Search This Blog ရှာရန်

Sunday, May 29, 2011

ကျွန်တော် မမုန်းတဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွေ ( ၃ )


Clean Gov ဖြစ်အောင်ကြိုးစားမယ် လို့ သမ္မတကြီးကပြောတော့ အတော့ကို ပီတိဖြစ်မိတယ်။ တယ်ကောင်းတဲ့ အစီအစဉ် ကျုုပ်တို့ နိုင်ငံ ဒီ လှု့ပ်ရှားမှု့တစ်ခုတည်းနဲ့ ကို တိုးတက်ပြောင်းလည်းသွားနိုင်တယ်လို့ ယုံကြည်တယ်။

ကျွန်တော့် အမြင်ကတော့ ဝန်ကြီးအဖွဲ့ဝင်တွေ ကစပြီးဒီလှုပ်ရှားမှု့ကို လုပ်သင့်တယ်... I will Clean ဆိုတတဲ့ ခေါင်းစဉ်အောက်မှာ ဝန်ကြီးတွေက စတင်လက်မှတ်ထိုးပြီး ညွှန်ချုပ် ညွှန်မှုး များမှ စာရေးများအထိ လက်မှတ်ထိုးလှုပ်ရှားမှု့မျိုးလုပ်သင့်တယ်။ ဒါကျွန်တော် အပြုသဘေားတင်ပြတာဘဲ.... လုပ်ရဲမှ လုပ်ပေါ့... ကိုယ်စိတ်ကိုယ် ပိုင်နိုင်တယ်ဆို စလိုက်သင့်တယ်



နည်းဥမဒေ တွေက မြန်မာပြည်မှာ အဓိက ပြုပြင်သင့်တဲ့ ကိစ္စဘဲ...

ဌာန ဆိုင်ရာတွေက ထုပ်ပြန်တဲ့ ဥပဒေ တွေဟာ ပြည်သူတွေကို အရမ်း ဖိအားပေးလွန်တယ်... ကိုယ့် ဘက်က အာဏာ နဲ့ လုပ်ပိုင်ခွင့်ရှိတယ် ဆိုပြီး အနိုင်ပိုင်း ထုပ်ပြန်တဲ့ ဥပဒေ တွေ နိဂုဏ် ချုပ်သင့်ပြီး ဒါ ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်နေပြီဆိုတာကို အစိုးရ ဝန်ကြီးများ သတိဝင်သွားရင်ပေါ့... အရင် ဝန်ကြီးတွေက အခု ဝန်ကြီး ဖြစ်နေတော့ သတိ ထားမိစေလိုတယ်...ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ ပြည်သူနဲ့ အုပ်ချုပ်ခွင်ရ အစိုးရ ယုံကြည်အပ်နှံတဲ့ စာချုပ်ဘဲ...



မြန်မာပြည်မှာ မြိတ်စီးပွားရေးဇုန် တစ်ခု လုပ်မယ်ပြောတော့ အတော့ကို ဝမ်းသာမိတယ် အဂ္ဂ ဒါမျိးတွေ ဖြစ်စေချင်ကြောင်း အရင်ကထဲ က တင်ပြခဲ့ဘူးပါတယ်.. အခု သတင်းတစ်ခု ကြားတော့ အတော့ကို စိတ်မကောင်းဖြစ်မိတယ်...

ဟုတ်သည် မဟုတ်သည် မသိ ... ကောလ ဟာလ လားဆိုသည်မှာ အချိန်က စကားပြောလာမည် ထင်မိတယ်..

ဝန်ကြီးအချို့ ကို စင်္ကာပူ အစိုးရက လက်ထိုးမှု့တွေ လုပ်ပြီး ဒီ အစီအစဉ်တွေကို ပျက်အောင်လုပ်ခိုင်းတယ်လို့ ကောလ ဟာလ တွေထွက်လာတယ်...

ဟုတ်သည် မဟုတ်သည် မသိ.. အဂ္ဂ စိတ်မကောင်း...

စင်္ကာပူမှာ ဝန်ကြီး အချို့ကို ကွန်ဒို တိုက်ခန်းတွေ ပေးတာ စုစုပေါင်း တိုက်ခန်း ၂၀ လို့ သတင်းတွေထွက်လေးတော့....



