Search This Blog ရှာရန်

Tuesday, August 24, 2010

ကြောက်ရွံ့ခြင်း

ဒီနေ့ မိတ်ဆွေတွေနဲ့ တွေ့တော့ စကားအကြောင်းအရာ နှစ်ခုကို ဆွေးနွေးဖြစ်တယ်၊ အဲ့ဒီ ၂ ခုထဲက တစ်ခုက ကြောက်ရွံ့ခြင်း ဆိုတာလေးကို ပါ၊ ကျွန်တော်တို့ နောက်ဆုံး အဆုံးသက်မှာတော့ ကြောက်ရွံ့ ခြင်းဆိုတာဟာ ခံယူချက် / ယုံကြည်ချက် ပေါ်တည်မှီနေပါတယ် ခံယူချက် / ယုံကြည်ချက် ဆိုတာကလဲ၊ အသိပညာပေါ်မှာ တည်မှီ တယ်လို့ အဖြေကို အားလုံးက လက္ခံကြပါတယ်။

ဒီနေရာမှာ ခွေးတွေ ကြောင်တွေတောင် ခြောင် ပိတ်ရိုက်ရင် ပြန်ကိုက်တက်ပါတယ်၊ အဲ့ဒီလိုဘဲ လူတစ်ယောက်ရဲ့ တန်ဖိုး ပျက်ရွင်းအောင် အထိ အနိုင့် အထက်ပြုလာရင် ၄င်းရဲ့ ကြောက်စိတ်တွေ ပျောက်သွားတက်ပါတယ်။

ကျွန်တော် ဒီနေ့ရလိုက်တာက အသိပညာ အရေးကြီးတယ်ဆိုတာပါ၊ ကျွန်တော်တို့ အသိပညာဆိုတာကိုဘဲ ခွဲခြာသိရှိဘို့ အများကြီလှိုသေးတယ် ဆိုတာကို တွေးရင် အိမ်ပြန်လာခဲ့မိတယ်၊

လူတစ်ယောက်မှာ အခြေခံအားဖြင့် လူမှု့ရေး အသိပညာ၊ ကျန်းမာရေးအသိပညာ စတာတွေ အပြင် နိုင်ငံရေး အသိပညာလဲ ရှိသင့်တယ်၊ ကျွန်တော်တို့ မှာ နိုင်ငံရေး အသိပညာ ကသိပ်ပြီး လေ့လာခွင့်မရခဲ့တော့ အဲ့ဒီ အသိပညာ မရှိဘူး မရှိတော့ ခံယူချက် / ယုံကြည်ချက် သိပ်မရှိဘူး၊့ ဒီတော့ ဘာမှန်း အသိဘဲနဲ့ ကို ကြောက်တက်လာတယ်။

Tuesday, August 17, 2010

လူထု သူကြီး


အစိုးရကလည်း လူထု အစိုးရ။ လူထုစည်းဝေးပွဲ၊ လူထု အရေးဆိုပွဲ၊ လူထုတိုက်ပွဲများ ကိုလည်း မကြာခဏ ဆင်ယင်နေကြသည့် သမယ ဖြစ်သည်။ လူထုမိတ်ဆွေ၊ လူထု ရန်သူ၊ လူထု ခေါင်းဆောင် ဟူသော ဝေါဟာရများလည်း ပေါက်ပွား လာခဲ့လေပြီ။


အမှန်စင်စစ်အားဖြင့် ယခုခေတ်တွင် နေရာတကာ၌ လူထုနှင့် ကိုင်ပေါက် နေကြလေတော့သည်။ လူထုတည်းဟူသော နာမဝိသေသနကို ရေလဲနှင့် ပေါပေါကြီး သုံးစွဲနေကြသည့် ခေတ်ပေတကား။


လူထု လက်ဖက်ရည်ဆိုင်၊ လူထု ပင်မင်း၊ လူထု သတင်းစာ၊ လူထုပျော်ပွဲစားရုံ၊ လုူထု ကိတ်မုန့်၊ လူထု မြေပဲလှော်၊ လူထုဘာ လူထုညာဟာ မရေ မတွက် နိုင်တော့ပြီ။ နေရာတကာမှာ လူထု။ ဟိုမှာလည်း လူထု၊သည်မှာလည်း လူထု ။ရှေ့မှ နာမဝိသေသန အမျိုးမျိုး တပ်၍ လူထုကိ သုံးစွဲကြသေးသည်။ လယ်သမားလူထု၊ အလုပ်သမား လူူထု၊ ကုလားလူထု၊ မြန်မာ လူထု၊ အင်္ဂလိပ် လူထု၊ လူထု စုံလို့။ ဟောလာပြန်ချေပြီ။



မောင်ပြုံးချိုတို့ နယ်တွင် "လူထု သူကြီး" ရွေးပွဲတွေကျင်းပရပေဦးတော့မည်။ လူထုက တင်မြှောက်သော သူကြီးကို လူထုသူကြီးဟု ခေါ်ပါသည်။ ယခု ရှိရင်းစွဲ သူကြီးတွေကော လူထုကတင်မြှောက်သည့် သူကြီးမင်းများ ဖြစ်ကြပေသည်။ သို့သော်လည်း ထိုအိုမင်းဟောင်းနွမ်း နေသော သူကြီးများကို သစ်လွင်နေသော ယခုလူထုက မကြိုက်နိုင်တော့ ပြီဟု ဆိုသည်။ ထိုကဲ့သို့ ခေတ်မမီသည့် သူကြီးများကို ယခုမျက်စိကျယ်သော တက်လူများက မလိုချင်တော့ပြီ။ မျက်စိကျယ်သော လူထုသည် မျက်စိကျဉ်းသော သူကြီးကိုမကြည့်လိုတော့ပြီ။



"ဒီသူကြီးတွေဟာ ဗြူလိုကလား နက်စိတ် ဝင်နေပြီး။ ပြုပြင်လို့ မရတော့ဘူး။ ခေတ်မမီတော့ဘူး။ ဖြုတ်ပစ်ဖို့ပဲ ကောင်းတော့တယ်"


"သူကြီး ရွေးတင်တဲ့ အခါမှာလည်း ငယ်ငယ်ရွယ်ရွယ်ဖျတ်ဖျတ်လတ်လတ် လူကို တင်ဖို့ လိုတယ်။ အဘိုကြီးတွေ တင်လို့ မဟန်ဘူး။ ဘုန်းကြီးအို ကျောင်းပေါ် တင်သလိုပေါ့ကွ။ ခဏခဏဘုန်းကြီးပျံ လုပ်နေရမယ်။



ဤ အသံများကား ခေတ်၏ ကြွေကြော်သံများ ဖြစ်လေသည်။ သို့နှင့်ရှိရင်းစွဲ သူကြီးများကို ရာထူးမှရပ်စဲကာ လူထုသူကြီးများကို ပြန်လည်ရွေးကောက်ရန် လျှောက် လွှာများ ခေါ်ရလေသည်။


မောင်ပြုံးချို၏ ရုံးတွင် လျှောက်လွှာတွေ ဟီးတိုက်၍ ဝင်လာလေသည်။ အချို့ သူကြီးလူပါးများကမှု ရွာထဲ၌ ကြော်ငြာခြင်း မရှိဘဲ တိတ်တဆိတ်ပြိုင်သူမရှိသကဲ့သို့ တစ်ယောက်တည်းလာ၍ လျှောက်လွှာတင်ကြသည်။


