ဘင်္ဂါလီဆိုတာ ဟိုး ကလကတ္တား မှ ယခု Bangladesh နိုင်ငံနေသူများကို အကြမ်းဖျဉ်း သက်မှတ်လို့ရပါတယ်၊ ဥပမာ မြန်မာလူမျိုး ပေါ့ Bangladesh နိုင်ငံမှာ အဓိက လူမျိုးခွဲတွေကတော့ Chakma, Marma, Mundas, Garos (Achiks), Oraons, Santhals, Mro, Manipuri, Zomi, Bihari (Stranded Pakistani) နာဂ တွေတောင် ရှိပါသေးတယ် ဒါတွေက လူမျိုးစုအသေးလေးတွေပါ Marma ကတော့ ဘုရင့်နောင်သွားတိုက်တုန်းက ပဲခူး အနွယ်တွေပါ ဒီတော့ ရိုဟင်ဂျာကို ရိုဟင်ဂျာ လို့ခေါ်သင့်ပြီး ဘင်္ဂါလီလို့ သွားခေါ်တော့ မလိုအပ်ဘဲ ပိုမိုရှုပ်တွေလာစေပြီး Bangladesh နိုင်ငံကို ဒီအရေးထဲမှာ ထဲထဲဝင်ဝင် တိုက်ခိုက်သလိုဖြစ်နေပြီး၊ ဘင်္ဂါလီလူမျိုးဟု တိုက်ရိုက်သော်လည်ကောင်း၊ သွယ်ဝိုက်၍သော်လည်ကောင်း ဆက်နွယ်သူတိုင်းကို ပူတွဲ တိုက်ခိုက် ခွဲခြားလိုက်သလိုဖြစ်စေပါတယ် ၊ တကယ်တန်းဆို ရိုဟင်ဂျာတွေ ပြောတဲ့ စကားကို ဒါကားက လူတွေ နားတောင်မလည်ပါဘူး။ ပိုလို့ဆိုးက မြန်မာပြည်မှာရှိတဲ့ မြန်မာမွတ်စလင် အချို့ကို မှတ်ပုံတင်လုပ်ရင် အစ္စလာမ်ဘာသာဝင် ဆိုပါက ဘင်္ဂါလီ၊ စူရတီ၊ မေမာန်၊ မဂိုလ်၊ ပထန်၊ ပါက္ကစတန်နီ စသည်ဖြင့် မပါလို့ မရပါဘူး၊ တချို့က ဘင်္ဂါလီ နွယ်ရင် ဘင်္ဂါလီ လို့ထည့်လည်း မှတ်ပုံတင်ရရင် ပြီးရော ဆိုပြီး လဝက ဘာထည့်ထည့် လက်ခံလိုက်ကြပါတယ်၊ ကျွန်တော့်သားကြီးဆိုရင် မှတ်ပုံတင်ထွက်လာတော့ လူမျိုးနေရာမှာ အဖေ ၃ မျိုး အမေ ၃ မျိုး စုစုပေါင်း ၆ မျိုးပါလာတာတွေ့ရပါတယ် ( ဗမာ၊ ရခိုင်၊ မွန် ၊ ပထန်၊ စူရတီ၊ ဘင်္ဂါလီ၊ ) ဒီတော့ ကျွန်တော့်သား နိုင်ငံကူလက်မှတ်လုပ်တော့ ဘင်္ဂါလီပါလို့ ဆိုပြီး အထူး စီစစ်ရှာ ဆိုပြီး ၃ လခန့် ကြာခဲ့ပြီး နေရင်း ထိုင်ရင်း ဒုတိယ နိုင်ငံသား သို့မဟုတ် နိုင်ငံသားအတုလိုလိုဖြစ်လာခဲ့ပါတယ်။ ဒီတော့ သူလဲ ရိုဟင်ဂျာ ဘင်္ဂါလီအရေးကို သူ့အရေးလို ဖြစ်လာရပြန်တယ်၊ အခု ကျွန်တော်တို့က ဘာတွေလဲ ဘယ်ဘက်က ပါရမှာလဲ ? ကျွန်တော်တို့ကို ဘယ်လိုသဘေားထားတာလဲ ? ကျွန်တော်တို့ က ရိုဟင်ဂျာတွေနဲ့ အတိတ်တူ၊ နမိတ်တူ၊ ကံကြမ္မာတူတွေ၊လို့ ကိုယ့်ကို ကိုယ် သက်မှတ်ရမှာလား ၊ ? သူတို့က သက်မှတ်ထားတာလား ? ရှင်းရှင်းလင်းလင်း ..... (ဆက်လက်ဖေါ်ပြပါအုံးမည်)