လေးစားစွားဖြင့်

အဂ္ဂ

Sunday, November 28, 2010

Do you agreed with me.

ငါတို့ သားမြေးတွေ အတွက်၊ ဒီမြေ၊ ဒီရေ
မှီတင်းနေထိုင်မည့် နောင်လူသားတွေအတွက် ငါတို့ သစ္စာဆိုတယ်၊ ငါတို့ ဘယ်တော့မှ
မသေချာ မရေရာတဲ့ အနာဂတ်တစ်ခု ကို အုပ်မြစ်မပါဘဲ နောင်လူတို့ကို
အမွေမပေးခဲ့ဘူး။
Do you agreed with me.

Why we need Aung San Suu Kyi ?

ဒီနေရာမှာ ကျွန်တော် ပမာ ပေးမှားရင်ခွင့်လွတ်ပါ။ ဘုရားရှင် သက်ရှိထင်ရှား ရှိလျက်နဲ့ ဘုရားရှင် မပါဘဲ ဗုဒ္ဒသာသနာ ရေးကိစ္စကို ဆွေးနွေးဆုံးဖြတ် တယ်လို့ ပြောရင် အဓိပါယ်မရှိမှန်း လူတိုင်းသိပါတယ်။



ဗိုလ်ချုပ် အသက်ရှင်လျက် ရှိနေလျက် လွတ်လပ်ရေးပွဲကို ဗိုလ်ချုပ်မပါဘဲ လုပ်မယ်ဆိုရင် ဘယ်ပြည်သူတွေ ကထောက်ခံမလည်း။



မြန်မာ့ဒီမိုကရေစီ ရဲ့ ပြရုပ် တစ်ခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဘေးဖယ်ထားပြီး၊ ဒီမိုကရေစီကို ဖေါ်ဆောင်မယ်ဆိုတာဟာ အတော့ကို မဖြစ်သင့် မဖြစ်ထိုက်သလို၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဘေးဖယ်ထားသလိုဖြစ်နေပါတယ်။



မြန်မာနိုင်ငံ ဦးဆောင်တော့မည့် တိုင်းပြည်အတွက် ပြည်သူ့အတွက်ဆိုတဲ့ ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းဆုကြည် ရဲ့ အခန်းကဏ္ဍ ပိုမိုရှင်းလင်းစွား ပြောရမယ်ဆိုရင် ပြည်သူ့ကိုယ်စာလှည် တစ်ဦး ဒီထက်ပြောရမယ်ဆိုရင် ဒီနေ့ ပြည်သူတွေက ပေးလိုက်တဲ့ အဆင့်က အမျိုးသားခေါင်းဆောင် ကို ဘယ်လို ချန်လှပ်ပြီး လုပ်မတုန်း။



ယခု ဖြစ်ပေါ်လာမည့် အစိုးရအသစ်နေနဲ့ ဒီကိစ္စကို အလေးဂရုပြုစဉ်းစားသင့်ပါတယ်။



အမျိုးသားပြန်လည် သင့်မြတ်ရေး ကို အစိုးရသစ်အနေနဲ့ ဆောင်ရွက်သင့်သလို ပြည်သူတွေကို ဆွေးနွေးချက်များ ပွင့်လင်းစွားထုပ်ဖေါ် တင်ပြသင့်ပါတယ်။



ကျွန်တော်က ဒီလိုတွေးပါတယ်။



အစိုးရအသစ်အနေနဲ့ အမျိုးသာပြန်လည် သင့်မြတ်ရေး ညီလာခံ တစ်ခုကို ဆင့်ခေါ် ဆွေးနွေးသင့်ပါတယ်။

ဒီနေရာမှာ NLD ပါတီ သည်သာမက ၉၀ ခုနှစ်တုန်းက အနိုင်ရ အမတ်တွေ နဲ့ ယခု အစိုးရသစ်တိုက ပူးတွဲပြီး အစိုးရသစ် ပြန်ဖွဲ့သင့်ပါတယ်။