သည်အချိန်တွင် မြို့ပိုင်တွေ အခက်အခဲနှင့် အတွေ့ရဆုံး အချိန်ဖြစ်သည်။ အသက်ငါးဆယ့် ငါးနှစ် ကျော်၍ပြန်လည် လျှောက်ထားခွင့် ရတော့မည် မဟုတ်သော သူကြီးကိစ္စကိုလည်း သူ ဂရုမစိုက်၊ အခွန်ကောက်ရန်ကိုလည်း သူမမှု၊ ရုံးအမိန့်ကိုလည်း မနာခံ၊ ထင်ရာကြဲလေတော့သည်။ ပြုတ်မဲ့တူတူမထူးတော့ပါဘူးဆိုကာ ကြက်ဝိုင်းကလေးများလည်း တိတ်တိတ်ပုန်း ထောင်လိုက်သေးသည်။ အရက်ကလေးများလည်း ချက်လိုက်သေးသည်။


ပြန်လည် အရွေးခံမည့် သူကြီးများမှာတော့ မဲ အရေးမို့ကြိုးစားပါ ကျွန်တော်တို့မှာ ချွေးတလုံးလုံး ဖြစ်နေကြလေတော့သည်။ တစ်နှစ်ကြာလို့မှရုံးသို့ခြေဦးမလှည့်ဖူးသည့် သူကြီးပေ သူကြီးကပ်များလည်း သူတို့အိမ်နှင့်ရုံးအိမ်ဦး နှင့် ကြမ်းပြင် ဖြစ်နေလေသည်။ ရွာသားတွေအတွက် အမတော်ကြေး လျှောက်ပေးရသည်မှာလည်း အမော။ သူ့ရွာတွင် လူအများ အလုပ်အကိုင်မဲ့၍ စားရမဲ့ သောက်ရမဲ့ဖြစ်နေပါသည်ဟု ဆိုကာ အငတ်စာရင်းတွေကိုလည်း တပြုံတခေါင်းကြီး လာပေးလိုက်သေးသည်။ သူ့အားမဲပေးမည့်သူတွေကို အကုန်လုံး စာရင်းတွင် ထည့်လာလေတော့သည်။


တစ်ပွဲတစ်လမ်း အကဲစမ်း ကြမည့် သူကြီးလောင်းတွေကလည်း လူထု အတွက် ပျာပျာသလဲ တအားခဲပြီး အလုပ်လုပ်နေကြလေသည်။ဟိုမှာလည်း သူတို့ ၊ သည်မှာလည်း သူတို့ကိုပဲ ရှောင်၍ပင် မလွတ်။ အချို့လည်း ရိုးရိုးသားသားပင် မိမိ သဘောကျသလို နိုင်ငံရေး ပါတီ များ၏ လက်မှတ်ကို ယူထားကြလေသည်။


အချို့လည်း မဲရရုံလောက်သာ ရည်ရွယ်လျက် အရေ အမျိုးမျိုး ကို ခြုံထားကြလေသည်။ မောင်ပြုံးချို၏ နယ်တွင် ဂွချောင်းရွာသည် နာမည်အကြီးဆုံး ဖြစ်သည်။ နွားခိုးတို့၏ ပုန်းအောင်းရာ ဒေသ ဖြစ်သည်။အရက်သမား တို့၏ မှီခိုရာလည်း မည်သည်။ ဓားပြ၊ သူခိုး ၊ ကိုလူဆိုးတို့၏စံပျော်ရာလည်း ဟူ၏ ။ ထိုကျေးရွာကို လွန်ခဲ့သော နှစ်ပေါင်းဆယ့်ငါးနှစ် လောက်ကတည်းက စိုးမိုးအုပ်ချုပ်ခဲ့သော သူကြီးမင်း ဦးဘချစ်သည် သူ၏ရာဇပလ္လင် မငြိမ်မသက်ရှိ နေသည်ကို တုန်လှုပ်သောအမူအရာဖြင့် အကဲခတ် လျက် ရှိသည်။ သူနှင့် ယှဉ်ပြိုင်လျှောက်ထား အရွေးခံမည့်သူသုံးဦး ပေါ်ပေါက်နေပါသည်။


မောင်ပြုံးချိုက သူ့သူကြီးမင်းကို ဤသို့မေး၏။


" ဘယ်နှယ့်လဲ သူကြီးမင်း၊ဟန်ပါ့မလား"


"ဟဲ ဟဲ ဟဲ ဟန်ရမပေါ့မြို့အုပ်မင်းရာ"


သူပြောလို့သာကြားလိုက်ရသည်။ မောင်ပြုံးချိုကတော့ ဘယ်နည်း နဲ့မှ သူရမည်မထင်။


နောက်သုံးရက်ကြာသော အခါ သူနှင့် ယှဉ်ပြိုင် အရွေးခံမည့်သူသုံးဦး အနက်မှ တစ်ဦးဖြစ်သူ ဦးဖိုးထောင်သည် အရွေးမခံတော့ပါဆို၍ သူ့လျှောက်လွှာကို ပြန်လည်ရုပ်သိမ်းသွားလေသည်။


ဦးဘချစ် ဘယ်လို ခြေထိုးလိုက်သည် မသိ။ သူနှင့် ယှဉ်ပြိုင်အရွေးခံရန် ဦးသာထွန်းနှင့် ကိုဖိုးမြစ်နှစ်ဦးသာ ကျန်တော့သည်။ ဦးသာထွန်းနှင့် ကိုဖိုးမြစ်တို့လည်း တလှုပ်လှုပ် တရွရွ ဖြစ်ကာ မြို့မှ မိမိတို့ အဖွဲ့ခေါင်းဆောင် များကို ဖိတ်ကြား၍ ရွာထဲတွင် တရားပွဲများ ကျင်းပလျက် ရှိလေသည်။ "သူကြီးဟာကျုပ်တို့ကို အုပ်ချုပ်လာတာ ဆယ်ငါးနှစ်ရှိပြီ။ ဘာတစ်ခုမှ ကောင်းတာ မလုပ်ခဲ့ဘူး။ဗြူလိုကလား နက်တွေနဲ့ ပေါင်းပြီး မဟုတ်တာချည်း လုပ်တယ်။ ဟိုတစ်နှစ်က အမတော်ကြေး ထုတ်တုန်းကလည်း ကျုပ်တို့ဆီက တစ်ယောက်တစ်မတ် တောင်းတယ်။ ဘာကောင်းသလဲ။ အုပ်ချုပ်မှုလည်း သိပ်ညံ့ဖျင်း တာပဲ။ ရွာထဲမယ် နွားခိုးတွေ၊အရက်သမား တွေ၊ ဘိန်းပုန်းစားတွေ သိပ်ပေါတယ်။ ဒီရွာဟာ နာမယ် ပျက်နေတယ်။ အခုဖြစ်နေတာက ဒီရွာသားဆိုရင် ဘယ်သူကမှလူကောင်းလို့ မထင်ဘူး ။ လူဆိုးနဲ့ သူခိုးချည်း ထင်တာပဲ။ ဒါကြောင့် သည်လိုမသမာမှုတွေကို ပပျောက်အောင် လူထု သူကြီးတင်ပြီး လုပ်ရမယ်။"