Search This Blog ရှာရန်
Tuesday, November 19, 2019
ပြသနာကို ကျယ်ပြန်အောင် စွဲဖြန့်လိုက်တဲ့ ဘင်္ဂါလီ ဆိုပြီး သုံးနေတဲ့ ရိုဟင်ဂျာ အရေး၊

Sunday, September 29, 2019
ကောင်းလေစွ
မြန်မာ့လူ့အသိုင်းအဝိုင်းမှာ လူတိုင်းနာလည်းအောင်ပြောရမယ်ဆိုရင် ကာရကံ၊ ဝဇီကံ၊ မနောကံ၊ ဆိုပြီး ကံကို အတိမ်အနက် ပိုင်းကြည့်နိုင်သလို ကျူးလွန်မှူ့မြောက်ကြောင်းသင်ကြား၊ တွေးမြင်တက်ရန်လိုပေမည်၊ ဥပမာ ဒုသနသော ကံ ကျူးလွန်တယ်ဆိုရာမှာလည်း ကာရကံမြောက်လား၊ ဝဇီကံ မြောက်လား ၊ မနောကံ မြောက်လား ၊ သို့မဟုတ် တဆင့်ချင်း တဆင့်ချင်း မြောက်လာခဲ့တာလား၊ တချို့က မနေားကံလောက်မြောက်တာနဲ့ သတိဝင်ပြီး စိတ်ထဲက အပြီးရှင်း နောင်တ မှတ်တယ်၊ တချို့က မနောကံ မြောက်နေရာကနေ အခြေအနေပေးတာနဲ့ ဝဇီကံ မြောက်ကျူးလွန်လာတယ်၊ ကယ် ဝဇီကံကြောင့် တိုးတက်လာတာနဲ့ ကာရကံ ြမောက် ကျူးလွန်မိပြန်တယ်၊ ဒီနေရာမှာ လူတိုင်းအမှား မကင်းတာ မှန်ပါတယ်၊
ဒါပေမဲ့ အမှားကို အမှားလို့ မှတ်ရန် ပိုအရေးကြီးပါတယ်၊ အမှားကို အမှန်လို့အတင်းကြီး မှတ်ရင်တော့ သံသရာမှာ ပေးရမယ့် ဝတ်ကြွေးက " ဒူးရား၊ သံကြား၊ နို့ဆီ၊ သောက်ကြာနေ့တိုင်းဝယ် " ဆိုပြီး ဒုသနသော ကို အဓိပါယ် အတင်းကြီး အပြောင်မှတ် စောက်ဂရုမစိုက်တာနဲ့ အတူတူပါပဲ၊ ဒီနေရာမှာ ပြောနေကျစကားလုံး တစ်ခုပြန်ပြောပြရမှာပဲ " မရှက်ရင် ကြိုက်တာလုပ်လို့ရတယ် " ပြီးမှ ကာလနာ တိုက်ပြီး မသာပေါ်လို့ ခတို့ခ လိုက်ရှာမနေနဲ့၊ ကောင်လေစွ ၊ ကောင်းလေစွ ၊ ကောင်းလေစွ၊
အဂ္ဂ ( ကိုယ့်ကို ကိုယ်ဆုံးမသည် )
Sunday, April 14, 2019
အောင်မြင်တဲ့ ဘဝတည်ဆောက်မယ်ဆိုရင်
============================
အောင်မြင်တဲ့ ဘဝတည်ဆောက်မယ်ဆိုရင်
=============================
( ၁ ) ကျန်းမာရေး
( ၂ ) လူမှုရေး
