Search This Blog ရှာရန်

Sunday, August 23, 2026

ကျွန်တော် အမှတ်ရသော မြန်မာ့သစ်ခွများ


ကျွန်တော် အမှတ်ရသော မြန်မာ့သစ်ခွများ

ကျွန်တော် အမှတ်မမှားလျှင် ၁၉၉၈ ခုနှစ်ခန့်က ယနေ့ M3 ဘောလုံးကစားကွင်းရှိရာနေရာတွင် မြန်မာ့သစ်ခွပြပွဲတစ်ခု ကျင်းပခဲ့ဖူးပါသည်။ ထိုပြပွဲအတွက် ပြသခဲ့သော သစ်ခွအများစုကို ထိုင်းနိုင်ငံမှ သယ်ဆောင်လာခဲ့ကြပြီး၊ အရောင်အသွေးစုံလင်ကာ ထူးခြားလှပသည့် သစ်ခွမျိုးများကို မြင်တွေ့ခွင့်ရခဲ့ပါသည်။
ထိုခေတ်က Thai Airways လေယာဉ်စီးဖူးသူများအနေဖြင့် ခရီးသည်များအား အရောင်တူ၊ အရွယ်တူ သစ်ခွပန်းလေးများကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်လေ့ရှိသည်ကို မှတ်မိကြမည်ထင်ပါသည်။ ထိုသစ်ခွပန်းလေးများသည် အရွယ်တူ၊ အရောင်တူသစ်ခွပန်းများဖြစ်အောင် မျိုးရိုးဗီဇ ပြုပြင်ထားသည့် ထိုင်းနိုင်ငံ၏ ပန်းစိုက်ပျိုးရေးနှင့် သစ်ခွလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်စားပြုသည့် အမှတ်တရတစ်ခုလည်း ဖြစ်ခဲ့ပါသည်။
ထိုအချိန်က ကျွန်တော်သည် ရန်ကုန်အခြေစိုက် ထိုင်းကုမ္ပဏီတစ်ခုတွင် Protocol Officer အဖြစ် အလုပ်လုပ်ကိုင်နေခဲ့ပါသည်။ ထို့ကြောင့် သစ်ခွပြပွဲနှင့် ဆက်စပ်သော သယ်ယူပို့ဆောင်ရေးကိစ္စများ၊ ထိုင်းနိုင်ငံမှ သစ်ခွကျွမ်းကျင်ပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်သည့်အခါ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရသည့် တာဝန်များကိုလည်း ယူခဲ့ရပါသည်။
ထို့အပြင် ထိုစဉ်က အလှပန်းစိုက်ပျိုးရေးလုပ်ငန်းများရှိခဲ့သော ချင်းချောင်းနှင်းဆီခြံနှင့် လူကုန်တန်ခြံကြီးများအတွင်းမှ နှစ်ဆီး၊ သဇင်နှင့် သစ်ခွမျိုးစုံ စိုက်ပျိုးထားသည့်ခြံများသို့လည်း ထိုင်းပညာရှင်များကို လိုက်လံပြသပေးရပါသည်။
ထိုသို့ ကူညီဆောင်ရွက်ရစဉ် ပါလာသော ထိုင်းသစ်ခွကျွမ်းကျင်သူများက မြန်မာနိုင်ငံ၏ သဘာဝဒေသရင်း သစ်ခွမျိုးများကို အထူးစိတ်ဝင်စားကြပြီး၊ ထိုကဲ့သို့သော မျိုးရင်းသစ်ခွများကို ရယူလိုကြောင်း ပြောပြခဲ့ပါသည်။
ထိုင်းနိုင်ငံတွင် စီးပွားဖြစ်သစ်ခွမျိုးများကို နှစ်ကာလရှည်ကြာ မျိုးစပ်ပြုပြင်လာခဲ့သည့်အတွက်၊ မျိုးရိုးဗီဇပြုပြင်ရန် အရည်အသွေးနိမ့်လာခြင်းကို ရင်းဆိုင်နေရပါတယ်၊ သို့သော်မြန်မာနိုင်ငံ၏ သဘာဝတောများတွင် ပေါက်ရောက်နေသည့် မျိုးစပ်ပြုပြင်ခြင်း မပြုထားသော မူရင်းသစ်ခွမျိုးများ လိုအပ်ကြောင်း ရှင်းပြခဲ့ပါသည်။
ထိုစဉ်က ရွှေဂုဏ်တိုင်ဘက်၊ ယခု စကူရာအိမ်ရာများ ဆောက်လုပ်ထားသည့်နေရာအနီးနှင့် ကန်တော်ကြီးပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးအချို့တွင် သဘာဝအလျောက် ကပ်ပေါက်နေသော သစ်ခွပင်ရင်းများကို တွေ့ရတတ်ပါသည်။ ထိုမှတစ်ဆင့် စုံစမ်းရှာဖွေခဲ့ရာ ရခိုင်-တောင်ဂုတ်လမ်းအတက်ဘက်တွင် သဘာဝပင်ရင်းအစစ် သစ်ခွများ၊ အင်းမတန်များလှသည့် ဝါးတောများကို တွေ့ရှိခဲ့ရပါသည်။
ထိုသစ်ခွများကို ထိုခေတ် လုပ်ငန်းဝန်းကျင်တွင် “L-Zero” ဟု ခေါ်ဆိုကြပါသည်။ ယင်းသည် သိပ္ပံအမည်ဖြစ်သည်ဟု မဆိုလိုဘဲ၊ သဘာဝပင်ရင်းသစ်ခွအုပ်စုတစ်မျိုးကို ရည်ညွှန်းသည့် ထိုစဉ်က လုပ်ငန်းသုံးအခေါ်အဝေါ်တစ်ခု ဖြစ်နိုင်ပါသည်။
ထို့နောက် မြန်မာ့သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီး ထိုသစ်ခွများကို စနစ်တကျ ခူးယူကာ အမြောက်အများ ပို့ဆောင်ပေးခဲ့ရဖူးပါသည်။
ယနေ့ ပြန်လည်စဉ်းစားမိသည့်အခါ မြန်မာနိုင်ငံသည် သစ်ခွပန်းအလှသာမက၊ သစ်ခွမျိုးရင်းများ၊ အင်မတန်ကြီးများသည့် ဝါးတောများ၊ သုတေသနနှင့် အနာဂတ်စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် သဘာဝဒေသရင်း မျိုးရိုးဗီဇအရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်ကြောင်း ပိုမိုသတိပြုမိပါသည်။
ဤအဖိုးတန် သဘာဝအမွေအနှစ်များကို မဆင်မခြင်ခူးယူရောင်းဝယ်ခြင်းမှ ကာကွယ်ပြီး၊ သက်ဆိုင်ရာဥပဒေ၊ ခွင့်ပြုချက်နှင့် သိပ္ပံနည်းကျ ထိန်းသိမ်းမွေးမြူရေးစနစ်များအောက်တွင် ကာကွယ်စောင့်ရှောက်နိုင်လျှင် မြန်မာ့သစ်ခွများသည် နောင်လာမည့်မျိုးဆက်များအတွက်လည်း အလှတရားနှင့် တန်ဖိုးကို ဆက်လက်ပေးစွမ်းနိုင်မည်ဟု ယုံကြည်မိပါသည်။
အောင်မျိုးလွင် ( အဂ္ဂ