၎င်းကနေ ယုံကြည့်မှု့တွေ တည်ဆောင်ရမှာပါ ရရှိလာတဲ့ အမျိုးသားယုံကြည်မှု့ကို အားပြုပြီး ရွေးကောက်ပွဲ အသစ်စီသို့ သွားသင့်ပါတယ်။



ယနေ့ ဒေါ်အောင်ဆန်းဆုကြည်ဟာ ရှားပါလှတဲ့ လူထုရဲ့ ယုံကြည်မှု့ ချစ်ခင်မှု့ကို ရရှိနေသူ တစ်ဦး ဖြစ်တာကြောင့် တိုင်းရင်းသာ အရေးများနှင့် အလုံးစုံ ပြည်တွင်း ငြိမ်ချမ်းရေးကို ရခဲလှတဲ့ အခွင့်အရေး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရရှိတဲ့ ပြည်သူတို့၏ ယုံကြည် ချစ်ခင်မှု့ ကြောင့် အားလုံး အောင်မြင်လာမှာပါ။



နိုင်ငံတကာက ရင်နှီးကျွမ်းဝင် ချစ်ခင်ပြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းဆုကြည် ရဲ့ ဦးဆောင်မှု့ သို့ ထောင်ခံတဲ့ အစိုးရကို နိုင်ငံတကာမှ ယုံကြည်မှု့ကို အလွယ်လေး ရရှိလာနိုင်သဖြင့် တိုင်းပြည်ဖွင့်ဖြိုးမှု့ အရှိန်ဟာ ပြောမပြ နိုင်အောင် ကမ္ဘာ့အလည်မှာ ၀န့်ထည်လာမှာပါ။

ဒီအခွင့်အရေးကိုလည်း ယူသင့်တယ်...



တကယ်လို့ မပြောကောင်း မဆိုကောင်း ဒေါ်အောင်ဆန်းဆုကြည် လုပ်ကြံခံ ရတယ်ဆို ဘာဖြစ်လာနိုင်တုန်း။

ဒါကတော့ ရှင်းပါတယ် အထက်ပါ ကိစ္စတွေ အခွင့်အရေးတွေ ပျက်သုန်းပြီး၊ ခေါင်းဆောင်ပြောက်ပြီး၊ ငြိမ်းချမ်းရေး နည်း နိုင်ငံရေးနည်းတွေ ကုန်ဆုံးသွားနိုင်ပြီး၊ နိုင်ငံတကာ အထောက်အပန့် တွေကလည်း တမျိုးတဖုန် ပြောင်းသွား နိုင်ပြီး၊ ပြည်တွင်း စစ်ဘက်ကို ဦးတည်သွားနိုင်ပါတယ်။ အဲ့ဒီလို ပြည်တွင်းစစ်ဖြစ်ရင် ယခင်က ဖြစ်တဲ့ ပြည်တွင်းစစ် ပုံစံမျိုး မဟုတ်နိုင်တော့ ဘဲ မြို့ပေါ်တိုက်ပွဲ တွေပိုမို ဖြစ်လာနိုင်ပြီး၊ နိုင်ငံတကာ ထောက်ပံ့မှု့တွေကလဲ မသိမသာ လက်နှက်ကိုင်လမ်းစဉ်ကို တွန်းပို့ သွားနိုင်ပြီး ဆုံးရှုံးသူတွေကတော့ ဟော့ ဒီ မြန်မာပြည်သူတွေပါဘဲ.

how do we call Aung San Suu Kyi as People's Leader or National Leader ?

how do we call Aung San Suu Kyi as People's Leader or National Leader ?

ယနေ့ အချိန်မှာ ဒေါ်အောင်ဆန်းဆုကြည်ဟာ အမျိုးသာ တစ်စု ကို ကိုယ်စားပြုတဲ့ အနေအထား မဟုတ်တော့ဘဲ ၊ အမျိုးသားအစု တစ်စု ၊ တိုင်းပြည် တစ်ပြည်ထက်ကျော်လွန်ပြီး ၊ ကမ္ဘာ့လူထုက ချစ်သော၊ ကမ္ဘာလူထုကို သူ့ရဲ့ စိတ်ဓါတ်ကို စံနမ္မူနာပြု ပြောဆိုလာရသည် ဖြစ်သောကြောင့် လူထု ခေါင်းဆောင် ဆိုတာက ပိုမို သင့်လျော်မည်ဟုထင်မိပါတယ်။