ဦးသာထွန်း ဘက်မှလူတွေက ဟောကြပြောကြ၏ ။ ကိုဖိုးမြစ် ဘက်ကလူများကလည်း ဤ နည်းဖြင့် သူကြီးကို ရှုတ်ချ၍ ပြောဟာက မဲဆွယ် ကြလေသည်။ သူကြီးမင်း ဦးဘချစ်ကား အပြုံးပင် မပျက်။ လသာသော ညတစ်ညတွင် သူကြီးမင်းက အရပ်ထဲမှ သြဇာတိက္ကမ ရှိသူများကိုသူ့အိမ်သို့ ဖိတ်ကြားထားလေသည်။ ရွာဦး ဘုန်တော်ကြီး ကျောင်းမှ ဝတ်တတ်ကြေး စည်းသံကို နာခံရင်း လူကြီးမင်း များ သူကြီးမင်းထံသို့ ရောက်လာကြလေသည်။ သူကြီးမင်းသည် သူ၏ ခြံဝင်းအတွင်း ရှိမြေကွက်လပ်တွင် ခုံတန်းရှည်များ၊ ကုလားထိုင်များကို ချထာလေသည်။ လူပေါင်းငါးဆယ်ခန့် ဖိတ်မန ္တက ပြုထားလေရာ လူစုံလျှင် ပေါင်းမှ ချခါစ အရက်ဖြူကို လက်ဖက်ရည် ပန်းကန်လုံးများတွင် ထည့်၍ တစ်လှည့် စီလိုက်ပေးလေသည်။ သူကြီးမင်း၏သား အာလူးသည် သည်နေရာတွင် အတော်ဖျတ်လတ်သည်။ ဖခင်၏ အဖော်အားကို ရာဖြစ်၏ ။


လမင်းသည် ထိန်ထိန်ပနေလေသည်။ လရောင်ထိုးနေသော သူကြီးမင်း၏ အိမ်မှ သွပ်မိုးကို အဝေးမှပင်အထင်သား မြင်နေရသည်။ ဧည့်ပရိတ်သတ်များသည် အရက်ဖြူ တစ်ပန်းကန်လောက် ဝင်မိလျှင်လျှာသွက်အာသွက် ဖြစ်လာကြ လေသည်။ သည်အချိန်တွင် သူကြီးသား အာလူးက ပန်းကန်ပြားကြီးနှင့် အမဲသား နှပ်တွေကို ယူလာပြန်သည်။


" ကဲ ကဲ စားကြဗျ၊ အမဲသားနုနုလေး နှပ်ထားတာဗျ "


ဧည့်သည် အပေါင်းတို့သည်လည်း အားနာသော အားဖြင့် အတုံးခပ်ကြီးကြီးများကို ရွေးကာ သုံးဆောင်ကြကုန်သည်။


" ဟေမောင်ဘချစ်တဲ့၊ မင်းအမဲနှပ်က ကောင်းသဟေ့"


နှုတ်ခမ်းမွေးဖြူဖြူကြီးနှင့် အဘိုးကြီးတစ်ယောက်က ဆို၏ ။


" လတ်လတ်ဆက်ဆက်ကိုဘကြီးအောင်ရဲ့"


" အေး ဒါတော့ ဟုတ်ပါရဲ့၊ မင်းဟာ က တစ်ခွက်တည်းနဲ့ ပြီးရတော့မှာလား။ အာတောင် မစွတ်ဘူး"


" ရပါတယ် ၊ ရပါတယ် ၊လိုသလောက် ရပါတယ်၊ သုံးပေါင်းတောင် တည်ထားတာ။ ဒါနဲ့မှ မလောက်ရင် ဆယ်အိမ်ခေါင်းအိမ်က ယူပေးပါမယ်။


"အေးကွယ်၊ ဒီလို အခါတော့ ငါ့သားလေးအောက်မေ့သကွယ်" လောကနီတိ အဆိုအားဖြင့် အရသာ နှင့်ပြည်စုံသော အာဟာရကို သုံးဆောင်ရသော အခါ ချစ်ခင်ရင်းနှီး သူကိုသတိရမြဲတည်း။


"လွတ်လုပါပြီ ။ ရှေ့လမယ် ထင်တယ်"


" အဲဒါ သာထွန်းတို့လက်ချက်ပေါ့၊ ကျွန်တော်က မသိချင်ယောင် ဆောင်နေတာ ။ဒီကောင်က သွားတို့တာ၊ ခိုးတဲ့နွားရော တစ်ခါတည်း မိတော့ မကယ်နိုင်တော့ဘူး၊" သူကြီးက ခြေတစ်ချောင်းထိုးလိုက်လေသည်။


"အေးပေါ့ကွ၊ ဒါတောင်ဒီကောင်က သူကြီးလုပ်ဦးမတဲ့။ ဟင် ခွေးမသား။ ငါ့သား ထောင်ချတဲ့ကောင်"


အဘိုးကြီးသည် အရက်တစ်ခွက်ကိုမော့ချလိုက်ပြီးလျှင် တံတွေးကို ပျစ်ခနဲ ထွေးလိုက်ကာ အမဲသားတုံးကို ကိုက်လိုက်လေသည်။


" ဟုတ်တယ်၊ ဒီကောင်သာသူကြီးဖြစ်ရင် ကျုပ်တို့ ဒုက္ခပဲ၊ ကျုပ်တို့ ဒီရွာမှာတောင် နေနိုင်မှာ မဟုတ်ဘူး"


မကြာသေမီက အရက်ချက်မှုနှင့် ထောင်ကျပြီးလွတ်လာသူ ဖိုးထူးက အရက်သံနှင့် ပြောပြန်လေသည်။ သည် အချိန်တွင် အခါခွင့်ကိုစောင့်မျှော်လျက် ရှိသော သူကြီးမင်းက စကားစလေတော့သည်။


" အခု ကျွန်တော်ခေါ်ပြီး ကျွေးမွေးတာက သူကြီးကိစ ္စနှင့် ဘာမှ မဆိုင်ဘူးဗျ။ သက်သက်မဲ့ အလှုလုပ်တာ။ သူကြီး ကိစ္စတော့ ခင်ဗျားတို့စလာလို့သာ ပြောရဦးမယ်"


ဤသို့ နိဒါန်းသွယ်ကာ ရပ်လိုက်ပြန်သည်။


လူတွေက ငြိမ်းပြီး နားထောင်နေလေရာ တစ်ခါတစ်ရံ တံတွေးထွေးသံနှင့် လေချဉ်တက်သံ များကို သာကြားရသည်။ သူကြီးမင်းစကား ဆက်ပြန်လေသည်။ "ကျွန်တော် အခြေအနေလည်း ခင်ဗျားတို့ အတွက် လုပ်နေတာပါ။ ခင်ဗျားတို့ အပေါ်များ ကျွန်တော် မတရားတာ ဘာလုပ်ဖူးလို့တုံး။ ကဲ ပြောကြစမ်းပါ"


မည်သူမျှ မဖြေကြချေ။ သူကြီးက စကားဆက်ပြန်လေသည်။


" သူတို့က ဟိုအမတော်ကြေး ထုတ်တုန်းက တစ်မတ်စီတောင်းတာပြောနေတယ်။ အဲဒါ မြို့အုပ်က တောင်းခိုင်းလို့ တောင်းရတာဗျ။ ကျွန်တော် ရတာမဟုတ်ဘူး ။ ပြီးတော့ ကျွန်တော့ကိုအုပ်ချုပ်မှု မကောင်းဘူးတဲ့။ ဒီရွာမယ် အရက်ချက်တဲ့ လူတွေပေါတယ် ၊ နွားသတ်တဲ့ လူတွေပေါသတဲ့။ ဘုရားဒကာ တွေကလေ။ ကျွန်တော့ ထွက်ပေးလိုက်ပါမယ်။ သူတို့ဒါလောက်တောင် သူကြီးလုပ်ချင်ရင် လုပ်ကြစမ်းပါစေ"


