Search This Blog ရှာရန်
Sunday, May 01, 2016
ကြာကူလီ နဲ့ စပွန်ဆာ
ယနေ့ခေတ် ကြာကူလီ၊ စပွန်ဆာ ဆိုသည့် စကားလုံးများသည် ကြွားစရာ၊ ပြိုင်စရာ တစ်ခုလို အရှက်အကြောက်ကင်းစွာ ရေပန်စားလာသည့် လူ့ဘောင်တစ်ခု ဖြစ်မှန်းမသိ ဖြစ်ပေါ်တိုးပွားလျက်ရှိသည်မှာ စိတ်မကောင်းစရာတစ်ခုပါ၊ မိန်းကလေးတွေအကြား မိမိကို စပွန်စာအနေနဲ့ ပေးလာတဲ့ တိုက်၊ကား ပိုက်စံဆိုတာ ပြိုင်ဆိုင်စရာတစ်ခုလိုဖြစ်နေသည်မှ ရှက်ရကောင်းမှန် အသိလေးတွေ ရစေလိုသလို ၊ လင်ကြီးငုတ်တုတ် ရှိလျက် အိမ်ထောင်ရေး အစဉ်မပြေလေး ဖြစ်လိုက်တာနဲ့ "ကင်းကင်းရှင်းရှင်းဖြစ်ရင် လက်ထက်ချင်ပါတယ်" ၊ တာဝန်ယူလိုပါတယ် လို့ ပြောလိုက်တာကို လူကြီးလူကောင်းဆန်ဆန် ကယ်တင်တာပါ လို့ အရှက်မရှိ စိတ်အထင်ရောက်နေသည့် လူငယ်လူရွယ်တွေကို လည် အရှက်တရားလေးနဲ့ ပြုပြင်မိစေချင်တယ်၊
Wednesday, April 20, 2016
ကြားသုံးကြား
ကြားသုံးကြား
is strongly suggest that, you should never interfere between 'Parents & their Children', 'Husbands & their Wives', also ( between Oldies Pagoda). They might have disagreement but they love each other so much from bottom of their heart. If you do so,'Bad Karma' will return to you times by times because of 'Cause & Effect'. ဆိုတာလေး ဒီနေ့ ဖတ်လိုက်ရတယ်၊ ဒါဟာ ဘာသာတရားတိုင်းမှာ ရှိသလို ဘာသာတရား တခုခုကို လက်ကိုင်မထားတဲ့ Freethinkers တွေမှာလည် အလားတူ တည်ရှိနေတာကို တွေ့ရမှာပါ။ ဒီနေရာမှာ မေးစရာ တစ်ခုရှိပါတယ် မိဘနဲ့ ကလေးကြား အစဉ်ပြေတာကို အစဉ်ပြေအောင်ကြားဝင်တာ စေတနာနဲ့ပါဗျာ လင် မယား နှစ်ယောက် ကွဲနေတယ်ဆိုလို့ ကူညီတာ လူကြီးလူကောင်းဆန်တာပါဗျာ - စသည်ဖြင့် ဆင်ခြေပေးလို့ မလုံလောက်ပါ၊ ကြားဝင်နည်းရှိပါတယ် လူမျိုးတိုင်း ဘာသာတိုင်းမှာ ကြားဝင်ခွင့်တွေရှိပါတယ် သို့ပေမဲ့ မဝင်သင့်တဲ့ ပုံစံ ဝင်မိရင်တော့ တူညီသောတုန့်ပြန်မှုရတတ်ပါတယ်။ ဘီအီးဒီ အောင်သိုက် က ပန်းမြိုင်လည်က ဥယျဉ်မှူး ဇက်ကားမှာ ပြောသွားတာ မှတ်မိသေးတယ် လု လူ လူး .. စာရှည်မည်ဆိုးသဖြင့် မရှင်းတော့ပါ လုတဲ့ လူတွေ လူး နေရတက်ပါတယ်၊ အရှင်းဆုံး ပြောရမယ်ဆိုရင်တော့ မနေတက်ရင် အသေညက်မယ် ဆိုတာပါဘဲ .... ကိုယ်လုပ်သမျှ စေတနာ မှ ဝေဒနာ မဖြစ်စေလိုသည့်အတွက် တိုတိုနဲ့ လိုရင်လေးရေးကြည့်တာပါ၊
