတင်းတွေ ကို လက္ခံ နားထောင်ဖို့ ခွင့်မပြုဘူး၊ အဲလို အထင်းအရှားတားမြစ် ထားပေမဲ့ အစ္စလာမ် ဘာသာဝင် အမျိုးသား တချို့ရဲ့ လုပ်ရပ်တွေက အတော့်ကို အရှိန်ကောင်းနေတယ်..၊ ကျွန်တော်တို့တွေ သတိထားပြီး ဆင်ခြင်ရမှာပါ။
ကျွန်တော် တင်ပြတာတွေမှာ အမှားတွေလည်း ပါနိုင်ပါတယ်၊ ၄င်းကိုလည်း စေတနာ အမှားလို့ မှတ်ယူစေလိုပါတယ်။
နောက်ဆုံး အနေနဲ့ ကျွန်တော် တို့ ညီအကို မောင်နှမ တွေ ဒီအစ်ဒ်နေ့ ကို အကြောင်းခံ ပြီး တစ်ယောက်နဲ့ တစ်ယောက် မကျေလဲမကျေနပ် တာတွေကို ခွင့်လွတ်ကျရင် မင်္ဂလာ ရှိသော အစ်ဒ်နေ့ကို ဖြတ်သန်းကြပါစို့လို့ မေတ္တာရပ်ခံ လိုက်ပါတယ်…

ကျွန်တော့်မှာ ကိုယ်ဝန်ရှိနေပြီ

ချစ်သူတွေ ဖြစ်ဖြစ်၊ အိမ်ထောင်ရှင်တွေ ဖြစ်ဖြစ် ချစ်သူ ဇနီးလေးက ကိုယ်ဝန်ရှိနေပြီလို့ ပြောတာကို ဘဝမှာ ပထမဆုံးကြားရတယ် ဆိုရင် ဘယ်လို နေမလည်း၊ ဒါမှ မဟုတ် တခါ ကိုယ်ဝန်ပျက်ဘူးတဲ့ ဇနီးလေး ပြောလာမယ်ဆိုရင် သင့်စိတ်ထဲ ဘယ်လိုနေမလည်း၊ အဲ့ဒီ ချစ်သူ ဇနီး သူ့စိတ်ထဲမှာ ကော ဘယ်လိုခံစားမှု့ မျော်လင့်ချက်တွေ စိုရိမ်မှု့တွေ ရှိနေမလည်းလို့ စဉ်းစားနေမိတော့။ ကျွန်တော် လည်း အနာဂတ် တစ်ခုကို လှမ်းမြင်လိုက်ရတော့ ရင်ခုန်မှု့ ပထမဆုံးက သားလေးလား၊ သမီးလေးလား၊ ပေါ့ ဂျုးဒိတ်ကတော့ ၂၀၁၀ ဆိုတာကတော့ သိနေပင်မဲ့ အတိမကျ မသိရသေး၊ သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် အကောင်းဆုံး အနာဂတ်တစ်ခု ဖြစ်လာမယ်လို့ ယုံကြည့်မှု့တွေနဲ့ မျော်လင့်ကြီးစွာဖြင့်

Who eat my chese ?

