Search This Blog ရှာရန်

Saturday, June 19, 2010

လှည့်စားခံရသူများ သို့ GOV Vs NGO

လူတွေ သူ့ အလုပ် ကိုယ့်အလုပ် ကို သိရမယ် ပြီးတော့ ကိုယ်လုပ်နေတဲ့ အလုပ်ကိုလည်း သိရမယ်လို့ ထင်ပါတယ်
အုပ်ချုပ်သူက အုပ်ချုပ်တဲ့ အလုပ်ကို လုပ်ရမှာ ဖြစ်ပြီ လူ့ လောကအကျိုးပြု လုပ်ငန်းများ ကလည်း လွတ်လပ်စွာနဲ့ လူ့လောက အကျိုးပြုလုပ်ငန်းတွေလုပ်မယ
်ပေါ့... ဒီနေရာမှာ တိုတိုနဲ့ လိုရင်ပြောရမယ်ဆိုရင် GOV Vs NGO
အဲ့ဒီအကြာင်းကို ပြောတော့မယ် ဆိုရင် ပထမ What is GOV ဆိုတာကို ကိုယ့်အမြင်ကိုယ်ရှင်းအောင် လုပ်ရမှာပါ

ကျွန်တော်က GOV ကို Services for the People လို့ အလွယ်မှတ်တယ်.. သူတို့ဟာ ပြည်သူတွေရဲ့ ကိုယ်စာလှည်ဘဲပြည်သူ့ဝန်ထမ်းတွေဘဲ ဘာကြောင့် ပြည်သူ့ဝန်ထမ်းလို့ ပြောရသလည်းဆိုတော့ ပြည်သူတွေရဲ့အခွန်အငွေတွေကို လစာအဖြစ် ရယူသူတွေဖြစ်နေလို့ဘဲ... ဒီနေ့ ခေတ်မှာ ဒီလိုဘဲ မြင်ရမယ်မှတ်တယ်.ပြီးတော့ GOV ဆိုတာက သူတို့မှာ ပြည်သူနဲ့ အစိုရ လုပ်သူအကြားထားရှိတဲ့ ချုပ်ဆိုထားတဲံ အခြေခံဥပဒေ ဆိုတာကို အခြေခံပြီး လုပ်ပိုင်ခွင့်တွေ ထုပ်ယူသုံးစွဲရတယ်.... GOV ဆိုတာက ပြည်သူတွေကို ဥပဒေနဲ့ မှုပိုင်းတွေကို အုပ်ချုပ်ရမယ်ပေါ့ ဒီနေရမှာ ( ၂ ) ပိုင်းရှိတယ်
(၁) GOV က ပေါ်လစီတွေ ကိုင်ပြီး ပြည်သူတွေအတွက် မှန်ကန်တဲ့ လမ်းကို ထိန်သိမ်းပေးတာရ်
(၂) GOV က ပေါ်လစီတွေကိုင်ပြီး ပြည်သူတွေကို လှည့်စားနေတာရ်ပေါ့