Sunday, August 16, 2026

SHAMIE Bakery & Confectionery

 SHAMIE Bakery & Confectionery




There is something important to clarify here, as it is a common point of confusion between SHAMIE and SHAMI: "Shami" refers to Shami Kebab, which is made by grinding meat with split peas and frying it.

It was also sold at the Shamie Bakery, but it is not called Shami Kebab because the bakery made it.

Secondly, Shamie is a person's name. Before World War II, there used to be an Iranian Club next to the Sule Bengali Mosque. During the war, U Myaung Mya National School Principal Haji U Aung Ba (U Abdullah) and a person named Shamie discussed opening a bakery together once the war ended.

However, after the war ended, Shamie provided the initial bakery machinery and recipes he owned before returning to Iran.

Haji U Abdullah, later known as Shamie U Abdullah, started the business to expand operations in partnership with the family of Mr. Patel—who served as the Mayor of Rangoon in the 1930s–1940s—along with 11 other shareholders.

Haji U Abdullah personally managed the operations as the Shamie Manager, traveling to Germany to purchase and import machinery for hard candies, chocolates, and ice pops. He operated it as a modern establishment selling Shamie candies, Shamie falooda, Shamie parfaits, Shamie cookies, toasted bread, toasted cakes, and a wide variety of cakes in Myanmar until it was nationalized.

SHAMIE မုန့်တိုက်



SHAMIE မုန့်တိုက်






ဒီနေရာမှာ တစ်ခုပြောပြစရာရှိပါတယ်၊ လူအများအမှတ်မှားနိုင်တဲ့အချက်ပါ SHAMIE နှင့် SHAMI၊ " Shami " ဆိုတာ Shami Kebab (ရှမီကာဘတ်) အသားကို ပဲနှင့်ကြိတ်ကြော်ထားတာကို ခေါ်ပါသည်၊

ရှာမီ မုန့်တိုက်မှာလည်း ရောင်းပါတယ်၊ သို့သော် ရှာမီမုန့်တိုက်က လုပ်လို့ ရှာမီကာဘတ်လို့ ခေါ်ခြင်းမဟုတ်ပါ။

နောက် Shamie ဆိုတာ လူနာမည် ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မဖြစ်ခင် ဆူးလေဘင်္ဂါလီဗလီဘေးမှာ Iranian Club ရှိခဲ့ဖူးပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ချိန် မြောင်းမြအမျိုးသားကျောင်းအုပ်ဆရာ ဟာဂျီဦးအဒူလာနှင့် Shamie ဆိုသူတို့ စစ်ပြီးရင် မုန့်ဆိုင်ဖွင့်ကြရအောင်ဆိုပြီး ဆွေးနွေးခဲ့ကြပါတယ်။

သို့သော် စစ်ပြီးသည့်အခါ ထိုရှာမီဆိုသူမှ ၎င်းပိုင် မုန့်ဖုတ်လုပ်ငန်းသုံး စက်များနှင့် ပြုလုပ်နည်းများနှင့်အတူ အစပြုပေးခဲ့ပြီး အီရန်သို့ ပြန်သွားပါသည်။

ဟာဂျီဦးအဒူလာ ခေါ် နောင် ရှာမီအဒူလာမှ လုပ်ငန်းတိုးချဲ့စတင်နိုင်ရန် ၁၉၃၀ - ၁၉၄၀ ခုနှစ်များက မြို့တော်ဝန်လုပ်ခဲ့သော Mr. Patel (ပတေးလ်) မိသားစုနှင့် အစုရှယ်ရာရှင် ၁၁ ဦးဖြင့် စတင်ခဲ့သည်။