ဒီနေ့ လွတ်လပ်ရေးနေ့ ဆိုလို့ စိတ်ပြေလက်ပြောက် အပြင်ထွက်ပါတယ် မလွတ်လပ် ပါဘူး ဒီလမ်းက ပိတ် ဟိုလမ်းက ပိတ်နဲ့ လိုရာကို မရောက်ဘူး... အော် လွတ်လပ်ချင်းရဲ့ အရသာ အချုပ်ထဲ ရောက်မှ သိ ဆိုတာ မဖြစ်နိုင်ဘူး ...
လွတ်လပ်ရေးနေ့မှာကို သိလိုက်ရတယ်.. ဒီနေ့ လွတ်လပ်ရေးနေ့ဆိုတာကို မေ့များနေလားတော့ မသိဘူး တချို့လူတွေပြောပါတယ်.. အလံတွေတောင် သိပ်မတွေမိဘူး .. ဘာကိုများကြောက်နေသည်မသိပါ.
.
ကြောက်တယ်ဆိုတာ မဆန်းပါဘူး။ လူတိုင် ဆုံးရှုံနိမ့်ကျမှာ၊ ဆင်းရဲမှာ၊ နာကျင်မှာကို ကြောက်ကြတာချည်းပဲ၊ ကျွန်တော်လဲ မကြောက်တမ်း သတ္တိရှိရှိ နဲ့ ၀န်ခံရမယ်ဆိုရင် ကြောက်တက်တယ်ဗျ လူတိုင်း အနည်းနဲ့ အများ အကြောက် တရားရှိတက်ကြတာပါပဲ။ ဒါပင်မဲ့ အရှက် ဆိုတာလည်း ရှိတယ်။ လူမှာ လူ့သိက္ခာကို နှိမ့်ချ စော်ကားခံရရင် ရှက်တက် ကြပါတယ်. အဲ့ဒီအခါ ကြောက်ကန်ကန်တယ်... ဘာပဲဖြစ်ဖြစ် အကြောက်တရားမှာ အကန့်အသက်တော့ ရှိတယ် လို့ ထင်ပါတယ်..
.
လွတ်လပ်ရေးဆိုတာကို မြန်မာတွေ ရတာ ( ၆၂ ) နှစ်ရှိပြီ လွတ်လပ်လား မလွတ်လပ်ဘူးလား ကိုယ့်ဖာသာကို မေးကြည့်၊ လွတ်လပ်ရေးရဲ့ တန်ဘိုး သိလား ကိုယ့်ဖာသာ ကိုမေးကြည့် ၊ မြန်မာတွေ အင်္ဂလိပ်ကျွန်ဖြစ်တုန်က ကိုယ်မြေ၊ကိုယ်ရေ၊ ကိုယ့် မိသားစု နဲ့ ဥမကွဲ သိုက်မပြတ် ကျွန်ဖြစ်တယ်ဆိုရမယ်။ အဲ့ဒီတုန်က ကျွန်တော်တို့ နိုင်ငံကို ကုလားတွေ လာအလုပ်လုပ်ကျတယ် ... ကယ် ဒီနေ့ ဘာတွေဖြစ်နေလည်း ကိုယ့်ဖာသာ ကိုစဉ်းစားကြည့်..

ကျွန်တော်တို့ နိုင်ငံ အခတ်အခဲတွေ တွေ့နေတဲ့ အချိန်မှာ အာရှနိုင်ငံတွေ ဘာလုပ်ကျလည်း ကျွန်တော့်အမြင်တော့ ၀မ်းသာတယ်.. သူတို့ မြန်မာတွေကို အောက်ခြေ၀န်ထမ်းအဖြစ် ဈေးပေါပေါနဲ့ ရနေတယ် ၊ ကျွန်လိုခိုင်းတယ်
နိုင်င်္ငတော်ရတနာတွေကို နယ်ခြားကနေ အောက်ဈေးနဲ့ ၀ယ်လို့ ရနေတယ်... ဒါဟာ ပြည်သူတရပ်လုံးရဲ့ ဆုံးရှုံးမှု့ဘဲ ....
လွတ်လပ်ရေးနေ့ဆိုတာကို ကျွန်တော်သိသလောက် အမှတ်တရနေ့ တစ်ခုလောက်တော့ မဖြစ်သင့်တော့ဘူး
လွတ်လပ်ရေးနေ့ ဆိုတာနဲ့ အလုပ် ဆိုတာကို တွဲပြီး အသိဝင်ရင်ကောင်းမယ်လို့ ထင်မိတယ်....
ကျွန်ဘ၀မှာ ကျွန်တော်တို့ အရှုံးဆုံးက အလုပ် ... မြန်မာတွေ အင်္ဂလိပ်အတွက် အလုပ်လုပ်ပေးခဲ့ရတယ် ကျွန်တော်တို့ရဲ့ လုပ်အားတွေကို ထုပ်ယူ ဆုပ်ယူခဲ့တယ် ရသင့်တဲ့ လုပ်အား တန်ဖိုးတွေ မရခဲ့ဘူး... ဒီနေရာမှာ တခြားဆုံးရှုံးမှု့တွေကို မပြောတော့ဘူး ... လွတ်လပ်ပြီးဆိုတော့ လွတ်လပ်ရေးနေ့မှာ အလုပ်ကို သိရမယ်...
အလုပ်ဆိုတာ လူတိုင်းသိတာပဲ....ရှင်းတယ်လေ အလုပ်ဆိုတာ အလုပ်ပေါ့... ဒါပင်မဲ့ အလုပ်ရဲ့ တန်ဖိုးတွေ ကိုရောထည့်မစဉ်းစားတော့ဘူးလား...... တချို့ နိုင်ငံတွေမှာ အလုပ်ချိန် တနာရီကို ၁၅ ဒေါ်လာရတယ် မြန်မာငွေ ၁၆၀၀ ဆိုပါတော့ ...