ပြုမူ၊ ပြောဆို၊ ကျင့်ကြံနေထိုင်မှု က လူအများ ယုံကြည်မှုကို အာမခံနိုင်လောက်အောင် ဂရုပြုပါ။ အိမ်ထောင်ရေး၊ မိသားစုအရေး၊ မိတ်ဆွေ၊ အသိုင်းအဝိုင်း ကိစ္စတွေကို မိမိ ဘဝရပ်တည်ရေး ရည်မှန်းချက် ဓ ထိခိုက်လောက်အောင် စိတ်မထည့်သင့်ပါ )
( ၃ ) စီပွားရေး
# 1. အရင်းအနှီးထုပ်ပေးမယ်လူကို လိုက်ရှာမနေပါနဲ့၊
# 2 ရည်မှန်းချက် ခိုင်မာစွာချမှတ်ပါ
# 3 မိမိလုပ်လိုသည့် ကိစ္စ အတွက် ထောက်ခံ မယ့်သူလိုက်ရှာမနေပါနဲ့
# 4 ကိုယ်ပိုင် ဘဝအတွက် Dreams စိတ်ကူး အိမ်မက် ရှိပါ၊
# 5 ကိုယ့်ကိုယ် ကိုယ် ခြောင် မပိတ်မိပါစေနဲ့၊
# 6 မိမိ လုပ်ကိုင်မည့် လုပ်ငန်း စလုပ်ရင် အားနည်းချက် ဖြစ်နိုင်တာ၊ အာသာချက် ရှိတာတွေ ကို အသေးစိ တ် စီမံချက် ချရေးပါ၊
# 7 လက်ကီ ကောင်းချင်ရင် အခုပဲ စလုပ်ပါ၊
==================================================
အောင်မြင်တဲ့ ဘဝတည်ဆောက်ဖို့၊ ဘဝရပ်တည်ရေး လမ်းသွယ် ( ၃ ) ခု ==================================================
( ၁ ) မိမိ ကိုယ် မိမိ အခြေပြု ဝင်ငွေရှာခြင်း၊ ရုပ်ရှင်မင်းသား၊ အားကစားသမား စသည်ဖြင့်
( ၂ ) ပုံမှန်ဘဝ တည်ဆောက် ဝင်ငွေရှာခြင်း၊ လခစား အလုပ်တစ်ခုခု လုပ်ခြင်း၊
( ၃ ) ကိုယ်ပိုင် စီးပွားရေး လုပ်ပြီး ဝင်ငွေရှာခြင်း ၊
ဒီအပိုင်းကို အားပေးချင်တော့ နောက်ဆုံးမှာရေးပါ့မယ်၊
အမှတ်စဉ် ( ၁ ) ဖြစ်တဲ့ မိမိကိုယ်မိမိ အခြေပြုဝင်ငွေရှာခြင်းက ငွေဝင်မြန်သလို၊ ငွေထွက်မြန်တက်ပြီး၊ အသက်အရွယ် အခြေအနေ နဲနဲလေး ပြောင်းသွားတာနဲ့ ဆုံးရှုံးမှုကြီးပါတယ်၊ အမှတ်စဉ်
( ၂ ) ဖြစ်တဲ့ ပုံမှန်ဘဝ တည်ဆောက် ဝင်ငွေရှာခြင်း၊ က လခစား ဝန်ထမ်းလုပ် အချိန်တန် လကုန်ရင် ပိုက်စံရမယ်၊ စုနိုင် ခြွေတာနိုင်မှ ကျန်းမာရေး၊ လူမှုရေး တွေမှာ အစဉ်ပြေမယ်၊ တိုက်ခန်းသာ ဌားနေရတဲ့ မိသားစု ဆိုရင်တော့ အကြွေးရယ် အတိုးရယ် နဲက လုံးလည်လိုက်ပြီး ဘဝ အချိန်တွေကုန်တာ အဖတ်တင်ပါတယ်၊ ဒါပေမဲ့ ဒီနည်းလမ်းက လူအများအတွက် ပိုပြီး အစဉ်ပြေပြေ တည်ဆောက်သွားနိုင်တာကို တွေ့ရပါတယ်၊ နိုင်ငံခြားဝင်ငွေ ရတဲ့ လခစားတွေဆိုရင် စုမိဆောင်မိပြီး အတော့်ကို အစဉ်ပြေပါတယ်၊ လခစားတွေ အနေနဲ့ လစဉ် ၁၀% ဘဏ်မှာစု ၊ အတိုးနဲ့ ဆို အသက် ( ၆၀ ) မှာ အိုစာ မင်းစာရမယ်၊ အမှတ်စဉ်
