Search This Blog ရှာရန်

Wednesday, September 21, 2011

ပြည်သူ့ ကြေမုံပြင်

လူတစ်ယောက်ရဲ့ အကြောင်းသိချင်ရင် သူရေးတဲ့ စာပေကို ဖတ်ရင် သိတယ်လို့ ဆရာ ကံချွန် က ရွေမန္တလေး ဂျာနယ် ၂၄-၃-၂၀၀၃ မှာ ရေးထားတာ ဖတ်ဘူးတယ်။ ဒါဆို နိုင်ငံတစ်နိုင်ငံရဲ့ လူမှု့ဘ၀ နဲ့ ဖြစ်စဉ်တွေကို သိချင်ရင် အဲ့ဒီ နိုင်ငံက စာရေးဆရာတွေအားလုံး ရဲ့ စာပေးတွေကို ဖတ်ကြည့်ရမည်ထင်ရဲ့ သတင်းစားတွေ ကာတွန်းတွေက အစပေါ့ အဲ့ဒီမှာ ခေတ်အလိုက် ခေတ်အလိုက် ကွဲပြာတဲ့ လူမှု့ နိုင်ငံရေးအခြေအနေတွေကို ပိုမို တွေ့မြင်လာရနိုင်ပါတယ်။ မနေ့က ဆရာသော်တာဆွေရေးတဲ့ ကျောက်ဖြုံးကျော်ကြီး ကို ဖတ်ရတော့ အတော့ကို စိတ်မသက်မသာဖြစ်ရတယ်။ http://www.planet.com.mm/bookplanet/pdf.cfm?id=90&type=story ဒါလင့်လေးပါ မြန်မာပြည်သူတွေကို ကျောက်ဖြုံးကျော်ကြီးနေရာမှာ ထားကြည့်မိတာကို ... ငါ့နဲ့နော် အပိုင်း ၂ တော့ရေးပါ့မယ် နဲနဲစီပေါ့ လေးစားစွာဖြင့် အဂ္ဂ

Friday, August 26, 2011

တောင်းဆိုမှု့

ယုံကြည်ချက်ကြောင့် အကျဉ်ကျခံရသူတွေ အမြန်လွှတ်ပေးပါ။

Thursday, August 25, 2011

ဖိတ်စာရောက်လာပြီ

လိုငွေပြမှု့တွေက တက်၊ ငွေဈေးတွေက ပျက်၊ စီးပွားပျက်ကပ် က ဖိတ်စာရောက်လာပြီ။ ဒီအချိန်မှ သူဌေးသမီးကို တော် ။ တရုပ်ကို ဆရာခေါ် ကုလားကို အသေအော် ထွက်ပေါက်တဲ့ တော် ။

Aung San Suu Kyi urges people to sign petitions

Anwar Ibrahim - Interview with Australia Network


ဒေါ်အောင်ဆန်းဆုကြည် အကြောင်းပါတဲ့ interview လေးပါ

Sunday, May 29, 2011

သူတောင်းစား Restaurant

မြန်မာနိုင်ငံ ဟာ အရှေ့တောင်အာရှ မှာ အတိုးတက်ဆုံး၊ ခေတ်အမှီဆုံး လုပ်ငန် အလုပ်အကိုင် အခွင့် အလမ်း အများဆုံး အချိန်ကရန်ကုန်မြို့ မှာ လာရောက် အလုပ်လုပ်တဲ့ သူတွေထဲမှာ India နိုင်ငံသားတွေ ကအများဆုံးပေါ့ ဟိုး တရားသူကြီး၊ ရဲအရာရှိ ကစလို့

ခြံစောင့် အဲ နောက်ဆုံး သူတောင်းစား အလုပ်သည်ပင် အလုပ်ကြီး အကိုင်ကြီးတစ်ခု လို ဖြစ်ခဲ့တာ ပုံပြင် တစ်ပုဒ် တော့ မဟုတ်ပါ။

