Search This Blog ရှာရန်

Wednesday, December 07, 2011

င့ါသား ( ၂ )

ခြောက်ပေါက်ကားကြီး စီးချင်လို့ဘဲ ဖြစ်ဖြစ်၊ ဟိုနေပြည်တော်ကြီးက သမ္မတကြီးထိုင်ထိုင် နေတဲ့ ပုလ္လင် အရှေ့မှာ ခန့်ခန့်ကြီး ထိုင်ချင်လို့ဘဲဖြစ်ဖြစ်၊ အလိမ်အညာ ထွေရာလေးပါတွေ အပြောကောင်းကောင်းနဲ့ အခု တမျိုး တော်ကြာတမျိုး အရှက်မရှိ ပြောတက်ရုံနဲ့ အခွင့်အရေးတွေရပြီး ခေါင်းပေါင်းလှလှ စောင်းချင်ရုံနဲ့တော့ ဘယ်တော့မှ သမ္မတ ဖြစ်ချင်လိုက်တာ ဝန်ကြီးဖြစ်ချင်လိုက်တာလို့ စိတ်မကူးနဲ့။
မြန်မာပြည်ဟို ခါကာဗိုရာဇီတောင်ထိပ်မှ  ကော့သောင်းအငူကြာရှိ နိုင်ငံသားတစ်ဦးစီရဲ့ ဒုက္ခတိုင်သည် မိမိမှာ တာဝန်မကင်းဘူးလို့ ခံယူတက်သူ ဖြစ်သင့်သည်

The passage criticizes those who aspire to become leaders, such as presidents or ministers, merely for personal glory, luxury, or power, without genuine commitment to serving the people. It emphasizes that leadership requires responsibility, integrity, and a deep sense of duty toward addressing the struggles of every citizen, from the heights of Mount Kaborazi to the shores of Kawthaung. A true leader should feel accountable for the hardships faced by the nation's people and strive to fulfill their responsibilities selflessly.

တိုင်းကျိုး၊ ပြည်ကျိုး၊ ငါ့အကျိုး

မြန်မာပြည်မှာ အုပ်စုဖွဲ့လူမိုက် ဂိုင်းဆိုလို့ သံထုတ်မောင်မောင် တို့ လမ်းမတော်ဖိုးတုန်တို့ စိန်ဂေါ်လီဂိုင်းတို့၊ စကော်ပီယံ ဂိုင်းတို့ ကြားဖူးလိုက်ပါတယ်။ မည်သို့ မည်ပုံ မိုက်ကြသည် ကျွန်တော်မသိ၊
သို့သော် တိုင်ပြည်အတွက် ရတက်မအေးစရာ ဂိုင်းတချို့ပေါ်လာသည်။ တိုင်းကျိုး၊ ပြည်ပြု၊ အကျိုးတော်ဆောင်၊ ကူညီကယ်ဆယ်ရေး၊ နည်းပညာ ပြန့်ပွားရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့် တို့ အဖွဲ့ခေါင်းစဉ် ကောင်းကောင်းလေးတွေ ဖြည့်ထည့်ပြီး အုပ်စုဖွဲ့လိမ်စားသူတွေရဲ့ ခေတ်သစ် လူမိုက်ဂိုင်းတွေပါဘဲ၊
လိမ်စာတဲ့ အဖွဲ့ဆိုလို့ အထင်တော့ မသေးနဲ့နော် တကယ့်ကို နည်းပညာပိုင်းဆိုင်ပြီး လက်ကြောတင်းတင်း မလုပ်စားချင်တဲ့ လူ့ဘောကျော့လေးတွေ။ ဒီလို အစုအဖွဲ့လေးတွေက အခု ကျွန်တော်တို့ နိုင်ငံမှာကျယ်ပြန့်စွာ ဖြစ်ပေါ်ထွန်းကားလာသည်မှာ ကောင်းသည့် နိမိတ်လဏ္ခာမဟုတ်

Thursday, December 01, 2011

ရင်ထဲမှ

မြန်မာအစိုးရအနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများအား ယခုအချိန်လွှတ်ပေးလိုက်ပါက မိမိတို့ ခြေလှန်းမြန်မြန်နဲ့ တိုင်းပြည်တိုးတက်ရေးနဲ့ အမေရိကန် နိုင်ငံအပေါ်အပြုသဘေားဆောင်ပြီး သတ္တိရှိတဲ့ ပြောင်းလည်းမှု့ကို ထုတ်ပြပေးစေလိုပါတယ်။
မြန်မာနိုင်ငံသားတွေ သူများနိုင်ငံမှာ သွားပြီးကျွန်လုပ်နေရတာ နိဂုဏ်ချုပ်နိုင်မယ်၊ ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေ ထမ်းတလုပ်အတွက် မပူပန်နိုင်တဲ့ ဘ၀ ကိုရလာနိုင်တယ်၊

