အလ္လာရှင်မြတ် ထာဝရ ဘုရားသခင် ရဲ့ ငြိမ်းချမ်းသာယာ မှု့ အဖြာဖြာ အသင်တို့ အပေါ်ကျရောက်ပါစေ - ဒီနေ့လို ၀ါကျွတ် အစ်နေ့မှာ မိမိရင်ထဲ ရှိတဲ့ စကားလေးတွေ ကို ဒီနေရာလေးမှာ ရင်ဖွင့်တင်ပြပါရစေ၊ ကျွန်တော် မနှစ်က တင်ပြချက်ကို အောက်ပိုင်းမှာ ဆက်လက် ထားရှိလိုပါတယ် ဘာကြောင့်လဲဆိုတော့ တချို့သော Feedback တွေက လိုရင်းတိုရှင်း တင်ပြမှု့လေးတွေဖြစ်နေလို့ပါ၊ ပထမဦးစွာ အစ္စလာမ်မဟုတ်သူတွေ နဲ့ အစ္စလာမ်တွေပါ ရှိတဲ့ ဒီနေရာလေးမှာ အစ္စလာမ်တွေရဲ့ အစ်နေ့ လူသိများတဲ့ မုန့်အစ် ဆိုတာလေးကို ဟိုလူ့ စကားဌား ပြီး ဘာလဲဟဲ့ ၀ါကျွတ် အစ် ဆိုပြီး သုံးလို့ လွယ်ကူစွာ နားလည်နိုင်ရန် တင်ပြပါရစေ။ အစ္စလာမ်တွေမှာ ဥပုဒ် ၀ါတွင်းက တစ်နှစ်မှာ တစ်လ ဖြစ်ပြီး၊ မနက် အာရုဏ် မတက်မှီ စားသောက်ပြီး ၊နောက် ညနေ နေ၀င်ချိန် အထိ စားသောက်ခြင်း နဲ့ မကောင်းမှု့ အစုစုတို့ ကို ပိုမို ရှောင်ကျဉ်ပြီး နေရပါမယ်၊ ၄င်းလတွင်ပင် အစ္စလာမ် ဘာသာဝင်တွေဟာ မိမိပိုင် ရွေ ၅ ကျုပ်သားအထက် ရှိပါက နွမ်းပါးသူ များအား မျှပေးရန် တာဝန်ရှိပြီး မိမိပိုင် အိမ် ၊ ကား စသည်တို့ မပါဘဲ မိမိပိုင် ပစ္စည်းရတနာ၊ စီးပွားတန်ဖိုးများမှ ၂.၅% အား ဆင်းရဲသူများကို မျှဝေပေးရတယ်။ ၄င်းနောက် ၀ါကျွတ်ပွဲ ရက်မှာလ...
Notes and Thoughts of Ko Agga @ Aung Myo Lwin