Tuesday, September 28, 2010

မင်္ဂလာပေါင်း နဲ့ ဝါကျွတ် အစ်နေ့မှာ စကားအနည်းငယ် တင်ပြ မေတ္တာရပ်ခံ လိုတာက

အလ္လာရှင်မြတ် ထာဝရ ဘုရားသခင် ရဲ့ ငြိမ်းချမ်းသာယာ မှု့ အဖြာဖြာ အသင်တို့ အပေါ်ကျရောက်ပါစေ -

ဒီနေ့လို ဝါကျွတ် အစ်နေ့မှာ မိမိရင်ထဲ ရှိတဲ့ စကားလေးတွေ ကို ဒီနေရာလေးမှာ ရင်ဖွင့်တင်ပြပါရစေ၊ ကျွန်တော် မနှစ်က တင်ပြချက်ကို အောက်ပိုင်းမှာ ဆက်လက် ထားရှိလိုပါတယ် ဘာကြောင့်လဲဆိုတော့ တချို့သော Feedback တွေက လိုရင်းတိုရှင်း တင်ပြမှု့လေးတွေဖြစ်နေလို့ပါ၊

ပထမဦးစွာ အစ္စလာမ်မဟုတ်သူတွေ နဲ့ အစ္စလာမ်တွေပါ ရှိတဲ့ ဒီနေရာလေးမှာ အစ္စလာမ်တွေရဲ့ အစ်နေ့ လူသိများတဲ့ မုန့်အစ် ဆိုတာလေးကို ဟိုလူ့စကားဌား ပြီး ဘာလဲဟဲ့ ဝါကျွတ် အစ် ဆိုပြီး သုံးလို့ လွယ်ကူစွာ နားလည်နိုင်ရန် တင်ပြပါရစေ။

အစ္စလာမ်တွေမှာ ဥပုဒ် ဝါတွင်းက တစ်နှစ်မှာ တစ်လ ဖြစ်ပြီး၊ မနက် အာရုဏ် မတက်မှီ စားသောက်ပြီး ၊နောက် ညနေ နေဝင်ချိန် အထိ စားသောက်ခြင်း နဲ့ မကောင်းမှု့ အစုစုတို့ ကို ပိုမို ရှောင်ကျဉ်ပြီး နေရပါမယ်၊ ၎င်းလတွင်ပင် အစ္စလာမ် ဘာသာဝင်တွေဟာ မိမိပိုင် ရွေ ၅ ကျုပ်သားအထက် ရှိပါက နွမ်းပါးသူ များအား မျှပေးရန် တာဝန်ရှိပြီး မိမိပိုင် အိမ် ၊ ကား စသည်တို့ မပါဘဲ မိမိပိုင် ပစ္စည်းရတနာ၊ စီးပွားတန်ဖိုးများမှ ၂.၅% အား ဆင်းရဲသူများကို မျှဝေပေးရတယ်။
၎င်းနောက် ဝါကျွတ်ပွဲ ရက်မှာလဲ မိမိပိုင် သီးနှံရိတ္ခာ ထဲမှ မိမိ တို့ တစ်ရက်စာ စားသောက်လေ့ရှိသော ပမာဏ အတိုင်း သီးနှံရိတ္ခာအား ကလေး၊ လူကြီး ၊ မိန်းမ အားလုံး ဝါကျွတ်ပွဲ စုံညီဆုတောင်း ဝတ်ပြုပွဲ ကွင်းပြင်သို့ မသွားခင် အရင် နွမ်းပါသူတို့ အိမ်သို့ ၎င်းတို့ လဲ အစ်နေ့ မှာ အပူအပင်ကင်းကင်း ပျော်ရွှင်နိုင်အောင် ပေးကမ်းရပါမယ်။
ဝါကျွတ်အစ်နေ့ မှာ လူငယ်တွေဟာ လူကြီးများအိမ်သို့ သွားရောက်ပြီး စလာမ် မေတ္တာပို့ နှုတ်ဆက်ပြီး မိမိတို့ အမှားပြုခဲ့သည်များ ရှိပါက ခွင့်လွတ်ပါရန် တောင်းခံလေ့ရှိပြီး လူကြီးများမှလဲ မုန့် အချို နဲ့ အီဒီ လို့ ခေါ်တဲ့ လက်ဆောင်ငွေများ ပေးလေ့ရှိပါတယ်။