NGO ကို ကျွန်တော်က အလွယ်မှတ်လိုက်တယ်... Policy from Financier ဒီနေ့ NGO တွေ မှာဘာကြောင့်ငွေတွေ ပေါနေရသလည်းဆိုတာကို သိဘို့လိုတယ် အရမ်းကို သဒ္ဒာပေါက်သူတွေလား လို့ တွေးကြည့်ပြီးတော့ ဘာကြောင့်ဒီလောက် သဒ္ဒာ သလည်းစဉ်းစားကြည့်။
NGO အားလုံးကို မဆိုလိုပင်မဲ့ အများစုက နောက်ခံ Co., ကြီးတွေ ရှိပါတယ် အဲ့ဒီ စီးပွားရေးတွေက နှစ်စဉ် အခွန်ငွေ အများကြီးဆောင်ရပါတယ် အဲ့ဒီတော့ အခွန် ဥပဒေ အများစုက ကိုယ်ကျိုးအသုံးမပြုဘဲ လူဘောင် အကျိုးပြုသုံးငွေတွေကို အခွန်ငွေထဲကနေ နှုတ်ပေးရပါတယ်... အဲ့ဒီ ဥပဒေ မြန်မာပြည်မှာလည်း ရှိပါတယ်... အလှုငွေးဖြတ်ပိုင်းတွေကို အမြတ်ခွန်ရှင်းတဲ့ အခါ အမြတ်ခွန်ကနေ နှုတ်ခိုင်းလို့ ရပါတယ်။ အဲ့ဒီနေရာမှာ အခွင့်ကောင်းယူတဲ့ စီးပွားရေးသမားများ ၂ မျိုးရှိနိုင်ပါတယ်
(၁) GOV မှ တဆင့် လူ့ဘောင်အကျိုးပြုလုပ်ငန်းများ မလုပ်ချင် ကိုယ်တိုင် Foundation ထောင်ပြီး လုပ်တဲ့သူ
(၂) မြန်မာနိုင်ငံ စီးပွားကူးသန်း ဥပဒေ Section 54 အရ non-profit Foundation ထောင်ပြီး လုပ်ပါတယ် ရည်ရွယ်ချက်တွေကတော့ အတော့်ကို ကောင်းတယ်.. အမြတ်ငွေတွေကို ရာနှုံးပြည့် ရည်ရွယ်ချက်ပါ အကျိုးပြုလုပ်ငန်းတွေကို လှူပါတယ် ဒါပင်မဲ့ သိန်း ၄၀၀ မြတ်တယ် သိန်း ၄၉၀ လောက်က ဟိုလူ ဒီလူ စာရင်းနဲ့ လစာကြီးကြီးပေးထားတဲ့ ခေါင်းစဉ်နဲ့ ထုပ်ယူလိုက်ပြီး ၁၀သိန်း လောက်တော့လှူပါတယ် ဒါပင်မဲ့လည်း ဥပမာပေးတဲ့ အလှူငွေ ၁၀ သိန်းဆိုပင်မဲ့ ပြင်ပလောကမှာက အမြန်ငွေးတွေက များလွန်းပြီး အခွန်းငွေတွေကလည် များလွန်းတာကြောင့် သူတို့ ပေးလိုက်ရတဲ့ အလှူငွေတွေက အမြတ်ခွန်ဆောင်ရမဲ့ ၁၀ ပုံ တစ်ပုံတောင်မရှိချင်ပါဘူး ဒါပင်မဲ့လည်း ဒီနေ့ အာရှလို နိုင်ငံ တွေမှာရှိတဲ့ NGO တွေကိုတော့ အလုပ်ဖြစ်စေခဲ့ပါတယ်... ဒီမှာက ဒေါ်လာ ၁၀၀ ဆိုလည် ၁၀၀ ဆိုသလောက် ဘဲလေ..

ဒီနေရာမှာ အပြုသဘေားဆောင်တဲ့ အကြောင်းအရာတွေလည်းပြောရမှာပါ .. GOV တွေဟာ NGO တွေအပေါ် သတိကြီးစွာထားပြီး ကိုင်တွယ်လေ့ရှိပါတယ်.. အကြောင်းက သူတို့မှာ ပေါ်လစီက ရိုးရှင်းနေတက်ပြီး အစဉ်မပြေမှု့လေးတွေကို တခါတလေ မီဒီယာ နဲ့ပေါင်းပြီး ချဲထွင်မှု့တွေ လုပ်တက်လို့ပါ.. သူတို့ လုပ်ငန်း နာမည်ကြီးအောင် လုပ်သလို ဖြစ်နေတာတွေလည်း ရှိပါတယ်.. ဒါပင်မဲ့ ဒီလို ရှိနေချင်းကိုက GOV ရဲ့ လစ်ဟာမှု့တွေကို များစွာ အသိပေးထောက်ပံ့ရာ ရောက်ပါတယ်..တကယ်တမ်းက အစိုးကလုပ်တဲ့ ပြည်သူ့လုပ်ငန်းတွေဟာ NGO တွေထက် ပိုမိုကြီးများ ကျယ်ပြန်ပြီး ထိရောက်ပါတယ်။ ငွေကြေးအရလည်း များစွာ တက်နိုင်ပါတယ် ဒါပင်မဲ့ NGO တွေလောက်တော့ အခြေခံ ကျကျ သိရှိ ဖြန့်ဖြူး ထိန်းသိမ်း နိုင်စွမ်းတော့ နည်းပါတယ်။ ဒီတော့ NGO တွေဘက်က ထောက်ပြ လာတာတွေကို အစိုးရအနေနဲ့က အရည်ခွန်ထူထူ နဲ့ လေ့လာသုံးသပ် သင့်ပါတယ်.