မြန်မာလူမျိုးများရဲ့ သဒါတရား၊ မေတ္တာ စေတနာ တရား တွေက ဘယ်လောက်များ များသလဲ ဆိုရင် သူတောင်းစား အလုပ်အကိုင် အခွင့် အလမ်းကလည်း ရန်ကုန်မြို့မှာ အတော့ကို ကောင်းတဲ့ အလုပ်ကြီးပေါ့ ယခု ၂၈လမ်း အောက်ဆုံး ဘလောက်မှာတော့ သူတောင်းစား ဟော်တယ် ဆိုရမလား သူတို့ တည်းခို နေထိုင်နိုင်အောင် အိပ်စဉ် နဲ့ ဌားတဲ့ အိမ်ကြီးတစ်လုံးလည်း ရှိခဲ့ဘူးတယ်။ သူတောင်းစားတွေ တည်းတဲ့ ဟိုတယ် ဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့ ၎င်း နေရာကို လေ့လာ သွားရောက်ကြည့်တုန်းက ၎င်း နေရာက ခေတ်ကောင်းတုန်းက တစ်နေ့ ဝင်ငွေဟာ ဟော်တယ်ကြီးတစ်ခု လောက်ရှိတယ် ဆိုဘဲ..ဒါပင်မဲ့ ယခုတော့ အဆောက်အဦးဟောင်း တစ်ခု အနေနဲ့ ယနေ့ အချိန်အထိ ရှိနေပြီး အပေါ်ထပ်တွေဟာ ဘာမှ ဌားထားတာ မရှိပင်မဲ့ အောက်ထပ်တွေကတော့ ဆိုင်တွေကို ဌားထားတာတွေ့ရပါတယ်။

ဒါပင်မဲ့ သူတောင်းစာ Restaurant လို့ တင်စားခေါ်လို့ ရတဲ့ လမ်း ၃၀ အပေါ် ဘလောက်၊ ဖရေဇာ ထောင့် နားက ဆိုင်လေးတွေ ကတော့ ယနေ့တိုင် အလုပ်ဖြစ်လျက်ပါ။ အချို့ လူငယ် လူကြီးတွေဟာ မနက် ၁၀ နာရီလောက်ဆို ၎င်း ဆိုင်လေးတွေမှာ ပိုက်ဆံပေးပြီး သက်ကြီး ဖွားအို ဖိုးအို သူတောင်းစား ကလေး မိန်းမ များကို ထမင်းကျွေးအလှူလုပ် နေသည်မှာ ယနေ့တိုင်ရှိနေလျက်ပါ။


 


ရန်ကုန်သူ ရန်ကုန်သားတွေဟာ မိမိတို့ တက်နိုင်သလောက်၊ တစ်ဦးကနေ ၁၀ ဦး ၁၅ ဦး အလှူလုပ် လေ့ရှိတက်ပြီး တချို့ဆို အဲ့ဒီဆိုင်မှာ သူတောင်စား များနဲ့ အတူ ထမင်းဝင်စား နေတက်သည်ကို တွေ့ရှိရတက်ပါတယ်။

ဒီနေရာလေးမှာ လုပ်တဲ့ အလှူကတော့ သူ့ထက်ငါ ဝတ်ကောင်းစားလှတွေ ဝတ်ထားတဲ့ လူကုန်တန်တွေ လာမှာ မဟုတ်တာကတော့ သေချာပြီး ဗီဒီယို ရိုက်မည့်သူ မရှိနိုင်ပင်မဲ့ ကျေးဇူးပါ ကလေးရ် လိုအပ် ဆန္ဒအ၀၀ ပြည့်ဝပါစေ လို့ သူတောင်စား အဖိုးအို အဖွားအိုတို့ ရဲ့ ဆုတောင်သံလေးတော့ ရင်ဘက်ကြီးနဲ့ ခံစားလို့ ရနိုင်ပါတယ်။


လေးစားစွာဖြင့်


အဂ္ဂ

စိတ်မကောင်းပါဘူး ဂျပန် ရယ် . . . Say sorry for Japan

စိတ်မကောင်းပါဘူး ဂျပန် ရယ် . . . Say sorry for Japan
by Aung Myo Lwin Agga on Saturday, March 12, 2011 at 1:01am

ကျွန်တော်ချစ်ရတဲ့ ကျွန်တော့်အဖွား ဒေါ်အေးခင်
ဂျပန်မှာ အကြီးအကျယ် ငလျင်လှုပ်ပြီး ဘေးဒုက္ခ အကြီးအကျယ်ရောက်တာ တွေ့တော့ သွားသတိရမိတာလေး တစ်ခုရှိတယ်၊ အဲ့ဒါလေးကကျွန်တော် ၁၀ တန်းနှစ်မှာ မြန်မာပြည်ကို နှစ်စဉ်လာလေ့ ရှိတဲ့ ဂျပန် လင်မယား နှစ်ယောက် ကို  ၃  နှစ်လောက် မတွေ့ ရဘဲ နောက်ဆုံး အကြိမ်အဖြစ် တွေ့ဆုံခဲ့ကျတယ်။

