Search This Blog ရှာရန်

Saturday, August 08, 2026

ကိုယ်တွေ့ ထိုင်း-မြန်မာ အတွင်းရေး



ကိုယ်တွေ့ ထိုင်း-မြန်မာ အတွင်းရေး

၁၉၈၈ ဒီဇင်ဘာလ၊ မြန်မာပြည်တွင်းရှိ ထောင်အသီးသီးမှ ထောင်ကျထိုင်းငါးဖမ်းသမား ရာချီအား အင်းယားလိတ်ဟိုတယ်သို့ စုစည်းပို့ဆောင်လိုက်ပါတယ်။ ၎င်းတို့နှင့်အတူ ကျွန်တော် အင်းယားလိတ်ဟိုတယ်တွင် ရှိနေခဲ့တာပါ၊
ထိုမှတဆင့် ထိုင်နိုင်ငံသို့ TG အထူးလေယဥ်ဖြင့် ပြန်ပို့ပေးခဲ့သည်။
ပို့ရသည့်အကြောင်းအရင်းမှာ မဲသဝါးတိုက်ပွဲတွင် မြန်မာတပ်များ ထိုင်းနယ်မြေဘက်မှ ဝင်ရောက်တိုက်ခိုက်ခွင့်ရရှိရေးအတွက် အပေးအယူလုပ်ခဲ့ခြင်းပင် ဖြစ်သည်။
ထိုင်းနိုင်ငံဟာ မဆလခေတ်ကတည်းက မြန်မာစစ်တပ်နှင့် ထိုင်းစစ်တပ် ထိပ်တိုက်မတွေ့ရေးပေါ်လစီဖြင့် ကြားခံကရင်တပ်များအား အထောက်အပံ့ပေးပြီး တစ်ဖက်တွင် ကရင်လက်နက်ကိုင်တပ်များ စိုးမိုးနယ်မြေများရှိ ကျွန်းသစ်များ ထုတ်ယူခြင်း၊ ပင်လယ်ပြင်စိုးမိုးရေး အားနည်းသည့် မြန်မာပင်လယ်ပြင်တွင် ရနောင်း၊ မဟာချိုင် အခြေပြု အုပ်စုဖွဲ့လက်နက်ကိုင် ခိုးလှေအုပ်စုများဖြင့် မြန်မာ့ငါး၊ ပုစွန်များကို များစွာခိုးယူခြင်းတို့အား အကျယ်အဝန်း ပြုလုပ်လျက်ရှိသည်။
နောက်တစ်ဖက်တွင် မြဝတီ၊ ကော့ကရိတ်၊ မော်လမြိုင် လမ်းကြောင်းမှ ထိုင်းထုတ်ကုန်များ မြန်မာပြည်သို့ တင်ပို့သည့် မှောင်ခိုလမ်းကြောင်းရှိသည်။ ထိုအချိန်က မြန်မာပြည်၏ ၈၀% သော ကုန်ပစ္စည်းများသည် ထိုင်းကုန်ပစ္စည်းများ ဖြစ်သည်။ ထိုအချိန်က တရုတ် ရွှေလီမြို့သည်ပင် မဖွံ့ဖြိုးသေး။
ထို့ကြောင့် ထိုင်းတို့သည် 'မြန်မာအခက် ထိုင်းအချက်' ဆိုသည့် မြန်မာပြည်တွင်း နိုင်ငံရေးခတ်အခဲကာလများသည် ထိုင်းတို့ ချမ်းသာစေသည့် အချက်ပင် ဖြစ်နေခဲ့ပါသည်။
နောင်တွင် မြန်မာ့ပင်လယ်ပြင်စိုးမိုးရေး မစွမ်းဆောင်နိုင်သေးသည့် မြန်မာတို့အနေဖြင့် ထိုင်းငါးဖမ်းလုပ်ငန်းများအား တရားဝင်လိုင်စင်ပေးပြီး ရနိုင်သည့်အကျိုးအမြတ်ရရှိရေးနှင့် ခိုးလှေသတင်းရရှိရန် မြန်မာငါးဖမ်းလှေများတွင် ဆက်သွယ်ရေးစနစ်များ တပ်ဆင်ခွင့်နှင့် ထုတ်ပေးခြင်းများပြုလုပ်ကာ သတင်းယူသည့်စနစ်ကို ကျင့်သုံးခဲ့ကြသည်။
ကော့သောင်းနှင့် မြိတ်အခြေပြု ရေတပ်များမှ သတင်းလိုက်ဖမ်းဆီးခြင်း၊ လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးယူပြီး တရားဝင်အခွန်ရရှိသည့် နယ်စပ်ကုန်သွယ်ရေးစနစ် အကောင်အထည်ဖော်နိုင်ရန် KNU မှ ဗုဒ္ဓဘာသာ DKBA များ ခွဲထုတ်ခြင်း စသည်ဖြင့် နယ်စပ်ကုန်သွယ်ရေးမှ အကျိုးအမြတ်ရရှိရေး လုပ်ခဲ့ကြသည်။ ထိုအချက်များကြောင့် ထိုအချိန်က နဝတအစိုးရနှင့် ထိုင်းအစိုးရတို့အတွက် ဝင်ငွေများစွာ ရရှိခဲ့ကြသည်။
ဒီလောက်ဆိုလျှင် လက်ရှိအခြေအနေကို တွက်ဆလို့ရမည်ထင်ပါတယ်။
ယခုအခါ တရုတ် မြစ်ကြီးနား၊ မူဆယ် - မန္တလေးလမ်းပိုင်းများ ပြန်ဖွင့်နိုင်ရေး၊ ဂိတ်များစွာ မထားရှိရေး၊ MNDAA နှင့် အကျိုးအမြတ်ခွဲဝေခြင်း လုပ်ဆောင်နေပြီး MNDAမှာ ၎င်းတို့ စိုးမိုးနယ်မြေများ ချဲ့ထွင်ပြီး လမ်းပိုင်းအတွင်း တရုတ်၏ ညွတ်ကြားချက်အရ ဂိတ်များ ဖြုတ်သိမ်းခဲ့ပြီးဖြစ်သော်လည်း စစ်အုပ်စုမှ မန္တလေးလုံခြုံရေးအကြောင်းပြ ဂိတ်အချို့ဖြုတ်သိမ်းရန် ကျန်ရှိနေသေးသည်။
ထိုင်း - မြန်မာ ကုန်သွယ်လမ်းကြောင်းတွင် ပုံမှန်နိုင်ငံတကာ ကုန်သွယ်ရေကြောင်းလိုင်းစနစ်၊ ရနောင်း - ကော့သောင်း ကုန်သွယ်ရေကြောင်းစနစ် နှင့် ယခု မြဝတီ - မော်လမြိုင် လမ်းကြောင်းဖွင့်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။
တမူး လမ်းကြောင်းသည် AA ပါဝင်နေသည့်အတွက် အဆင်ပြေရန် ဝေးနေသေးပုံရှိသည်။
အထက်ပါ ကုန်သွယ်လမ်းကြောင်းများ ပွင့်သွားပါက မြန်မာနိုင်ငံအနေဖြင့် မည်သည့် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုကိုမျှ ကြောက်စရာမလိုဘဲ ရပ်တည်နိုင်မည်ဖြစ်သလို တရုတ်၊ ထိုင်းနှင့် မြန်မာ သဘောတူပြီးဖြစ်သည့် ဒေါ်လာငွေကြေးမပါဝင်သည့် ကုန်သွယ်ငွေကြေးစနစ်ကို လွန်ခဲ့သည့် ၃ နှစ်ထဲက အုပ်မြစ်ချထားပြီးဖြစ်သည့်အတွက် အကောင်အထည်ဖော်ရန်သာ လိုပါတော့မည်။







Friday, August 07, 2026

What "Bong Kyaung" (Chinese Clan Temple) Means to Me

 What "Bong Kyaung" (Chinese Clan Temple) Means to Me

A Central Hub Regulating Social Life, Economy, and Community Development

In Christianity, a place of worship is called a church, which can be understood as a "place of calling and gathering." In Islam, a mosque or masjid is designated as a place of prostration and worship. In Hinduism, a temple is called a mandir (मंदिर), which is understood to mean the "dwelling place" or "residence" of the deities. Within Myanmar Theravada Buddhism, there are various religious structures such as pagodas (zedi), temples (puthote), and dhamma halls (dhammayone).

