Search This Blog ရှာရန်

Saturday, May 16, 2026

ခေတ်သစ် သွေးခွဲအုပ်ချုပ်ရေးလက်သည်

 


 ခေတ်သစ် သွေးခွဲအုပ်ချုပ်ရေးလက်သည်

မြန်မာ့သမိုင်းတစ်လျှောက်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ အမျိုးသားစီးပွားရေးနှင့် ပြည်သူတို့၏ အခြေခံအသက်အိုးအိမ်ကဏ္ဍများကို နောက်ကွယ်မှနေ၍ နူးညံ့သိမ်မွေ့သော ဝါဒဖြန့်မှုများ၊ မဟာဗျူဟာမြောက် ထိုးဖောက်မှုများနှင့်အတူ တိတ်တဆိတ် ချုပ်ကိုင်လာခဲ့သည့် အိမ်နီးချင်းနိုင်ငံကြီး၏ စနက်များမှာ ယခင်ကတည်းကပင် မြစ်ဖျားခံခဲ့ခြင်း ဖြစ်သည်။ ပြည်သူတို့၏ မျက်စိကို ကွယ်စေလျက်၊ နောက်ဖေးတံခါး ခြံစည်းရိုးမှတစ်ဆင့် ဝင်ရောက်ကာ မြန်မာတို့၏ အသားထဲကထွက်သည့် အရိုးဖြင့် မြန်မာ့အသားကိုပင် ပြန်လည်ထိုးဆွနေသည့် ခေတ်သစ်သွေးခွဲအုပ်ချုပ်ရေး ယန္တရားကြီးတစ်ခုမှာ ယနေ့တိုင် အရှိန်အဟုန်ဖြင့် လည်ပတ်နေဆဲ ဖြစ်သည်။

မဟာဗျူဟာမြောက် ကမ်းရိုးတန်းဒေသဖြစ်သော ကျောက်ဖြူတွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ခြင်း၊ ကိုကိုကျွန်းတွင် ရေတပ်ထောက်လှမ်းရေးစခန်း တည်ထောင်ခြင်းတို့မှစ၍ မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ ခဲမဖြူနှင့် အဖြိုက်နက် သတ္တုတွင်းလုပ်ငန်းများ၊ ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ တန်ဖိုးမဖြတ်နိုင်သော မြေရှားသတ္တု (Rare Earth) ထုတ်လုပ်မှုများအပြင်၊ ဧရာဝတီမြစ်ဖျားရှိ ရေကာတာစီမံကိန်းကြီးများအထိ အမျိုးသားသယံဇာတနှင့် ပထဝီနိုင်ငံရေးအရ အချက်အချာကျသော နေရာမှန်သမျှကို ၎င်းတို့က စီးပွားရေးအရ အဓိက လက်ဝါးကြီးအုပ် ချုပ်ကိုင်လာခဲ့ကြသည်။ ထို့ထက်မက ကိုးကန့်နှင့် ဝဒေသများမှတစ်ဆင့် တိုင်းရင်းသားအဆင့်အတန်းနှင့် အခွင့်အရေးများကို လွယ်လွယ်ကူကူ ရယူကာ ပြည်တွင်းသို့ စိမ့်ဝင်ပျံ့နှံ့လာပြီး၊ နိုင်ငံ၏ စီးပွားရေးမဏ္ဍိုင်ကြီးများကို အာဏာရှင်များနှင့်ပူးပေါင်းကာ ချုပ်ကိုင်မင်းမူလာခဲ့ကြသည်။