အမျိုးသား ပြန်လည်သင့်မြတ်ရေးတိုးတက်ပြောင်းလည်မယ်၊ ပြည်သူတွေ စိတ်ချမ်းသာမယ် ဆိုရင် ဘာဘဲလုပ်ရ လုပ်ရ သမ္မတကြီး ပြည်သူ့ဆန္ဒနဲ့ သူ့ ဆန္ဒ တထပ် တည်းရှိနေမယ်လို့ မျှော်လင့်မိတယ်၊

သူမ၏ ခရီးစဉ် မပြီးဆုံးသေးခင် တောင်းဆိုမှု့တွေကို မြန်မာဘက်က လက်မနှေး ပြောင်းလည်းပြသည့်အတွက်၊ သူမအနေနဲ့ အစိုးရအပေါ်ထားသည့် သဘေားထားကို ရာနှုံးပြည့် ပြောင်းလည်း နိုင်သည်ကပင် ကျွန်တော်တို့ နိုင်ငံအတွက် အားသာချက်ဖြစ်လာစေချင်လိုက်တာ၊

Wednesday, November 30, 2011

ဒါတောင်းဆိုမှု့ပါ

ကျွန်တော်တို့ ကိုမင်းကိုနိုင်နဲ့ ကျောင်းသားခေါင်းဆောင်တွေကို ကြိုဆိုချင်နေပြီ ၊ နိုင်ငံရေးက ပြီးခဲ့ပါပြီ ချစ်ကြည်ရေးနဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ဆန္ဒ တွေကိုပေးပါ

ဆန္ဒ

ပြီးခဲ့တာတွေကို သင်ခန်းစာယူမယ်၊ အနာဂတ်ကို အကောင်းဆုံးဖေါ်ဆောင်မယ်၊ နာကြီးမှု့တွေကို မျှော်လင့်ချက်တွေနဲ့ အစားထိုးချင်တယ်။

Monday, November 07, 2011

ရိုဟင်ဂျာ ကြောင့် ပရိုစီဂျာ မအောက်စေနဲ့

မြန်မာနိုင်ငံဟာ ယခုအခါ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ပေါ်ရန် လမ်းကြောင်းပေါ်သို့ ရောက်နေပါပြီ။ မြန်မာပြည်သူတွေ လက်မခံဘဲ ဘယ်နည်းနဲ့မှ ရိုဟင်ဂျာတွေဟာ တိုင်းရင်းသား၊ နိုင်ငံသား ဖြစ်မလာနိုင်ပါဘူး။ ဒါကလည်း လွှတ်တော်ပေါ်မှာ အတည်ပြုချက် ရယူရန် မလွယ်သလို လွှတ်တော်က အတည်ပြုမှသာ ရမှာဖြစ်ပါတယ်။

ယခုအချိန်က စောနေသေးလို့ပါ။ တိုင်းရင်းသားလူမျိုးစုကိစ္စကို အလေးအနက် တစ်နေ့ ပြောကြရမှာပါ။ ဒီကိစ္စတွေကလည်း ပြောရသည့်ကိစ္စမဟုတ်ဘဲ လုပ်မှရသည့်ကိစ္စပေကိုး။

ကျွန်တော်တို့အနေနဲ့ အခြေခံဥပဒေ၊ နည်းဥပဒေတွေမှာ တိုင်းရင်းသားလူမျိုးစုကိစ္စကို ပြန်ပြီး လေ့လာစိစစ်ရမှာပါ။ ကျွန်တော်သိသလောက်ကတော့ အင်္ဂလိပ်တွေ မြန်မာပြည်ကို မသိမ်းခင်အထိ တည်ရှိနေတဲ့ မြန်မာပြည်အတွင်း နေထိုင်သူတွေကို တိုင်းရင်းသား သတ်မှတ်ပါတယ်။ ဒီတော့ '၀'၊ ကိုးကန့်၊ ရိုဟင်ဂျာတွေဟာ ဘယ်အခြေခံဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ တည်ရှိခွင့်ရှိမရှိ စိစစ်ရန် လိုပေမည်။

မြန်မာနိုင်ငံမှာ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးစုတွေကို တန်ဖိုးထား အခွင့်အရေးပေးစေလိုပါတယ်။ တိုင်းရင်းသား ဖြစ်စေတဲ့ နည်းဥပဒေတွေ၊ သမိုင်းဆိုင်ရာ အချက်အလက်တွေ ညီတယ်ဆိုရင်ပေါ့။ မဟုတ်ရင်တော့ နိုင်ငံသားအခွင့်အရေး၊ သို့မဟုတ် ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသား ဒါတွေအားလုံးဟာ နည်းဥပဒေနဲ့အညီ အားလုံးကို ပြန်စစ်စေလိုပါတယ်။