ဟာဂျီဦးအဒူလာသည် ရှာမီမန်နေဂျာအဖြစ် ကိုယ်တိုင်ဦးစီးပြီး ဂျာမနီ (Germany) မှ သကြားလုံးစက်၊ ချောကလပ်စက်၊ ရေခဲချောင်းစက်စသည်ဖြင့် ကိုယ်တိုင်သွားရောက်ဝယ်ယူတင်သွင်းခဲ့ပြီး၊ ခေတ်မီသော ရှာမီသကြားလုံး၊ ရှာမီဖာလူဒါ၊ ရှာမီပါဖ်၊ ရှာမီကွတ်ကီး၊ ပေါင်မုန့်ကျွတ်၊ ကိတ်ကျွတ်၊ ကိတ်မုန့်မျိုးစုံ ရောင်းချသည့်ဆိုင်တစ်ခုအဖြစ် ပြည်သူပိုင်မသိမ်းမီအထိ မြန်မာပြည်တွင် ဖွင့်လှစ်ခဲ့သည်။

Friday, August 14, 2026

Karen လိုအဖြစ်မျိုး ဘယ်လောက်အထိရှိနေသလဲ

 

Karen လိုအဖြစ်မျိုး ဘယ်လောက်အထိရှိနေသလဲ



Karen Newton အမှုက ထူးခြားပြီး သီးခြားဖြစ်ရပ်တစ်ခုသာဟု မပြောနိုင်တော့ပါ။ သို့သော် “တရားဝင် tourist visa ကိုင်ထားသော နိုင်ငံခြားခရီးသွားတစ်ဦးကို ICE က ရက်သတ္တပတ်များစွာ ထိန်းသိမ်းခဲ့သည့်အမှု” မည်မျှရှိသည်ကို ဖော်ပြသော အစိုးရ၏ သီးခြားစာရင်းမရှိသဖြင့် အတိအကျ ရေတွက်မရပါ။ ရရှိထားသည့် သတင်းမှတ်တမ်းများက ထိုကဲ့သို့သောအမှုများသည် လူသိရှင်ကြားထွက်လာသော အနည်းငယ်သာ ဖြစ်နိုင်ကြောင်း ပြသနေသည်။[theguardian]

Karen Newton အမှု

Guardian ၏ ဖော်ပြချက်အရ အသက် ၆၅ နှစ်ရှိ ဗြိတိန်နိုင်ငံသား Karen Newton သည် အမေရိကန်သို့ လည်ပတ်ရန် ဝင်ရောက်ခဲ့သူဖြစ်ပြီး၊ သူမ၏ tourist visa သက်တမ်းမှာ မကုန်သေးပါ။ သို့သော် ခင်ပွန်း Bill ၏ visa သက်တမ်းကုန်သွားခြင်းနှင့် ကနေဒါနယ်စပ်မှ ပြန်လှည့်ရခြင်းနောက်ပိုင်းတွင် Karen ကိုပါ လက်ထိပ်၊ ခြေကျင်းခတ်ကာ ထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။ သူမသည် Montana နယ်စပ်ထိန်းသိမ်းရေးစခန်းတွင် သုံးရက်၊ Washington ပြည်နယ် Tacoma ရှိ Northwest ICE Processing Center တွင် ဆက်လက်နေထိုင်ရပြီး စုစုပေါင်း ၄၂ ရက်ခန့် ထိန်းသိမ်းခံခဲ့ရသည်။[theguardian]

ICE ဘက်က Karen ကို ခင်ပွန်း၏ ခရီးစဉ်ပြင်ဆင်ရာ၌ ကူညီခဲ့ခြင်းကြောင့် B tourist visa စည်းကမ်းကို ချိုးဖောက်သည်ဟု သတ်မှတ်ခဲ့ကြောင်း Guardian က ရေးသားထားသည်။ Karen နှင့် Bill တို့သည် “voluntary self-removal” စာရွက်ကို လက်မှတ်ထိုးခဲ့ပြီး၊ ထိုစာရွက်သည် တရားရုံးကြားနာခွင့်ကို စွန့်လွှတ်ရနိုင်သည့်အပြင် အမေရိကန်ပြန်ဝင်ခွင့်ကို ၁၀ နှစ်အထိ ကန့်သတ်နိုင်သည့် အကျိုးဆက်ရှိနိုင်သည်ဟု သတင်းက ဖော်ပြသည်။[theguardian]

လူသိရှင်ကြားထွက်လာသော အလားတူအမှုများ

Guardian ဆောင်းပါးတွင် Karen မတိုင်မီ သို့မဟုတ် အနီးကပ်ကာလများအတွင်း လူသိရှင်ကြားထွက်လာသော နိုင်ငံခြားခရီးသွား ထိန်းသိမ်းခံရမှုများကိုလည်း ဖော်ပြထားသည်။

အမည်/နိုင်ငံသားအခြေအနေထိန်းသိမ်းခံရသည့်ကာလ
Jessica Brösche, ဂျာမနီICE ထိန်းသိမ်းမှု၊ solitary confinement ပါဝင်၄၅ ရက်
Rebecca Burke, ဗြိတိန်အမေရိကန်မှ ထွက်ခွာရန်ကြိုးစားစဉ် ထိန်းသိမ်းခံရ၁၉ ရက်
Jasmine Mooney, ကနေဒါICE detention center တွင် ထိန်းသိမ်းခံရ၂ ပတ်
New Zealander တစ်ဦးနှင့် ၆ နှစ်အရွယ်သားICE ထိန်းသိမ်းမှု၃ ပတ်
Karen Newton, ဗြိတိန်Visa သက်တမ်းရှိနေသေးသော်လည်း ခင်ပွန်း၏အမှုနှင့် ဆက်စပ်၍ ထိန်းသိမ်းခံရ၄၂ ရက်