အတိုက်အခံကို လက္ခံတဲ့ ပါလီမန် အစိုရတွေ တောင်မှ တစ်ခါ တလေ အတိုက်ခံ ကို အပြီးရှင်းလိုက်တာတွေ အများ ကြီးတွေ့မြင်ရပါတယ်.. တဖတ် အတိုက်အခံက ဘားမှ မပြောနိုင်လောက်အောင်ကို ပရိယာယ် တွေသုံးပြီး ဖြိုခွင်လေ့ရှိပါတယ် အဲ့ဒီတော့ရလဒ်က ပြည်သူတွေနစ်နာတယ် အဆိုတစ်ခု က အတိုက်အခံဘက်က ထောက်ပြ နိုင်ခွင့်ဆုံးရှုံးသွား တဲ့ နေအထားမျိုးတွေမှာ မီဒီယာတွေ က အထောက်အကူပြု အတိုက်အခံပြုလာလေ့ရှိပါတယ်
သူတို့က တော့ သူတို့ မီဒီယာနဲ့ ပြည်သူတွေကို ချပြရတဲ့ အလုပ်ပေါ့ ... ဒီနောက်မှာတော့ NGO တွေ ဘက်ကနေ လက်တွေနဲ့ အခြေအနေတွေကို နိုင်ငံတကာနဲ့ ပြည်သူတို့ရဲ့အင်အားနဲ့ အစိုးရကို ဖိအားပေး နိုင်ခွင့်ကို အခြေအနေက မပေးဘဲ ရလာတက်ပါတယ်... ဒီလို ရှိနေတာကိုက တိုင်းပြည်တိုးတက်ဘို့ ဆောင်ရွက်တဲ့ နေရာမှာအစိုရ အဖွဲ့ဝင် အာဏာ ရှိတွေ လုပ်ချင်သလို လုပ်၊ ကိုယ်ကျိုးရှားမှု့တွေ စသည့် ပရမ်းပတာ လုပ်မှု့တွေကို ကိုယ်ရှိန်သက်စေတဲ့ အတွက် ၄င်း အစုအဝေးကတော့ ဒီလို ပွင့်လင်းပြီး အပြန်အလှန်ရှိတဲ့ ထိန်းညှိမှု့တွေကို လိုလားမည်မဟုတ်ပါ။
ဒီနေရာမှာ NGO ဆိုတာကို ဒီနေ့ ကျွန်တော်တို့ တွေ့မြင်နေတဲ့ NGO တွေလောက်မဟုတ်ပါဘူး၊ သမဂ္ဂ တွေကိုလည်း ထည့်တွက်ရမယ်လို့ ဆိုလိုက်ရင် ပိုရှုင်းသွားနိုင်မယ်ထင်ပါတယ်..
NGO ဆိုမှတော့ အစိုးရ မဟုတ်တဲ့ အဖွဲ့တွေ အားလုံးပါတယ်ပေါ့ ... ဒီတော့ လူမှု့ရေးအဖွဲ့တွေ ၊ဘာသာရေးအဖွဲ့တွေ သမဂ္ဂတွေ စီးပွားရေးအဖွဲတွေ စသည်ဖြင့်အားလုံးပေါ့

ကိုယ်လွတ်ရုံးသူတို့ရဲ့ အပြုံး

စားနေရလို့ ငတ်နေသူကို မေ့နေသူ၊
ကိုယ်စားနေရတာကို အဟုတ်ထင်၊
မာန်ဖီ့ ဟစ်ကြွေး သူတို့ ဘ၀က ၊
ဟိုလူ့ အိမ်စောင့် ခွေးလောက်မှ၊
နင်မနေရသေး ၊
အမှီး နံ့မပြနဲ့၊

ချစ်သူ

ချစ်သူရေ မင်းအတွက်
ကိုယ့်သတ္တိတွေ မွေးလိုက်ပြီ
ဒီလို နေရတဲ့ ဘဝကနေ
ဟိုလို နေတဲ့ ဘဝစီသို့
ငါရင်ဆိုင်ကာ ကျော်လွှားမယ်
သစ္စာရယ် အတည်ထားသည်မို့
မေတ္တာရယ် ငါ မများပါ.....
ခမောက်ကွယ် အတူစောင်းစို့လား
အဂ္ဂ