ကျွန်တော်တို့ အလုပ်တန်ဖိုးက လွတ်လပ်ရေးနဲ့ အတူပါမလာဘဲ ဘယ်မှာကျန်နေခဲ့သလည်း...
အဲ့ဒါကို ရှာပေးကျပါ... ဒီနေ့ လူတွေက အလုပ်တစ်ခုပေါ်ရင် ဂွင် လို့ပြောတယ်.. ကျွန်တော်ကတော့ ဒီခေတ်စကား ဂွင် ဆိုတာကို အဓိပါယ် အသေအချာ မသိဘူး ဒါနဲ့ အင်တာနက်မှာရှာလိုက်တော့ ဂွင်ဆိုတာ မှန်မှန်ကန်ကန် နည်းလမ်းနဲ့ ရတာမဟုတ်ဘဲ အချောင်ပေါက်ရအောင် လုပ်တာကို ခေါ်တယ်လို့ တွေ့တယ်.. ဟိုက် ဒါဆို ကျွန်တော်တို့ အလုပ်ဆိုတာကို အချောင်လို့ မှတ်သလိုဖြစ်နေပြီ.. ဒါလည်း စဉ်းစားကျပါအုံး...

MRTV 4

ကျွန်တော် မိတ်ဆွေတစ်ယောက်က ပြောတယ် India မှာက တစ်ယောက်ကို တစ်ယောက် တွေ့ရင် နမာစတေး လို့ နှတ်ဆက်တယ် အဲ့ဒီအဓိပါယ်က လွတ်မြောက်ပါစေလို့ သူကပြောတယ် ၊ ဟုတ်တယ်လေ India နိုင်ငံက မဂို အင်းပါယာ အောက်မှာ နှစ်ပေါင်း ၇၀၀ လောက်၊ အင်္ဂလိပ် အောက်မှာက နှစ်ပေါင်း ၂၀၀ လောက်ဆိုတော့ သူတို့ လွတ်လပ်ရေး လိုချင်းမှာပေါ့ လို့ တွေးမိတယ်။
England က မိတ်ဆွေ တစ်ယောက်ကို တွေ့တော့ ညစာစားပြီ ပြန်မယ်လုပ်တဲ့အခါ သူက Good Evening လို့ နှတ်ဆက်တော့ ကျွန်တော် မေးလိုက်တယ် ဘာကြောင့် ဒီလို နှတ်ဆက်သလဲလို့ မေးတော့ က သူတို့ နိုင်ငံမှာက အခု နဲ့ တော်ကြာ ရာသီဥတု က မတူဘူး ဆိုးချင်ဆိုးသွားတယ် ဒီတော့ တစ်ယောက်နဲ့ တစ်ယောက် နှတ်ဆက်တော့ ဆန္ဒပြုတဲ့ သဘေားပါတဲ့..
ဒါနဲ့ အက်စလာမ် မွတ်အာလိုက်ကွမ်း ဆိုတာကို မေးကြည့်တော့ အသင့်အပေါ်သို့ ငြိမ်းချင်းသာယာမှု အပေါင်း ကျရောက်ပါစေတဲ့ အာရပ် နိုင်ငံ က အာရပ်တွေ အော် သူတို့ တွေ ဒီနေ့ အထိ ငြိမ်းချမ်းရေး ဝေးနေလေတော့ သူတို့ လိုချင်းတဲ့ ငြိမ်းချမ်းရေးကို ဆန္ခ ပြုတယ်လို့ မှတ်တယ်...
ထိုင်းနိုင်ငံ ကို ကျွန်တော် ရောက်တော့ အမြဲ ကြားနေရတဲ့ ချိုသာတဲ့ အသံ ၊ရိုကျိုးတဲ့ ပုံနဲ့ ဆဝါဒီခပ် တဲ့... ဘာလဲဟဲ ဆဝါဒီ ခပ် ကို မြန်မာလို ဘာသာပြန်ကြည့်တော့ မင်္ဂလာပါတဲ့ သွားပြီ သူတို့ လိုချင်တာက မင်္ဂလာ အော် ဘယ်ရှိမလည်း ပတ်ပုန်း တို့ ကျောက်ဘုရား ဟော်တယ် ဆိုတာတွေက ကမ္ဘာကျော်ဘဲလေ....

ဒါနဲ့ ဒီနေ့ MRTV 4 မှာ သတင်းကြေငြာမယ့် ကောင်မလေးက နှုတ်ဆက်လိုက်တော့ ငါတို့လိုနေတဲ့ ဆန္ခကို သိလိုက်ရတယ်.... ဟိုက်....
ဆရာ့ ကို လေးစား အမှတ်ရလို့ ဂုဏ်ပြုရင်း.....