ဤစာရင်းသည် စုစုပေါင်းဖြစ်ရပ်အရေအတွက် မဟုတ်ပါ။ သတင်းမီဒီယာနှင့် လူမှုကွန်ရက်ထဲသို့ ရောက်လာပြီး ကိုယ်တိုင်ထုတ်ဖော်ပြောဆိုခဲ့သူများသာဖြစ်သည်။ အများအပြားမှာ အလုပ်လုပ်ရန် ရည်ရွယ်ချက်ရှိသည်ဟု သံသယခံရခြင်း၊ visa သို့မဟုတ် ဝင်ရောက်ခွင့်ဆိုင်ရာ ပြဿနာတစ်ခုနှင့် ကြုံခြင်းများက စတင်အကြောင်းရင်း ဖြစ်ခဲ့သည်။[theguardian]

“ဘယ်လောက်အထိ” ဆိုသည့် အဖြေ

တရားဝင် visa ရှိသည့် tourist များထဲမှ Karen ကဲ့သို့ ထိန်းသိမ်းခံရသူ အရေအတွက်ကို ခွဲခြားထုတ်ပြသော ICE/DHS data မရှိပါ။ ထို့ကြောင့် “ရာချီ၊ ထောင်ချီ” ဟု ယုံကြည်စိတ်ချစွာ မပြောနိုင်ပါ။

သို့သော် ပိုကျယ်သော ICE detention ပမာဏကိုကြည့်လျှင် ထိန်းသိမ်းရေးစနစ်၏ အရွယ်အစားမှာ အလွန်ကြီးမားလာခဲ့သည်—

  • ၂၀၂၆ ဇန်နဝါရီ ၂၅ ရက်အထိ ICE ထိန်းသိမ်းထားသူ ၇၀,၇၆၆ ဦး ရှိခဲ့ပြီး၊ ၎င်းတို့အနက် ၅၂,၅၀၄ ဦး၊ သို့မဟုတ် ၇၄.၂% တွင် criminal conviction မရှိကြောင်း TRAC Immigration က ဖော်ပြသည်။[tracreports]
  • ၂၀၂၆ ဧပြီ ၄ ရက်အထိ ထိန်းသိမ်းထားသူအရေအတွက် ၆၀,၃၁၁ ဦးသို့ လျော့သွားခဲ့သော်လည်း၊ ၄၂,၇၂၂ ဦး သို့မဟုတ် ၇၀.၈% မှာ criminal conviction မရှိသူများဖြစ်ခဲ့သည်။[tracreports]
  • ၂၀၂၅ ဒီဇင်ဘာလတစ်လတည်းတွင် ICE detention သို့ အသစ်ဝင်ရောက်မှတ်တမ်းတင်ခံရသူ ၄၂,၁၂၈ ဦး ရှိခဲ့သည်—ICE ဖမ်းဆီးမှု ၃၇,၈၄၂ ဦးနှင့် CBP မှ ၄,၂၈၆ ဦး ပါဝင်သည်။[tracreports]

ဤကိန်းဂဏန်းများသည် Karen ကဲ့သို့ visa-valid tourist များကိုသာ ရည်ညွှန်းခြင်းမဟုတ်ပါ။ သို့သော် ICE detention စနစ်သည် အလွန်ကျယ်ပြန့်လာပြီး၊ ရာဇဝတ်ပြစ်မှုမှတ်တမ်းမရှိသူများက ထိန်းသိမ်းခံရသူအများစုဖြစ်နေသည်ကို ပြသသည်။[tracreports][tracreports]

သတင်းရေးရာ အဓိကအချက်

Karen Newton အမှု၏ အရေးကြီးသောသတင်းတန်ဖိုးမှာ “visa ရှိလျှင် လုံးဝအန္တရာယ်ကင်းသည်” ဆိုသော ယူဆချက်ကို စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ Visa သည် အမေရိကန်သို့ ဝင်ခွင့်အာမခံချက်မဟုတ်သလို၊ နယ်စပ်တွင် CBP နှင့် ICE တို့က ဝင်ရောက်ခွင့်၊ ထိန်းသိမ်းမှု၊ ပြန်လည်ထွက်ခွာစေမှုတို့အပေါ် ကျယ်ပြန့်သော ဆုံးဖြတ်ခွင့်ရှိသည်။

ဒါပေမဲ့ Karen ကဲ့သို့ အမှုများကို “တရားဝင်ဗီဇာရှိသူတိုင်း ဖမ်းဆီးခံရနိုင်သည်” ဟု ယေဘုယျသတ်မှတ်ခြင်းကလည်း မတိကျပါ။ သတင်းထွက်လာသောအမှုများတွင် နယ်စပ်ပြဿနာ၊ visa သက်တမ်းကုန်သူနှင့် အတူခရီးသွားခြင်း၊ အလုပ်လုပ်ရန်ရည်ရွယ်သည်ဟု သံသယခံရခြင်း၊ ခရီးစဉ်အထောက်အထားနှင့် သက်ဆိုင်သောအငြင်းပွားမှုများကဲ့သို့ သီးခြားအခြေအနေများ ပါဝင်နေသည်။[theguardian][nilc]

ရေးမိသည့်အကြောင်း 

ခေါင်းစဉ်အကြောင်း — “Karen လိုအဖြစ်မျိုး ဘယ်လောက်အထိရှိနေသလဲ”

