Skip to main content

Posts

Showing posts from 2010

Do you agreed with me.

ငါတို့ သားမြေးတွေ အတွက်၊ ဒီမြေ၊ ဒီရေ မှီတင်းနေထိုင်မည့် နောင်လူသားတွေအတွက် ငါတို့ သစ္စာဆိုတယ်၊ ငါတို့ ဘယ်တော့မှ မသေချာ မရေရာတဲ့ အနာဂတ်တစ်ခု ကို အုပ်မြစ်မပါဘဲ နောင်လူတို့ကို အမွေမပေးခဲ့ဘူး။ Do you agreed with me.

Why we need Aung San Suu Kyi ?

ဒီနေရာမှာ ကျွန်တော် ပမာ ပေးမှားရင်ခွင့်လွတ်ပါ။ ဘုရားရှင် သက်ရှိထင်ရှား ရှိလျက်နဲ့ ဘုရားရှင် မပါဘဲ ဗုဒ္ဒသာသနာ ရေးကိစ္စကို ဆွေးနွေးဆုံးဖြတ် တယ်လို့ ပြောရင် အဓိပါယ်မရှိမှန်း လူတိုင်းသိပါတယ်။ ဗိုလ်ချုပ် အသက်ရှင်လျက် ရှိနေလျက် လွတ်လပ်ရေးပွဲကို ဗိုလ်ချုပ်မပါဘဲ လုပ်မယ်ဆိုရင် ဘယ်ပြည်သူတွေ ကထောက်ခံမလည်း။ မြန်မာ့ဒီမိုကရေစီ ရဲ့ ပြရုပ် တစ်ခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဘေးဖယ်ထားပြီး၊ ဒီမိုကရေစီကို ဖေါ်ဆောင်မယ်ဆိုတာဟာ အတော့ကို မဖြစ်သင့် မဖြစ်ထိုက်သလို၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဘေးဖယ်ထားသလိုဖြစ်နေပါတယ်။ မြန်မာနိုင်ငံ ဦးဆောင်တော့မည့် တိုင်းပြည်အတွက် ပြည်သူ့အတွက်ဆိုတဲ့ ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းဆုကြည် ရဲ့ အခန်းကဏ္ဍ ပိုမိုရှင်းလင်းစွား ပြောရမယ်ဆိုရင် ပြည်သူ့ကိုယ်စာလှည် တစ်ဦး ဒီထက်ပြောရမယ်ဆိုရင် ဒီနေ့ ပြည်သူတွေက ပေးလိုက်တဲ့ အဆင့်က အမျိုးသားခေါင်းဆောင် ကို ဘယ်လို ချန်လှပ်ပြီး လုပ်မတုန်း။ ယခု ဖြစ်ပေါ်လာမည့် အစိုးရအသစ်နေနဲ့ ဒီကိစ္စကို အလေးဂရုပြုစဉ်းစားသင့်ပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေး ကို အစိုးရသစ်အနေနဲ့ ဆောင်ရွက်သင့်သလို ပြည်သူတွေကို ဆွေးနွေးချက်များ ပွင့်လင်းစွားထုပ်ဖေါ် တင်ပြသင့်ပါတယ်။ ...

how do we call Aung San Suu Kyi as People's Leader or National Leader ?

how do we call Aung San Suu Kyi as People's Leader or National Leader ? ယနေ့ အချိန်မှာ ဒေါ်အောင်ဆန်းဆုကြည်ဟာ အမျိုးသာ တစ်စု ကို ကိုယ်စားပြုတဲ့ အနေအထား မဟုတ်တော့ဘဲ ၊ အမျိုးသားအစု တစ်စု ၊ တိုင်းပြည် တစ်ပြည်ထက်ကျော်လွန်ပြီး ၊ ကမ္ဘာ့လူထုက ချစ်သော၊ ကမ္ဘာလူထုကို သူ့ရဲ့ စိတ်ဓါတ်ကို စံနမ္မူနာပြု ပြောဆိုလာရသည် ဖြစ်သောကြောင့် လူထု ခေါင်းဆောင် ဆိုတာက ပိုမို သင့်လျော်မည်ဟုထင်မိပါတယ်။