ဒါကတော့ လိုရင်းတိုရှင်း တင်ပြမှု့ပါ။

ဒီနေရာလေးမှာ တင်ပြလိုတဲ့ နောက်တစ်ခုက အဒ်စရာဟီ လူမျိုးများ အကြောင်း ပါ --- အီဂျစ်နိုင်ငံမှာ ဖာရိုဘုရင် တွေရဲ့ ကျွန် ဖြစ်နေတဲ့ အဒ်စရာဟီ လူမျိုးတွေကို ကယ်တင်ဘို့ ဘုရားသခင်က မူစာလို့ခေါ်တဲ့ တမန်တော် တစ်ပါးကို ဖေ(လ်)အောင် ဘုရင့်နန်းတော်ထဲ မှာဘဲ ကြီးပြင်းစေခဲ့ပါတယ်။ အဒ်စရာဟီ လူမျိုးတွေဟာ နှစ်ပေါင်းများစွာ၊ မျိုးရိုးအစဉ် အဆက် ကျွန်ဖြစ်ခဲ့ရတော့ ကျွန်စိတ် အတော့ကို ဝင်နေတယ် သခင်တွေကို ကြောက်ကြရ သလောက် အချင်းချင်းကတော့ တယ်လဲ သတ္တိရှိကျပြီး ၊ စီးလုံးမှု့ မရှိ အကွဲကွဲ အပြဲပြဲပါဘဲ.. ဒါကို တမန်တော် အီစာက အတော့်ကို ကြိုးစား စည်းရုံးပြီး မနက် အစေားကြီး မှာ အဒ်စရာဟီ လူမျိုးတွေကို အခြားလွတ်လပ်ရာ နေရာသို့ ပို့ဆောင်ရန် ဦးဆောင်ပြီး တိတ်တဆိတ် ခေါ်ဆောင်လာခဲ့ပါတယ်။
ဒါကို သတင်းရတဲ့ ဖေ(လ်)အောင်ဘုရင်က သူ့စစ်တပ်ကြီးနဲ့ အမှီလိုက်ဖမ်းပါတယ်။