လူတွေ လှုပ်လှုပ်ရွရွ ဖြစ်သွားလေသည် ။ တံတွေးထွေးသံ ၊ အာမေဋိတ်သံတွေ ထွက်ပေါ်လာလေသည်။


" ဟာ မထွက်ပါနဲ့"


"ထွက်သွားလို့ဘာဖြစ်မလဲ"


"ဟိုကောင်တွေနဲ့ကျုပ်တို့နဲ့ မဖြစ်ပါဘူး" ဟူသော အသံများ ထွက်ပေါ်လာရာ ဦးဘချစ်သည် အတော် ပီတိသောမနဿဖြစ်သွားလေသည်။ သို့သော် ငြားလည်း သူက ထပ်၍ မှုလိုက်ပြန်သည်။ " မဟုတ်ဘူး။ ကျွန်တော့ရွာသားတွေကကျွန်တော့ကို မလိုချင်ဘူးဆိုရင် ထွက်ရုံပေါ့။ လုပ်ချင်တဲ့လူ တက်လုပ်ပါစေ။ ကျွန်တော် ဒီသူကြီး အလုပ်ကို မမက်မောပါဘူး"


အဘိုးကြီးသည် ဒယီးဒယိုင် နှင့် လက်တစ်ဖက်မှာ အမဲသားတုံး၊အခြားလက်တစ်ဖက်မှ အရက်ပန်းကန် ကို ကိုင်ကာ နေရာမှ ထလေသည်။ ပေါတယ်။ ဒါကြောင့် မတတ်သာလို့ အရက်ချက် ရောင်းကြရတယ်" လူ တစ်ယောက်က လျှာလေးလေးနှင့် ပြောလေသည်။


" ကျွန်တော် ဘယ်တော့ဖမ်းဖူးသလဲ" သူကြီးမင်းက ဂုဏ်ဖော်လိုက်သည်။


"ဟုတ်တယ်၊ သူကြီးမင်းဆီတစ်လုံး ပို့လိုက်ရင် ပြီးတာပဲ" အသံတစ်သံ ထွက်လာလေသည်။


" ဟုတ်တယ်၊ ကျွန်တော်ကလည်း ကြိုက်တတ်သကိုး ဟဲဟဲ၊ ပြီးတော့ နွားသတ်တယ်။ ကျွန်တော် ဘာလုပ်ဖူးသလဲ"


"သူကြီးမင်းဆီ အူစုံသည်းစုံ ပို့လိုက်ရင်ကိစ္စပြီးတာပါပဲ"


"ဟဲ ဟဲ ကျွန်တော် ကလည်း ကြိုက်တတ်သကိုး"


သူကြီးကိုယ်တိုင် အတန်ထွေနေသည့် အထဲ တစ်ခွက်မော့လိုက်ပြန်သည်။ အမဲသားတုံးကို ခဲလိုက်ပြန်သည်။နောက် စကားဆက်ပြန်သည်။ " အဲဒီတော့ ကိုယ့်သူကြီးနဲ့ ကိုယ်ရွာသား ဘယ်လောက် ဟန်သလဲ။ ဖိုးဗြူလား ဓားပြတိုက်တုန်းကလည်း ပုလိပ်မမိအောင် ကျွန်တော်ကိုယ်တိုင် ဝှက်ထားတယ် မဟုတ်လား။ဒီထက်တော့ ကျွန်တော် ခင်ဗျား တို့အတွက် မလုပ်နိုင်တော့ဘူး၊။ ဒါလောက်တောင် ခင်ဗျားတို့ အတွက် ဆောင်ရွက်နေတဲ့ အထဲ ကျွန်တော့ကို မကြိုက်ဘူးဆိုရင်လည်း ခင်ဗျားတို့ သဘောပေါ့"


" ဟိုး ဟိုး ၊ ဟေ့မောင်ဘချစ် ၊ မင်းကို ဘယ်သူက မကြိုက်ဘူးပြောသတုံး။ မကြိုက်ဘူးပြောတဲ့ ကောင် ငါနွားသတ်တဲ့ ဓားနဲ့ ခုတ်မယ်" အဘိုးကြီး တစ်ယောက်က ထ၍ ဆူပြန်သည်။


"ကဲ ဦးလေးဘချစ်"


လူငယ် တစ်ယောက်က ထ၍ပြောသည်။


"ဦးလေးဟာ ကျွန်တော်တို့ ကျေးဇူးရှင်ကြီးပဲ။ အရက်ချက်လည်းမဖမ်းဘူး။ နွားခိုးလည်း မမြင်ချင်ယောင်ဆောင်တယ်။ ဓားပြတွေလည်း ဝှက်ပေးတယ်။ နည်းနည်းပါးပါးဝေစုပေးရတာ ဘာအရေးကြီးလဲဗျာနော်။ အမတော်တို့၊ အခွန်တော်တို့၊လည်း ဘယ်တော့မှ အတင်းအကျပ် မတောင်းဖူးဘူး။ဦးလေးဘချစ်ဟာ ကျွန်တော်တို့ လူထု အကျိုးကို အကြည့်ဆုံးပဲ။ ဒါကြောင့် ဦးလေးဘချစ်ပြန်အရွေးခံပါ။ ကျွန်တော်ရအောင် ဆောင်ရွက် ပေးပါမယ်"


ထိုစကားကို ကြားသော အရက်ချက်သမားလူထု ၊ နွားခိုးလူထု နှင့်ဓားပြ လူထုက သာဓု သုံးကြိမ်ခေါ်ကြကုန်သည်။ကောင်းချီသြဘာ ပေးကြသည် ။ အနုမောဒနာ ပြုကြကုန်သည်။


" ကဲ ဒီလိုဆိုရင် အများက တောင်ပန်းလည်း လုပ်ရတာပေါ့" ဟု ဦးဘချစ်က အာမဝန်တာ ခံလိုက်ရလေသည်။မဲရွေးပွဲနေ့တွင် ဦးသာထွန်နှင့် မောင်ဖိုးမြစ်တို့မှ မြို့က အဖွဲ့အသီးသီး ကိုယ်စားလှယ် များရောက်လာ၍ပါးစပ်ပြဲအောင် အော်ကာဟစ်ကာ တရားဟောကာ အားပေးနေကြသော်လည်း မဲရေတွက်လိုက်သောအခါဦးဘချစ် အများဆုံး ရရှိနေသည်ကို တွေ့ရလေသည်။


ထို့ကြောင့် ဦးဘချစ်သည် လူထု သူကြီး ဖြစ်ရပြန်လေသည်။


(ဂျာနယ်ကျော်၁၉၄၇ ဒီဇင်ဘာ ၁)