မင်္ဂလာပေါင်း နဲ့ ၀ါကျွတ် အစ်နေ့မှာ စကားအနည်းငယ် တင်ပြ မေတ္တာရပ်ခံ လိုတာက

အလ္လာရှင်မြတ် ထာဝရ ဘုရားသခင် ရဲ့ ငြိမ်းချမ်းသာယာ မှု့ အဖြာဖြာ အသင်တို့ အပေါ်ကျရောက်ပါစေ - ဒီနေ့လို ၀ါကျွတ် အစ်နေ့မှာ မိမိရင်ထဲ ရှိတဲ့ စကားလေးတွေ ကို ဒီနေရာလေးမှာ ရင်ဖွင့်တင်ပြပါရစေ၊ ကျွန်တော် မနှစ်က တင်ပြချက်ကို အောက်ပိုင်းမှာ ဆက်လက် ထားရှိလိုပါတယ် ဘာကြောင့်လဲဆိုတော့ တချို့သော Feedback တွေက လိုရင်းတိုရှင်း တင်ပြမှု့လေးတွေဖြစ်နေလို့ပါ၊ ပထမဦးစွာ အစ္စလာမ်မဟုတ်သူတွေ နဲ့ အစ္စလာမ်တွေပါ ရှိတဲ့ ဒီနေရာလေးမှာ အစ္စလာမ်တွေရဲ့ အစ်နေ့ လူသိများတဲ့ မုန့်အစ် ဆိုတာလေးကို ဟိုလူ့ စကားဌား ပြီး ဘာလဲဟဲ့ ၀ါကျွတ် အစ် ဆိုပြီး သုံးလို့ လွယ်ကူစွာ နားလည်နိုင်ရန် တင်ပြပါရစေ။ အစ္စလာမ်တွေမှာ ဥပုဒ် ၀ါတွင်းက တစ်နှစ်မှာ တစ်လ ဖြစ်ပြီး၊ မနက် အာရုဏ် မတက်မှီ စားသောက်ပြီး ၊နောက် ညနေ နေ၀င်ချိန် အထိ စားသောက်ခြင်း နဲ့ မကောင်းမှု့ အစုစုတို့ ကို ပိုမို ရှောင်ကျဉ်ပြီး နေရပါမယ်၊ ၄င်းလတွင်ပင် အစ္စလာမ် ဘာသာဝင်တွေဟာ မိမိပိုင် ရွေ ၅ ကျုပ်သားအထက် ရှိပါက နွမ်းပါးသူ များအား မျှပေးရန် တာဝန်ရှိပြီး မိမိပိုင် အိမ် ၊ ကား စသည်တို့ မပါဘဲ မိမိပိုင် ပစ္စည်းရတနာ၊ စီးပွားတန်ဖိုးများမှ ၂.၅% အား ဆင်းရဲသူများကို မျှဝေပေးရတယ်။ ၄င်းနောက် ၀ါကျွတ်ပွဲ ရက်မှာလ...

ဆွေးနွေးစရာေ၇ွးပြီးတဲ့ အခါ

ရွေးကောက်ပွဲ ပြီးရင် ပထမဆုံးဖြစ်လာမှာကတော့ ဖွဲ့ စည်ပုံနဲ့ ရင်နှီးမှု့ သိပ်မ၇ှိသေးတဲ့ အတွက် တာဝန်ပိုင်းနဲ့ လုပ်ပိုင်ခွင့် အခန်းတွေကို ရှင်းရှင်းလင်းလင်း မြင် နိုင်အောင် ကြိုးစားရအုံးမှာပါ ၊ အင်အားစု သုံးခု အကြား အားပြိုင်မှု့တွေဟာ အစပိုင်းမှာ ထင်ထားသလောက် မရှိတော့ သလို လုပ်ဆောင်မှု့တွေဟာလဲ ဗဟို ဦးစီးပုံစံ နဲ့ သိပ်မကွာဘဲ ဖြစ်သွားနိုင်ပါတယ်။ အစိုးရသစ်ကတော့ စပြီး ကြုံတွေရမှာကတော့ ဆန္တပြ ပြသနာတွေနဲ့ မီဒီယာ လွတ်လပ်ခွင့်တွေကို စတင် တောင်ဆိုလာမှာဖြစ်ပါတယ်။ NLD ကိုတော့ အစိုးရနေနဲ့ အတိုက်အခံ အနေနဲ့ တွေ့မြင်နေရမှာ ဖြစ်ပြီး၊ ဝေဖန်မှု့တွေကတော့ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာမှာပါ။ဒါပင်မဲ့ NLD ဟာ အပြုသဘေားဆောင်တဲ့ အတိုက်အခံ အဖြစ် မြင်တွေ့ လာနိုင်ပါတယ်။

After Myanmar Election အပေါ် မေးလိုတာက

(၁) တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေကို သမ္မတက ခန့်မယ် လို့ သိရတယ် ၊ သမ္မတ နဲ့ တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်း ဖွဲစည်းပုံအခြေခံမှာပါ ရှိလား၊ သူတို့ ကို ဘယ်လိုဆက်သွယ်ပေးထားလဲ.... (၂) အေ ဆိုတဲ့ ပါတီက တိုင်းဒေသကြီးတစ်ခုမှာ ဥပမာ အပြတ်အသက် အနိုင်ရတယ်ဆိုပါတော့၊ တိုင်းဒေသကြီး အတွင်းမှာ အမတ်အများစုက အေ ဆိုတဲ့ ပါတီက ရနေတယ်၊ ဒါပင်မဲ့ သမ္မတ က တိုင်းဒေသကြီး လွှတ်တော် အမတ် ထဲက တပ်မတော် ကိုယ်စာလှည်ကို ရွေးပြီး တိုင်းဒေသြ့ကီး ၀န်ြ့ကီးချုပ် ခန့်တယ်ဆိုရင် ရလား၊ (၃) ရန်ကုန်တိုင်းလို တိုင်းဒေသကြီးမှာ မြို့တော်စည်ပင်သာယာရေး အခွန်တွေ၊ အမြတ်ခွန်တွေ၊ ယစ်မျိုးခွန်တွေ အများကြီးရမယ် ၊ ဒီတော့ ပြည်ထောင်စုအစိုးရက ခွဲဝေပေးမည့် ဘက်ဂျက်က လျော့ ရလာမှာလား၊ (၄) မြန်မာနိုင်ငံရဲ့ အဓိက ဆိပ်ကမ်ြး့ကီးတွေက ရန်ကုန်မှာ လက်ရှိ တည်ရှိနေတော့ အခြေခံဥပဒေက ပေးတဲ့ အခွင့်အရေးက ဆိပ်ကမ်းခွန်ကို ရန်ကုန်တိုင်ဒေသြ့ကီး ကဘဲ ရယူခွင့်ရှိလာမလား၊ (၅) နိုင်ငံတော် လုံခြံရေးအရ အမျိုးသားလုံခြုံရေး ကောင်စီက နိုင်ငံတော် သမ္မတ ရဲ့ လွဲအပ်ချက်အရ စစ်အုပ်ချုပ်ရေး ပြောင်းရင် ဖွဲစည်းပုံအခြေခံ ဥပဒေ တရာရုံး နဲ့ ပြည်ထောင်စုတရားသူကြီးချုပ...