သူတို့လင်မယား မြန်မာပြည်ကို ကျွန်တော်ငယ်ငယ်က လာပြီဆို ကျွန်တော် သိပ်ပျော်တယ်၊ ပျော်ဆိုလည်း ပျော်စရာ၊ ကစားစရာ အသစ်အစမ်း လေးတွေ လက်ဆောင်ရတယ်လေ..( ထိုစဉ်က ဆိုရှယ်လစ် ခေတ်ဆိုတော့ ယခုလောက် ကစားစရာအသစ် အစမ်းများ ပိုက်စံ ပေးလို့ ပင်ဝယ်မရသည့် အချိန်၊)

သူတို့ဟာ ကျွန်တော့် အဖေ ဂျပန်မှာ ပညာတော်သင် သွားတုန်း တွေ့ဆုံးခဲ့ကျသူတွေဖြစ်ပြီး၊ သူတို့ မြန်မာပြည်သွားရင် အဖေ့မိသားစုနဲ့ တွေ့မယ်ပြောတော့ ရန်ကုန်မှာ ရှိတဲ့ ကျွန်တော့် အဖွားနဲ့ ဂျပန်စကားကောင်းစွာပြောတက်တဲ့ ကျွန်တော်အမေ တို့က မြန်မာ့ ယဉ်ကျေးမှု့အရ ပျူပျူဌာဌာ ထမင်းကျွေးဧည့်ခံတာပေါ့၊

သူတို့လည်း မြန်မာ့ ဟင်လျာများကို စားသောက်ရင် အမေနဲ့ စကားလက်ဆုံကျ နေတုန်း  ဟင်းလာထည့်ပေးသော ကျွန်တော့ အဖွားအား ခင်ဗျား အမျိုးသာကောလို့ မေးတော့ ဆုံးသွားပါပြီးလို့ပြောလိုက်တာပေါ့၊ စိတ်မကောင်တဲ့ အကြောင်းနဲ့ ဘယ်လောက်ကြာပြိးလဲလို့ မေးတော့ တည်ငြိမ်စွာနဲ့ ၂၃ January ၁၉၄၂ မှာဆုံးတယ်လို့ ပြောလိုက်တော့ အတော့ကို မျက်နာပျက်သွားတယ်။

သူကောင်းကောင်း သိသွားသည်မှာ အဲ့ဒီနေ့ဟာ ဂျပန်တွေ ရန်ကုန်မြို့ ကို စတင်ဗုံးကြဲတဲ့နေ့ ဆိုတာကို၊ သူဟာ ထိုအချိန်က တရုပ်ပြည်မှာ ဂျပန်ဗိုလ် တစ်ယောက်အနေနဲ့ ရောက်ရှိနေပြီး သူ့အကို ဟာ မြန်မာပြည်မှာ ကျဆုံးခဲ့လေတော့ သူကောင်းကောင်းကြီး သိလိုက်တာပေါ့။
ဖြစ်မှ ဖြစ်ရလေ ဂျပန်ဗုံးနဲ့ မုတ်ဆိုးမဖြစ်ရသူ အိမ်မှာ ဂျပန် စစ်သား ဟောင်ကြီး ထမင်းအ၀ စားပြီးဘာလုပ်ရမည် မသိ ၊

မြန်မာ လူမျိုးတို့ရဲ့ သီးခံတက်မှု့၊ ဧည့်ဝတ်ကျေမှု့ သဘေားထားကြီးမှု့တွေကို ကျွန်တော့အဖွားလက်တွေ့ ကျင့်သုံးနိုင်ခဲ့သည်ကို သိလိုက်ရတော့ ဝမ်းနည်း၊ ဝမ်းသာဖြစ်ရပါတယ်။

မြန်မာတွေကို ရက်ရက်စက်စက် သက်၊ အမျိုးသမီးတွေကို လိမ်ကျွန် အဖြစ် လုပ်ခဲ့ပြီး တိုင်းပြည်ကို ဖျက်ခဲ့တဲ့ ဂျပန်၊ ယနေ့ သဘာဝဘေး ဒုက္ခ နဲ့ ကြုံတွေ့ နေရသည်ကို တွေ့ရတော့ အဂ္ဂတစ်ယောက် မျက်ဝန်းမှာ ရှုပ်နေတဲ့ မျက်ရည်များကို သုပ်ရင်း " မရတော့ပါဘူး ပိုက်တွေဖြုတ်လိုက်ပါတော့ အဖွားအေးအေးဆေး သွားပါစေတော့" ဆိုတဲ့ အသံတွေကို  ပြန်ပြောင်း သတိရ နေမိတော့တယ်။

လေးစားစွာဖြင့်
အဂ္ဂ

This Is Not a Joke: It’s AI

We can no longer view the disruption caused by AI and robotics through the narrow lens of "will human jobs disappear?" A more crit...