အဲ့ဒီမှာ ပြသနာတက်ပါပြီ .. တဖတ်က ဖေ(လ်)အောင်ဘုရင်က သူ့စစ်တပ်ကြီး အားလုံးကို မိလို့ကတော့ အသေသက်မှာ၊ တဖတ်ကလဲ ပင်လယ်နီးကမ်းခြေ ပြေးစရာ နေရာ မရှိတော့ဘူး ၊ အဲ့ဒီတော့ အဒ်စရာဟီ လူမျိုးတွေက တမန်တော်မူစာကို ပြောတယ် .. ဟိတ် မူစာ .. မင်းကို ယုံလို့ လိုက်လာမိတာ မှားပြီ ၊ ငါတို့ ကျွန်လိုနေတာမှ ကောင်းကောင်းနေရအုံးမယ် အခုတော့ တဖက်က ပင်လယ် ၊ တဖက်က ဖေ(လ်)အောင်ဘုရင်က သူ့ စစ်တပ်ကြီး နဲ့ ငါတို့ ကို သတ်ဖို့ လာနေပြီ မင်းဘယ်လို လုပ်မလဲ ဆိုပြီး ပြသနာ ရှာတာပေါ့ အဲ့ဒီတော့ တမန်တော်မူစာလဲ ဘုရားသခင်ထံ ဆုတောင်း ၊ ဘုရားက မင်းလက်ထဲက ဒုတ် နဲ့ ပင်လယ်ကို ရိုက်လို့ ပြောတော့ သူရိုက်လိုက်တယ်.....
အဲ့ဒီမှာ ပင်လယ်ရေ တွေဟာ နှစ်ပိုင်းကွဲသွားပြီး တဖတ်ကို သွားနိုင်တဲ့ လမ်းပေါ်လာတယ်....
အယ် ဟိုဘက်ကမ်းလဲ ရောက်ရော နောက်ထပ်ပြသနာပေါ်တယ် အီဂျစ်ပြည်ရဲ့ တဖတ်ကမ်း က လမ်းမမြင် တဲ့ သဲကတ္တရကြီးဖြစ်နေပြီး အပူချိန်က ၁၂၀ ဖာရီဟိုက်တော့ ရှိတယ်... ဒီတော့ ၁၂ အုပ်စု ကွဲနေတဲ့ အဒ်စရာဟီ လူမျိုးတွေဟာ တမန်တော်မူစာကို ပြသနာရှာ ပြန်တာပေါ့ ဒီတော့ ဘုရားသခင်က တိမ်တွေကို အရိပ်အဖြစ် ထားပေးသတဲ့ ၊ ပြီးတော့ စားရန် နတ်ပြည်က စားစရာတွေလဲ ချပေးတယ်တဲ့ ၊ အဲ့ဒီမှာ သူတို့ အချင်းချင်းလုစာ တချို့ က စားလို့ တင်မကဘူး နေ့ဘို့ ညစာတွေပါ သိမ်းသတဲ့ မူစာကတော့ သိမ်းမထားဘို့ပြောသတဲ့ အယ်စားလို့ ဝတော့ ရေငတ်ပြီ အဲ့ဒီတော့ ဒီလောက် ချောက်သွေ့တဲ့ သဲပြင်ကြီးမှာ ရှိတဲ့ ကျောက်တောင်ကို ထုံးစံ အတိုင် ဒုတ်နဲ့ ရိုက်လိုက်တာ ရေတွေ ထွက်လာသတဲ့.... ဒီနေရာမှာလဲ ပြသနာ သူတို့ အဲ့ဒီရေကို လက်မခံနိုင်ပါဘူး ဟိုအဖွဲသောက်ထားတဲ့ ရေနေရာကို ငါတို့ မသောက်နိုင်ဘူး ဆိုပြီး ပြသနာ လုပ်လို့ နောက်ဆုံး ၁၂ ပေါက်ဖောက်ပေးရတဲ့ ကိန်းဆိုက်တယ်.... ဒီဇတ်လမ်းမှာ တမန်တော်မူစာဟာ နှစ်ပေါင်း ၄၀ တိုင်တိုင် ဒီ အဒ်စရာဟီ လူမျိုးတွေကို ကျွန်စိတ် ပြောက် သခင်စိတ် ရောက် အောင်လုပ်ပေးခဲ့တယ်....တမန်တော်တပါးဟာ ကျွန်စိတ်ပေါက်သူတို့ရဲ့ စရိုက်ကို ပြင်တာ နှစ် ၄၀ အချိန်ယူတယ်ဆိုတာ သတိပြုမိလိုက်တယ်.....

ဒီနေ့ ဘယ်သူတွေဟာ သူများကို ကြောက်ပြီး ကိုယ့်အချင်းချင်းကို အနိုင်အထက်ပြု သတ္တိပြနေကျသလဲ.... သူဖြူဆို ကိုယ်က အမဲ ဆိုသလို အပြိုင်ကျဲနေတာတွေကို ကြည့်ပြီး ကျွန်တော်တို့ ကျွန်စိတ်များ ဝင်နေလေသလား အထင်ရမိတယ်.....

ဆွေးနွေးစရာေ၇ွးပြီးတဲ့ အခါ

ရွေးကောက်ပွဲ ပြီးရင် ပထမဆုံးဖြစ်လာမှာကတော့ ဖွဲ့ စည်ပုံနဲ့ ရင်နှီးမှု့ သိပ်မ၇ှိသေးတဲ့ အတွက် တာဝန်ပိုင်းနဲ့ လုပ်ပိုင်ခွင့် အခန်းတွေကို ရှင်းရှင်းလင်းလင်း မြင် နိုင်အောင် ကြိုးစားရအုံးမှာပါ ၊ အင်အားစု သုံးခု အကြား အားပြိုင်မှု့တွေဟာ အစပိုင်းမှာ ထင်ထားသလောက် မရှိတော့ သလို လုပ်ဆောင်မှု့တွေဟာလဲ ဗဟို ဦးစီးပုံစံ နဲ့ သိပ်မကွာဘဲ ဖြစ်သွားနိုင်ပါတယ်။