A zedi is an object of supreme veneration. A puthote is a place of worship featuring an inner cave or structure where pilgrims can enter to pay homage and meditate. A dhammayone is a grand hall where people gather to listen to sermons and collaborate on religious and social affairs.

Here, I would like to share what I have learned about the "Bong Kyaung"—the traditional Chinese clan or community temple.

The beliefs of the Chinese people cannot be simplified as purely Mahayana Buddhism. Taoism venerates deities such as the Jade Emperor, the God of Heaven, earth deities, and the Mazu (Mother of the Sea). Confucianism emphasizes the veneration of ancestral spirits, social ethics, and traditional morality. Similarly, the syncretic integration of Buddhism, Taoism, and Confucianism is known as Sanjiao (三教), which translates to the "Three Teachings." Therefore, stepping into a Bong Kyaung reveals altars and spaces dedicated to all three of these belief systems.

Most Chinese people embrace religion casually as a part of their cultural heritage. However, they place deep importance on Feng Shui (風水)—the practice of utilizing the energies of wind and water to harmonize human life with the natural environment.

My primary focus here is what the "Bong Kyaung" truly represents to me.

Breaking down the words, "Bong" means communal or shared, while "Kyaung" denotes learning, studying, and moral guidance. Therefore, I understand a Bong Kyaung to be a shared institution where communal matters are studied, learned, and harmonized.

These temples are not merely places of worship. They function as regulatory institutions that guide the collective destiny, heritage, and welfare of families sharing ancestral roots and common ties. In particular, they play a vital role in the social and economic lives of member families.

For instance, when hosting a wedding ceremony within the Bong Kyaung community, specific guidelines exist to prevent stark economic disparities. There are set menus; if a family wishes to exceed these standards by serving luxury liquor, hiring elaborate live bands, or hosting exclusive receptions beyond what everyone can afford, they are required to make a proportionally higher financial contribution to the temple.

This system does not function as a rigid prohibition—saying "you cannot do this or that." Instead, it is a mechanism where those who wish to consume or spend more are asked to contribute more to the collective good. In essence, it is a system that preserves social equilibrium.

The executive selection system of the Bong Kyaung that I studied is equally fascinating. Whenever funds are to be raised for any cause, the fundraising process begins strictly with the board of executives.

For example, if there are 30 executives, donations start with executive number 30. If number 30 contributes 100,000 units, executive number 29 must contribute more than that amount. If number 29 contributes 300,000 units, number 28 must follow suit with a higher contribution. Through this cascading mechanism, the donation amounts steadily scale upward, culminating in the largest financial responsibility resting upon the Chairperson.

Consequently, running for a position on the executive board of a Bong Kyaung can sometimes prompt people to shy away. When a new chairperson is to be elected, individuals might suddenly claim to be unwell, sometimes requiring community members to visit their homes in person to formally persuade and invite them to take the role.

Yet, the endearing beauty of this system lies in its ability to foster socio-economic balance. If a member faces severe financial ruin or a sudden debt crisis, other members of the Bong Kyaung step in to pool their resources, cover the debts, help rehabilitate the individual, and restore balance.

Therefore, the Bong Kyaung I have come to know is far more than just a religious sanctuary—it is an integrated community center that collectively balances social life, economic stability, and shared growth.

Respectfully,

Aung Myo Lwin (Agga)






ကျွန်တော်သိသော “ဘုံကျောင်း"



ကျွန်တော်သိသော “ဘုံကျောင်း”

လူမှုရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းညှိပေးသော စင်တာတစ်ခု
ခရစ်ယာန်ဘာသာတွင် ဝတ်ပြုရာနေရာကို Church ဟု ခေါ်ကြသည်။ အဓိပ္ပာယ်အားဖြင့် “ခေါ်ယူစုဝေးရာနေရာ” ဟု နားလည်နိုင်သည်။
အစ္စလာမ်ဘာသာတွင် ဗလီ သို့မဟုတ် မတ်စ်ဂျစ်ဒ် (Masjid) ကို ဝတ်ပြုဦးချရာနေရာအဖြစ် သတ်မှတ်ကြသည်။
ဟိန္ဒူဘာသာတွင် ဘုရားကျောင်းကို မန္ဒီရ် (Mandir – मंदिर) ဟု ခေါ်ပြီး “နတ်ဘုရားများ သီတင်းသုံးရာအိမ်” သို့မဟုတ် “စံအိမ်တော်” ဟု အဓိပ္ပာယ်ရသည်ဟု လေ့လာသိရှိရသည်။
မြန်မာထေရဝါဒဗုဒ္ဓဘာသာတွင်လည်း စေတီ၊ ပုထိုး၊ ဓမ္မရုံ စသည့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ရှိကြသည်။
စေတီ ဆိုသည်မှာ အထူးပူဇော်ခံထိုက်သောအရာ
ပုထိုး ဆိုသည်မှာ အတွင်းသို့ ဝင်ရောက်၍ ဘုရားဖူးနိုင်၊ တရားထိုင်နိုင်သော လိုဏ်ဂူ သို့မဟုတ် အဆောက်အအုံပါဝင်သည့် ဘုရားတည်နေရာ
ဓမ္မရုံ ဆိုသည်မှာ တရားဓမ္မနာကြားရာနှင့် ဘာသာရေး၊ လူမှုရေးကိစ္စရပ်များကို စုပေါင်းဆောင်ရွက်ရာ ခန်းမကြီး
ဤနေရာတွင် ကျွန်တော် လေ့လာသိရှိထားသည့် တရုတ်လူမျိုးများ၏ “ဘုံကျောင်း” အကြောင်းကို မျှဝေလိုပါသည်။
တရုတ်လူမျိုးများ၏ ယုံကြည်မှုကို မဟာယာနဗုဒ္ဓဘာသာတစ်ခုတည်းဟုသာ မဆိုနိုင်ပါ။ တာအိုဘာသာတွင် နတ်မင်းကြီး ကွမ်းယီ၊ သိကြားမင်း၊ မြေစောင့်နတ်၊ ပင်လယ်စောင့်မယ်တော် စသည့် နတ်ဘုရားများကို ကိုးကွယ်ကြသည်။ ကွန်ဖြူးရှပ်ဝါဒတွင်မူ ဘိုးဘွားမိဘများ၏ ဝိညာဉ်ပြားများကို ပူဇော်ခြင်း၊ လူမှုကျင့်ဝတ်နှင့် ရိုးရာယဉ်ကျေးမှုများကို အလေးထားခြင်းတို့ ပါဝင်သည်။
ထိုနည်းတူ ဗုဒ္ဓဘာသာ၊ တာအိုဘာသာနှင့် ကွန်ဖြူးရှပ်ဝါဒတို့ကို ပေါင်းစပ်လက်ခံသည့် အယူအဆကို ဆန်းကျောက် (Sanjiao – 三教)၊ အဓိပ္ပာယ်အားဖြင့် “သွန်သင်ချက်သုံးမျိုး” ဟု ခေါ်ကြသည်ဟု နားလည်ရသည်။
ထို့ကြောင့် ဘုံကျောင်းတစ်ခုသို့ ရောက်သွားလျှင် အဆိုပါ ဘာသာနှင့် အယူအဆသုံးမျိုးစလုံးနှင့် သက်ဆိုင်သည့် အရိုအသေပေးရာနေရာများကို တွေ့မြင်ရနိုင်သည်။
တရုတ်လူမျိုးအများစုသည် ဘာသာရေးကို ရိုးရာယဉ်ကျေးမှုတစ်ရပ်အဖြစ် ပေါ့ပေါ့ပါးပါး လက်ခံထားကြသည်ဟု ကျွန်တော် နားလည်မိသည်။ သို့သော် “ဖုန်းရွှေ” (Feng Shui – 風水) ဟု ခေါ်သည့် လေ၊ ရေတို့၏ စွမ်းအင်ကို အသုံးချကာ လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်အကြား ဟန်ချက်ညီစေရန် စီမံသည့် အယူအဆကိုတော့ အလေးထားကြသည်။
ယခု ကျွန်တော် အဓိကပြောလိုသည့် အကြောင်းအရာမှာ “ကျွန်တော်သိသော ဘုံကျောင်း” ဖြစ်သည်။
“ဘုံ” ဆိုသည်မှာ အများနှင့်သက်ဆိုင်ခြင်း၊ “ကျောင်း” ဆိုသည်မှာ သင်ယူခြင်း၊ လေ့လာခြင်း၊ ထိန်းကျောင်းခြင်းဟု နားလည်နိုင်သည်။ ထို့ကြောင့် “ဘုံကျောင်း” ဆိုသည်မှာ အများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို သင်ယူ၊ လေ့လာ၊ ထိန်းညှိစီမံရာနေရာတစ်ခုဟု ကျွန်တော် နားလည်မိသည်။
ဘုံကျောင်းများသည် ဘာသာရေးသက်သက်အတွက်သာ မဟုတ်ပေ။ မိမိတို့၏ မျိုးရိုး၊ အတိတ်အစဉ်အလာနှင့် ကံကြမ္မာကို မျှဝေခံစားနေကြသူများ၏ အရေးအရာများကို ထိန်းကျောင်းပေးသည့်နေရာတစ်ခုလည်း ဖြစ်သည်။ အထူးသဖြင့် ဘုံကျောင်းအဖွဲ့ဝင်မိသားစုများ၏ လူမှုရေးနှင့် စီးပွားရေးကိစ္စရပ်များတွင်ပါ အရေးပါစွာ ပါဝင်သည်။
ဥပမာအားဖြင့် ဘုံကျောင်းအတွင်း မင်္ဂလာဆောင်ပွဲ ကျင်းပမည်ဆိုပါက ဆင်းရဲချမ်းသာ ကွာဟမှု မဖြစ်စေရန် သတ်မှတ်ချက်များရှိတတ်သည်။ သတ်မှတ်ထားသည့် ဟင်းပွဲစာရင်းများ ရှိပြီး၊ ထိုအဆင့်ထက် ကျော်လွန်ကာ တန်ဖိုးကြီးအရက်များ၊ တီးဝိုင်းများ၊ လူတိုင်းမကျင်းပနိုင်သည့် အထူးဧည့်ခံပွဲများ ပြုလုပ်လိုလျှင် ဘုံကျောင်းသို့ ထည့်ဝင်ရမည့် အလှူငွေကို ပိုမိုမြှင့်တင်သတ်မှတ်ထားတတ်သည်။
ဤစနစ်သည် “ဒါမလုပ်ရ၊ ဟိုဟာမလုပ်ရ” ဟု တိုက်ရိုက်ကန့်သတ်ခြင်းမျိုး မဟုတ်ပေ။ မိမိပိုမိုသုံးစွဲလိုသလောက် အများအကျိုးအတွက်လည်း ပိုမိုထည့်ဝင်စေသည့် နည်းလမ်းတစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့် လူမှုရေးဟန်ချက်ညီမှုကို ထိန်းညှိပေးသည့် စနစ်ဟု ဆိုနိုင်သည်။
ကျွန်တော် လေ့လာမိသည့် ဘုံကျောင်းအလုပ်အမှုဆောင်စနစ်သည်လည်း စိတ်ဝင်စားဖွယ် ကောင်းပါသည်။ မည်သည့်အကြောင်းအရာအတွက်မဆို အဖွဲ့ဝင်များထံမှ အလှူငွေကောက်ခံမည်ဆိုပါက အလုပ်အမှုဆောင်များထံမှ အရင်ဆုံး စတင်အလှူခံတတ်ကြသည်။
ဥပမာ အလုပ်အမှုဆောင် ၃၀ ဦးရှိလျှင် အမှတ်စဉ် ၃၀ မှ စတင်အလှူခံသည်။ အမှတ်စဉ် ၃၀ က ၁ သိန်း ထည့်ဝင်လိုက်လျှင် အမှတ်စဉ် ၂၉ က ၁ သိန်းထက် ပို၍ ထည့်ဝင်ရမည်ဖြစ်သည်။ အမှတ်စဉ် ၂၉ က ၃ သိန်း ထည့်ဝင်လိုက်လျှင် အမှတ်စဉ် ၂၈ ကလည်း ၃ သိန်းထက် ပို၍ ထည့်ဝင်ရတော့မည်ဖြစ်သည်။ ဤနည်းဖြင့် အလှူငွေပမာဏသည် အစဉ်လိုက် မြင့်တက်သွားပြီး ဥက္ကဋ္ဌဖြစ်သူ၏ တာဝန်နှင့် ထည့်ဝင်မှုက ပိုမိုကြီးမားလာတတ်သည်။
ထို့ကြောင့် ဘုံကျောင်းတွင် အလုပ်အမှုဆောင် ရွေးမည်ဆိုလျှင် ပြေးရှောင်သူများ ရှိတတ်သည်။ ဥက္ကဋ္ဌအသစ် ရွေးချယ်မည်ဆိုလျှင်လည်း နေမကောင်း၊ ထိုင်မကောင်းဟု ဆိုသူများ ရှိကာ အိမ်အထိ သွားရောက်ပင့်ဖိတ်ရသည့် အခြေအနေများပင် ရှိတတ်သည်ဟု ကြားသိရသည်။
သို့သော် ဤစနစ်၏ ချစ်စရာကောင်းသည့်အချက်မှာ လူမှုစီးပွား ဟန်ချက်ညီစေရန် အထောက်အကူပြုနိုင်ခြင်းဖြစ်သည်။ အဖွဲ့ဝင်တစ်ဦးဦး၏ စီးပွားရေး ပြိုလဲခြင်း၊ ငွေကြေးအရှုပ်အရှင်း ဖြစ်ပေါ်ခြင်းတို့ ကြုံလာပါက ဘုံကျောင်းမှ အခြားသူများက ဝိုင်းဝန်းစိုက်ထုတ်လျော်ပေးခြင်း၊ ပြန်လည်ကုစားပေးခြင်းနှင့် ဟန်ချက်ညီအောင် ညှိနှိုင်းပေးခြင်းတို့ ပြုလုပ်တတ်ကြသည်။
ထို့ကြောင့် ကျွန်တော်သိသော ဘုံကျောင်း ဆိုသည်မှာ ဘာသာရေးဝတ်ပြုရာနေရာတစ်ခုသာ မဟုတ်ဘဲ လူမှုရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို စုပေါင်းထိန်းညှိပေးသည့် စင်တာတစ်ခုလည်း ဖြစ်နေပါသည်။
လေးစားစွာဖြင့်
အောင်မျိုးလွင် (အဂ္ဂ)



Wednesday, August 05, 2026

"Is Edward Jacob Lang a Christian or Jewish extremist? Or is he a Jew wearing a Christian veneer, fanning the flames of anti-Muslim hatred?

 "Is Edward Jacob Lang a Christian or Jewish extremist? Or is he a Jew wearing a Christian veneer, fanning the flames of anti-Muslim hatred?





Edward Jacob Lang’s birth year is ambiguously listed on Wikipedia as around 1995 or 1996 (and there is likely a reason for that). Photos can be found online of him around the age of 18 to 20 holding a Bar Mitzvah certificate in front of the Western Wall in Jerusalem, and his mother is Jewish.

However, after returning from Jerusalem, Edward Jacob Lang shifted toward Christian extremism and white supremacist movements, engaging in acts such as burning Qurans under the guise of Christianity.

When his Jewish background and connections to extremist Jewish circles came to light, he began performing acts like burning Jewish texts to conceal his original Jewish heritage and win the support of far-right extremist groups.