1948

၁၉၄၈ ခုနှစ်မှာ ဒိုမြန်မာနိုင်ငံ လွတ်လပ်ရေးရတယ် ကုလသမဂ္ဂ က လည် ၁၉၄၈ ခုနှစ် မှာ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတန်းကြီးကို ကြေငြာခဲ့တယ် ဒီတော့ ကျွန်တော်တို့မြန်မာနိုင်ငံ
လွတ်လပ်ရေးဟာ ကမ္ဘာ့လူ့ အခွင့်အရေး ကြေငြာ စာတန်းကြီးနဲ့ တူဖွားမြင့်ခဲ့တယ်လို့ ဂုဏ်ယူစရာကောင်းတယ်။
လူတွေမှာ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ အသက်ရှင်သန်ခွင့်နဲ့ အတူ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေးနဲ့ နိုင်ငံရေးတို့ကို လွတ်လပ်စွားယုံကြည်ခွင့်ဆိုတာတွေလည်းပါတယ်၊ လွတ်လပ်စွား ရေးသား၊ ပြောဆို၊ ဖေါ်ထုတ်ခွင့်နဲ့ ကြားနာခွင့် တွေလည်းရှိတယ်၊ ကုလသမဂ္ဂ ကြီးက နိုင်ငံ အသီးသီးရဲ့ အချုပ်အခြာအာဏာ တည်တံ့ရေး နဲ့ လူ့အခွင့်အရေး တို့ကို ကာကွယ် စောင့်ရပါတယ်၊ နိုင်ငံအသီးသီးရဲ့ အစိုးရအဖွဲ့ အစည်းတွေကလဲ နိုင်ငံသား အခွင့်အရေး နဲ့ အတူ လူ့အခွင့်အရေး တို့ကို စောင့်ရှောက် ကားကွယ်ပေးရပါတယ်၊ ဒါတွေကို ကုလ အဖွဲ့မှာ နိုင်ငံပေါင်းစုံက ပညာရှင်ကြီးတွေ၊ နိုင်ငံရေး သမားတွေ၊ ဘာသာရေး သမားတွေ ပါဝင်ပြီး အများ သဘေားတူ ခြွင်းချက်မရှိ အတည်ပြု လက်မှတ် ရေးထိုးထားခဲ့တယ်.. အဲ့ဒီမှာ မြန်မာ ကိုယ်စာလှယ် တွေလည်း ပါဝင်ခဲ့တယ် အာရှနဲ့ အရှေ့တောင်အာရှ အားလုံးပါဝင်ခဲ့တယ်။ လူ့အခွင့် အရေးကြေငြာစာတမ်းကြီးမှာ ခရစ်ယာန်၊ မွတ်စလင်၊ ဗုဒ္ဓဘာသာ စတဲ့ သာသာအာလုံး နဲ့ ဆန့်ကျင်တာ တစ်ခု မှာမပါသလို အမေရိက၊ အာဖရိက၊အာရှ၊ ဥရောပ၊ သြစတြေးလျ ဒေသ အသီးသီး က ယဉ်ကျေးမှု့ ဓလေ့ထုံစံတွေနဲ့လည်း ဆန့်ကျင်တာ လုံးဝမပါဘူး၊ နိုင်ငံအသီးသီးက တန်ဖိုးထားတဲ့ ယဉ်ကျေးမှု့ဓလေ့ ထုံးစံတွေနဲ့ ၀ိရောဓိဖြစ်စရာ ဘားမှ ပါဘဲနဲ့ အာရှခေါင်းဆောင် တချို့ဟာ ပြည်သူလူထုက လူ့အခွင့်အရေး တွေနဲ့ ပတ်သက်ပြီး ဖေါ်ထုတ်တောင်ဆိုလာတော့ ဘာလုပ်လည်း တွေးကြည့်။
ဒီနေရာမှာ အလျင်းသင့်လို့ ဗုဒ္ဓဘာသာ အများစု မှီတင်းနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဟောခဲ့တဲ့ ကာလမသုတ် ကို ထုတ်နှုတ်တင်ပြလိုတယ် ( မှန်ကန်တဲ့တရားမြတ် လမ်းစဉ်ကိုတောင် မျက်စိမှိတ်လိုက်နာဖိုက မလို၊ ငါပြောတိုင်းလဲ မယုံနဲ့ ၊ ကျမ်းဂန်လာဆိုပြီးလဲ မယုံနဲ့ ၊ လူကြီးစကားဆိုပြီးလဲ မယုံနဲ့တဲ့ ) ဒီလိုဟောခဲ့တာဟာ ဒီမိုကရေစီတရားမဟုတ်ပေဘူးလာ .......မှီး ( ဘာလဲဟဲ့ မောင်စွမ်းရည် ၊ http://en.wikipedia.org/wiki/Universal_Declaration_of_Human_Rights )

Who Are They? American Muslims and the Nation's 250-Year Identity Test

ပြည်ထောင်စုဆီသို့ နှစ် ၂၅၀ ခရီး ၂၀၂၆ ခုနှစ်တွင် ကျရောက်မည့် Semiquincentennial (၂၅၀ နှစ်မြောက် နှစ်ပတ်လည်နေ့) အတွက် နိုင်ငံက ပြင...