အစိုးရသစ်ကတော့ စပြီး ကြုံတွေရမှာကတော့ ဆန္တပြ ပြသနာတွေနဲ့ မီဒီယာ လွတ်လပ်ခွင့်တွေကို စတင် တောင်ဆိုလာမှာဖြစ်ပါတယ်။ NLD ကိုတော့ အစိုးရနေနဲ့ အတိုက်အခံ အနေနဲ့ တွေ့မြင်နေရမှာ ဖြစ်ပြီး၊ ဝေဖန်မှု့တွေကတော့ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာမှာပါ။ဒါပင်မဲ့ NLD ဟာ အပြုသဘေားဆောင်တဲ့ အတိုက်အခံ အဖြစ် မြင်တွေ့ လာနိုင်ပါတယ်။

After Myanmar Election အပေါ် မေးလိုတာက

(၁) တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို သမ္မတက ခန့်မယ် လို့ သိရတယ် ၊ သမ္မတ နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်း ဖွဲစည်းပုံအခြေခံမှာပါ ရှိလား၊ သူတို့ ကို ဘယ်လိုဆက်သွယ်ပေးထားလဲ....



(၂) အေ ဆိုတဲ့ ပါတီက တိုင်းဒေသကြီးတစ်ခုမှာ ဥပမာ အပြတ်အသက် အနိုင်ရတယ်ဆိုပါတော့၊ တိုင်းဒေသကြီး အတွင်းမှာ အမတ်အများစုက အေ ဆိုတဲ့ ပါတီက ရနေတယ်၊ ဒါပင်မဲ့ သမ္မတ က တိုင်းဒေသကြီး လွှတ်တော် အမတ် ထဲက တပ်မတော် ကိုယ်စာလှည်ကို ရွေးပြီး တိုင်းဒေသြ့ကီး ဝန်ြ့ကီးချုပ် ခန့်တယ်ဆိုရင် ရလား၊



(၃) ရန်ကုန်တိုင်းလို တိုင်းဒေသကြီးမှာ မြို့တော်စည်ပင်သာယာရေး အခွန်တွေ၊ အမြတ်ခွန်တွေ၊ ယစ်မျိုးခွန်တွေ အများကြီးရမယ် ၊ ဒီတော့ ပြည်ထောင်စုအစိုးရက ခွဲဝေပေးမည့် ဘက်ဂျက်က လျော့ ရလာမှာလား၊



(၄) မြန်မာနိုင်ငံရဲ့ အဓိက ဆိပ်ကမ်းြ့ကီးတွေက ရန်ကုန်မှာ လက်ရှိ တည်ရှိနေတော့ အခြေခံဥပဒေက ပေးတဲ့ အခွင့်အရေးက ဆိပ်ကမ်းခွန်ကို ရန်ကုန်တိုင်ဒေသြ့ကီး ကဘဲ ရယူခွင့်ရှိလာမလား၊



(၅) နိုင်ငံတော် လုံခြံရေးအရ အမျိုးသားလုံခြုံရေး ကောင်စီက နိုင်ငံတော် သမ္မတ ရဲ့ လွဲအပ်ချက်အရ စစ်အုပ်ချုပ်ရေး ပြောင်းရင် ဖွဲစည်းပုံအခြေခံ ဥပဒေ တရာရုံး နဲ့ ပြည်ထောင်စုတရားသူကြီးချုပ် တွေ ပါတဲ့ တရားစီရင်ရေး အဖွဲ့ တွေပါ ပျက်သလား ၊



