မြန်မာနိုင်ငံ ဟာ အရှေ့တောင်အာရှ မှာ အတိုးတက်ဆုံး၊ ခေတ်အမှီဆုံး လုပ်ငန် အလုပ်အကိုင် အခွင့် အလမ်း အများဆုံး အချိန်ကရန်ကုန်မြို့ မှာ လာရောက် အလုပ်လုပ်တဲ့ သူတွေထဲမှာ India နိုင်ငံသားတွေ ကအများဆုံးပေါ့ ဟိုး တရားသူကြီး၊ ရဲအရာရှိ ကစလို့ ခြံစောင့် အဲ နောက်ဆုံး သူတောင်းစား အလုပ်သည်ပင် အလုပ်ကြီး အကိုင်ကြီးတစ်ခု လို ဖြစ်ခဲ့တာ ပုံပြင် တစ်ပုဒ် တော့ မဟုတ်ပါ။ မြန်မာလူမျိုးများရဲ့ သဒါတရား၊ မေတ္တာ စေတနာ တရား တွေက ဘယ်လောက်များ များသလဲ ဆိုရင် သူတောင်းစား အလုပ်အကိုင် အခွင့် အလမ်းကလည်း ရန်ကုန်မြို့မှာ အတော့ကို ကောင်းတဲ့ အလုပ်ကြီးပေါ့ ယခု ၂၈လမ်း အောက်ဆုံး ဘလောက်မှာတော့ သူတောင်းစား ဟော်တယ် ဆိုရမလား သူတို့ တည်းခို နေထိုင်နိုင်အောင် အိပ်စဉ် နဲ့ ဌားတဲ့ အိမ်ကြီးတစ်လုံးလည်း ရှိခဲ့ဘူးတယ်။ သူတောင်းစားတွေ တည်းတဲ့ ဟိုတယ် ဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့ ၎င်း နေရာကို လေ့လာ သွားရောက်ကြည့်တုန်းက ၎င်း နေရာက ခေတ်ကောင်းတုန်းက တစ်နေ့ ဝင်ငွေဟာ ဟော်တယ်ကြီးတစ်ခု လောက်ရှိတယ် ဆိုဘဲ..ဒါပင်မဲ့ ယခုတော့ အဆောက်အဦးဟောင်း တစ်ခု အနေနဲ့ ယနေ့ အချိန်အထိ ရှိနေပြီး အပေါ်ထပ်တွေဟာ ဘာမှ ဌားထားတာ မရှိပင်မဲ့ အောက်ထပ်တွေကတော့ ဆိုင်တွေကို ဌားထားတာတွ...
Notes and Thoughts of Ko Agga @ Aung Myo Lwin