( ၃ ) ဖြစ်တဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး ဝင်ငွေရှာခြင်း ကိုတော့ ဘဝမှာ အဓိပါယ်ပိုရှိပြီး ကိုယ့်ဘဝကိုယ် ပိုင်တယ်၊ မိမိရဲ့ လုံးလ ဝရိယ နဲ့ စွမ်းရည်တွေကို သူများအတွက် လုပ်ပေးပြီး ဘဝကို ဖြတ်သန်းတာကို ကျွန်တော်က မကြိုက်လို့ပါ၊ ဒါပေမဲ့ အောင်မြင်တဲ့ စီးပွားရေး သမား ထက်ဝက်ခံဟာ တချိန်က လခစား ဝန်ထမ်းတွေဆိုတာကို အထူး သတိပြုမိဘို့လိုပါတယ်၊ ကိုယ်ပိုင်စီးပွားရေးကို လူတိုင်းဘာလို့ မလုပ်နိုင်တာလဲ နဲ့ ၊ဘာကြောင့်မအောင်မြင်တာလဲ ဆိုတဲ့ လှို့ဝှက်ချက်က သိပ်ပြီး ရှည်ရှည်ဝေးဝေး၊ ရှုပ်ရှုပ်ထွေးထွေး မဟုတ်ပါဘူး ( ၁ ) ခုပဲရှိပါတယ်၊ အဲ့ဒါက
================================
“ လူတွေကို များများ ပေးနိုင်လေ၊ များများချမ်းသာလေ”
================================
အလွယ်နားလည်အောင်ကြည့်မယ်ဆိုရင် English စကားမှာ Give and Take ဆိုတဲ့ စကားကို အတော်လေး မလေးထား တာတွေ့ရမယ်၊ လူမှုရေး၊ စီပွားရေး အရာရာမှာ Give and Take ရှိရမယ် ဆိုတဲ့ ကျွန်တော့် အမေရဲ့ စကားကို ကျွန်တော်အမြဲ မှတ်ထားပြီး လူတိုင်းနဲ့ အပေါ်မမြဲ Give and Take ကို အခြေခံ ကျင့်သုံးတယ်၊ ဟာသအနေနဲ့ ( ဒါပေမဲ့ ကျွန်တော့်အမေကိုတော့ ကျွန်တော်က Take and Take ပဲ ဒီနေ့ ထက်ထိကျင့် သုံးနေလိုက်တယ် ဘာကြောင့်လဲ ဆိုတော့ အမေက ကျွန်တော့်ထက် ပိုက်စံရှိပြီး၊ သူက ကျွန်တော်တို့ အပေါ် Give and Take မရှိပဲ ၊ Give and Give ပဲ လုပ်ချင်နေမှန်းသိလို့ ပါရမီဖြည့်ပေးလိုက်ရတာပေါ့ ) အလွယ်ဆုံး အမြင်သာဆုံး လူတွေကို များများ ပေးနိုင်လေ၊ များများချမ်းသာလေ ဆိုတာကို ပြရမယ်ဆိုရင် အခု ကျွန်တော်တို့ အသုံးပြုနေတဲ့ Facebook၊ Google တို့ကိုကြည့်လိုက်ပါ၊ သူတို့က လူတိုင်းကို အလကား ပေသုံးတယ် ၊လူ များများ သုံးလာလေ၊ သူတို့ များများချမ်းသာနေတယ် ဆိုတာ မြင်တဲ့ အတိုင်းပဲလေ၊ တွေးမြင်မိတာလေး မျှဝေခြင်းဖြစ်ပါတယ်၊
လေးစားစွာဖြင့်