အမေရိကန်သို့ တရားဝင် tourist visa ဖြင့်သွားရောက်ခဲ့သော ဗြိတိန်နိုင်ငံသား Karen Newton သည် ခင်ပွန်း၏ visa သက်တမ်းကုန်ခြင်းနှင့် ဆက်စပ်ကာ ICE ထိန်းသိမ်းရေးစခန်းတွင် ခြောက်ပတ်နီးပါး နေခဲ့ရသည်ဟု Guardian သတင်းက ဖော်ပြသည်။ Karen ၏ visa သက်တမ်းမှာ မကုန်သေးသော်လည်း၊ အမေရိကန်မှ ထွက်ခွာရန်ကြိုးစားစဉ် လက်ထိပ်၊ ခြေကျင်းခတ်ခံရပြီး Tacoma ရှိ ICE detention center သို့ ပို့ဆောင်ခံခဲ့ရသည်။[theguardian]

Karen ၏ဖြစ်ရပ်သည် တစ်ဦးတည်းသော ထူးခြားဖြစ်ရပ်ဟု အလွယ်တကူ မဆိုနိုင်တော့ပေ။ ၂၀၂၅–၂၆ ကာလအတွင်း ဂျာမနီ၊ ဗြိတိန်၊ ကနေဒါနှင့် နယူးဇီလန်မှ ခရီးသွားများ ICE ထိန်းသိမ်းရေးစခန်းတွင် ရက်သတ္တပတ်များစွာ နေခဲ့ရသည့် အမှုများ လူသိရှင်ကြား ထွက်ပေါ်ခဲ့သည်။ သို့သော် valid visa ကိုင်ထားသော visitor များထဲမှ မည်မျှ ထိန်းသိမ်းခံရသည်ကို ခွဲခြားပြသသော အစိုးရကိန်းဂဏန်း မရှိသဖြင့် အမှန်တကယ်အရွယ်အစားကို တိတိကျကျ မသိရသေးပေ။[theguardian]

ထိန်းသိမ်းရေးစနစ်တစ်ခုလုံးကို ကြည့်လျှင် ICE သည် ၂၀၂၆ ဇန်နဝါရီတွင် လူပေါင်း ၇၀,၇၆၆ ဦးကို ထိန်းသိမ်းထားခဲ့ပြီး၊ ၇၄% ကျော်မှာ criminal conviction မရှိသူများဖြစ်ကြောင်း TRAC Immigration ၏ အချက်အလက်များက ဆိုသည်။ ထို့ကြောင့် Karen အမှုသည် “ခရီးသွားတစ်ဦး၏ မတော်တဆအဖြစ်” သာမက၊ အမေရိကန်၏ ပိုမိုကျယ်ပြန့်လာသော လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းမှုအတွင်း ပွင့်လင်းမြင်သာမှုနှင့် အချိုးကျမှုဆိုင်ရာ မေးခွန်းများကို ပိုမိုထင်ရှားစေသည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်နေသည်။[tracreports]

Wednesday, August 12, 2026

ဂျူး သို့မဟုန် အစ္စရာအီလ် (Banu Isra'il)

 ဂျူး



ကုရ်အာန်ကျမ်းတွင် အစ္စရာအီလ် (Banu Isra'il) ဟု ခေါ်ဆိုသော ဂျူးလူမျိုးများနှင့် ၎င်းတို့၏ ဘိုးဘေးများအကြောင်းကို သမိုင်းကြောင်း၊ ယုံကြည်ချက်၊ အကျင့်စရိုက်နှင့် ဘုရားသခင်၏ စမ်းသပ်မှုများအပေါ် အခြေခံ၍ အကျယ်တဝင့် ဖော်ပြထားသည်။

အစဦးတွင် ဘုရားသခင်သည် ဤအမျိုးအနွယ်အား ကမ္ဘာပေါ်ရှိ လူမျိုးများအပေါ် သာလွန်ကောင်းမွန်သော ကျေးဇူးတော်များ ပေးသနားခဲ့ပြီး၊ ပရောဖက်များစွာကို စေလွှတ်ကာ ကောင်းကင်ဘုံ၏ အထူးရွေးချယ်ခံရသူများအဖြစ် ဖော်ပြထားသည်။

ဥပမာအားဖြင့် စူရာဟ် အယ်လ်ဗာကိုရာ (2:47) တွင်

يَٰبَنِىٓ إِسْرَٰٓءِيلَ ٱذْكُرُوا۟ نِعْمَتِىَ ٱلَّتِىٓ أَنْعَمْتُ عَلَيْكُمْ وَأَنِّى فَضَّلْتُكُمْ عَلَى ٱلْعَٰلَمِينَ

" အို-အစ္စရာအီလ်၏မျိုးနွယ် အပေါင်းတို့၊ အသင်တို့အား ငါအရှင် ပေးသနားတောမူသော သုခချမ်းသာ ဂုဏ်ကျေးဇူးတော်များကို လည်းကောင်း၊ ငါအရှင်သည် အသင်တို့အား (အထူးထူးသော ဂုဏ်ထူးဝိသေသများဖြင့်) စကြာဝဠာ အပေါင်းထက် ထူးကဲစွာ ခြီးမြှင့်တော်မူခဲ့သည်ကို လည်းကောင်း၊ အောက်မေ့ သတိရကြကုန်။ "

သို့သော် ဤကဲ့သို့သော မရေမတွက်နိုင်သော ကျေးဇူးများကို ခံစားခဲ့ရသော်လည်း သမိုင်းတစ်လျှောက်တွင် အချို့သော အချိန်များ၌ ပရောဖက်များ၏ ညွှန်ကြားချက်များကို ဖီဆန်ခြင်း၊ နွားရုပ်တုကို ကိုးကွယ်ခြင်းစသည့် ပုန်ကန်မှုများကြောင့် ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုနှင့် စမ်းသပ်မှုများကို ခံခဲ့ရကြောင်း ကုရ်အာန်က သတိပေးထားသည်။