လေးစာစွာဖြင့်
အဂ္ဂ
Sunday, March 18, 2012
လမ်းခွဲခြင်းရဲ့ အစက ပေါင်းစည်းခြင်းက
အကြင်လင်းမယားဘဲ ဖြစ်ဖြစ်၊ လုပ်ငန်းစပ်တူတွေဘဲ ဖြစ်ဖြစ် မိသားစုတွေဘဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေဘဲဖြစ်ဖြစ် တစ်နေ့တော့ ရှင်ကွဲမကွဲရင်တောင် သေကွဲကွဲရမည်မှာ လူ့လောက ဓမ္မဆိုတာကို လူတိုင်း လက္ခံကျပါတယ်။
ယနေ့ တိုင်းပြည်ပြုပြင်ပြောင်းလည် ရေးလမ်းပေါ်ရောက်နေတဲ့ အချိန်မှာ စီးပွားရေး ပူးပေါင်းဆောက်ရွက်မှု့တွေက မလွဲမသွေ လိုအပ်လာသလို၊ စုပေါင်းစပ်ပေါင်း လုပ်ငန်းတွေမှ မလုပ်ရင် အရင်အနှီးနဲ့ လုပ်ငန်းအရှိန်ကြီးပြီးသာ ပြည်ပ စီးပွားရေး လုပ်ငန်းစုတွေနဲ့ ရှင်ပြိုင်ရန်မှာ လွယ်ကူမည်မထင် 'ဝ'လုံးခေါင်းထဲ လသာနေတဲ့ နေ့တွေက အချိန်သိပ်ကျန်တော့မည်မထင်၊
ဒီနေရာမှာ ကျွန်တော် တင်ပြလိုတာလေးက လုပ်ငန်းတွေပေါင်းလုပ်တော့မယ် ဆိုရင် ဘယ်လိုလမ်းခွဲမလည်းဆိုတာကို ပထမဦးစွာ ကြိုတင် ပြင်ဆင် သဘေားတူခြင်းကို စတင် လုပ်ဆောင်သင့်တယ်လို့ အကြံပြုတင်ပြလိုပါတယ်။
သို့မဟုတ်ပါက ကောင်းမွန်စွာလမ်းခွဲခြင်း ဆိုတာကို ရရှိနိုင်ခြေနည်းပြီး ပူးပေါင်းခြင်း၊ ပေါင်းစည်းခြင်းကိုက မသေချာခဲ့လေးတော့ အမုန်း၊ ဒေါသ၊ အာဂါတ တွေနဲ့ စိတ်မချမ်မြေ့ဖွယ် လမ်းခွဲခြင်းနဲ့ အဆုံးသက်ဖြစ်ရလေတော့ စကထဲ မပေါင်းစည်း မိကျရင် ကောင်းသားလို့ တွေးမိမည်ထင်ပါတယ်။
ထိုနည်းတူ လင် ရယ် မယား ရယ်ဆိုတာကလည်း အရင်နှီဆုံး တစိမ်းတွေပါဘဲ၊ ဘားမှ သွေးသား မတော်ဆပ်တာ များပါတယ်။
ချစ်လို့ဘဲ ဖြစ်ဖြစ်၊ လူကြီးတွေပေးစားလို့ဘဲ ဖြစ်ဖြစ် အိမ်ထောင်တစ်ခု တည်ပြီးရင်တော့ မကွဲတာအကောင်းဆုံးပေါ့။
ဒါပေမဲ့ လမ်းခွဲခြင်းဆိုတာ မရှိရဘူးလို့တော့ အသေပြောရန်လွယ်မည်မထင်။
မည်သို့ပင်ဆိုစေ အကြောင်းမတိုက်ဆိုင်လို့ဘဲ ဖြစ်ဖြစ်၊ အိမ်ထောင်ရေး ဖေါက်ပြန်လို့ဘဲဖြစ်ဖြစ် မည်သည့်အတွက် ကြောင်းဘဲဖြစ်ဖြစ် လမ်းခွဲရတော့မည်ဆိုပါက ကောင်းမွန်စွာလမ်းခွဲရန်လိုပေမည်။
ပြည်ထောင်စုရ်လို့ ဆိုရာမှာလည်း အစကထဲက ပေါင်းစည်းမှု့ ကို လမ်းခွဲခြင်းဆိုတာ မပါဘဲ အသေတွဲထားလို့ ရမည်မဟုတ်
ကိုယ်ဖြစ်ခြင်တာက ဖြစ်သင့်တာအပေါ်အခြေခံမှသာ သေချာရေရာတဲ့ အခြေအနေတစ်ခုကို အမှန်ရမည်ဟု တွေးထင်မိတယ်။
ပင်လုံ စိတ်ဓါတ် ပင်လုံ အခြေခံတွေကို လက္ခံတယ်ဆိုရင် ပင်လုံစာချုပ်ကို ပြန်ဖတ်ကြည့်သင့်ပါတယ်။