Wednesday, July 28, 2010

၆၃ နှစ်မြောက် အာဇာနည် နေ့

၆၃ နှစ်မြောက် အာဇာနည်နေ့ ကို သတိမထားလိုက်မိဘူး... နောက်နေ့ ဂျာနယ် တချို့မှာ ပါတဲ့ သတင်းတွေကြောင့် အော်... အာဇာနည် နေ့တောင် ၆၃ နှစ်ရှိပြီဆိုတာ စိတ်မကောင်းစွာ သိလိုက်ရတယ်....
ဘာဘဲပြောပြော အာဇာနည် နေ့ဆိုတာ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား တို့ တစ်ရက်ထဲ လုပ်ကြံခံရတဲ့ နေ့လားလို့ ငါသား င့ါကို လာမမေးတာကိုဘဲ ကျေးဇူးတင် မိတယ်...
အာဇာနည် နေ့ ဟာ နှစ်ခါပြန် စိတ်မကောင်းစရာ ကောင်းတဲ့ နေ့ လို့ ကျွန်တော်က မှတ်တယ်၊ ပထမက အမျိုးသား ခေါင်းဆောင်ကြီးတွေ ဆုံးရှုံးခဲ့ရလို့၊ နောက်တစ်ခုက ကိုယ့်အမျိုးသား အချင်းချင်း လုပ်ကြံမှု့ဖြစ်ရတဲ့ အတွက် ဆုံးရှုံးခဲ့ရတဲ့ အရှက်နဲ့ သိက္ခာ တွေအတွက်။ နောင်တဆိုတာ နောင်မှ ရတတ်တယ်ဆို သလို ကျွန်တော်တို့ နောင်တက နောင်မှ တခဲ့ရပြီ၊ ဒီနေရာမှာ ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ မေးစရာပေါ်လာတယ် နောင်တရပြီလား...
ကိုယ့် အမျိုးသားတွေ စည်းလုံးညီညွတ်မှုဟာ သိပ်အရေးကြီးတယ်ဆိုတာ... ဒီတော့ ကျွန်တော်တို့ တွေ အာဇာနည်နေ့ ဆိုတာနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေး ဆိုတာကို တွဲပြီမြင်ရမယ်လို့ ကျွန်တော် အကြံပြုလိုပါတယ် ... အမျိုးသားတွေ စည်းလုံးညီညွတ်မှု့ မရှိတဲ့ ရလဒ်တွေ ကို ကျွန်တော်တို့ ခါးသီးစွာ ခါးစည်းခံ နေရတယ်ဆိုတာ အားလုံးအသိဘဲ... လူဦးရေ နည်းနည်းလေး ရှိပြီး ကြွယ်ဝတဲ့ ကျူပ်တို့တွေ သူများနိုင်ငံမှာ ကျွန်ဖြစ်နေရတာကို သွားသတိရတယ်၊ ဒါတောင်ဂုဏ်ယူတဲ့ သူတွေက ရှိသေးတယ်၊

မြန်မာနိုင်ငံမှာ FTZ တို့ EPZ တို့ ကို ( free trade zone or export processing zone ) အလျင်အမြန် အကောင်အထည်ဖေါ် ဆောင်၇ွက်သင့်တယ်၊ အဲ့ဒီစနစ်တွေကို လွယ်လွယ် ပြောရမယ်ဆိုရင် နိုင်ငံတကာက စက်ရုံကြီးတွေကို ဒီမှာ အလကားနီနီဈေးနဲ့ စက်မှု့ဇုန် ကြီးတွေ ဆောက်ခွင့် ပေးတာဘဲ.. ဒါပ်ေမဲ့ အဲ့ဒီ စက်ရုံကြီးတွေမှာ ၇၀ % ကနေ ၁၀၀ အထိ မြန်မာ လုပ်သားတွေကို ခန့်စေပြီး နိုင်ငံတကာ လုပ်အားခ တွေအတိုင်း ပေးစေတယ်၊ ကိုရီးယား နိုင်ငံက စက်ရုံတွေ မြန်မာပြည်မှာ အများကြီးလာဆောက်ရင် ကိုရီးယာသွားပြီး အလုပ်လုပ် နေစရာမလိုတော့ ဘူးပေါ့၊ လုပ်ခကလည်း တစ်လကို ၃ သိန်းကနေ ၁၅ သိန်းလောက် ရလာနိုင်တယ်၊ အကျိုးဆက်တွေ က ဆိပ်ကမ်းတွေ ဖွံ့ဖြိုးလာမယ်၊ နည်းပညာ နဲ့ ကျွမ်းကျင်သူတွေ ပေါများလာတဲ့ အတွက် ပြည်တွင်း စက်မှု့လုပ်ငန်း တွေလဲ အရည်အသွေး တွေ တက်လာမယ်၊ ၄င်း စက်မှု့ဇုန်တွေက ပစ္စည်းတွေကို ပြည်တွင်းအတွက် တင်သွင်းတဲ့ အခါ သယ်ယူစရိတ် သက်သာပြီး သုံးစွဲသူတွေ ဈေးနှုန်းချိုသာ မှု့တွေကို ရမယ်၊ နိုင်ငံခြားသား လုပ်ငန်းရှင်တွေ အများကြီးလာနေတဲ့ အတွက် အချို့ စားသောက်ဆိုင်တွေ ၊ လုပ်ငန်းငယ်တွေလည်း အစဉ်ပြေ တိုးတက် လာစေတယ် ၊ ဒါတွေထက် အဆပေါင်းများစွာ အကျိုးရှိစေတာက သူများနိုင်ငံမှာ ကျွန်ဖြစ်မှန်း မသိဖြစ်နေတဲ့ ကျုပ်တို့ မြန်မာတွေကို အမိနိုင်ငံမှာ ရင်ကော့်ပြီး မိသားစု ဘ၀ ဆွေမျိုးးစုံစွာနဲ့ ဘ၀တည်ဆောက် နိုင်စေမယ်။

Saturday, June 19, 2010

ငါ အိမ့်မက် မက်တယ်

မီးတွေ ထိန်ထိန်လင်းတဲ့ လမ်းတွေမှာ ငါပြေးနေတယ်....ကလေးတွေကလည် ပျော်လို့.....လမ်းတွေပေါ်မှာ နောက်ဆုံးပေါ် ကားတွေက တဝီဝီ နဲ.. လူတွေက လမ်းမြန်မြန်လျောက်နေကျတယ်.. အချိန်တွေက တန်ဖိုးရှိလို့ အနာဂတ်တွေ ကိုယ်စီ ပိုင်ဆိုင်လျက်..... MRT ရထားပေါ်မှာ ကျောင်းသားလေးတွေ ပျော်ပါး စကားပြောလျက်
တိုက်အောက်မှာ အဖိုးကြီးတွေ အဖွားကြီးတွေ စုပြီ ထိုင်နေတယ်... ငယ်ဘ၀ ပြောနေလိုက်ကျတာ အားရစရာ
မြို့လယ် တိုက်နရံပေါ်က TV ကြီးက ကြီးလိုက်တာ... LED မီးသီတွေနဲ့ ပုံဖေါ်ထားပင်မဲ့ ကြည့်လို့ကောင်းတယ်...
ပန်ခြံထဲက မိသားစု တွေ ပျော်ပါး အော်ဟစ်သံ... ၃ နှစ် သမီးလေးက အားရပါရ ပျော်ပြီး အော်လိုက်သံ ....
ဒါပင်မဲ့ ရန်ကုန်မှာ....... ကျွန်တော် လန့်နိုးလားတော့..