Jake Lang's (Edward Jacob Lang's) actions and crimes have represented major threats to the rule of law and social stability in the United States:

  • January 6 Capitol Riot: He was a key participant in the mass storming of the U.S. Capitol on January 6, 2021. For these actions, he was arrested and served prison time under multiple federal charges, though he later received a presidential pardon when Donald Trump took office.

  • Hate Speech and Racial Conflict: Following his release from prison, he has continued to target Muslims and other minority groups, spread hate speech, champion white supremacy, and intentionally fuel racial tensions.

  • Legal Violations: Due to inciting violence during political protests and making terroristic threats, he has faced further legal troubles and arrests in Texas and other states."

Edward Jacob Lang က ခရစ်ယာန် သို့မဟုတ် ဂျူး အကြမ်းဖက်သမားလား?

 

Edward Jacob Lang က ခရစ်ယာန် သို့မဟုတ် ဂျူး အကြမ်းဖက်သမားလား?






ဒါမှမဟုတ် ခရစ်ယာန်အရောင်စိုးပြီး မွတ်ဆလင်မုန်းတီးရေး မီးမွှေးနေသည့် ဂျူးတစ်ယောက်လား?

Edward Jacob Lang ကို ၁၉၉၅ လိုလို ၉၆ မွေးသလိုလို Wikipedia မှာ မရှင်းမရှင်း ဖော်ပြထားပါတယ် (ဒါလည်း အကြောင်းရှိမယ်)။ သူဟာ အသက် ၁၈ - ၂၀ ခန့်တွင် ဂျေရုဆလင်မြို့ရှိ Western Wall (ငိုကြွေးရာ နံရံ) ရှေ့မှာ ဘားမစ်ဇ်ဗာ (Bar Mitzvah) အထိမ်းအမှတ် လက်မှတ်ကိုင်ပြီး ရိုက်ထားခဲ့တဲ့ ပုံတွေ အင်တာနက်မှာ တွေ့ရပြီး၊ သူ၏ မိခင်မှာ ဂျူးဖြစ်ပါတယ်။

သို့သော် Edward Jacob Lang ဟာ ဂျေရုဆလင်မြို့မှ ပြန်လာပြီးနောက်ပိုင်း ခရစ်ယာန်အစွန်းရောက်၊ လူဖြူကြီးစိုးရေး လှုပ်ရှားမှုတွေလုပ်၊ ခရစ်ယာန် ခေါင်းစဉ်ဖြင့် ကုရ်အာန်ကျမ်းများကို မီးရှို့ခြင်းတွေလုပ်ခဲ့၊ လုပ်နေဆဲလည်း ဖြစ်ပါတယ်။

သူ၏ နောက်ကြောင်း ဂျူးဖြစ်ကြောင်းအပြင် ဂျူးအစွန်းရောက် အသိုင်းအဝိုင်းရှိကြောင်း ပေါ်လာသည့်အခါ မူလဂျူးသွေးပါဝင်မှုကို ဖုံးကွယ်ရန်နှင့် လက်ယာစွန်းအစွန်းရောက်အုပ်စုများ၏ ထောက်ခံမှုကို ရယူရန်အတွက် ဂျူးလူမျိုးတို့၏ ကျမ်းစာများကို မီးရှို့ပြခြင်းကဲ့သို့သော လှုပ်ရှားမှုများကိုပါ လုပ်ဆောင်ခဲ့သည်။

ဂျိတ် လန်း (Edward Jacob Lang) ၏ လုပ်ရပ်များနှင့် ပြစ်မှုများသည် အမေရိကန်ပြည်ထောင်စု၏ တရားဥပဒေစိုးမိုးရေးနှင့် လူမှုရေး တည်ငြိမ်မှုကို အဓိက ခြိမ်းခြောက်ခဲ့သော ဖြစ်ရပ်များ ဖြစ်သည် -

၂၀၂၁ ကာပီတို တိုက်ခိုက်မှု (January 6 Capitol Riot): သူသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် အမေရိကန် လွှတ်တော်အဆောက်အအုံကို အစုလိုက်အပြုံလိုက် ဝင်ရောက်တိုက်ခိုက်ရာတွင် အဓိကပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး၊ ထိုအမှုဖြင့် ဖမ်းဆီးခံရကာ စွဲချက်ပေါင်းများစွာဖြင့် ထောင်ဒဏ် ကျခံခဲ့ရသည်။ သို့သော် သမ္မတ ဒေါ်နယ်ထွက်က ရာထူးစတင်ထမ်းဆောင်ချိန်တွင် လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သည်။

မုန်းတရားဖြန့်ဝေမှုနှင့် လူမျိုးရေး ပဋိပက္ခ: ထောင်မှ လွတ်မြောက်လာပြီးနောက်ပိုင်းတွင်လည်း မွတ်ဆလင် ဘာသာဝင်များနှင့် အခြား လူမျိုးစုများကို ပစ်မှတ်ထားကာ မုန်းတရားများ ဖြန့်ဝေခြင်း၊ လူဖြူကြီးစိုးရေး (White Supremacy) ကို ထဖော်ခြင်းနှင့် လူဖြူ လူမဲ ပဋိပက္ခများကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးခြင်းများ ဆက်လက်လုပ်ဆောင်ခဲ့သည်။

ဥပဒေချိုးဖောက်မှုများ: နိုင်ငံရေး ဆန္ဒပြပွဲများတွင် အကြမ်းဖက်မှုကို လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်ပြောဆိုခြင်းများကြောင့် တက္ကဆပ်နှင့် အခြားပြည်နယ်များတွင် ထပ်မံ၍ တရားရင်ဆိုင်ရခြင်းနှင့် အဖမ်းအဆီးခံရခြင်းများ ရှိခဲ့သည်။