ဘုရားသခင်အပေါ် သဘောထားနှင့် ပတ်သက်၍လည်း ဂျူးဘာသာဝင်အချို့က မိမိတို့ကိုယ်ကို "ဘုရားသခင်၏ သားများ" ဟု ခံယူခြင်းကို စူရာဟ် အယ်လ်မာအိဒါ (5:18) ကဲ့သို့သော နေရာများတွင် ငြင်းဆိုထားပြီး၊ သန့်ရှင်းသော ကျမ်းစာများကို လက်တွေ့ဘဝတွင် လိုက်နာရန် ပျက်ကွက်ခြင်း သို့မဟုတ် စာသားများကို လိုသလို ပြောင်းလဲခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဝေဖန်ဖော်ပြထားသည်။

သို့ရာတွင် ဂျူးလူမျိုးအားလုံးကို တသမတ်တည်း အဆိုးမြင်ထားခြင်း မရှိပေ။ စူရာဟ် အာလေ အင်မ်ရန် (3:113-114) တွင် ဖော်ပြထားသည့်အတိုင်း ဂျူးလူမျိုးအားလုံး အတူတူမဟုတ်ဘဲ၊ ညအချိန်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရွတ်ဆိုကာ ပျပ်ဝပ်ကြသည့် သမ္မာတရားကို ကိုင်စွဲသူ၊ ပညာတတ်၊ ဘုရားသခင်ကို ကြောက်ရွံ့ကာ ကုသိုလ်ကောင်းမှုပြုသူ ဖြောင့်မတ်သည့် ပုဂ္ဂိုလ်များလည်း ပါဝင်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။

အစ္စလာမ်၏ အခြေခံမူအရ လူတစ်ဦး၏ တန်ဖိုးသည် မည်သည့်လူမျိုးနွယ်ဝင် ဖြစ်သည်ဆိုသည့်အပေါ်တွင် မမူတည်ဘဲ ယုံကြည်ခြင်းနှင့် လုပ်ရပ်ကောင်းများအပေါ်တွင်သာ မူတည်ကြောင်း အလေးပေး ဖော်ပြထားသည်။

ဤကဲ့သို့ ကုရ်အာန်က ဖော်ပြခဲ့သော ဂျူးဘာသာဝင်တို့တွင် ၎င်းတို့၏ ဘာသာရေးယုံကြည်ချက်နှင့် နေ့စဉ်ဘဝ ကျင့်ဝတ်များကို ဖော်ညွှန်းသည့် အဓိကကျမ်းစာများနှင့် လေ့လာစရာ အခြေခံကျမ်းများ ရှိကြသည်။

ဂျူးတို့အတွက် အဓိကအကျဆုံးနှင့် အမြင့်မြတ်ဆုံး စာရေးထားသည့် ကျမ်းစာမှာ ဘုရားသခင်က မူဆာ (မိုရှေး) အား ပေးသအပ်ခဲ့သည်ဟု ယုံကြည်ကြသော ပဉ္စလက်ခ်ကျမ်း (ကျမ်းငါးစောင်) ဖြစ်သည့် တိုရာ (Torah / Written Torah) ပင် ဖြစ်သည်။

စာရေးထားသော တိုရာကျမ်းထဲပါရှိသည့် အမိန့်နှင့် ဥပဒေများကို လက်တွေ့ဘဝတွင် မှန်ကန်စွာ နားလည်ကျင့်သုံးနိုင်ရန်အတွက်မူ ရှေးခေတ် နှုတ်တိုရာ (Oral Torah) များကို အခြေခံထားသည်။

၎င်းနှုတ်တိုရာများကို မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ နှုတ်ဖြင့် လက်ဆင့်ကမ်းခဲ့ရာမှ နောင်တွင် အေဒီ ၂ ရာစုခန့်၌ စာအုပ်အဖြစ် ပထမဆုံး စုစည်းရေးသားခဲ့သော ကျမ်းမှာ မီရှ်နာ (Mishnah) ဖြစ်သည်။

ထို့နောက် ရဗီ (Rabbi) ပညာရှင်များက မီရှ်နာကျမ်းကို ရာစုနှစ်များစွာ ထပ်မံဆွေးနွေးဝေဖန်ကာ ရှင်းလင်းချက်များ ပေးထားသည့် စုစည်းမှုကြီးမှာ သယ်လ်မုဒ် (Talmud) ဖြစ်ပြီး၊ ဤကျမ်းသည် ဂျူးတို့၏ နေ့စဉ်ဘဝဥပဒေများနှင့် ဓလေ့ထုံးတမ်းများကို အသေးစိတ်ဆုံး ဆုံးဖြတ်ပေးသော အဓိကကျမ်းတစ်စောင် ဖြစ်လာခဲ့သည်။
Ref ; https://quran.mmsy.info/my_gazi/page/111
https://quran.mmsy.info/my_gazi/page/64

Sunday, August 09, 2026

Remembering the Halal Committee of the Islamic Religious Affairs Council Myanmar Headquarters: IRAC's Halal Committee

 

Remembering the Halal Committee of the Islamic Religious Affairs Council Myanmar Headquarters: IRAC's Halal Committee



Seeing the Halal logo of the Islamic Religious Affairs Council Headquarters online today brings back fond memories, filling me with warmth as I recall the official Halal logo representing the Islamic Council that I designed when I served as the Secretary of the Halal Committee.

A nostalgic sentiment arose: "Oh... the logo I designed still exists?"

If I am not mistaken, before the 16th Conference of the Islamic Religious Affairs Council Headquarters, I learned that the Department of Religious Affairs issued a Halal endorsement for honey through the Dhamma Thet Department, so I looked into it, though I was not fully satisfied. Since U Tin Win's duties might have been misreported, I would appreciate those with exact knowledge adding to this.