ကြောက်ရွံ့ခြင်း

ဒီနေ့ မိတ်ဆွေတွေနဲ့ တွေ့တော့ စကားအကြောင်းအရာ နှစ်ခုကို ဆွေးနွေးဖြစ်တယ်၊ အဲ့ဒီ ၂ ခုထဲက တစ်ခုက ကြောက်ရွံ့ခြင်း ဆိုတာလေးကို ပါ၊ ကျွန်တော်တို့ နောက်ဆုံး အဆုံးသက်မှာတော့ ကြောက်ရွံ့ ခြင်းဆိုတာဟာ ခံယူချက် / ယုံကြည်ချက် ပေါ်တည်မှီနေပါတယ် ခံယူချက် / ယုံကြည်ချက် ဆိုတာကလဲ၊ အသိပညာပေါ်မှာ တည်မှီ တယ်လို့ အဖြေကို အားလုံးက လက္ခံကြပါတယ်။ ဒီနေရာမှာ ခွေးတွေ ကြောင်တွေတောင် ခြောင် ပိတ်ရိုက်ရင် ပြန်ကိုက်တက်ပါတယ်၊ အဲ့ဒီလိုဘဲ လူတစ်ယောက်ရဲ့ တန်ဖိုး ပျက်ရွင်းအောင် အထိ အနိုင့် အထက်ပြုလာရင် ၄င်းရဲ့ ကြောက်စိတ်တွေ ပျောက်သွားတက်ပါတယ်။ ကျွန်တော် ဒီနေ့ရလိုက်တာက အသိပညာ အရေးကြီးတယ်ဆိုတာပါ၊ ကျွန်တော်တို့ အသိပညာဆိုတာကိုဘဲ ခွဲခြာသိရှိဘို့ အများကြီလှိုသေးတယ် ဆိုတာကို တွေးရင် အိမ်ပြန်လာခဲ့မိတယ်၊ လူတစ်ယောက်မှာ အခြေခံအားဖြင့် လူမှု့ရေး အသိပညာ၊ ကျန်းမာရေးအသိပညာ စတာတွေ အပြင် နိုင်ငံရေး အသိပညာလဲ ရှိသင့်တယ်၊ ကျွန်တော်တို့ မှာ နိုင်ငံရေး အသိပညာ ကသိပ်ပြီး လေ့လာခွင့်မရခဲ့တော့ အဲ့ဒီ အသိပညာ မရှိဘူး မရှိတော့ ခံယူချက် / ယုံကြည်ချက် သိပ်မရှိဘူး၊့ ဒီတော့ ဘာမှန်း အသိဘဲနဲ့ ကို ကြောက်တက်လာတယ်။

လူထု သူကြီး

အစိုးရကလည်း လူထု အစိုးရ။ လူထုစည်းဝေးပွဲ၊ လူထု အရေးဆိုပွဲ၊ လူထုတိုက်ပွဲများ ကိုလည်း မကြာခဏ ဆင်ယင်နေကြသည့် သမယ ဖြစ်သည်။ လူထုမိတ်ဆွေ၊ လူထု ရန်သူ၊ လူထု ခေါင်းဆောင် ဟူသော ဝေါဟာရများလည်း ပေါက်ပွား လာခဲ့လေပြီ။ အမှန်စင်စစ်အားဖြင့် ယခုခေတ်တွင် နေရာတကာ၌ လူထုနှင့် ကိုင်ပေါက် နေကြလေတော့သည်။ လူထုတည်းဟူသော နာမဝိသေသနကို ရေလဲနှင့် ပေါပေါကြီး သုံးစွဲနေကြသည့် ခေတ်ပေတကား။ လူထု လက်ဖက်ရည်ဆိုင်၊ လူထု ပင်မင်း၊ လူထု သတင်းစာ၊ လူထုပျော်ပွဲစားရုံ၊ လုူထု ကိတ်မုန့်၊ လူထု မြေပဲလှော်၊ လူထုဘာ လူထုညာဟာ မရေ မတွက် နိုင်တော့ပြီ။ နေရာတကာမှာ လူထု။ ဟိုမှာလည်း လူထု၊သည်မှာလည်း လူထု ။ရှေ့မှ နာမဝိသေသန အမျိုးမျိုး တပ်၍ လူထုကိ သုံးစွဲကြသေးသည်။ လယ်သမားလူထု၊ အလုပ်သမား လူူထု၊ ကုလားလူထု၊ မြန်မာ လူထု၊ အင်္ဂလိပ် လူထု၊ လူထု စုံလို့။ ဟောလာပြန်ချေပြီ။ မောင်ပြုံးချိုတို့ နယ်တွင် "လူထု သူကြီး" ရွေးပွဲတွေကျင်းပရပေဦးတော့မည်။ လူထုက တင်မြှောက်သော သူကြီးကို လူထုသူကြီးဟု ခေါ်ပါသည်။ ယခု ရှိရင်းစွဲ သူကြီးတွေကော လူထုကတင်မြှောက်သည့် သူကြီးမင်းများ ဖြစ်ကြပေသည်။ သို့သော်လည်း ထိုအိုမင်းဟောင်းနွမ်း နေသော သူကြီးများကို သစ်လွင်နေသော ယခုလူထုက မကြိ...