Thursday, February 23, 2012
မရေရာ တဲ့ မြေနေရာ
ရန်ကုန်မြို့မှာ နေရာကောင်းကောင်း သူဌေးများ နေစရာ မြေနေရာ တစ်ခုက သိန်းပေါင်း သောင်း လေးသောင်း လို့ ပြောရင် ပြောသူအရှုးလို့ပင် ပြောနိုင်စရာပါ။ သို့သော် ရန်ကုန်မြေတွေဟာ ရပ်ကွက်ထဲ မှာတောင် သိန်း ၁၅၀၀ ကနေ သိန်း ၃၀၀၀ လောက်ရှိနေပြီး ခြံတွေရှိတဲ့နေရာတွေမှာက သောင်းဂဏာန်း သန်းဂဏာန်းများဆိုတာကိုတော့ ယုံကျမှာပါ။
ဝယ်သူတွေ အဲ့ဒီမြေနေရာကို ပိုင်မပိုင်တော့ မသိဘူး တကယ့်ကို ငွေကြေးအများကြီးပေးဝယ်ကျသည်မှာ သေချာ၏ မြန်မာပြည်မှာ ဒီလောက်ဈေးတွေ ပေးဝယ်တဲ့ မြန်မာစစ်တွေကို တွေ့ချင်လို့ ကျွန်တော့်ကို လိုက်ပြပါဆိုရင်တော့ လိုက်မပြတက်ဘူး၊
ဒါပေမဲ့ လှိုင်သာယာ တို့ တောင်ဒဂုန် တို့မှာတော့ လိုက်ပြနိုင်တယ် ပေ ၄၀ ပတ်လည်မှာ အိမ်ငယ် ၆ လုံးခွဲနေနေရတဲ့ မြန်မာစစ်တွေ အဌားဘ၀ နဲ့ မြေရှင်ကို လခ မပေးနိုင်လို့ ဘာပေါင်ရင် ကောင်းမတုန်း ရင်တုန်နေသူတွေကိုတော့ အဂ္ဂ တစ်ယောက်လိုက်ပြနိုင်ပါတယ်။
ဒီလောက်ကျယ်တဲ့ မြန်မာ့မြေမှာ ဥပဒေ အသစ်တွေနဲ့ နိုင်ငံခြားသား မြေပိုင်ဆိုင်ခွင့်တွေပေးတော့မယ် ဆိုတဲ့ အချိန် မြန်မာနိုင်ငံသား စစ်တစ်ယောက် သေလို့ မြှုပ်နှံရန် ၄ ပေ ၆ ပေတောင် မ၀ယ်နိုင်ဘဲ ဘ၀ ကူးသွားသူများက ဒုနဲ့ ဒေး
လယ်သမားတွေ မြေနေရာ မသေချာ၊ မြန်မာစစ်တွေ နေစရာမြေနေရာမရှိလို့ အစိုးရက အခမဲ့နှစ်ရှည်ဌားရမ်း ပေးမည့် အစီအစဉ် လေးတစ်ခုလောက် များလုပ်ခဲ့ရင် ဘယ်လောက်များကောင်းမလည်း။
လေးစားစွာဖြင့်
အဂ္ဂ
Wednesday, February 22, 2012
ဒီခေါင်မိုးကြောင့်
၅၀၀ တန်ဖုန်း ကိစ္စ ဘယ်သူအကြံစရသည်မသိ၊ ရလဒ်ကတော့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးက ပြည်သူတွေ မျက်လုံးပွင့်သွားတယ်။ ဘာကိုလည်းဆိုတော့ ၁၅ သိန်းကနေ ၅ သိန်းဖြစ်လာတဲ့ ဖုန်းတွေ ၁ သိန်းနဲ့ ရောင်းရင်တောင် မတန်ဘူးဆိုတဲ့ အသိ။
ဆက်သွယ်ရေး ကတော့ ဆက်သွယ်ရေး ကွန်ယက်တွေ ရင်းနှီးမတည် ရတဲ့ စရိပ်တွေကြောင့်လို့ မျက်စီပိတ်၊ နားပိတ် လုပ်ထားခံရတဲ့ မဆလ ခေတ်က ပြည်သူတွေလိုဘဲလို့ တွေးထင်နေတာလား၊ ငါတို့လောက်မသိပါဘူးလို့ဘဲ သွေးနားထင်ရောက်နေလေ သလားတော့မသိ၊ ဆက်သွယ်ရေး ဖုန်းတွေ Payment တွေ ပြသနာတက်နေတာကြာပြီ ၊ လစဉ်ပေးစနစ်နဲ့ ငွေသွင်းရတဲ့ ဖုန်းတွေက ခံနေရတာကြာပြီ၊ လစဉ်ငွေ ကြိုက်သလောက်သွင်း လကုန်ရင်ငွေက တောင်းနေတုန်း၊ ငွေကျန်ရှိတယ်ဆိုတာ တခါးမှ မရှိ ဆက်သွယ်ရေးက ဝန်ထမ်းတွေက အစိုးရလခစား ဝန်ထမ်းတွေဆိုတော့ သူတို့ လူကို ခွေးလို ဆက်ဆံလို့ အလုပ်ပြုတ်တယ်ဆိုတာ ထုံးစံ မရှိဘူး၊ ဘယ်လူကြီးမှလည်း မိမိတာဝန်ယူထားတဲ့ ဌာနမှ ဆုံးဖြတ်ချက် အမှားတွေ လုပ်ဆောင်ချက် အမှားတွေ မရည်တွက်နိုင်အောင်ရှိလို့ မိမိမှာ တာဝန်ရှိပါတယ်ဆိုပြီး နှုတ်ထွက်သွားသည်ဟု တခါးမှ မကြားဘူး၊
မြန်မာ့ဆက်သွယ်ရေး ဟာမြန်မာနိုင်ငံသူ နိုင်ငံသားတွေ ရဲ ဆက်သွယ်ရေး လွယ်ကူ ဖွံဖြိုးတိုးတက်လာ စေရန် ပြည်သူပြည်သားတွေ ကိုယ်စား တာဝန်ယူဆောင်ရွက်ရသော ဌာနတစ်ခုဖြစ်စေချင်တယ်။ အခုဟာက ဆက်သွယ်ရေးဥပဒေ ဆိုတာ ပြည်သူတွေကို ညစ်ဘို့ သူတို့ကိုယ်သူတို့ လုပ်ကိုင်စားသောက်လွယ်အောင် ဂွင်ဖေါ်ဆေး ဖြစ်နေတယ်။
မြန်မာ့ ဆက်သွယ်ရေး ကိုပြောနေလို့ အခြား ဌာန တွေကောင်းလားလို့ မေးရင် နိုးလို့ဘဲ ဖြေရမှာ ကျွန်တော် တင် မဟုတ်ပါဘူး မြန်မာပြည်သူတွေအားလုံးဖြစ်ကျမယ်။ ဆိုးတာက အစိုးရဝန်ထမ်းတွေက သူတို့သာ လဒ်စား အလွဲအာဏာ သုံး မဟုတ်တာလုပ်တာ ပြည်သူတွေကိုတော့ ဥပဒေ တွေ စည်းကမ်းတွေ အရမ်းသုံးပြီး အနိုင်ကျင့်၊ အရေးယူကျတော့တာပါဘဲ၊
ဒီပြသနာတွေရဲ့ အဓိက အကြောင်းအရင်းကတော့ ခေါင်းမိုးလို့ ပြောရမည့် အစိုးရ စနစ်ကောင်းရေးပါ။ ကျွန်တော်တို့ စနစ်ကို ပြင်ရမှာပါ၊ ကျွန်တော်တို့ လွှတ်တော်က တရားမျှတပြီး နိုင်ငံအတွက် တကယ် အမျှော်အမြင်ရှိရှိ တိုင်းချစ် ပြည်ချစ်စိတ်အပြည့်နဲ့ မညစ် စတမ်း အလုပ်လုပ်မှ နောက်ကျနေတဲ့ ဘဝကနေ လွတ်မြောက်မယ်
ကျွန်တော်တို့ နိုင်ငံက အခုလို အပြောင်းအလည်း အချိန်မှာ အတော့ကို အထိအခိုက် အတိမ်းအစောင်း မခံတဲ့ အခြေအနေကို ရောက်လာမှာဘဲ၊ ကျွန်တော်ကို အခတ်အခဲဆုံး အချိန်ကို ကျော်ဖြတ်နေရပြီးလို့ ထင်ပါတယ်။ ဒီအချိန်မှာ ပြည်သူတွေဟာ နိုင်ငံရေး အသိရှိနေရန် လိုအပ်သလို၊ နိုင်ငံရေး နှစ်ဘက် အဖွဲ့ တွေကလည်း သတိကြီးစွာ တိုက်ပြည်မျက်နာကို ကြည့်ပြီး ကျော်ဖြတ်ရမည့်အချိန်လို့ ယူစမိတယ်။
ဒီတချီပြောင်းလည်းမှု့တွေ ပျက်သုန်းမှု့က တိုင်းပြည်ကို စစ်မီးထဲ တွန်းပို့သလိုဖြစ်သွားနိုင်တယ်လို့ တွေးစိတ်ပူမိတယ်။
လေးစားစွာဖြင့်
အဂ္ဂ
Monday, January 23, 2012
ချစ်လေး
ကိုယ့် စိတ်ဓါတ်တွေ ပြိုကွဲ ယိုင်လည်းနေခဲ့ရင်
ကိုယ့်ကို အားပေးပါ မေတ္တာတွေနဲ့ စကားလေးပြောပေးပါ၊
ကိုယ် အလုပ်တွေများပြီး စိတ်တွေရှုပ်လို့ စိတ်တွေတိုနေရင်