After the 16th Conference, when I became a Central Executive Member and discussed the matter with Ko Tin Maung Than and Ko Wunna Shwe, they suggested submitting a paper to the Central Executive meeting.

Therefore, I wrote and presented a paper, studying the Malaysia Halal Guidelines systematically to implement a Halal Processing Plan—which inspects step-by-step procedures including religious specifications aligned with modern systems, food sanitation systems, laboratory tests, and food production and storage—so that it could be put into action.

At that time, since the laboratory system could not yet be implemented systematically, we had to rely on the assistance of the Myanmar FDA. I remember we obtained assistance through Daw Ni Ni, who lived in the upper block of Maw Htaung Lay Lane. If anyone has precise details about this information, please feel free to correct and supplement it. Doctors took charge of the health aspects.

When conducting inspection field trips, we used four different forms, and inspections were typically carried out by a total of five members: a Council Halal Committee member, a doctor, a religious teacher, and two support team members.

Certificates of Halal endorsement were only permitted to be issued after presenting the evaluations obtained from these forms to the Executive Committee and securing their approval.

Step-by-Step Procedure:

  • Business owners must submit an official application letter (incoming letter) requesting the inspection and issuance of a Halal recognition certificate.

  • The committee sends a form to the business owner that allows them to fill in detailed information explaining each step of the food production process. (If necessary, we also collected sample products for laboratory testing, packaging designs, and ingredient lists.)

  • Upon receiving this information, it must be presented to the Executive Committee so that an inspection team can be designated.

  • The Executive Committee determines the list of members who will conduct the inspection alongside the Halal Committee.

  • The inspection is led by the Committee Secretary or Vice Chairman. If necessary, we had to wait for laboratory test results.

  • Sometimes, we found indications that the raw materials used in the products had already received Halal recognition certificates. To verify whether such indicated information was accurate, we had to inspect and confirm it either by obtaining endorsements directly from the respective raw material manufacturing factories or by contacting the organizations that issued their Halal recognition certificates via email.

  • For example—ingredients such as chicken powder and oil used in ready-to-eat chicken noodles often came from abroad (Malaysia) already Halal-certified. We sometimes had to double-check such ingredients to be certain.

  • Therefore, applying for a Halal Certificate from the Islamic Council usually took about 1 to 3 months.