၆၃ နှစ်မြောက် အာဇာနည် နေ့

၆၃ နှစ်မြောက် အာဇာနည်နေ့ ကို သတိမထားလိုက်မိဘူး... နောက်နေ့ ဂျာနယ် တချို့မှာ ပါတဲ့ သတင်းတွေကြောင့် အော်... အာဇာနည် နေ့တောင် ၆၃ နှစ်ရှိပြီဆိုတာ စိတ်မကောင်းစွာ သိလိုက်ရတယ်.... ဘာဘဲပြောပြော အာဇာနည် နေ့ဆိုတာ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား တို့ တစ်ရက်ထဲ လုပ်ကြံခံရတဲ့ နေ့လားလို့ ငါသား င့ါကို လာမမေးတာကိုဘဲ ကျေးဇူးတင် မိတယ်... အာဇာနည် နေ့ ဟာ နှစ်ခါပြန် စိတ်မကောင်းစရာ ကောင်းတဲ့ နေ့ လို့ ကျွန်တော်က မှတ်တယ်၊ ပထမက အမျိုးသား ခေါင်းဆောင်ကြီးတွေ ဆုံးရှုံးခဲ့ရလို့၊ နောက်တစ်ခုက ကိုယ့်အမျိုးသား အချင်းချင်း လုပ်ကြံမှု့ဖြစ်ရတဲ့ အတွက် ဆုံးရှုံးခဲ့ရတဲ့ အရှက်နဲ့ သိက္ခာ တွေအတွက်။ နောင်တဆိုတာ နောင်မှ ရတတ်တယ်ဆို သလို ကျွန်တော်တို့ နောင်တက နောင်မှ တခဲ့ရပြီ၊ ဒီနေရာမှာ ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ မေးစရာပေါ်လာတယ် နောင်တရပြီလား... ကိုယ့် အမျိုးသားတွေ စည်းလုံးညီညွတ်မှုဟာ သိပ်အရေးကြီးတယ်ဆိုတာ... ဒီတော့ ကျွန်တော်တို့ တွေ အာဇာနည်နေ့ ဆိုတာနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေး ဆိုတာကို တွဲပြီမြင် ရမယ်လို့ ကျွန်တော် အကြံပြုလိုပါတယ် ... အမျိုးသားတွေ စည်းလုံးညီညွတ်မှု့ မရှိတဲ့ ရလဒ်တွေ ကို ကျွန်တော်တို့ ခါးသ...

ငါ အိမ့်မက် မက်တယ်

မီးတွေ ထိန်ထိန်လင်းတဲ့ လမ်းတွေမှာ ငါပြေးနေတယ်....ကလေးတွေကလည် ပျော်လို့.....လမ်းတွေပေါ်မှာ နောက်ဆုံးပေါ် ကားတွေက တ၀ီဝီ နဲ.. လူတွေက လမ်းမြန်မြန်လျောက်နေကျတယ်. . အချိန်တွေက တန်ဖိုးရှိလို့ အနာဂတ်တွေ ကိုယ်စီ ပိုင်ဆိုင်လျက်..... MRT ရထားပေါ်မှာ ကျောင်းသားလေးတွေ ပျော်ပါး စကားပြောလျက် တိုက်အောက်မှာ အဖိုးကြီးတွေ အဖွားကြီးတွေ စုပြီ ထိုင်နေတယ်... ငယ်ဘ၀ ပြောနေလိုက်ကျတာ အားရစရာ မြို့လယ် တိုက်နရံပေါ်က TV ကြီးက ကြီးလိုက်တာ... LED မီးသီတွေနဲ့ ပုံဖေါ်ထားပင်မဲ့ ကြည့်လို့ကောင်းတယ်... ပန်ခြံထဲက မိသားစု တွေ ပျော်ပါး အော်ဟစ်သံ... ၃ နှစ် သမီးလေးက အားရပါရ ပျော်ပြီး အော်လိုက်သံ .... ဒါပင်မဲ့ ရန်ကုန်မှာ....... ကျွန်တော် လန့်နိုးလားတော့..

စကားအနည်းငယ် တင်ပြ မေတ္တာရပ်ခံ လိုတာက

လေးစားရပါသော စာရှု့သူအပေါင်းအား အလ္လာရှင်မြတ် ထားဝရ ဘုရားသခင် ရဲ့ငြိမ်းချမ်းသာယာ မှု့အဖြာဖြာ အသင်တို့ အပေါ်သို့ ကျရောက်ပါစေလို့ ဆုမွန်ကောင်း တောင်လိုက်ပါတယ်… ယနေ့ သမရမှာ စကားအနည်းငယ် တင်ပြလိုပါတယ် … ယနေ့ အစ္စလာမ် ဘာသာဝင် တွေ ဟာ အကြမ်းဖတ်မှု့ တရားခံ တွေ အဖြစ် စွတ်စွဲ ခံနေရမှု့ဟာ အမှန် ပကတိအခြေ အနေပါ မိတ်ဆွေတို့ ကိုယ့် မှတ်ပုံတင် ကိုယ်ကိုင်ပြီး ဖြစ်ဖြစ် Passbook ကိုင်ပြီးဖြစ်ဖြစ် အတော်များများ သက်ဆိုက်ရာ နိုင်ငံ Immagartion နဲ့ လုံခြုံရေးတွေ ရှေ့ကိုရောက် ရင် စိတ် ကသိ ကအောင့် ဖြစ်ခဲ့ရတဲ့ သူတွေ အားလုံး အသိပင်ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီဖြစ်စဉ်က အစ္စလာမ် ကို မီဒီယာနဲ့ လုပ်ကြံခံရတဲ့ ကိစ္စလို့ ယုံကြည့်မိပါတယ်။ ကမ္ဘာ့ သမိုင်းမှာ ယနေ့ ပြောပြောနေကျတဲ့ အကြမ်းဖတ်မှု့ဆိုတာ ကို ဘာသာ ပေါင်းစုံက လူတွေ လုပ်ခဲ့ ကျတာဘဲ ဥပမာ ခရစ်ယာန် ဘာသာကို ယုံကြည်တဲ့ ဟစ်တလာက ဂျူးလူမျိုး ၄ သန်းလောက်ကို သတ်ခဲ့တယ် ၄င်း ရဲ့ လုပ်ရပ်ကို ကမ္ဘာ့ပေါ်မှာ ရှိတဲ့ ခရစ်ယာန်တွေကို အကြမ်းဖက် သမားတွေလို့ ဂျူးလူမျိုး တွေကိုယ်တိုင်က မမြင်သလို ဘယ်လူမျိုး ဘယ်ဘာသာ ၀င်တွေကမှ အသိဥာဏ် ဆင်ခြင် တုန်တရားကင်းမဲ့ စွာ မျက်စိ တဖတ်ပိတ် ပြီး မစွတ်စွ...