(၆) နိုင်ငံတော်လုံခြုံရေး အတွက် အခြေခံ ဥပဒေ ၏ ခွင့်ပြုချက် ၃၇၆ အရ ကြိုတင်ကာကွယ်ထားရှိရန် နိုင်ငံသားတစ်ယောက်ကို လိုအပ်လို့ ကြိုဖမ်းထားမယ်ဆိုရင် (၁) တရားသူကြီး၏ ချုပ်မိန့်လိုပါသလား (၂) ပုဒ်မ တစ်စုံတစ်ခု မတင်ဘဲ အချိန် ဘယ်လောက် ထိ ဖမ်းထားခွင့်ရှိသလဲ ၊ ၎င်း အခွင့် အာဏာက ပြည်ထဲရေး လက်ထဲမှာရှိမှာလား ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် လက်ထဲမှာ ရှိမှာလား နိုင်ငံတော်သမ္မတ လက်ထဲမှာလား၊



(၇) ပင်လယ် ကမ်းရိုးတန်း ရှိတဲ့ တိုင်းတွေ ဟာ ပုဒ်မ ၂၅၄ အရ သတ်မှတ်ရေပိုင်နက်အကွာ အဝေးအတွင်း ငါးဖမ်းလုပ်ငန်း အပေါ် တွင် စည်းကြပ်ကောက်ခံ နိုင်သည် လို့ ဆိုထားတော့ ကမ်းနီးငါးဖမ်းလုပ်ငန်းကို ဆိုလိုတာလား၊ ကမ်းဝေးငါးဖမ်းလုပ်ငန်းကို ဆိုလိုပါသလား၊ ကမ်းဝေးဆိုရင် ယခုခွင့်ပြုထားသည် Fishing Right ဒါမှ မဟုတ် ယခင် တိုင်းတွေက တိုက်ရိုက်ခွင့်ပြုသည့် ဒေါ်လာပြတ် ပြည်ပ ငါးဖမ်းလုပ်ငန်းတွေ ပါအခွန်စည်းကြပ်ခွင့် ရှိလာမလား၊



(ဂ) မြန်မာပြည်ရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး ရှိတဲ့ တိုင်းဒေသကြီးတွေဟာ နယ်စပ် ကုန်သွယ်ခွန်တွေကို ရယူ သုံးစွဲခွင့်ရှိလာမလား၊ ဥမာ - မူစယ် နမ့်ခမ်း၊ လိုင်စာ၊ ကျိုင်းတုန်၊ မြဝတီ၊ တမူး၊ ဘူးသီးတောင် ၊



(၉) တိုင်းဒေသကြီး အတွင်းရှိ စီးပွားရေးလုပ်ငန်းများမှ စည်းကြပ်ခွန်များ ကို ပြည်ပ ငွေ ဒေါ်လာငွေဖြင့် ကောက်ခံခွင့်ရှိလာမလား ဥပမာ နိုင်ငံခြားမှ ရင်နှီးထားသော ဟော်တယ် စသည်ဖြင့်၊



(၁၀) တိုင်ရင်သားအရေးကိစ္စတွေ ကို ပြည်ထောင်စုလွတ်တော်တွင် ဆွေးနွေးဆုံးဖြတ်တဲ့ အခါ တိုင်းရင်းသား ကိုယ်စာလှည်များ တက်ရောက်ခွင့်ရှိသလား၊

၎င်းတိုင်းရင်းသာတွေဟာ လူနဲစုဖြစ်နေမည်ဆိုပါက ၎င်းတို့အခွင့်အရေးကို ဘယ်လို အကာအကွယ်ပေးထားပါသလဲ၊ အမျိုးသားလွတ်တော်အပါအဝင်၊

( ၎င်း မေးခွန်းကို မေးရသည်မှာ တိုင်းရင်သားရေးရာ ကိုယ်စာလှည်တွေဟာ တိုင်းဒေသကြီး များတွင်သာ ပါဝင်သည့်အတွက် ၎င်းတို့ ၏ အခွင်းရေးတောင်းဆိုပိုင်ခွင့်တွေဟာ တိုင်းဒေသကြီးလွတ်တော်သည်သာ အမြင့်ဆုံးဖြစ်နေသလား အတွေးပေါ်အခြေခံပါသည် )

The Current State of the Yangon Real Estate Market (2026)

The Current State of the Yangon Real Estate Market (2026) In 2026, the Yangon real estate market continues to operate on a trajectory that d...