စကားအနည်းငယ် တင်ပြ မေတ္တာရပ်ခံ လိုတာက

လေးစားရပါသော စာရှု့သူအပေါင်းအား အလ္လာရှင်မြတ် ထားဝရ ဘုရားသခင် ရဲ့ငြိမ်းချမ်းသာယာ မှု့အဖြာဖြာ အသင်တို့ အပေါ်သို့ ကျရောက်ပါစေလို့ ဆုမွန်ကောင်း တောင်လိုက်ပါတယ်… ယနေ့ သမရမှာ စကားအနည်းငယ် တင်ပြလိုပါတယ် …

ယနေ့ အစ္စလာမ် ဘာသာဝင် တွေ ဟာ အကြမ်းဖတ်မှု့ တရားခံ တွေ အဖြစ် စွတ်စွဲ ခံနေရမှု့ဟာ အမှန် ပကတိအခြေ အနေပါ မိတ်ဆွေတို့ ကိုယ့် မှတ်ပုံတင် ကိုယ်ကိုင်ပြီး ဖြစ်ဖြစ် Passport ကိုင်ပြီးဖြစ်ဖြစ် အတော်များများ သက်ဆိုက်ရာ နိုင်ငံ Immagartion နဲ့ လုံခြုံရေးတွေ ရှေ့ကိုရောက် ရင် စိတ် ကသိ ကအောင့် ဖြစ်ခဲ့ရတဲ့ သူတွေ အားလုံး အသိပင်ဖြစ်ပါတယ်။
ကျွန်တော်ကတော့ ဒီဖြစ်စဉ်က အစ္စလာမ် ကို မီဒီယာနဲ့ လုပ်ကြံခံရတဲ့ ကိစ္စလို့ ယုံကြည့်မိပါတယ်။ ကမ္ဘာ့ သမိုင်းမှာ ယနေ့ ပြောပြောနေကျတဲ့ အကြမ်းဖတ်မှု့ဆိုတာ ကို ဘာသာ ပေါင်းစုံက လူတွေ လုပ်ခဲ့ ကျတာဘဲ ဥပမာ ခရစ်ယာန် ဘာသာကို ယုံကြည်တဲ့ ဟစ်တလာက ဂျူးလူမျိုး ၄ သန်းလောက်ကို သတ်ခဲ့တယ် ၎င်း ရဲ့ လုပ်ရပ်ကို ကမ္ဘာ့ပေါ်မှာ ရှိတဲ့ ခရစ်ယာန်တွေကို အကြမ်းဖက် သမားတွေလို့ ဂျူးလူမျိုး တွေကိုယ်တိုင်က မမြင်သလို ဘယ်လူမျိုး ဘယ်ဘာသာ ဝင်တွေကမှ အသိဉာဏ် ဆင်ခြင် တုန်တရားကင်းမဲ့ စွာ မျက်စိ တဖတ်ပိတ် ပြီး မစွတ်စွဲ ခဲ့ကျပါဘူး၊ Cambodia က ဗုဒ္ဒဘာသာဝင် ပိုးပေါ့က Cambodia မှာနေထိုင်ကျတဲ့ ရိုးရာ နတ်ကိုးကွယ်သူတွေ၊ ဗုဒ္ဒဘာသာဝင်တွေ နဲ့ အစ္စလာမ် ဘာသာဝင် စုစုပေါင်း ၃ သန်းလောက် ကို သတ်ခဲ့တယ်။ မနေ့ တစ်နေ့ကလို သွေးညှိနံ့တွေ မပျောက်သေးတဲ့ ဘောစ့်စနီးယားကိစ္စ ကို အကြောင်းခံပြီး အစ္စလာမ် ဘာသာဝင် ၃ သိန်းလောက်ကို မျိုးဖြုတ်ခဲ့တဲ့ ကာရာဒစ်ကို ဘယ်အစ္စလာမ် ဘာသာဝင်က မှ ခရစ်ယာန်တွေ အကြမ်း ဖက်နေတယ်လို့ မမြင်ပါဘူး ကဲ..ဒါဆို အိုစမာ ဘီလာဒင်ရဲ့ အကြမ်းဖက်မှု့ ကြောင့် လူ ၃၀၀၀ ကျော် အကြမ်းဖက်ခံ ရတဲ့ ၉/၁၁ ကိစ္စပေါ် အခြေခံြပြီး အစ္စလာမ်လူ့ အစုအဝေး အားလုံး အပေါ် အကြမ်းဖက် သမားတွေလ့ို လူအများက ဘာကြောင့် ယူဆ လာကျပါသလဲ။ ဒီကိစ္စကို ကြည့်လိုက်ရင် မီဒီယာရဲ့ သတင်း တွေက လူအများရဲ့ အသိကို ပြောင်းလဲ စေခဲ့တယ် ဆိုတာ ထင်ရှားသိမြင်လာစေမှာပါ။

ယနေ့ ကမ္ဘာပေါ်မှာ လူဦးရေ ငါးပုံ တစ်ပုံ ဟာ အစ္စလာမ် ဘာသာ ဝင်တွေ ဖြစ်ပင်မဲ့ ပညာရေးမှာ အတော် ကို ရာခိုင်နှုံန်း နည်းနေပါတယ်။ ပထမ အကြောင်းကတော့ အာဖဂန်လို နိုင်ငံတွေ နဲ့ တချို့ အစ္စလာမ့် နိုင်ငံတွေမှာ အမျိုးသမီးတွေ ပညာသင်ကြားခွင့် အခွင့်အလမ်း နည်းပါးခြင်းနဲ့ အချို့ အစ္စလာမ်ဘာသာဝင်တွေ စနစ် မကျတဲ့ ဘာသာရေး ကျောင်းတွေမှာဘဲ သူတို့ အချိန်ကို ကုန်လွန်ခဲ့ကျလို့ပါဘဲ။ ဒီနေရာမှာ ပညာရေးဆိုတာမှာ လည်း စနစ်ကျတဲ့ ပညာရေးကို အစ္စလာမ်က အမျိုးသမီး တွေနဲ့ အမျိုးသားတွေကို တန်းတူ ပညာမဖြစ်မေနေ သင်ကြားဖို့ အတိအလင်းခွင့်ပြုထား ပင်မဲ့ မျက်နှာလွဲခဲပစ် ပညာရေးဆိုပြီး လူမှု့ သိက္ခာ ပျက်ယွင်းစေနိုင်မဲ့ ကိစ္စကိုတော့ အစ္စလာမ်က တားမြစ်ထားပါတယ်၊ ဥပမာ ပညာရေးကို စိတ်ဝင်တစား အားပေးတဲ့ အထဲမှာ မြန်မာပြည်က အစ္စလာမ် မိဘတွေ ရဲ့ ရာခိုင်နှုံးက မနည်းပါဘူး… သိန်း ၂၀၀ - ၄၀၀ လောက်ကုန်တဲ့ စင်္ကာပူ ကျောင်းတွေတက်ဖို့ လား အိုကေ .. ကောင်းပါတယ် ဒါပေ်မဲ့ လွတ်လိုက်တာက အလွန်နုပျိုပြီး စိတ်ကစား နိုင်တဲ့ ဘဝရဲ့ အချိုးအကွေ့ ကို ဆုံးဖြတ်ရမဲ့ အရွယ် သမီးပျို တွေကို အုပ်ထိန်းသူ မပါဘဲ လွှွတ်တယ် .. အဲ့ဒါ ကို အစ္စလာမ်က ခွင့်မပြုပါဘူး၊ အုပ်ထိန်း သူနဲ့ ခွင့်ပြုပါတယ်.. စင်္ကာပူမပြောနဲ့ မြင့်ြမြတ်နဲ့ မင်္ကာ ရွှေမြို့တော်ကို ဘုရားဖူးဖို့ကိုတောင် အစ္စလာမ်က ကိုယ်သမီးပျို လေးကို အုပ်ထိန်းသူ မပါဘဲ လွှတ်ဖို့ ခွင့်မပြုဘူး။ အခု စင်္ကာပူမှာ တော့ မသိဘူး ရန်ကုန်မှာ Day Club တဲ့ ခေတ်စား နေတဲ့ နေရာတွေမှာ ကြည့်မလား မွတ်စလင်မလေး တွေ တွေ့နေရပြီ မိဘ တွေကတော့ ‘တာဝ” က တက္ကသိုလ် ကျောင်းသွားတယ် မှတ်နေမှာ။ ဒါအစ္စလာမ် မှ မဟုတ်ဘူး ဘယ် သားပျို သမီးပျို အတွက်မှ မကောင်းဘူး. စာရှု့သူတို့ လည်း ဘယ်ဘာသာ ဝင်ဖြစ်ဖြစ် ဒီကိစ္စကို လက္ခံမယ် မထင်ပါဘူး၊