Tuesday, August 04, 2026

မြန်မာပြည်သို့ ထွက်ပြေးရလေသော တရုတ်မင်းသား



မြန်မာပြည်သို့ ထွက်ပြေးရလေသော တရုတ်မင်းသား



အနောက်အရပ်တွင် တစ်ခဏအတွင်း အင်အားယုတ်လျော့လာသော ရခိုင်ပြည် နယ်နိမိတ်အတွင်းသို့ မဂိုတို့ ကျူးကျော်ဝင်ရောက်လာနေသည်။ မြောက်အရပ်နှင့် အရှေ့အရပ်တွင်မူ ပိုမိုပင် အင်အားတောင့်တင်းလာသည့် တရုတ်တို့၏ ဖိအားပေးမှုမှာ မြန်မာပြည် အလယ်ပိုင်းထိ ရောက်သည်။
၁၆၄၆ ခုနှစ်တွင် နယ်ချဲ့ မန်ချူးတပ်များက တရုတ်ပြည်ပိုင်နက် ယန်ဇီမြစ်ဝှမ်းနှင့် အရှေ့ဘက်ကမ်းရိုးတန်းဒေသများ သိမ်းပိုက်လိုက်ပြီးနောက် ၂၃ နှစ်အရွယ် ဝမ်လီဧကရာဇ်၏ မြေးဖြစ်သူ ကွေ့မင်းသားသာလျှင် အသက်ရှင်လွတ်မြောက်ခဲ့သည်။ မင်းသားသည် မင်မင်းဆက် တည်တံ့ရေး အတွက် နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည်။ နှစ်ပေါင်းများစွာ တရုတ်ပြည်တွင် စစ်မီးတောက်လောင်နေခဲ့သည်။ မန်ချူးခေါင်းဆောင် နူဟာစီသည် အာမူးမြစ်ဝှမ်းတစ်လျှောက် ခြေသလုံးအိမ်တိုင် လှည့်လည်သွားနေထိုင်သော တန်ဂူဆစ်ဘာသာ ပြောသည့် လူမျိုးစုများကို သူ့လက်အောက်သို့ ပေါင်းစည်း သိမ်းသွင်းနိုင်ခဲ့သည်။ ပထမတွင် မန်ချူးတို့သည် မြောက်ပိုင်း နယ်စပ်ဒေသများကို သိမ်းသွင်းသည်။ ယင်းနောက် ၁၆၄၄ ခုနှစ်တွင် ပီကင်းနေပြည်တော်ကိုပါ သိမ်းယူသည်။ တဖြည်းဖြည်းနှင့် မန်ချူး ချင်မင်းဆက် တရုတ်ပြည်မသို့ ရောက်ရှိလာသည့်အခါ တရုတ်ဘုရင်ဟောင်း၏ သြဇာအာဏာ ယိုယွင်းကာ သစ္စာခံများ အကွဲကွဲအပြားပြား ဖြစ်သွားတော့သည်။ ထိုကာလမှစ၍ တရုတ်ပြည်ကြီးကို အဆိုပါ နွားနို့သောက်၊ ဒိန်ခဲစားသည့် အာရှတိုက် မြောက်ဖျားမှ ခြေသလုံးအိမ်တိုင်များက အုပ်ချုပ်စိုးမိုးခဲ့သည်မှာ ၁၉၁၁ ခုနှစ် သမ္မတအုပ်ချုပ်ရေးစနစ်အတွက် တော်လှန်ရေးကာလ မတိုင်ခင်အထိ ဖြစ်သည်။
ကွေ့မင်းသား၏ ဖခမည်းတော်မှာ ဝမ်လီဧကရာဇ်၏ သတ္တမမြောက် သားတော် ဖြစ်သည်။ မင်းသားလေးသည် အလွန် အဆင့်အတန်း ခွဲခြားပြီး စည်းစိမ်အပြည့် ခံစားရသည့် နန်းတော်အသိုင်းအဝိုင်းတွင် ကြီးပြင်းခဲ့ရသည်။ ယခုမူ ငယ်ငယ်ရွယ်ရွယ်နှင့် မန်ချူးရန်မှ ထွက်ပြေးတိမ်းရှောင်နေရလေပြီ။ ပထမတွင် မင်းသားသည် တရုတ်ပြည်အလယ်ပိုင်း ဟူနန်ပြည်နယ်ရှိ ဘိုးဘွားပိုင်နယ်မြေများသို့ တိမ်းရှောင်သည်။ ထိုနေရာမှ တစ်ဆင့် အနောက်တောင်ဘက် ယနေ့ ဟောင်ကောင်မြို့ တည်ရှိရာ ဒေသသို့ ပြေးသည်။ ထိုဒေသသို့ရောက်သောအခါ ပုလဲမြစ်ဝကျွန်းပေါ်ဒေသ၏ ထုံးကျောက် ချောက်ကမ်းပါးများ အကြား တစ်နေရာတွင် သူ့အား ပြည်ပြေးနန်းတွင်းအုပ်စုက ဘုရင်အဖြစ် တရားဝင် တင်မြှောက်ကြသောအခါ ကွေ့မင်းသားသည် သက်တမ်း ၃၀၀ တိုင် အဓွန့်ရှည်ခဲ့သည့် မင်မင်းဆက်၏ ထီးမွေနန်းမွေ ဆက်ခံသူ ယုန်လဲ့ဧကရာဇ် ဖြစ်လာခဲ့သည်။
သူသည် မန်ချူးတို့ ကျူးကျော်သိမ်းပိုက်ခြင်းကို ခုခံတွန်းလှန်လာသူများအတွက် အားကိုးအားထားပြုရာ ဖြစ်လာခဲ့သည်။ နောင်တစ်နှစ်ခွဲတာ ကာလပတ်လုံး ယုန်လဲ့ဘုရင်နှင့် နောက်လိုက်များသည် တရုတ်ပြည် တစ်ဘက်ခြမ်း တောင်ဘက်အရပ်ဆီသို့၊ ထိုမှတစ်ဆင့် ဗီယက်နမ်ပြည် နယ်စပ်တစ်လျှောက် ခြေကျင်ခရီးနှင်ရာ ဂွမ်စီလူမျိုးစုတို့ နေထိုင်သည့် အနောက်တောင်ဒေသထိ ရောက်ရှိလာခဲ့သည်။ ပီကင်းနေပြည်တော်နှင့် ဝေးရာသို့ ရှောင်နိုင်ခဲ့သော်လည်း ကိုယ်ထူကိုယ်ထ တည်ထောင်ထားသည့် မင်ထီးနန်းသစ်မှာ ယခင် မင်မင်းဆက်များ လက်ထက်ကကဲ့သို့ ကျကျနန မရှိလှ။ ခေတ်ပြိုင်လေ့လာသူတစ်ဦးက ယုန်လဲ့ဘုရင်ကို ခစားသူများတွင် “ကွမ်းစားတတ်သူ၊ ဆားချက်လုပ်သား၊ ဒေသခံ ဆောင်ကြာမြိုင် ပိုင်ရှင် စသူတို့ဖြင့် စရိုက်စုံလှသည်”ဟု ဆိုခဲ့သည်။ သို့သော်လည်း ယုန်လဲ့ဘုရင်ဘက်မှ တိုက်ပေးမည့် သစ္စာခံများကို စည်းရုံးနိုင်ခဲ့ပြီး ချင်တပ်များကို ရှေ့ဆက်မတိုးနိုင်အောင် ထိန်းနိုင်ခဲ့သေးသည်။
၁၆၅၀ ပြည့်နှစ် အစောပိုင်းတွင် ချင်တပ်များသည် ကွေ့မင်းသားကို ထောက်ခံသည့် ဒေသများရှိ ခံတပ်များကို ထိုးဖောက်နိုင်ခဲ့ပြီး တောင်ပိုင်းရှိ ကွေ့မင်းသား၏ အခြေစိုက်တပ်စခန်းများကို စီးနင်းတိုက်ခိုက်တော့သည်။ ဤကဲ့သို့ ထိုးစစ်ဆင်နွှဲရာ၌ မန်ချူးတို့က ယင်းတို့၏ဘက်တော်သား မင်စစ်သူကြီးများကို အားကိုးအားထားပြုသည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က မန်ချူးထံ ဘက်ပြောင်းသစ္စာခံသော စစ်သူကြီးများ ဖြစ်ကြသည်။ ယင်းတို့သည် ယုန်လဲ့၏ နောက်လိုက်များကို ထပ်ကြပ်မကွာ လိုက်လံတိုက်ထုတ်ရာ တဖြည်းဖြည်းနှင့် အနောက်တောင်အရပ်သို့ ရောက်ရှိလာခဲ့သည်။ ၁၆၅၈ ခုနှစ်တွင် တန်ဂူးနယ်ရှိ နယ်စပ်မြို့ငယ် တစ်နေရာ၌ ယုန်လဲ့၏ တပ်များက မန်ချူးတပ်များကို နောက်ဆုံးအကြိမ် ခုခံတိုက်ခိုက်သည်။ ယင်းနောက် တောင်တန်းများကို ဖြတ်ကျော်ကာ မြန်မာမင်းပိုင်နက်အတွင်းသို့ ထွက်ပြေးလွတ်မြောက်လာခဲ့ပေသည်။