ကျွန်တော့်မှာ ကိုယ်ဝန်ရှိနေပြီ

ချစ်သူတွေ ဖြစ်ဖြစ်၊ အိမ်ထောင်ရှင်တွေ ဖြစ်ဖြစ် ချစ်သူ ဇနီးလေးက ကိုယ်ဝန်ရှိနေပြီလို့ ပြောတာကို ဘဝမှာ ပထမဆုံးကြားရတယ် ဆိုရင် ဘယ်လို နေမလည်း၊ ဒါမှ မဟုတ် တခါ ကိုယ်ဝန်ပျက်ဘူးတဲ့ ဇနီးလေး ပြောလာမယ်ဆိုရင် သင့်စိတ်ထဲ ဘယ်လိုနေမလည်း၊ အဲ့ဒီ ချစ်သူ ဇနီး သူ့စိတ်ထဲမှာ ကော ဘယ်လိုခံစားမှု့ မျော်လင့်ချက်တွေ စိုရိမ်မှု့တွေ ရှိနေမလည်းလို့ စဉ်းစားနေမိတော့။ ကျွန်တော် လည်း အနာဂတ် တစ်ခုကို လှမ်းမြင်လိုက်ရတော့ ရင်ခုန်မှု့ ပထမဆုံးက သားလေးလား၊ သမီးလေးလား၊ ပေါ့ ဂျုးဒိတ်ကတော့ ၂၀၁၀ ဆိုတာကတော့ သိနေပင်မဲ့ အတိမကျ မသိရသေး၊ သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် အကောင်းဆုံး အနာဂတ်တစ်ခု ဖြစ်လာမယ်လို့ ယုံကြည့်မှု့တွေနဲ့ မျော်လင့်ကြီးစွာဖြင့်

Who eat my chese ?

ဒီနေ့ လွတ်လပ်ရေးနေ့ ဆိုလို့ စိတ်ပြေလက်ပြောက် အပြင်ထွက်ပါတယ် မလွတ်လပ် ပါဘူး ဒီလမ်းက ပိတ် ဟိုလမ်းက ပိတ်နဲ့ လိုရာကို မရောက်ဘူး... အော် လွတ်လပ်ချင်းရဲ့ အရသာ အချုပ်ထဲ ရောက်မှ သိ ဆိုတာ မဖြစ်နိုင်ဘူး ... လွတ်လပ်ရေးနေ့မှာကို သိလိုက်ရတယ်.. ဒီနေ့ လွတ်လပ်ရေးနေ့ဆိုတာကို မေ့များနေလားတော့ မသိဘူး တချို့လူတွေပြောပါတယ်.. အလံတွေတောင် သိပ်မတွေမိဘူး .. ဘာကိုများကြောက်နေသည်မသိပါ. . ကြောက်တယ်ဆိုတာ မဆန်းပါဘူး။ လူတိုင် ဆုံးရှုံနိမ့်ကျမှာ၊ ဆင်းရဲမှာ၊ နာကျင်မှာကို ကြောက်ကြတာချည်းပဲ၊ ကျွန်တော်လဲ မကြောက်တမ်း သတ္တိရှိရှိ နဲ့ ၀န်ခံရမယ်ဆိုရင် ကြောက်တက်တယ်ဗျ လူတိုင်း အနည်းနဲ့ အများ အကြောက် တရားရှိတက်ကြတာပါပဲ။ ဒါပင်မဲ့ အရှက် ဆိုတာလည်း ရှိတယ်။ လူမှာ လူ့သိက္ခာကို နှိမ့်ချ စော်ကားခံရရင် ရှက်တက် ကြပါတယ်. အဲ့ဒီအခါ ကြောက်ကန်ကန်တယ်... ဘာပဲဖြစ်ဖြစ် အကြောက်တရားမှာ အကန့်အသက်တော့ ရှိတယ် လို့ ထင်ပါတယ်.. . လွတ်လပ်ရေးဆိုတာကို မြန်မာတွေ ရတာ ( ၆၂ ) နှစ်ရှိပြီ လွတ်လပ်လား မလွတ်လပ်ဘူးလား ကိုယ့်ဖာသာကို မေးကြည့်၊ လွတ်လပ်ရေးရဲ့ တန်ဘိုး သိလား ကိုယ့်ဖာသာ ကိုမေးကြည့် ၊ မြန်မာတွေ အင်္ဂလိပ်ကျွန်ဖြစ်တုန်က ကိုယ်မြေ၊ကိုယ်ရေ၊ ကိုယ့် မိသားစု...