အစ္စလာမ် မှာ အမျိုးသမီးတွေကို သိပ်တန်ဖိုးထားတယ်.. မင်္ဂလာဆောင်မယ် ဆိုရင် ကိုယ်ယူမယ့် မယား လောင်းကို မဟာ လို့ခေါ်တဲ့ လက်ဆောင်ပေးပြီး ဂုဏ်ပြုရတယ်၊
ယနေ့ လူချမ်းသာ တွေကတော့ ချမ်းသာသလောက် ရွှေ ၆ ကျပ်သား ရွှေ နှစ်ပိသာ၊ စိန်တဆင်စာ စသည်ဖြင့်ပေါ့.. ဒီလိုဘဲ အကြောင်းမလှတဲံ ဆင်းရဲတဲ့ အမျိုးသားတွေ ကို လည်း သာသနာက နောက်ဆုံး ရေလေး တစ်ခွတ်လောက်တော့ ခန်းဝင် မဟာ အဖြစ် လက်ဆောင် ပေးဖို့ ဆုံးမတယ်။ ကိုယ့်ဇနီးမယားတွေကို လည်း ရတနာတွေလို တန်ဖိုးထားခိုင်းတယ် ကျွန်တော်တို့ အဖိုးတန် ရတနာတွေကို ဘယ်လို ထားလည်း အဲ့ဒီလို ထားခိုင်းတယ်၊ အဲ့ဒါကို အဝတ်ထုပ်နဲ့ ထုပ်သလို သိမ်းထားရင်တော့ ထိုသူမ ခင်မျာ ကျေနပ်ရင်တော့ ကြားက ဘာမှ ဝင်ပြောစရာမလိုပါဘူး မကျေနပ်ဘဲ နေရတယ် ဆိုရင်တော့ အတော့ကို ကသိကအောင့်နေမယ်…လုံခြုံစွာထားပါ ကောင်းပါတယ် လွန်ကဲမှု့တွေ မဖြစ်ဘို့ကိုဘဲ စဉ်းစား ချင့်ချိန်စေလိုပါတယ်။

ယနေ့ ကမ္ဘာပျက်မည့် နမိတ်လား တော့မသိဘူး အားလုံး ပြောင်းပြန်တွေ ဖြစ်ဖြစ်နေတယ် အမျိုးသားတွေက အတင်းပြောနေလိုက်တာ ဈေးထဲက ဈေးရောင်းတဲ့ ငါးစိမ်း သယ်က အန့်အော် တယ် ပြောရမယ်.. အခြေအမြစ် မရှိ၊ ခိုင်မာမှု့ မရှိတဲ့ သတင်းတွေ၊ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာပိုင်းနဲ့ ဆိုင်တဲ့ ကိစ္စတွေကို အစ္စလာမ်က တင်းတင်း ကြပ်ကြပ် မပြောဖို့ တားမြစ်ထား သလို နားထောင်တဲ့ သူကလည်း အခြေအမြစ် မရှိ၊ ခိုင်မာမှု့ မရှိတဲ့ သတင်းတွေ ကို လက္ခံ နားထောင်ဖို့ ခွင့်မပြုဘူး၊ အဲလို အထင်းအရှားတားမြစ် ထားပေမဲ့ အစ္စလာမ် ဘာသာဝင် အမျိုးသား တချို့ရဲ့ လုပ်ရပ်တွေက အတော့်ကို အရှိန်ကောင်းနေတယ်..၊ ကျွန်တော်တို့တွေ သတိထားပြီး ဆင်ခြင်ရမှာပါ။
ကျွန်တော် တင်ပြတာတွေမှာ အမှားတွေလည်း ပါနိုင်ပါတယ်၊ ၎င်းကိုလည်း စေတနာ အမှားလို့ မှတ်ယူစေလိုပါတယ်။
နောက်ဆုံး အနေနဲ့ ကျွန်တော် တို့ ညီအကို မောင်နှမ တွေ ဒီအစ်ဒ်ေနေ့ ကို အကြောင်းခံ ပြီး တစ်ယောက်နဲ့ တစ်ယောက် မကျေလဲမကျေနပ် တာတွေကို ခွင့်လွတ်ကျရင် မင်္ဂလာ ရှိသော အစ်ဒ်နေ့ကို ဖြတ်သန်းကြပါစို့လို့ မေတ္တာရပ်ခံ လိုက်ပါတယ်…

ကျွန်တော့်မှာ ကိုယ်ဝန်ရှိနေပြီ

ချစ်သူတွေ ဖြစ်ဖြစ်၊ အိမ်ထောင်ရှင်တွေ ဖြစ်ဖြစ် ချစ်သူ ဇနီးလေးက ကိုယ်ဝန်ရှိနေပြီလို့ ပြောတာကို ဘဝမှာ ပထမဆုံးကြားရတယ် ဆိုရင် ဘယ်လို နေမလည်း၊ ဒါမှ မဟုတ် တခါ ကိုယ်ဝန်ပျက်ဘူးတဲ့ ဇနီးလေး ပြောလာမယ်ဆိုရင် သင့်စိတ်ထဲ ဘယ်လိုနေမလည်း၊ အဲ့ဒီ ချစ်သူ ဇနီး သူ့စိတ်ထဲမှာ ကော ဘယ်လိုခံစားမှု့ မျော်လင့်ချက်တွေ စိုရိမ်မှု့တွေ ရှိနေမလည်းလို့ စဉ်းစားနေမိတော့။ ကျွန်တော် လည်း အနာဂတ် တစ်ခုကို လှမ်းမြင်လိုက်ရတော့ ရင်ခုန်မှု့ ပထမဆုံးက သားလေးလား၊ သမီးလေးလား၊ ပေါ့ ဂျုးဒိတ်ကတော့ ၂၀၁၀ ဆိုတာကတော့ သိနေပင်မဲ့ အတိမကျ မသိရသေး၊ သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် အကောင်းဆုံး အနာဂတ်တစ်ခု ဖြစ်လာမယ်လို့ ယုံကြည့်မှု့တွေနဲ့ မျော်လင့်ကြီးစွာဖြင့်

Who eat my chese ?