အစ္စလာမ် သာသနာရေးရာကောင်စီ ဟလာလ်ကော်မတီအား အမှတ်ရမိခြင်း Halal Committee



ယနေ့ အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်၏ ဟလာလ်တံဆိပ်ကို Online ပေါ်တွင် မြင်တွေ့မိတော့၊ ကျွန်တော် ဟလာလ်ကော်မတီ၌ အတွင်းရေးမှူးတာဝန်ယူခဲ့စဉ်က ရေးဆွဲပေးခဲ့သည့် အစ္စလာမ်ကောင်စီကိုယ်စားပြု ဟလာလ်အမှတ်တံဆိပ်ကို သတိရ၍ ပီတိဖြစ်မိပါသည်။
“အော်… ငါရေးဆွဲခဲ့တဲ့ Logo လေး ကျန်ရှိနေသေးပါလား” ဟူသည့် လွမ်းဆွတ်မှုရသလေးလည်း ပေါ်လာမိပါသည်။
အမှတ်မမှားလျှင် ၁၆ ကြိမ်မြောက် အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်ညီလာခံ မကျင်းပမီက အန်ဆွာရီဌာနမှူး ဦးတင်ဝင်းထံမှ ပျားရည်အတွက် ဟလာလ်ထောက်ခံချက်ကို ဓမ္မသက်ဌာနမှ ထုတ်ပေးကြောင်း သိလိုက်ရသဖြင့် စုံစမ်းမိခဲ့သော်လည်း အားမရခဲ့ပါ။ ဦးတင်ဝင်း၏ တာဝန် မှားယွင်းနိုင်သဖြင့် အတိအကျသိရှိသူများက ဖြည့်စွက်ပေးစေလိုပါသည်။
၁၆ ကြိမ်မြောက် ညီလာခံအပြီး ကျွန်တော် ဗဟိုအမှုဆောင်ဖြစ်လာစဉ် ကိုတင်မောင်သန်း၊ ကိုဝဏ္ဏရွှေတို့နှင့် ဆွေးနွေးသောအခါ ဗဟိုအမှုဆောင်အစည်းအဝေးသို့ စာတမ်းရေးတင်ရန် အကြံပြုခဲ့ကြပါသည်။
ထို့ကြောင့် စာတမ်းရေးသားတင်ပြပြီး ခေတ်စနစ်များနှင့်အညီ ဘာသာရေးဆိုင်ရာ သတ်မှတ်ချက်များ၊ အစားအသောက်သန့်ရှင်းရေးစနစ်များ၊ ဓာတ်ခွဲစစ်ဆေးမှုများနှင့် အစားအသောက်ထုတ်လုပ်ခြင်း၊ ထားသိုခြင်းစသည့် အဆင့်ဆင့်သော လုပ်ငန်းစဉ်များကို စစ်ဆေးသည့် Halal Processing Plan ကို Malaysia Halal Guidelines အား မှီငြမ်း၍ စနစ်တကျလေ့လာကာ အကောင်အထည်ဖော်နိုင်ရန် စီစဉ်ခဲ့ပါသည်။
ထိုစဉ်က ဓာတ်ခွဲခန်းစနစ်ကို စနစ်တကျ အကောင်အထည်မဖော်နိုင်သေးသဖြင့် မြန်မာ FDA ၏ အကူအညီကို ရယူခဲ့ရပါသည်။ မော်ထောင်လေးလမ်း အထက်ဘလောက်တွင် နေထိုင်သည့် ဒေါ်နီနီထံမှတစ်ဆင့် အကူအညီရယူခဲ့ရသည်ဟု မှတ်မိပါသည်။ ယင်းအချက်အလက်ကို အတိအကျသိရှိသူများရှိပါက ပြင်ဆင်ဖြည့်စွက်ပေးကြစေလိုပါသည်။ ကျန်းမာရေးပိုင်းကို ဆရာဝန်များက တာဝန်ယူခဲ့ကြပါသည်။
စစ်ဆေးရေးသွားရောက်သည့်အခါ မတူညီသော ဖောင် ၄ မျိုးကို အသုံးပြုခဲ့ပြီး ကောင်စီဟလာလ်ကော်မတီဝင်၊ ဆရာဝန်၊ ဘာသာရေးဆရာနှင့် အထောက်အကူပြုအဖွဲ့ဝင် ၂ ဦးတို့ပါဝင်သော စုစုပေါင်း ၅ ဦးဖြင့် သွားရောက်စစ်ဆေးလေ့ရှိခဲ့ပါသည်။
ထိုဖောင်များမှ ရရှိသည့် သုံးသပ်ချက်များကို အလုပ်အမှုဆောင်အစည်းအဝေးသို့ တင်ပြ၍ ခွင့်ပြုချက်ရယူပြီးမှသာ ဟလာလ်ထောက်ခံလက်မှတ် (Certificate) ထုတ်ပေးခွင့်ရှိခဲ့ပါသည်။
လုပ်ဆောင်ပုံအဆင့်ဆင့် -
လုပ်ငန်းရှင်များက ဟာလာလ်အသိအမှတ်ပြုလက်မှတ် စစ်ဆေးထုတ်ပေးပါရန် လျှောက်လွှာစာ (ဝင်စာ) တင်သွင်းရမည်။
ကော်မတီမှ စစ်ဆေးနိုင်ရန် အစားအသောက်ထုတ်လုပ်မှု အဆင့်ဆင့်ကို ရှင်းလင်းဖော်ပြထားသည့် အချက်အလက်များ ဖြည့်သွင်းနိုင်သော ပုံစံ (Form) ကို လုပ်ငန်းရှင်ထံပေးပို့ခြင်း။
( လိုအပ်ပါက ဓာတ်ခွဲစစ်ဆေးရန် နမူနာပစ္စည်းများ၊ ထုပ်ပိုးပုံစံများနှင့် ပါဝင်ပစ္စည်းစာရင်းများကိုလည်း ရယူပါသည်။ )
အဆိုပါ အချက်အလက်များ ရရှိလာပါက သွားရောက် စစ်ဆေးနိုင်ရန် အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြရပါသည်။
အလုပ်အမှုဆောင်အဖွဲ့မှ ဟာလာလ်ကော်မတီနှင့်အတူ သွားရောက်စစ်ဆေးမည့် အဖွဲ့ဝင်စာရင်းကို သတ်မှတ်ပေးပါသည်။
ကော်မတီအတွင်းရေးမှူး သို့မဟုတ် ဒုတိယဥက္ကဋ္ဌက ဦးဆောင်၍ စစ်ဆေးမှုကို ဆောင်ရွက်ပါသည်။ လိုအပ်ပါက ဓာတ်ခွဲစစ်ဆေးမှုရလဒ်ကို စောင့်ဆိုင်းရပါသည်။
တစ်ခါတစ်ရံ ထုတ်ကုန်တွင် ပါဝင်သည့် ကုန်ကြမ်းပစ္စည်းများ၌ ဟာလာလ်အသိအမှတ်ပြုလက်မှတ် ရရှိထားပြီးဖြစ်ကြောင်း ဖော်ပြထားတာတွေ့ရပါသည်။
ထိုသို့ဖော်ပြထားသော အချက်အလက်များ မှန်ကန်မှုရှိ/မရှိကို သက်ဆိုင်ရာ ကုန်ကြမ်းထုတ်လုပ်သည့် စက်ရုံများထံမှ ထောက်ခံချက်ရယူ၍လည်းကောင်း၊ ၎င်းတို့အား ဟာလာလ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားသည့် အဖွဲ့အစည်းများထံ email ဖြင့် ဆက်သွယ်အတည်ပြု၍လည်းကောင်း စိစစ်အတည်ပြရပါသည်။
ဥပမာ—အသင့်စား ကြက်သားခေါက်ဆွဲတွင် အသုံးပြုသည့် ကြက်သားအမှုန့် နှင့် ဆီ စသည့် ပါဝင်ပစ္စည်းများသည် ပြည်ပမှ Halal အသိအမှတ်ပြုပြီးသာလာတက်ပါတယ်။ ထိုသို့သော် ပါဝင်ပစ္စည်များကို သေချာအောင်ပြန်မေးရတာမျိုးရှိပါတယ်။
ထိုကြောင့် အစ္စလာမ်ကောင်စီမှာ Halal Certificate လျောက်ထားပါက တစ်လမှ ၃ ခန့်ကြာမြင့်တက်ပါတယ်။

ငါးဖမ်းလှေဆောက် ကျွန်တော်မှတ်မိသလောက်

ငါးဖမ်းလှေဆောက် ကျွန်တော်မှတ်မိသလောက် ၁၉၉၈ ခုနှစ်ခန့်က အခြေအနေနှင့် အခြေခံအဆင့်ဆင့် မြန်မာပြည်မှာ ငါးဖမ်းလှေဆောက်လုပ်တဲ့ အဆင့်များမှာ - ( ၁ ...