ကွေ့မင်းသားသည် အရှေ့မြောက်ပိုင်းရှိ တောင်တန်းဒေသသို့ ရောက်ရှိလာခဲ့သည်။ ထိုအရပ်များတွင် အင်းဝနေပြည်တော်၏ သြဇာသည် တစ်ဆင့်ခံသာ သက်ရောက်သည်။ ထိုအရပ်တွင် နေထိုင်သူအများစုမှာ ဗမာများ မဟုတ်။ ထိုင်းဘာသာနှင့် ခပ်ဆင်ဆင် ဘာသာစကားကို ပြောဆိုကြသည့် မြန်မာတို့က ရှမ်းဟု ခေါ်သူများ ဖြစ်သည်။ ထိုအရပ်ရှိ အချို့သော ပြည်ထောင်များမှာ အရွယ်အစား အတော်အသင့် ကြီးမားသည်။ ဥပမာအားဖြင့် ဇင်းမယ်ပြည်နှင့် ကျိုင်းတုံပြည်ဆိုလျှင် ယခုခေတ် ဘယ်ဂျီယမ်နိုင်ငံ သို့မဟုတ် ဝေလနယ်လောက်ပင် ရှိခဲ့သည်။ သေးငယ်ပြီး ဆင်းရဲနွမ်းပါးသော တောင်ပေါ်ဒေသများကို စုပေါင်းထားသည်များလည်း ရှိသည်။။ မင်မင်းဆက် အစောပိုင်း ခေတ်ကာလက တရုတ်ပြည်မှ သေနတ်နှင့် ယမ်းအသုံးပြုပုံကို အရှေ့တောင်အာရှတွင် ပထမဦးဆုံး သင်ယူတတ်မြောက်ခဲ့ဖွယ်ရှိသည့် ထိုနယ်သားများသည် တောင်ပိုင်းသို့ နယ်ချဲ့လာဖူးပြီး အင်းဝနှင့် မြေပြန့်လွင်ပြင်ဒေသကို လွှမ်းမိုးကြီးစိုးခဲ့ဖူးလေသည်။ နောက်ပိုင်းတွင်မူ စော်ဘွား အဆင့်ဆင့်နှင့် အုပ်ချုပ်ကာ ပလွှားမှုနည်းသော ပြည်ထောင်များအဖြစ် ပြောင်းလဲရပ်တည်လာခဲ့သည်။ အင်းဝနေပြည်တော်သို့ သမီးကညာဆက်သခြင်း၊ ငွေထည်နှင့် မြင်းစသဖြင့် လက်ဆောင်ပဏ္ဏာများ အမြဲမပြတ်ဆက်သခြင်းဖြင့် မိတ်ဖက်ပြုထားနိုင်ခဲ့သည်။
ဤသို့နှင့် မိုးမိတ်နယ်ခြားစခန်းသို့ ကွေ့မင်းသားနှင့် နောက်လိုက်ဗိုလ်ပါ ၂၀၀ ကျော် ဆိုက်ရောက်လာခဲ့သည်။ ဦးစွာ ဒေသခံ ရှမ်းစော်ဘွားနှင့် တွေ့ဆုံပြီး မြန်မာပြည်တွင် ခိုလှုံခွင့် တောင်းခံလိုကြောင်း၊ မြန်မာမင်းအတွက် မပြောပလောက်သော ရွှေငွေရတနာများကို ဆက်သလိုကြောင်း ပြောသည်။ ပင်းတလဲမင်း နန်းစံနေချိန် ဖြစ်သည်။ ပင်းတလဲမင်းကလည်း သဘောတူပြီး မင်းသားကို လှိုက်လှဲစွာ လက်ခံကြိုဆိုသည်။ ထို့အပြင် အင်းဝနေပြည်တော်၏ ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်းတွင် မင်းသားနေထိုင်ရန် အဆောင်တော်တစ်ခု တည်ဆောက်ပေးသည်။ တကယ်တော့ ကွေ့မင်းသားနှင့် အဖွဲ့သည် နောက်ထပ် စစ်ဘေးရှောင်လာဦးမည့် ထောင်သောင်းချီသော တရုတ်တို့၏ ပထမအသုတ်သာ ဖြစ်သည်။ နောက်တွင် ဆက်ရောက်လာသည့် အုပ်စုများတွင် တရုတ်ပြည် အနောက်တောင်ပိုင်းတွင် ဖြစ်ပွားနေသော မင်းမဲ့အခြေအနေကို အခွင့်ကောင်းယူကာ ခိုးဆိုးလုယက်နေသော ရာဇဝတ်ကောင်များ၊ ဓားပြများလည်း ပါဝင်သည်။ ယခုမူ မြန်မာပိုင် တောင်တန်းဒေသကို အကြမ်းဖက်ရန် တရုတ်လူမိုက်အုပ်စု ကြံစည်ကြပါတော့သည်။ ယင်းတို့က ကွေ့မင်းသားကို သစ္စာခံသည်ဟု ဆိုပြီး မင်းသားလည်း စစ်ကိုင်းမြို့ကို စွန့်ခွာကာ ၎င်းတို့နှင့် အတူလာပေါင်းပါရန် ဖိတ်ခေါ်သည်။ အရှေ့ဘက်ရှိ မိုးနဲမြို့နှင့် ညောင်ရွှေမြို့ကို သိမ်းပိုက်လိုက်ကြသည်။ ယင်းတို့ကို တားဆီးရန် ပင်းတလဲမင်းက စေလွှတ်လိုက်သော တပ်ကို ချေမှုန်းပစ်သည်။ ဘုန်းကြီးကျောင်းများကို မီးရှို့ဖျက်ဆီးသည်။ ရွာလုံးကျွတ် ဓားပြတိုက် လုယက်သည်။ ဖမ်းဆီးရမိသော ရွာသူရွာသားများကို သတ်ဖြတ်သည်။ များမကြာမီ အင်းဝနေပြည်တော်၏ အဝင်ပေါက် ဖြစ်သည့် တံတားဦးမြို့သို့ပင် ရောက်ရှိလာတော့သည်။ ပင်းတလဲမင်း၏ ပေါ် တူဂီအမြှောက်တပ်သားများက ကြံ့ကြံ့ခံနေ၍သာ ရှေ့ဆက်မတိုးနိုင်ခဲ့။
ကွေ့မင်းသားခမျာ အကြီးအကျယ် တောင်းပန်ရှာပါသည်။ သူ့နာမည်အောက်တွင် ဖြစ်ပျက်နေသမျှနှင့် လုံးဝမသက်ဆိုင်ကြောင်း အကြောက်အကန် ငြင်းဆိုရှာသည်။ ဖြစ်လာသမျှအတွက် လက်ညှိုးထိုးခံရသည်မှာ ပင်းတလဲမင်းသာ။ ပင်းတလဲမင်းသည် ပျော့ညံ့သည့် ဘုရင် ဖြစ်သည်။ မိဖုရားမှ မွေးဖွားလာခြင်း မဟုတ်ဘဲ ကိုယ်လုပ်တော်၏ သားဖြစ်သောကြောင့် တရားဝင် မင်းမျိုးမင်းနွယ်အဖြစ် မသတ်မှတ်ကြ။ နန်းတက်စဉ်ကပင် ပင်းတလဲမင်းကို သြဇာအာဏာရှိသည့် မှုးကြီးမတ်ရာတစ်အုပ်စုက အမြဲလွှမ်းမိုးခြယ်လှယ်နေခဲ့သည်။ ယခုတော့ ပင်းတလဲမင်းမှာ ဖြစ်သမျှ ပြဿနာ အလုံးစုံအတွက် ဓားစာခံဖြစ်သွားလေသည်။ သူ့ကို ခြယ်လှယ်နေခဲ့သည့် နန်းတွင်းအုပ်စုကပင် ညီတော် ပြည်မင်းသားအား နန်းတင်သည်။ ပင်းတလဲမင်းကို နန်းချရန် ပထမဆုံး လှုံ့ဆော်သူမှာ တော်ဝင်မျိုးရိုး စစ်သည်များ ဖြစ်ကြသည်။ ယင်းတို့ တောရွာကျေးလက်များ၌ ဆိုးဆိုးဝါးဝါး သေကြေပျက်ဆီးနေမှုများကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရသည်။ အများစုမှာ အင်းဝမြို့ တောင်ဘက်ရှိ ဆည်ရေသောက် လယ်ယာမြေများတွင် နေထိုင်သော မိသားစုများ ဖြစ်ကြသည်။ တရုတ်တို့ ကျူးကျော်ဝင်ရောက်လာသဖြင့် စားနပ်ရိက္ခာ ရှားပါးငတ်မွတ်လာသည့် ပြည်သူများက ဘုရင်မင်းမြတ်ထံ အကူအညီတောင်း အသနားခံသည်။ သို့ရာတွင် ရှင်ဘုရင်က မျက်နှာလိုက်ကာ သူ၏အသည်းကျော် မိဖုရားမောင်းမများကို ဆန်စပါး မတန်တဆဈေးဖြင့် ရောင်းချခွင့် ပြုခဲ့သည်။ တော်ဝင်စစ်သည်များက နန်းတော်တွင်းရှိ အမတ်ကြီးများကို လျှောက်လဲရာ အလျင်အမြန်ပင် ပင်းတလဲမင်းကို နန်းချပစ်၍ အဖေတူ အမေကွဲ ညီတော် ပြည်မင်းသားကို နန်းတင်လိုက်တော့သည်။
