Search This Blog ရှာရန်

Tuesday, May 13, 2025

အရူး

အမေ အမေ့သားရှုးနေပြီ
ပတ်ဝန်ကျင်ဆိုတာ သူခိုးတွေလား
မိတ်ဆွေဆိုတာ လူသက်သမားတွေလား

အမေ အမေ့သား မတွေးတက်တော့ဘူး
ငွေဆိုတာက ဘုရားသခင်လာ
ပိုင်ဆိုင်မှု တွေက သူတော်စဉ်တွေလား

အမေ အမေ့သား မသိတော့ဘူး
အကုသိုလ် ဆိုတာက ဘာမှ မသိသူတွေ အတွက်လား
ကုသိုလ် နဲ့ ကောင်ခြင်းတွေက သေနာကောင်တွေ အတွက်လား

အမေ အမေ့သား သဘောမပေါက်တော့ဘူး
လူကောင်းတွေ အတွက် က အရက်ဆိုင်လား
လူရုပ်မာတွေ အတွက် က ဘုရာကျောင်းတွေလား

အမေ အမေ့သားရှုးနေပြီ
ခွေးတွေက ထမင်းစားပြီး လူတွေချီးစားနေပြီလား
တိရိဆန်ရုံ ဆိုတာ လူတွေ ထည့်ထားဘို့လား

အမေ အမေ့သားကို ပြောပါ
ကျွန်တော့် ကို မွေးလိုက်တာ သေဘို့လား
လူတွေ ငိုရအောင် မွေးလိုက်တာလား

အမေ အမေ့သားကို ကြည့်ပါအုံး
သားအနားမှာ လာနေပေးပါလား
ဒါမှ မဟုတ် ကျွန်တော် သေအောင်ဆုတောင်း ပေးပါလား

အမေ..
သားကြောက်တယ်... အမှာင်ထဲမှာ မနေချင်ဘူး.......

No comments:

Post a Comment

This Is Not a Joke: It’s AI

We can no longer view the disruption caused by AI and robotics through the narrow lens of "will human jobs disappear?" A more crit...