တီတီတာတာ စကားတွေနဲ့၊ အာရုံပြောင်းပေးလှည့်ပါ၊
ကိုယ်သိပ် ပျော်မြူးပြီး ထွေရာလေးပါတွေ စကားတွေ ဖေားနေရင်
ကိုယ့်ကို တိုးတိုးလေး အနားလာပြီး သတိပေးစကားပြောပေးပါ၊
ကိုယ် အတ္တတွေများပြီး အများအကျိုးကို ကိုယ့်အကျိုးအတွက်သုံနေရင်
မင်းလေး ကိုယ့်ကို ထားသာသွားလိုက်ပါတော့ ကိုယ်မင်းကို တစ်နေ့ ဒုက္ခပေးတော့မှာ -
တင်းပြမှု့လေး တစ်ခုပါ
လေးစားစွာဖြင့်
အဂ္ဂ
Thursday, January 12, 2012
အိမ်အို အိမ်ဟောင်းတစ်ခုကို ပြုပြင်ရသည်က အိမ်အသစ်တစ်လုံးဆောက်ရသည်ထက် ပိုမို၍ခတ်ခဲသည်ကို စာဖတ်သူတို့ သိပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်အိုဟောင်း တစ်ခုကို ပြန်လည်လို့ ပြုပြင်ရမည်မှာလည်း ဤနည်းအတိုင်းပင်ဖြစ်နေမည်မှာ မလွဲပေ။
တက်သိပညာရှင်များစွာမှ တက်သိပညာ အဖြာဖြာနဲ့ ရှေ့နောက် ချိန်ဆပြီး ပြုပြင်မှသာ အာရှနိုင်ငံများနည်းတူဖွံ့ဖြိုးတိုးတက်လာမည်ဟုပင်ဆိုရပေမည်။
စိတ်ကူတွေးထင် အခုတမျိုး တော်ကြာစိတ်ကူးရတမျိုး တစ်ယောက် တမျိုးထလုပ်နေလို့ကတော့
ငွေသာကုန် ၊အိမ်ဟောင်းကို ပြင်ကာမှ တိုက်ပျက်ကြီးနဲ့ တူနေပေတော့မည်။
တက်သိပညာရှင်များစွာမှ တက်သိပညာ အဖြာဖြာနဲ့ ရှေ့နောက် ချိန်ဆပြီး ပြုပြင်မှသာ အာရှနိုင်ငံများနည်းတူဖွံ့ဖြိုးတိုးတက်လာမည်ဟုပင်ဆိုရပေမည်။
စိတ်ကူတွေးထင် အခုတမျိုး တော်ကြာစိတ်ကူးရတမျိုး တစ်ယောက် တမျိုးထလုပ်နေလို့ကတော့
ငွေသာကုန် ၊အိမ်ဟောင်းကို ပြင်ကာမှ တိုက်ပျက်ကြီးနဲ့ တူနေပေတော့မည်။
Subscribe to:
Posts (Atom)
The Current State of the Yangon Real Estate Market (2026)
The Current State of the Yangon Real Estate Market (2026) In 2026, the Yangon real estate market continues to operate on a trajectory that d...
-
Charges Against Min Aung Hlaing under Existing Laws and International Statutes: 1. Domestic Offenses and Penalties under the Penal Code an...
-
Strategic Proposal for the Development of Myanmar's Shipbreaking Industry Title: From Meeting Steel Demand to Catalyzing an SME Ecosys...
-
Back in the day, I was the sole distributor for Singapore Starhub’s pfingo calling system in Myanmar. Initially, the official representativ...