MRTV 4

ကျွန်တော် မိတ်ဆွေတစ်ယောက်က ပြောတယ် India မှာက တစ်ယောက်ကို တစ်ယောက် တွေ့ရင် နမာစတေး လို့ နှတ်ဆက်တယ် အဲ့ဒီအဓိပါယ်က လွတ်မြောက်ပါစေလို့ သူကပြောတယ် ၊ ဟုတ်တယ်လေ India နိုင်ငံက မဂို အင်းပါယာ အောက်မှာ နှစ်ပေါင်း ၇၀၀ လောက်၊ အင်္ဂလိပ် အောက်မှာက နှစ်ပေါင်း ၂၀၀ လောက်ဆိုတော့ သူတို့ လွတ်လပ်ရေး လိုချင်းမှာပေါ့ လို့ တွေးမိတယ်။ England က မိတ်ဆွေ တစ်ယောက်ကို တွေ့တော့ ညစာစားပြီ ပြန်မယ်လုပ်တဲ့အခါ သူက Good Evening လို့ နှတ်ဆက်တော့ ကျွန်တော် မေးလိုက်တယ် ဘာကြောင့် ဒီလို နှတ်ဆက်သလဲလို့ မေးတော့ က သူတို့ နိုင်ငံမှာက အခု နဲ့ တော်ကြာ ရာသီဥတု က မတူဘူး ဆိုးချင်ဆိုးသွားတယ် ဒီတော့ တစ်ယောက်နဲ့ တစ်ယောက် နှတ်ဆက်တော့ ဆန္ဒပြုတဲ့ သဘေားပါတဲ့.. ဒါနဲ့ အက်စလာမ် မွတ်အာလိုက်ကွမ်း ဆိုတာကို မေးကြည့်တော့ အသင့်အပေါ်သို့ ငြိမ်းချင်းသာယာမှု အပေါင်း ကျရောက်ပါစေတဲ့ အာရပ် နိုင်ငံ က အာရပ်တွေ အော် သူတို့ တွေ ဒီနေ့ အထိ ငြိမ်းချမ်းရေး ဝေးနေလေတော့ သူတို့ လိုချင်းတဲ့ ငြိမ်းချမ်းရေးကို ဆန္ခ ပြုတယ်လို့ မှတ်တယ်... ထိုင်းနိုင်ငံ ကို ကျွန်တော် ရောက်တော့ အမြဲ ကြားနေရတဲ့ ချိုသာတဲ့ အသံ ၊ရိုကျိုးတဲ့ ပုံနဲ့ ဆဝါဒီခပ် တဲ့... ဘာလဲဟဲ ဆဝါဒီ ခပ် ကို မြန်မာလို...

1948

၁၉၄၈ ခုနှစ်မှာ ဒိုမြန်မာနိုင်ငံ လွတ်လပ်ရေးရတယ် ကုလသမဂ္ဂ က လည် ၁၉၄၈ ခုနှစ် မှာ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတန်းကြီးကို ကြေငြာခဲ့တယ် ဒီတော့ ကျွန်တော်တို့မြန်မာနိုင်ငံ လွတ်လပ်ရေးဟာ ကမ္ဘာ့လူ့ အခွင့်အရေး ကြေငြာ စာတန်းကြီးနဲ့ တူဖွားမြင့်ခဲ့တယ်လို့ ဂုဏ်ယူစရာကောင်းတယ်။ လူတွေမှာ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ အသက်ရှင်သန်ခွင့်နဲ့ အတူ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေးနဲ့ နိုင်ငံရေးတို့ကို လွတ်လပ်စွားယုံကြည်ခွင့်ဆို တာတွေလည်းပါတယ်၊ လွတ်လပ်စွား ရေးသား၊ ပြောဆို၊ ဖေါ်ထုတ်ခွင့်နဲ့ ကြားနာခွင့် တွေလည်းရှိတယ်၊ ကုလသမဂ္ဂ ကြီးက နိုင်ငံ အသီးသီးရဲ့ အချုပ်အခြာအာဏာ တည်တံ့ရေး နဲ့ လူ့အခွင့်အရေး တို့ကို ကာကွယ် စောင့်ရပါတယ်၊ နိုင်ငံအသီးသီးရဲ့ အစိုးရအဖွဲ့ အစည်းတွေကလဲ နိုင်ငံသား အခွင့်အရေး နဲ့ အတူ လူ့အခွင့်အရေး တို့ကို စောင့်ရှောက် ကားကွယ်ပေးရပါတယ်၊ ဒါတွေကို ကုလ အဖွဲ့မှာ နိုင်ငံပေါင်းစုံက ပညာရှင်ကြီးတွေ၊ နိုင်ငံရေး သမားတွေ၊ ဘာသာရေး သမားတွေ ပါဝင်ပြီး အများ သဘေားတူ ခြွင်းချက်မရှိ အတည်ပြု လက်မှတ် ရေးထိုးထားခဲ့တယ်.. အဲ့ဒီမှာ မြန်မာ ကိုယ်စာလှယ် တွေလည်း ပါဝင်ခဲ့တယ် အာရှနဲ့ အရှေ့တောင်အာရှ အားလုံးပါဝင်ခဲ့တယ်။ လူ့အခွင့် အရေြးေ...