ဒီနေ့ လွတ်လပ်ရေးနေ့ ဆိုလို့ စိတ်ပြေလက်ပြောက် အပြင်ထွက်ပါတယ် မလွတ်လပ် ပါဘူး ဒီလမ်းက ပိတ် ဟိုလမ်းက ပိတ်နဲ့ လိုရာကို မရောက်ဘူး... အော် လွတ်လပ်ချင်းရဲ့ အရသာ အချုပ်ထဲ ရောက်မှ သိ ဆိုတာ မဖြစ်နိုင်ဘူး ...
လွတ်လပ်ရေးနေ့မှာကို သိလိုက်ရတယ်.. ဒီနေ့ လွတ်လပ်ရေးနေ့ဆိုတာကို မေ့များနေလားတော့ မသိဘူး တချို့လူတွေပြောပါတယ်.. အလံတွေတောင် သိပ်မတွေမိဘူး .. ဘာကိုများကြောက်နေသည်မသိပါ.
.
ကြောက်တယ်ဆိုတာ မဆန်းပါဘူး။ လူတိုင် ဆုံးရှုံနိမ့်ကျမှာ၊ ဆင်းရဲမှာ၊ နာကျင်မှာကို ကြောက်ကြတာချည်းပဲ၊ ကျွန်တော်လဲ မကြောက်တမ်း သတ္တိရှိရှိ နဲ့ ၀န်ခံရမယ်ဆိုရင် ကြောက်တက်တယ်ဗျ လူတိုင်း အနည်းနဲ့ အများ အကြောက် တရားရှိတက်ကြတာပါပဲ။ ဒါပင်မဲ့ အရှက် ဆိုတာလည်း ရှိတယ်။ လူမှာ လူ့သိက္ခာကို နှိမ့်ချ စော်ကားခံရရင် ရှက်တက် ကြပါတယ်. အဲ့ဒီအခါ ကြောက်ကန်ကန်တယ်... ဘာပဲဖြစ်ဖြစ် အကြောက်တရားမှာ အကန့်အသက်တော့ ရှိတယ် လို့ ထင်ပါတယ်..
.
လွတ်လပ်ရေးဆိုတာကို မြန်မာတွေ ရတာ ( ၆၂ ) နှစ်ရှိပြီ လွတ်လပ်လား မလွတ်လပ်ဘူးလား ကိုယ့်ဖာသာကို မေးကြည့်၊ လွတ်လပ်ရေးရဲ့ တန်ဘိုး သိလား ကိုယ့်ဖာသာ ကိုမေးကြည့် ၊ မြန်မာတွေ အင်္ဂလိပ်ကျွန်ဖြစ်တုန်က ကိုယ်မြေ၊ကိုယ်ရေ၊ ကိုယ့် မိသားစု နဲ့ ဥမကွဲ သိုက်မပြတ် ကျွန်ဖြစ်တယ်ဆိုရမယ်။ အဲ့ဒီတုန်က ကျွန်တော်တို့ နိုင်ငံကို ကုလားတွေ လာအလုပ်လုပ်ကျတယ် ... ကယ် ဒီနေ့ ဘာတွေဖြစ်နေလည်း ကိုယ့်ဖာသာ ကိုစဉ်းစားကြည့်..

ကျွန်တော်တို့ နိုင်ငံ အခတ်အခဲတွေ တွေ့နေတဲ့ အချိန်မှာ အာရှနိုင်ငံတွေ ဘာလုပ်ကျလည်း ကျွန်တော့်အမြင်တော့ ၀မ်းသာတယ်.. သူတို့ မြန်မာတွေကို အောက်ခြေ၀န်ထမ်းအဖြစ် ဈေးပေါပေါနဲ့ ရနေတယ် ၊ ကျွန်လိုခိုင်းတယ်
နိုင်င်္ငတော်ရတနာတွေကို နယ်ခြားကနေ အောက်ဈေးနဲ့ ၀ယ်လို့ ရနေတယ်... ဒါဟာ ပြည်သူတရပ်လုံးရဲ့ ဆုံးရှုံးမှု့ဘဲ ....
လွတ်လပ်ရေးနေ့ဆိုတာကို ကျွန်တော်သိသလောက် အမှတ်တရနေ့ တစ်ခုလောက်တော့ မဖြစ်သင့်တော့ဘူး
လွတ်လပ်ရေးနေ့ ဆိုတာနဲ့ အလုပ် ဆိုတာကို တွဲပြီး အသိဝင်ရင်ကောင်းမယ်လို့ ထင်မိတယ်....
ကျွန်ဘ၀မှာ ကျွန်တော်တို့ အရှုံးဆုံးက အလုပ် ... မြန်မာတွေ အင်္ဂလိပ်အတွက် အလုပ်လုပ်ပေးခဲ့ရတယ် ကျွန်တော်တို့ရဲ့ လုပ်အားတွေကို ထုပ်ယူ ဆုပ်ယူခဲ့တယ် ရသင့်တဲ့ လုပ်အား တန်ဖိုးတွေ မရခဲ့ဘူး... ဒီနေရာမှာ တခြားဆုံးရှုံးမှု့တွေကို မပြောတော့ဘူး ... လွတ်လပ်ပြီးဆိုတော့ လွတ်လပ်ရေးနေ့မှာ အလုပ်ကို သိရမယ်...
အလုပ်ဆိုတာ လူတိုင်းသိတာပဲ....ရှင်းတယ်လေ အလုပ်ဆိုတာ အလုပ်ပေါ့... ဒါပင်မဲ့ အလုပ်ရဲ့ တန်ဖိုးတွေ ကိုရောထည့်မစဉ်းစားတော့ဘူးလား...... တချို့ နိုင်ငံတွေမှာ အလုပ်ချိန် တနာရီကို ၁၅ ဒေါ်လာရတယ် မြန်မာငွေ ၁၆၀၀ ဆိုပါတော့ ...

ကျွန်တော်တို့ အလုပ်တန်ဖိုးက လွတ်လပ်ရေးနဲ့ အတူပါမလာဘဲ ဘယ်မှာကျန်နေခဲ့သလည်း...
အဲ့ဒါကို ရှာပေးကျပါ... ဒီနေ့ လူတွေက အလုပ်တစ်ခုပေါ်ရင် ဂွင် လို့ပြောတယ်.. ကျွန်တော်ကတော့ ဒီခေတ်စကား ဂွင် ဆိုတာကို အဓိပါယ် အသေအချာ မသိဘူး ဒါနဲ့ အင်တာနက်မှာရှာလိုက်တော့ ဂွင်ဆိုတာ မှန်မှန်ကန်ကန် နည်းလမ်းနဲ့ ရတာမဟုတ်ဘဲ အချောင်ပေါက်ရအောင် လုပ်တာကို ခေါ်တယ်လို့ တွေ့တယ်.. ဟိုက် ဒါဆို ကျွန်တော်တို့ အလုပ်ဆိုတာကို အချောင်လို့ မှတ်သလိုဖြစ်နေပြီ.. ဒါလည်း စဉ်းစားကျပါအုံး...

The Current State of the Yangon Real Estate Market (2026)

The Current State of the Yangon Real Estate Market (2026) In 2026, the Yangon real estate market continues to operate on a trajectory that d...