သမက် ရွေးတဲ့ပွဲ

အခတ်ရယ် ကြုံပြီမို့
အရပ် ကွယ် မကယ်နိုင်
ငါ့သမီး လင်ယူလို့ မှိုင်၊

သမီးကို ယုံပုံလို့
ဘဝကွယ် ပေးလိုက်တဲ့
နောင်တရယ် မဖြေနိုင်၊

နောင်ကွယ် ဟိုလူုတို့
သမက် ကွယ် ကြိုရှာစို့
မဲပေးတဲ့ အကြံ၊

အဂ္ဂ

ခမောက်ဘဲဗျို့

ဇတ်ပြောင်းရင်
ဂွင်ကောင်း ရပေမဲ့၊

ခမောက်စောင်းကာ
သစ္စာရှိနေခဲ့သူတွေ၊

ဘဝပြောင်းတောင်
သစ္စာမမဲ့သူတွေမို့၊

ယုံကြည်စွာ သစ္စာ ဆိုတယ်
ငါလည်း ခမောက်ဘဲဗျို့.........။
အဂ္ဂ

လုပ်တာ မဟုတ်လို့ မဟုတ်တာ လုပ်တယ်

ရေရှာ ရေရှာမတွေ ဘီယာဝယ်သောက်... အင်း ဒီနေ့ ဟိုတွေးဒီတွေးနဲ့ ရွေးကောက်ပွဲ ဆိုတာလေးကို တွေးမိတော့
စိတ်ထဲ သိပ်ဘဝင် မကျမိဘူး... ရွေးပြီးကောက်မှတော့ သူလိုချင်တာတွေဘဲ ရသွားမှာပေါ့... ရွေးချယ်တယ်ဆိုတာလေးက ပိုပြီး ကောင်းမလားစဉ်းစားမိတယ်...

မီဒီယာ

မီဒီယာ ဆိုတာက ပြည်သူတွေရဲ့ မျက်လုံး လို့တင်စားခေါ်ဝေါ်ကျတယ်...တိုင်ပြည်ကို အဓိက တရားမျှတအောင် သတင်းမီဒီယာ တွေဟာလည်း နံပါတ်လေး အဆင့်ရှိတဲ့ အခြေခံအုပ်မြစ်တွေပါ... မီဒီယာဆိုတာက သတင်း တွေကို စုစည်းတင်ပြမယ်..အဖြစ်မှန်တွေကို ဖေါ်ထုပ် ထောက်ပြမယ်.. မီဒီယာ တွေရဲ့ တင်ပြမှု့တွေကို ပြည်သူတွေသာမက တိုင်းနိုင်ငံ အုပ်ချုပ် မင်းလုပ်သူတွေကလည်း လေးစားသင့်ပါတယ်.. တခါတလေ မီဒီယာ အမှား ဆိုတာလည်း ရှိနိုင်ပါတယ်.. သတင်းမှားဖေါ်ပြတာတွေ ... ဘက်လိုက်တဲ့ သတင်းတွေ စသည်စသည်ဖြင့်ပေါ့.. အဲ့ဒါနဲ့ မီဒီယာဆိုတဲ့ ပြည်သူ့ မျက်လုံးကို ထိုးဖေါက်လိုက်လို့တော့ မဖြစ်သင့်ဘူး.. မြန်မာပြည်မှာ မီဒီယာလွတ်လပ်ခွင့်တွေ ဟာ လွတ်လပ်ရေးနဲ့ အတူ ပါမလာ ခဲ့ပုံရတယ်....ဟိုရောင် ဒီရောင်နဲ့ တိုင်းပြည်လွတ်လပ်ရေးရပြီး ၁၂ နှစ်တောင်ခံလိုက်ရဲ့လားမသိဘူး.. အဲ့ဒီခေတ် နောက်ပိုင်း တွေဟာ မြန်မာ့မီဒီယာ ပြည်သူ့မျက်လုံးတွေဟာ... မျက်မှန်အနက်တွေ တက်ထားတဲ့ မီဒီယာ တွေနဲ့ တူကုန်တာပါဘဲ.....
မြန်မာပြည်မှာ ဂျာနယ်တွေနဲ့ မီဒီယာ တခေတ်ကို လှမ်းလာခဲ့ပါတယ်... ဒါပင်မဲ့ လည်ပင်မှာ ကြိုးတန်လန်းနဲ့ပါ...
ယနေ့ ခေတ်မှာ ကျုပ်တို့ မြန်မာပြည်အတွက် မီဒီယာ တွေဟာ သိပ်ပြီး အရေးကြီးတဲ့ အခြေအနေမှာရှိတယ်..
တိုင်းပြည်ရဲ့ ပြည်သူ့ မျက်ဝန်း စစ် စစ်ဖြစ်အောင် ကြိုးစာလာသင့်တယ်....
ဝါဒဖြန့်မီးဒီယာတွေ ၊ ဘက်လိုက်မီဒီယာတွေ ၊ ဒါတွေက စလာတဲ့ မီဒီယာတွေ ကနေ ပြည်သူ့အတွက် မီဒီယာတွေ ဖြစ်လာပါစေ

The Current State of the Yangon Real Estate Market (2026)

The Current State of the Yangon Real Estate Market (2026) In 2026, the Yangon real estate market continues to operate on a trajectory that d...