ကမ္ဘာကြီး ကျန်းမာဖို့

ကမ္ဘာကြီး ကျန်းမာဖို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့တစ်ခုဖွဲ့ပြီး လှုပ်ရှားမှု့လေးလုပ်ရန် စီစဉ်နေပါတယ်... ကျွန်တော်တို့ တွေဟာ အခုဆို အင်မတန် ကျဉ်းမြောင်းတဲ့ ကမ္ဘာလေးထဲမှာ နေနေရပါတယ်.. အဲ့ဒီကမ္ဘာလေးကလည်း အားလုံး သိကြတဲ့ အတိုင်း ကျန်းမာရေး ကောင်းလှသည် မဟုတ်၊ ဒီအထဲ နယ်မြေ ဒေသ အရောင်အသွေးတွေ နဲ့ စီးပွားရေး ခွဲခြား ရန်လိုမှု့တွေကို ယုံကြည်သက်ဝင်မှု့တွေ နဲ့ ခုတုန်းလုပ် ရန်စောင် မှုတွေဖြစ်ပေါ်နေတာဟာ ကိုယ့်အိမ် မီးလောင်နေတာ တောင် ညီအကိုရင်းတွေ ရန်ဖြစ်နေတုန်းဘဲ ဆိုသလို အနိဌာရုံ အတိ ဖြစ်ပေါ်နေရတဲ့ ဒီကမ္ဘာငယ်လေးထဲမှာ ဘယ်လို ငြိမ်းချမ်းအောင် နေကြမလဲ.. ဘာသာပေါင်းစုံ ချစ်ကြည်ရေးတိုးမြှင့်နှိုင်ရုံနဲ့ ကမ္ဘာကြီးမကျန်းမာနိင်သလို၊ သဘာဝပတ်ပန်းကျင် ထိန်းသိမ်း နိုင်ရုံနဲ့လည်း ကမ္ဘာကြီး ကျန်းမာလာမည်မဟုတ်ပါ.. ကျွန်တော်တို့ ယုံကြည်သက်ဝင်မှု့တွေ အပေါ် အပြန်အလှန်လေးစားမှု့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ အသိပညာ ဖလှဲရင်း ချစ်ကြည်စွာ အတူရှင်တွဲ နေထိုင် မှသာ ကျွန်ပ်တို့ ကမ္ဘာကြီး ကျန်းမာငြိမ်းချမ်း လာမယ် ဆိုတာ အခုသိ အခု လုပ်ရမည့် လုပ်ငန်းလေးတစ်ခုပါ.... ကျွန်တော်တို့ အဲ့ဒီ ရည်ရွယ်ချက်နဲ့ လှုပ်ရှားမှု့လေးတွေ လုပ...

ကျွန်တော် ကြောက်တယ်

လူဖြစ်ပြီး လူလို မနေရမှာ အချိန်တွေ ကုန်ပြီး တန်ဖိုးမရှိခဲ့မှာ အမှန်ကို သိပြီး မပြောရဲမှာ အမှားတွေကို အမှန်လို့ ထင်မိမှာ ပျော်သလို နေမိမှာ ဘ၀မှာ အချစ် ကံဆိုးမှာ ယုံကြည်မှု့တွေ ပျက်သုဉ်းမှာ.............

လှည့်စားခံရသူများ သို့ GOV Vs NGO

လူတွေ သူ့ အလုပ် ကိုယ့်အလုပ် ကို သိရမယ် ပြီးတော့ ကိုယ်လုပ်နေတဲ့ အလုပ်ကိုလည်း သိရမယ်လို့ ထင်ပါတယ် အုပ်ချုပ်သူက အုပ်ချုပ်တဲ့ အလုပ်ကို လုပ်ရမှာ ဖြစ်ပြီ လူ့ လောကအကျိုးပြု လုပ်ငန်းများ ကလည်း လွတ်လပ်စွာနဲ့ လူ့လောက အကျိုးပြုလုပ်ငန်းတွေလုပ်မယ်ပေါ့... ဒီနေရာမှာ တိုတိုနဲ့ လိုရင်ပြောရမယ်ဆိုရင် GOV Vs NGO အဲ့ဒီအကြာင်းကို ပြောတော့မယ် ဆိုရင် ပထမ What is GOV ဆိုတာကို ကိုယ့်အမြင်ကိုယ်ရှင်းအောင် လုပ်ရမှာပါ ကျွန်တော်က GOV ကို Services for the People လို့ အလွယ်မှတ်တယ်.. သူတို့ဟာ ပြည်သူတွေရဲ့ ကိုယ်စာလှည်ဘဲပြည်သူ့ဝန်ထမ်းတွေဘဲ ဘာကြောင့် ပြည်သူ့ဝန်ထမ်းလို့ ပြောရသလည်းဆိုတော့ ပြည်သူတွေရဲ့အခွန်အငွေတွေကို လစာအဖြစ် ရယူသူတွေဖြစ်နေလို့ဘဲ... ဒီနေ့ ခေတ်မှာ ဒီလိုဘဲ မြင်ရမယ်မှတ်တယ်.ပြီးတော့ GOV ဆိုတာက သူတို့မှာ ပြည်သူနဲ့ အစိုရ လုပ်သူအကြားထားရှိတဲ့ ချုပ်ဆိုထားတဲံ အခြေခံဥပဒေ ဆိုတာကို အခြေခံပြီး လုပ်ပိုင်ခွင့်တွေ ထုပ်ယူသုံးစွဲရတယ်.... GOV ဆိုတာက ပြည်သူတွေကို ဥပဒေနဲ့ မှုပိုင်းတွေကို အုပ်ချုပ်ရမယ်ပေါ့ ဒီနေရမှာ ( ၂ ) ပိုင်းရှိတယ် (၁) GOV က ပေါ်လစီတွေ ကိုင်ပြီး ပြည်သူတွေအတွက် မှန်ကန်တဲ့ လမ်းကို ထိန်သိမ်းပေးတာရ...