ထိုသို့ စီးပွားရေးအဆောက်အအုံတစ်ခုလုံးကို ကိုင်လှုပ်ရာတွင် တိုင်းပြည်၏ အသက်သွေးကြောဖြစ်သော အိမ်၊ ခြံ၊ မြေဈေးကွက် ကိုလည်း ၎င်းတို့၏ ငွေမည်းများ၊ နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများဖြင့် အဓိက လက်ဝါးကြီးအုပ် ခြယ်လှယ်လာခဲ့ကြသည်။ ပြည်တွင်းရှိ အချက်အချာကျသော မြေနေရာများနှင့် အိမ်ခြံမြေကဏ္ဍကို တရားမဝင် ရယူချုပ်ကိုင်လာခြင်းကြောင့် မြေဈေး၊ အိမ်ဈေးများ အဆမတန် မြင့်တက်ကာ မူရင်းတိုင်းရင်းသား ပြည်သူများမှာ မိမိတို့မြေပေါ်တွင် အခြေမဲ့အနေမဲ့ ဘဝများသို့ ရောက်ရှိခဲ့ကြရသည်။ တစ်ဖက်တွင်လည်း ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ယုံကြည်ကိုးကွယ်မှုများကို ပြယုဂ်တစ်ခုအနေဖြင့် အသုံးချလျက် ပြည်သူတို့၏ အာရုံကို လွှဲပြောင်းထားစဉ်၊ ထိုအိမ်ခြံမြေများနှင့် နယ်စပ်ဒေသများကို အကာအကွယ်ယူကာ ကမ္ဘာ့အဆင့် ဂုဏ်သတင်းဆိုးကြီးလှသော "ကျားဖြန့်" ဟုခေါ်သည့် အွန်လိုင်းငွေလိမ်ဂိုဏ်းကြီးများကို မြန်မာ့မြေပေါ်တွင် အမြစ်တွယ်ခွင့်ပြုခဲ့ကြသည်။ ထိုလုပ်ရပ်များသည် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံအား ဒုစရိုက်နှင့် ငွေလိမ်ဂိုဏ်းများ အခြေစိုက်ရာ အရပ်အဖြစ် သိက္ခာကျဆင်းစေခဲ့ပြီး တိုင်းပြည်၏ ပုံရိပ်ကို အကြီးအကျယ် ဖျက်ဆီးပစ်ခဲ့သည်။

အဆိုးဝါးဆုံးမှာ သမိုင်းအမှန်ကို ဉာဏ်မမီဘဲ သွေးခွဲမှုအောက်တွင် လမ်းပျောက်နေကြခြင်း ဖြစ်သည်။ တိုင်းပြည်ကို အမှန်တကယ် ဖျက်ဆီးခဲ့ကြသည့် သမိုင်းဝင်အာဏာရှင်များဖြစ်သော နေဝင်း၊ စန်းယုနှင့် ခင်ညွန့် အစရှိသူတို့သည် မည်သည့်ကပြား သွေးနှောများ ဖြစ်ကြပြီး၊ မည်သည့်အကျိုးစီးပွားအတွက် တိုင်းပြည်ကို ဓားစာခံလုပ်ခဲ့ကြသနည်းဆိုသည့် အမှန်တရားကို ယနေ့ထက်တိုင် လူအများစုက သတိမမူမိဘဲ ရှိနေကြသေးသည်။ တိုင်းပြည်၏ ဘဏ္ဍာ၊ သယံဇာတနှင့် မြေယာခွင့်အရေးများကို တိုင်းတပါးသား လက်ဝေခံတို့ထံ စာချုပ်များဖြင့် ထိုးအပ်ခဲ့သည့် သမိုင်းတရားခံများ၏ သွေးသားအရင်းအမြစ်ကို မမြင်နိုင်ကြသရွေ့၊ ခေတ်သစ် သွေးခွဲအုပ်ချုပ်ရေး လက်သည်များ၏ အကြံအစည်များကို မသိနားမလည်ကြသရွေ့ ဤမြန်မာပြည်ကြီးသည် ဘယ်သောအခါမှ လမ်းမှန်ပေါ်သို့ ရောက်ရှိနိုင်မည် မဟုတ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။"

No comments:

Post a Comment

Remembering the Halal Committee of the Islamic Religious Affairs Council Myanmar Headquarters: IRAC's Halal Committee

  Remembering the Halal Committee of the Islamic Religious Affairs Council Myanmar Headquarters: IRAC's Halal Committee Seeing the Halal...