ပြည်မင်းမှာ ပိုမိုထက်မြက်သည်။ နန်းတက်ပြီးချင်းပင် တစ်စထက်တစ်စ ထိတ်လန့်တုန်လှုပ်နေရှာသော ကွေ့မင်းသားကို သတိထား စောင့်ကြည့်သည်။ ဒုက္ခသည် တရုတ်ဧကရာဇ်သည် တရုတ်ဓားပြအဖွဲ့များနှင့် ပူးပေါင်းကြံစည်နေသည်ဟု သံသယရှိသည်။ သို့နှင့် ပြည်မင်းက မင်းသား၏သစ္စာခံ အယောက် ၇၀၀ အားလုံးကို စစ်ကိုင်းမြို့ရှိ ထူပါရုံဘုရားတွင် စုဝေးရန် ဆင့်ခေါ်သည်။ မဟာမိတ် မြဲမြံပါကြောင်း ကိုယ်တိုင်ကိုယ်ကျ လာရောက် သစ္စာခံရန် ပြောသည်။ ယုန်လဲ့ဘုရင်၏ နောက်လိုက်များက အစတော့ ငြင်းဆန်သေးသည်။ ယင်းတို့ ယုံကြည်ရသော မန်စီစော်ဘွားက သူပါ လိုက်ခဲ့မည်ဆိုမှ သဘောတူကြသည်။ ဤသည်မှာ တစ်ဖက်လှည့်နှင့် ခေါ်ခြင်းသာ။ ဘုရားသို့ ရောက်လျှင် မန်စီစော်ဘွားကို တခြားသို့ ခေါ်ထုတ်သွားပြီး ဘုရင့်စစ်တပ်များက တရုတ်တို့ကို ဝိုင်းထားလိုက်သည်။ တရုတ်တို့က ဓားထုတ်ခုခံရန် ပြင်သည့်အခိုက် ဘုရင့်စစ်သည်များက သေနတ်ဖြင့် ပစ်ခတ်ကြသည်။ အသက်မသေ ကျန်ရှိသူများကို ခေါင်းဖြတ်သတ်သည်။ သတင်းကြားရသောအခါ ကွေ့မင်းသားမှာ ပိုလို့ပင် တုန်လှုပ်လာတော့သည်။
ကွေ့မင်းသား မြန်မာပြည်သို့ ခိုဝင်ပြီး လေးနှစ်အကြာ ၁၆၆၂ ခုနှစ်တွင် တရုတ်စစ်သူကြီး ဘုရင်ခံ ဝူဆန်ကွေ့သည် စစ်သည်အလုံးအရင်းနှင့် မြန်မာပြည်တွင်းသို့ ဝင်လာသည်။ စစ်သည် နှစ်သောင်းအင်အားရှိ တပ်မတော်ကြီးသည် ရှမ်းတောင်တန်းများကို ကျော်ဖြတ်ကာ တောက်လျှောက်ချီတက်လာပြီး အင်းဝနေပြည်တော်နှင့် မိုင်အနည်းငယ်အကွာတွင်မှ တပ်ချရပ်နားသည်။ မင်မင်းသားကို သူ့လက်အပ်ရန် တောင်းဆိုသည်။ ဝူဆန်ကွေ့မှာ ထိုအချိန်က အသက် ၅၀ အရွယ်။ မင်မင်းဆက် လက်ထက်က တပ်မှူးကြီးတစ်ယောက် ဖြစ်ခဲ့သော်လည်း မင်ဘုရင်ကို သစ္စာဖောက်ကာ မြောက်ဘက်မှ ချီတက်လာသော မန်ချူးတပ်များကို တရုတ်ပြည် အတွင်းသို့ ဝင်နိုင်ရန် မဟာတံတိုင်းကြီး၏ ဂိတ်တံခါးများကို ဖွင့်ပေးခဲ့သူ ဖြစ်သည်။ ၁၆၇၃ ခုနှစ်တွင် သူသည် နောက်တစ်ကြိမ် ဘက်ပြောင်းပြီး မန်ချူးတို့ကို တော်လှန်ပေဦးမည်။ လောလောဆယ်တွင် သူသည် မန်ချူးဘက်တော်သား ဖြစ်ပြီး မန်ချူးဧကရာဇ်သစ်၏ နှမတော်ကို လက်ဆက်ထားသေးသည်။
ပြည်မင်းက တိုက်ပွဲဝင်လိုသော်လည်း မှူးမတ်များက သည်လောက် ဂြိုလ်မွှေသော ဧည့်သည်ကို တစ်ခါတည်း အပြတ်ရှင်းထုတ်ပစ်လိုက်တော့ရန် အကြံပေးကြသည်ဟု သိရသည်။ သို့နှင့် ကွေ့မင်းသားနှင့် မိသားစုကို အကျဉ်းသားအဖြစ် လွှဲပြောင်းပေးအပ်လိုက်သည်။ ထိုအချိန်တွင် မင်းသားမှာ အသက် ၃၇ နှစ် အရွယ် ဖြစ်ပြီး သားတော်မှာ အသက် ၁၄ နှစ်သာ ရှိသေးသည်။ ယင်းတို့ကို ယူနန်ပြည်ရှိ ကူမင်းမြို့သို့ ခေါ်ဆောင်သွားကာ ဈေးလည်ခေါင်တွင် လေးကြိုးဖြင့် လည်ညှစ်သတ်လိုက်ကြသည်။ သားတော်တစ်ပါးမှာ မြန်မာပြည်တွင်းမှာပင် ဆုံးပါးသွားခဲ့ပြီး တရုတ်နယ်စပ် အနီးရှိ ဗန်းမော်မြို့နားတွင် မြှုပ်နှံထားခဲ့သည်။ မိဖုရားနှင့် သမီးတော်များကိုမူ ပီကင်းနေပြည်တော်သို့ ခေါ်ဆောင်သွားကြသည်။ ကွေ့မင်းသားနှင့် မိသားစုသည် မြန်မာပြည်တွင် နေထိုင်စဉ် ကာလများအတွင်း ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့သည်။ အင်းဝမြို့ရှိ ဘရင်ဂျီဘာသာရေး ဂိုဏ်းဝင် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ဦး၏ ဟောပြောမှုကြောင့် ဖြစ်သည်။ ပြိုလဲသွားပြီဖြစ်သော ဘိုင်ဇင်တိုင်မျိုးနွယ်၏ ခရစ်ယာန်အမည်များကို ပြောင်းလဲခံယူခဲ့သည်။ သားတော်အကြီးဆုံးမှာ ကွန်စတန်တင်း၊ မယ်တော်မိဖုရားမှာ အဲန်း၊ သမီးတော်များမှာ ဟယ်လင်နှင့် မေရီတို့ ဖြစ်ကြသည်။
ထိုသို့ တိုင်းပြည်မငြိမ်မသက်မှုများက သက်တမ်းနှစ်ရာနီးပါး သက်တမ်းရှိနေပြီ ဖြစ်သည့် မြန်မာမင်းဆက်ကို ယိမ်းယိုင်စေခဲ့ပါသည်။ သို့သော် တရုတ်တို့၏ ကျူးကျော် အနှောင့်အယှက်ပေးမှုကို ကြံ့ကြံ့ခံကာ အာဏာဖီဆန်မှုများ မရှိဘဲ မပြိုမလဲ ရပ်တည်နိုင်ခဲ့သည်။ မင်းပြောင်းမင်းလွှဲ ဖြစ်သွားသည်ကလည်း တစ်ကြောင်း ဖြစ်သည်။ ထိုခေတ်က အရှေ့တောင်အာရှဒေသရှိ လူ့အဖွဲ့အစည်း အားလုံးတွင် တိုင်းပြည် စီးပွားရေးအင်အား တောင့်တင်းရခြင်း၏ အဓိကသော့ချက်မှာ ပိုင်နက်ကြောင့် မဟုတ်ဘဲ ပြည်သူပြည်သားများသာ ဖြစ်သည်။ လူအင်အားသာ အဓိကကျခဲ့သည်။ လူများကို သိမ်းယူဖမ်းဆီးရန်၊ ပစ္စည်းဥစ္စာများကို လုယူသိမ်းပိုက်ရန်အတွက် တိုက်ပွဲများ ဖြစ်ပွားကြသည်။ အစိုးရဆိုသည်မှာ ဘုရင့်သြဇာခံများကို အုပ်ချုပ်စီမံရန်သာ ဖြစ်သည်။
နောင်တွင် ထိုအရေးအရာများ ပြောင်းလဲကာ စနစ်တကျရှိလာခဲ့ပါသည်။ ထို့အပြင် တိုင်းပြည်၏ ပုံရိပ်၊ ဘုရင့်နောင်၏ အောင်ပွဲများ၊ ရှေးယခင် ပုဂံခေတ်နှင့်၊ ပြည်(သရေခေတ္တရာ) ၏ အမှတ်တရများ စသည်တို့အားလုံး ကျန်ရှိနေပါသေးသည်။ အင်းဝမင်းဆက် ပြိုလဲသွားသည့်အခါ နောင်တက်မည့် တော်ဝင်မျိုးနွယ်စုက ရှေးခေတ် ထုံးတမ်းစဉ်လာများကို ဆက်လက်ထိန်းသိမ်းပါလိမ့်မည်။ ရန်သူအသစ်စက်စက် အင်္ဂလိပ်တို့၏ အရှေ့အိန္ဒိယကုမ္ပဏီ လက်တွင်းသို့ ဆင်းသက်ရတော့မည့်ကိန်း ဆိုက်သောအခါမှ အမြစ်ကစ မြေလှန်ရမည့် ပြောင်းလဲမှုများ ပြုလုပ်ရန် အသိဝင်လာပါလိမ့်မည်။
(သန့်မြင့်ဦး၏ ‘The River of Lost Footsteps’ စာအုပ်မှ ကောက်နှုတ်ပါသည်။)