Sunday, November 05, 2017
အဖြစ်ဆိုး
၁၉၉၀ ခုနှစ်တွေနောက်ပိုင်းမှာ တပ်မတော် အာဏာသိမ်း အစိုးရ က နိုင်ငံရေး ပါတီတွေကို အပြီးနှိပ်ကွပ် သလို တဖက်ကနေ ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေး အဖွဲ့ ( ယခင် ဦးနေဝင်း အိမ်စောင့်အစိုးရခေတ်တုန်းက ဖွဲ့ပြီး ပြီးတော့ ပျက်သွားတဲ့ အဖွဲ့ ) ကို အသက်ပြန်သွင်း တပ်မတော် တာဝန်အဆင့်ဆင့်၊ ကျောင်းဆရာ၊ ဆရာမ အားလုံး၊ ဝန်ထမ်းအားလုံး မပါမနေရ၊ ဖိအားပေး ပါဝင်စေခဲ့သလို ၊ အခွင့်အရေးလိုချင်တဲ့ လူတန်းစား အားလုံး ပါဝင်တဲ့ အဖွဲ့ကို အာဏာသိမ်း အစိုးရက ပြည်သူတွေ ပိုက်စံနဲ့ ထင်တိုင်း ငွေသုံးပြီး လှုပ်ရှားတယ်၊ ပြည်သူပိုင်နေရာတွေ ကို အတင်း ရုံးဆောက်တယ်၊ ရှုံ့ချပွဲတွေ လုပ် လူထုထောက်ခံပွဲတွေ လုပ်ခိုင်း၊ စိတ်တိုင်းကျဖွဲ့စည်းပုံနဲ့ စိတ်တိုင်းကျ ပြည်ခိုင်ဖြိုးအဖွဲ့ကို ရွေးကောင်းပွဲ မတိုင်ခင် စိတ်တိုင်းကျ ပါတီ အဖြစ်ပြောင်းတယ်၊ ပြီးတော ယခင်သမ္မတကြီး ဦးသိန်းစိန်က သူ ဥက္ကဌလုပ်ပြီး ( ၁၅ ) နှစ် စိတ်ကြိုက် ကမ္ဘာ့ အချိန်အကြားဆုံး ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ သူကိုယ်တိုင် တပ်မတော် ယူနီဖောင်ချွတ်၊ တိုက်ပုံဝတ်ပြီး အတင်း ရွေးကောက်ပွဲ အနိုင်ယူပြီး သမ္မတတက် လုပ်တယ်၊ ၅ နှစ်ပြည့်လို့ ပိုင်ပြီထင်လို့ ရွေးကောက်ပွဲ လုပ်ကြည့်လိုက်တာ မြင်တဲ့ အတိုင်းဖြစ်သွားတယ်။ ဒီနေရာမှာ အာဏာသိမ်းအစိုးရက ယခင် နဝတ၊ နအဖ နဲ့ ဘားမှ ခွဲမရဘူး အားလုံး ယူနီဖောင်းချွတ်ပြီး အုပ်ချုပ်ခဲ့တာ ကလေးက အစသိတယ်၊ ဒီလောက် အပိုင်ကွပ်တွေထဲမှာ နိုင်ငံရေး ထောင်ခြောက်နဲ့ သက်ကွင်းတွေ အများကြီးစနစ်တကျလုပ်ခဲ့သေးတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံဟာ တစ်နိုင်ငံ အချုပ်အခြားအာဏာ နှစ်ခု ပုံစံ ၊ ယခုဖြစ်နေတဲ့ ပြသနာတွေက ယခင် အစိုးရလက်ထက်မှာ မီးစမွှေးခဲ့တာကို မမေ့သင့်သလို စကာ်ပီယံအဖွဲ့ ခေါင်းဆောင်တွေ၊ ဘာသာရေးလိုင်းကြောင် ဆေးသမားတွေ စတဲ့ ပြသနာကောင် တွေအားလုံ ထောင်ထဲက ထုပ်ပေးလိုက်တယ်၊ ဘယ်ကမှန်းမသိတဲ့ ဒေါးသထွက်နေတဲ့ လူအုပ်ကြီးတို့၊ တောင်သာ တပ်မတော်တို့၊ စွမ်းအားရှင်တို့ နည်းမျိုးစုံ အဖျက်လမ်းကြောင်းေ တွနဲ့ ပြည်သူတွေကို အမျိုးဘာသာ သာသနာ ဘာသာရေးနဲ့ သွေးခွဲ၊ တိုင်းရင်းသားအရေးနဲ့ လက်နှက်ကိုင်အရေးကို ဘယ်တော့မှ ရှင်းမရအောင် ( ဥပမာ ဝကို အထူးဒေသ အုပ်ချုပ်ရေးပေးပြီး တရုတ် နိုင်ငံလက်အောက်ခံလောက်ကို ( ဥပမာ တရုပ်ပိုက်စံသုံးပြီး တရုပ်အထောက်အပံ လက်နှက်စက်ရ့ုံ၊ TV လွှင့်အစီအစဉ် ) ဖြစ်စေခဲ့ပြီအခု လွတ်လပ်တဲ့ ပြည်နယ်တောင်းမယ်အခြေအနေ ) လုပ်ခဲ့တယ်၊ သူတို့နဲ့ ရင်းနှီးတဲ့ လူတွေက နေပြည်တော် နဲ့ လုပ်ငန်းပေါင်းများစွာကို ခွဲဝေပေးခဲ့တဲ့အတွက် အခွင့်ထူးခံ စီးပွားဖြစ်သူတွေ အများကြီးမွေးခဲ့တော့ သူတို့က ယခင်အာဏာသိမ်း အစိုးရကိုလွမ်း၊ အဘ အခွင့်အရေး မရတော့ ဒီအစိုးရကို အပေါ်ယံ ထောက်ခံ သယောင်ယောင်ရှိသော်လဲ ကြုံရင် ကြုံသလို တီးမယ်၊ ဖျက်မယ်၊ အရင်ဘဝကို တန်းတမယ်၊ သူတို့ပဲ အမြတ်ကြီးစားထားတဲ့ လုပ်ငန်းတွေဖြစ်တဲ့ ၁ ဒေါ်လာလောက်နဲ့နိုင်ငံတကာမှာ ရောင်းတဲ့ ဖုန်းကဒ်ကို ၁၅၀၀ USD လောက်နဲ့ ရောင်းတာ ဘယ်အစိုးရလဲ ဘယ်သူတွေလဲ၊ သူတို့ပဲ ၊ ဒါကို ၁၅၀၀ လုပ်ပေးခဲ့တယ် ကျေးဇူးအတင်ခံချင်သေးတယ်၊ ဈေးမှန်ပြန်ဖြစ်တာတောင် ထိုင်ရှစ်ခိုးရတော့မလို၊ စနစ်တခုကို စနစ်တကျ ဖျက်ပြီး < < အခွင့်ထူးခံ လူတန်းစား ကြားခံ စီးပွားရေး >> ဘူဇွာလူတန်းစား ပုံစံကြီးအောင်မြင် နေပြီးမှ ဒါကို ဖျက်ပြီး ပွင်းလင်းဈေးကွပ် စီးပွားရေး စနစ်ဖြစ်အောင် ကူးပြောင်းရတာ မလွယ်ပါဘူး၊ ကြားမှာ စီးပွားပျက်မှာပဲ ဒါကို သီးခံရတော့မှာပဲ ၊ ဒီနေရာမှာ ကျွန်တော်သုံးသွားတဲ့ လူတန်းစားကြားခံ စီးပွားရေးစနစ်ဆိုတာက ဖုန်းဆိုရင် အစိုးရ အကြီးအကဲ၊ ရာထူးအလိုက် ၅ သိန်း ၃သောင်း နဲ့ရောင်းပေးလိုက်ပြီး သူတို့က ပြင်ပကို အမြတ် ၁၀၀၀ % နီးပါး ၄၅ သိန်းနဲ့ တင်ရောင်းပြီး အမြတ်ရတဲ့ အတွက် သူတို့ မိသားစုတွေ ပစ္စည်းတွေဝယ်၊ ပိုက်စံတွေ သုံး ဆင်းရဲသားပြည်သူတွေက ဈေးရောင်းရ၊ ကုန်သွယ်မှုဖြစ် အဲ့ဒီလို လည်ပတ်အောင် လုပ်ထားတော့ ဝန်ထမ်းအသိုင်းအဝိုင်နဲ့ ဘူဇွာတွေက အစိုးရအပေါ် ထောက်ခံမှုလဲ မြင့် စီးပွားရေး ငွေကြေးလည် ပတ်မှုလဲ ဖြစ်စေတဲ့ စနစ်ပုံစံမျိုးပါ ဖုံး၊ ကား၊ မြို့သစ် မြေကွပ် ဈေးကွပ် တွေကစားရာကနေ ယနေ့ အားလုံ အဲ့ဒီလို ဖြစ်ခဲ့တာ မမေ့သွားပါနဲ့ ( လိုအပ်တာ မပြည့်စုံတာလေးတွေ အောက်မှ ဖြည့်ပေးပါ )
Sunday, July 30, 2017
အသိ၊ သတိ၊
သံစဉ်ဆိုတာ တေးသွား အနှေး၊ အမြန်၊ အကြမ်း ပေါ်မူတည်ပြီး၊ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု၊ ဒေါ်သထွက်မှုတွေကို ဆွဲခေါ်ပြနိုင်တယ်၊ လူတစ်ယောက် စကားပြောတာပဲ ဒီစကားပဲ နာလည်အောင်၊ စိတ်ဆိုးအောင်၊ ဒေါ်သထွက်အောင်ပြောနိုင်တာလဲ သတိပြုမိတယ်၊ မင်းတို့ အဖွဲ့အစည်းလုပ်ပြီး၊ ဘာတွေ ဘယ်လို လုပ်ရမယ် မသိတာလား၊ ဒါနဲ့ TOYO Battery တည်ထောင်သူ ဦးအုန်းလွင်ပြောခဲ့ ဖူးတာလေး အမှတ်ရမိတယ် " ခြောက်ပေါက်ကားပြီး စီချင်လို့တော့ သမ္မတကြီး မဖြစ်ချင်နဲ့၊ သမ္မတကြီးဖြစ်လို့ ခြောက်ပေါက်ကားကြီးစီး ရအောင်လုပ်တဲ့ "
Sunday, May 01, 2016
ကြာကူလီ နဲ့ စပွန်ဆာ
ယနေ့ခေတ် ကြာကူလီ၊ စပွန်ဆာ ဆိုသည့် စကားလုံးများသည် ကြွားစရာ၊ ပြိုင်စရာ တစ်ခုလို အရှက်အကြောက်ကင်းစွာ ရေပန်စားလာသည့် လူ့ဘောင်တစ်ခု ဖြစ်မှန်းမသိ ဖြစ်ပေါ်တိုးပွားလျက်ရှိသည်မှာ စိတ်မကောင်းစရာတစ်ခုပါ၊ မိန်းကလေးတွေအကြား မိမိကို စပွန်စာအနေနဲ့ ပေးလာတဲ့ တိုက်၊ကား ပိုက်စံဆိုတာ ပြိုင်ဆိုင်စရာတစ်ခုလိုဖြစ်နေသည်မှ ရှက်ရကောင်းမှန် အသိလေးတွေ ရစေလိုသလို ၊ လင်ကြီးငုတ်တုတ် ရှိလျက် အိမ်ထောင်ရေး အစဉ်မပြေလေး ဖြစ်လိုက်တာနဲ့ "ကင်းကင်းရှင်းရှင်းဖြစ်ရင် လက်ထက်ချင်ပါတယ်" ၊ တာဝန်ယူလိုပါတယ် လို့ ပြောလိုက်တာကို လူကြီးလူကောင်းဆန်ဆန် ကယ်တင်တာပါ လို့ အရှက်မရှိ စိတ်အထင်ရောက်နေသည့် လူငယ်လူရွယ်တွေကို လည် အရှက်တရားလေးနဲ့ ပြုပြင်မိစေချင်တယ်၊
Wednesday, April 20, 2016
ကြားသုံးကြား
ကြားသုံးကြား