အခု မြန်မာနိုင်ငံမှာ ကျွန်တော့်အထင် နိုင်ငံသားအတုတွေ၊ တိုင်းရင်းသားအတုတွေ အများကြီး ဖြစ်နေတယ်။ ကျွန်တော်ကတော့ အထူးကော်မတီတွေဖွဲ့ပြီး လဝကရဲ့ နှစ်ပေါင်းများစွာ မသမာမှုလုပ်ထားတဲ့ နိုင်ငံသားကိစ္စကို ဖြေရှင်းရန်က အဓိက ဖြစ်နေပါတယ်။

နိုင်ငံသားကတ်လည်း မြန်မာပြည်မှာ အခု မရှိသေးပါဘူး။ အခုဟာက ကျွန်တော်ဖတ်ကြည့်တော့ နိုင်ငံသားစိစစ်ရေးကတ်ဆိုတော့ မည်သည့်အဓိပ္ပာယ် ထွက်မည်မသိပါ။

နိုင်ငံသားကတ် တနည်းနည်းနဲ့ ရယူထားသူတွေ၊ နောက်ကြောင်းလိုက်ရင် အမှန်မဖြစ်နိုင်သူတွေအားလုံးကို အစိုးရက ပြုနိုင်ငံသား လျှောက်ရန် သို့မဟုတ် ဧည့်နိုင်ငံသား ပြန်လျှောက်ရန် အချိန်ပေးလိုက်သင့်ပြီး၊ ၎င်းအချိန်ကုန်ပါက နိုင်ငံသားကတ် ကိုင်ဆောင်သူတွေကို စိစစ်မှုတွေ သင့်သလို လုပ်သွားရန် အရေးတကြီး လိုနေပါပြီ။

မဟုတ်မမှန် ရယူထားသူတွေကို ဧည့်နိုင်ငံသားပေးလိုက်သင့်ပြီး ဒီကိစ္စကို လွှတ်တော်မှာ အဆိုတင်မည့်သူများ ရှိလာသင့်ပါပြီ။ ကျွန်တော်ကတော့ မှတ်ပုံတင်အရောင်ကိုပါ တိုင်းရင်းသား၊ နိုင်ငံသား ခွဲခြားထားစေလိုပါတယ်။

လေးစားစွာဖြင့်

Thursday, October 06, 2011

ကျွန်တော် နဲ့ အချစ်

ငယ်ငယ်ကတော့ အချစ်ဆိုတာကို ရယူပိုင်ဆိုင်ချင်းလို့

လွယ်လွယ် အဓိပါယ်ကောက်ထားလိုက်တယ်၊

ဒါပင်မဲ့ အချစ်ဆိုတာကို စ သိတဲ့ အချိန်မှာ

စွန်လွတ်မှု့တွေနဲ့ စ ခဲ့ရတာဘဲ၊



အချစ်ဆိုတာဟာ တန်ဖိုးတစ်ခုလို့ မြင်ကြည့်မိတယ်

ဒါပင်မဲ့ အချစ်ဆိုတာကို တန်ဖိုးထားတက်တဲ့ အရွယ်မှာတော့

တန်ဖိုးမဲ့နေတာကို တွေ့ရတော့တာပါဘဲ၊



အချစ်ဆိုတာကို ပျော်ရွင်ခြင်းလို့ သက်မှတ်ကြည့်တယ်

ဒါပင်မဲ့ အချစ်ဆိုတာကို ပျော်ရွင်လိုက်တဲ့ အချိန်မှာ

စိတ်ညစ်စရာတွေ သာတွေ့ရတော့ာတာပါဘဲ၊



အချစ်ဆိုတာကို မေတ္တာလို့ ထားကြည့်လိုက်တယ်

ဒါပင်မဲ့ မေတ္တာနဲ့ ချစ်လာတဲ့ အခါ

အချစ်မှာ သစ္စာပါမလာခဲ့ဘူး၊



အဂ္ဂ တစ်ယောက် ဟိုတွေး ဒီတွေးရင် နဲ့ ဘ၀ ဘဝ

အချစ်ဆိုတာကို ဘ၀ တစ်ခုလို့ မထားကြည့်တော့ဘူး



လေးစားစွာဖြင့်

အဂ္ဂ

私が思い出す MJC と MJCAA

  私が思い出す MJC と MJCAA 私が Myanmar Japan Center(MJC)に通い始めたのは、気持ちが少し落ち込み始めていた2016年初頭のことでした。講座を受講するために、初めてMJCを訪れました。 ウィン・ラインのミョー・ゾーさんからお誘いをいただいたこ...