မြောက်ဦးသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော အိန္ဒိယမင်းသား

 ၆ မေ ၁၆၅၈ – ၁၆၉၂

မြောက်ဦးသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော အိန္ဒိယမင်းသား


၁၇ ရာစုအလယ်ပိုင်းတွင် မဂိုအင်ပါယာသည် အိန္ဒိယကျွန်းဆွယ်၏ အကြီးမားဆုံး အာဏာရှိသည့် နိုင်ငံတော်တစ်ခု ဖြစ်နေခဲ့သည်။ ထိုအင်ပါယာ၏ ထင်ရှားသော မင်းသားတစ်ပါးမှာ မဂိုဧကရာဇ် ရှားဂျဟန်၏ ဒုတိယသား ရှားရှူးဂျား (Shah Shuja) ဖြစ်သည်။ သူသည် ဘင်္ဂလားနှင့် သြရိဿဒေသတို့၏ ဘုရင်ခံအဖြစ် တာဝန်ယူခဲ့ပြီး ဒက္ကားကို နေရာထိုင်ရာအဖြစ်ထားကာ အရှေ့အိန္ဒိယဒေသကို အုပ်ချုပ်ခဲ့သည်။wikipedia+1

၁၆၅၇ ခုနှစ်တွင် ရှားဂျဟန် နာမကျန်းဖြစ်ပြီးနောက် သားတော်များအကြား ထီးနန်းလုယက်မှု ဖြစ်ပွားလာသည်။ နောက်ဆုံးတွင် အော်ရန်ဇက်က အနိုင်ရကာ အာဏာရယူခဲ့သည်။ ရှားရှူးဂျားသည်လည်း အရေးနိမ့်လာသဖြင့် အရှေ့ဘက်သို့ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့သည်။ ၁၆၅၈ ခုနှစ် မေ ၆ ရက်နေ့တွင် သူသည် ဒက္ကားမှ ရခိုင်သို့ ထွက်ခွာလာပြီး ၁၆၆၀ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် မြောက်ဦးသို့ ရောက်ရှိခဲ့သည်။wikipedia+1

ထိုအချိန်က မြောက်ဦးကို စန္ဒသုဓမ္မ (Sanda Thudhamma) က အုပ်ချုပ်နေခဲ့သည်။ ရခိုင်နိုင်ငံသည် ဘင်္ဂလားနှင့် နယ်ချင်းထိစပ်နေသဖြင့် မဂိုများနှင့် ရခိုင်များအကြား ဆက်ဆံရေးလည်း ရှိနေခဲ့သည်။ စန္ဒသုဓမ္မက ရှားရှူးဂျားနှင့် သူ၏မိသားစုကို ခိုလှုံခွင့်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ရှားရှူးဂျား၏ ရွှေငွေရတနာများကို သိမ်းယူခဲ့ရာ အခြေအနေတင်းမာလာသည်။wikipedia+1

အချို့မှတ်တမ်းများအရ ရှားရှူးဂျားနှင့် သူ့နောက်လိုက်အဖွဲ့အချို့က မြောက်ဦးတွင် အာဏာလှုပ်ရှားရန် ကြံစည်ခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။ သူ၏နောက်ဆုံးဘဝအကြောင်းမှာ မတူညီသော အစီရင်ခံချက်များ ရှိသော်လည်း ၁၆၆၁ ခုနှစ်အစောပိုင်းတွင် မြောက်ဦး၌ သေဆုံးခဲ့သည်ဟု အများဆုံးလက်ခံထားကြသည်။wikipedia+1

ရှားရှူးဂျား၏ နောက်လိုက်များထဲမှ အချို့ကို ရခိုင်ဘုရင်က ဆက်လက်ထိန်းသိမ်းထားပြီး လေးသည်တော်အဖြစ် အသုံးပြုခဲ့သည်။ ထိုသူတို့၏ ဆက်နွယ်သူများကို နောက်ပိုင်းတွင် ကမန် ဟု သိလာကြသည်။ “Kaman” ဆိုသည့်စကားလုံးမှာ ပါရှားဘာသာမှ ဆင်းသက်လာပြီး “လေး” ဟု အဓိပ္ပါယ်ရသည်။wikipedia+2

၁၆၆၅–၁၆၆၆ ခုနှစ်များတွင် မဂိုတို့က ရခိုင်ထိန်းချုပ်ထားသော စစ်တကောင်း (Chittagong) ကို ပြန်လည်သိမ်းယူခဲ့သည်။ ဤစစ်ရေးလှုပ်ရှားမှုကို ရှာစ္စတာခန် (Shaista Khan) ဦးဆောင်ပြီး မဂိုရေတပ်နှင့် မြေပြင်တပ်များ ပူးပေါင်းခဲ့သည်။ စစ်တကောင်းကျဆုံးသွားခြင်းနှင့်အတူ ရခိုင်တို့၏ ဘင်္ဂလားကမ်းရိုးတန်းပေါ် ထိန်းချုပ်မှုလည်း အဆုံးသတ်သွားသည်။wikipedia+2

ထို့နောက် မြောက်ဦးနိုင်ငံတော်၏ အင်အားသည် တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ ၁၇၈၅ ခုနှစ်တွင် ကုန်းဘောင်မြန်မာတို့က ရခိုင်ကို သိမ်းပိုက်ပြီးနောက် မြောက်ဦးဘုရင့်နိုင်ငံတော်၏ သမိုင်းကလည်း အဆုံးသတ်သို့ ရောက်ရှိခဲ့သည်။

Karen လိုအဖြစ်မျိုး ဘယ်လောက်အထိရှိနေသလဲ

  Karen လိုအဖြစ်မျိုး ဘယ်လောက်အထိရှိနေသလဲ Karen Newton အမှုက ထူးခြားပြီး သီးခြားဖြစ်ရပ်တစ်ခုသာဟု မပြောနိုင်တော့ပါ။ သို့သော် “တရားဝင် touris...