ကိုယ်လွတ်ရုံးသူတို့ရဲ့ အပြုံး

စားနေရလို့ ငတ်နေသူကို မေ့နေသူ၊ ကိုယ်စားနေရတာကို အဟုတ်ထင်၊ မာန်ဖီ့ ဟစ်ကြွေး သူတို့ ဘ၀က ၊ ဟိုလူ့ အိမ်စောင့် ခွေးလောက်မှ၊ နင်မနေရသေး ၊ အမှီး နံ့မပြနဲ့၊

ချစ်သူ

ချစ်သူရေ မင်းအတွက် ကိုယ့်သတ္တိတွေ မွေးလိုက်ပြီ ဒီလို နေရတဲ့ ဘ၀ကနေ ဟိုလို နေတဲ့ ဘ၀စီသို့ ငါရင်ဆိုင်ကာ ကျော်လွှားမယ် သစ္စာရယ် အတည်ထားသည်မို့ မေတ္တာရယ် ငါ မများပါ..... ခမောက်ကွယ် အတူစောင်းစို့လား အဂ္ဂ

သမက် ရွေးတဲ့ပွဲ

အခတ်ရယ် ကြုံပြီမို့ အရပ် ကွယ် မကယ်နိုင် ငါ့သမီး လင်ယူလို့ မှိုင်၊ သမီးကို ယုံပုံလို့ ဘဝကွယ် ပေးလိုက်တဲ့ နောင်တရယ် မဖြေနိုင်၊ နောင်ကွယ် ဟိုလူုတို့ သမက် ကွယ် ကြိုရှာစို့ မဲပေးတဲ့ အကြံ၊ အဂ္ဂ

ခမောက်ဘဲဗျို့

ဇတ်ပြောင်းရင် ဂွင်ကောင်း ရပေမဲ့၊ ခမောက်စောင်းကာ သစ္စာရှိနေခဲ့သူတွေ၊ ဘဝပြောင်းတောင် သစ္စာမမဲ့သူတွေမို့၊ ယုံကြည်စွာ သစ္စာ ဆိုတယ် ငါလည်း ခမောက်ဘဲဗျို့.........။ အဂ္ဂ

လုပ်တာ မဟုတ်လို့ မဟုတ်တာ လုပ်တယ်

ရေရှာ ရေရှာမတွေ ဘီယာဝယ်သောက်... အင်း ဒီနေ့ ဟိုတွေးဒီတွေးနဲ့ ရွေးကောက်ပွဲ ဆိုတာလေးကို တွေးမိတော့ စိတ်ထဲ သိပ်ဘဝင် မကျမိဘူး... ရွေးပြီးကောက်မှတော့ သူလိုချင်တာတွေဘဲ ရသွားမှာပေါ့... ရွေးချယ်တယ်ဆိုတာလေးက ပိုပြီး ကောင်းမလားစဉ်းစားမိတယ်...

မီဒီယာ

မီဒီယာ ဆိုတာက ပြည်သူတွေရဲ့ မျက်လုံး လို့တင်စားခေါ်ဝေါ်ကျတယ်...တိုင်ပြည်ကို အဓိက တရားမျှတအောင် သတင်းမီဒီယာ တွေဟာလည်း နံပါတ်လေး အဆင့်ရှိတဲ့ အခြေခံအုပ်မြစ်တွေပါ... မီဒီယာဆိုတာက သတင်း တွေကို စုစည်းတင်ပြမယ်..အဖြစ်မှန်ေ တွကို ဖေါ်ထုပ် ထောက်ပြမယ်.. မီဒီယာ တွေရဲ့ တင်ပြမှု့တွေကို ပြည်သူတွေသာမက တိုင်းနိုင်ငံ အုပ်ချုပ် မင်းလုပ်သူတွေကလည်း လေးစားသင့်ပါတယ်.. တခါတလေ မီဒီယာ အမှား ဆိုတာလည်း ရှိနိုင်ပါတယ်.. သတင်းမှားဖေါ်ပြတာတွေ ... ဘက်လိုက်တဲ့ သတင်းတွေ စသည်စသည်ဖြင့်ပေါ့.. အဲ့ဒါနဲ့ မီဒီယာဆိုတဲ့ ပြည်သူ့ မျက်လုံးကို ထိုးဖေါက်လိုက်လို့တော့ မဖြစ်သင့်ဘူး.. မြန်မာပြည်မှာ မီဒီယာလွတ်လပ်ခွင့်တွေ ဟာ လွတ်လပ်ရေးနဲ့ အတူ ပါမလာ ခဲ့ပုံရတယ်....ဟိုရောင် ဒီရောင်နဲ့ တိုင်းပြည်လွတ်လပ်ရေးရပြီး ၁၂ နှစ်တောင်ခံလိုက်ရဲ့လားမသိဘူး.. အဲ့ဒီခေတ် နောက်ပိုင်း တွေဟာ မြန်မာ့မီဒီယာ ပြည်သူ့မျက်လုံးတွေဟာ... မျက်မှန်အနက်တွေ တက်ထားတဲ့ မီဒီယာ တွေနဲ့ တူကုန်တာပါဘဲ..... မြန်မာပြည်မှာ ဂျာနယ်တွေနဲ့ မီဒီယာ တခေတ်ကို လှမ်းလာခဲ့ပါတယ်... ဒါပင်မဲ့ လည်ပင်မှာ ကြိုးတန်လန်းနဲ့ပါ... ယနေ့ ခေတ်မှာ ကျုပ်တို့ မြန်မာပြည်အတွက် မီဒီယာ တွေဟာ သိပ်ပြီး အရေးကြီး...