is strongly suggest that, you should never interfere between 'Parents & their Children', 'Husbands & their Wives', also ( between Oldies Pagoda). They might have disagreement but they love each other so much from bottom of their heart. If you do so,'Bad Karma' will return to you times by times because of 'Cause & Effect'. ဆိုတာလေး ဒီနေ့ ဖတ်လိုက်ရတယ်၊ ဒါဟာ ဘာသာတရားတိုင်းမှာ ရှိသလို ဘာသာတရား တခုခုကို လက်ကိုင်မထားတဲ့ Freethinkers တွေမှာလည် အလားတူ တည်ရှိနေတာကို တွေ့ရမှာပါ။ ဒီနေရာမှာ မေးစရာ တစ်ခုရှိပါတယ် မိဘနဲ့ ကလေးကြား အစဉ်ပြေတာကို အစဉ်ပြေအောင်ကြားဝင်တာ စေတနာနဲ့ပါဗျာ လင် မယား နှစ်ယောက် ကွဲနေတယ်ဆိုလို့ ကူညီတာ လူကြီးလူကောင်းဆန်တာပါဗျာ - စသည်ဖြင့် ဆင်ခြေပေးလို့ မလုံလောက်ပါ၊ ကြားဝင်နည်းရှိပါတယ် လူမျိုးတိုင်း ဘာသာတိုင်းမှာ ကြားဝင်ခွင့်တွေရှိပါတယ် သို့ပေမဲ့ မဝင်သင့်တဲ့ ပုံစံ ဝင်မိရင်တော့ တူညီသောတုန့်ပြန်မှုရတတ်ပါတယ်။ ဘီအီးဒီ အောင်သိုက် က ပန်းမြိုင်လည်က ဥယျဉ်မှူး ဇက်ကားမှာ ပြောသွားတာ မှတ်မိသေးတယ် လု လူ လူး .. စာရှည်မည်ဆိုးသဖြင့် မရှင်းတော့ပါ လုတဲ့ လူတွေ လူး နေရတက်ပါတယ်၊ အရှင်းဆုံး ပြောရမယ်ဆိုရင်တော့ မနေတက်ရင် အသေညက်မယ် ဆိုတာပါဘဲ .... ကိုယ်လုပ်သမျှ စေတနာ မှ ဝေဒနာ မဖြစ်စေလိုသည့်အတွက် တိုတိုနဲ့ လိုရင်လေးရေးကြည့်တာပါ၊
လေးစာစွာဖြင့်
အဂ္ဂ
Subscribe to:
Posts (Atom)
Drug Rehabilitation (L.1)
Drug Rehabilitation (L.1) When new patients arrive at our drug rehabilitation centers, they are paired with a "Guide"—a senior t...
-
Back in the day, I was the sole distributor for Singapore Starhub’s pfingo calling system in Myanmar. Initially, the official representativ...
-
Strategic Proposal for the Development of Myanmar's Shipbreaking Industry Title: From Meeting Steel Demand to Catalyzing an SME Ecosys...
-
THERAPEUTIC COMMUNITY (TC) AADAP, Inc. "Whenever I hear AADAP, the word MONAD comes to mind. MONAD is nothing other than 'M...