Search This Blog ရှာရန်

Tuesday, May 13, 2025

ဆုတောင်း

ယုံကြည့်မှု့၊ ခံယူချက်၊ အယူအစ တွေ မတူညီပင်မဲ့ ဘုံအကြိုးစီးပွားကို ရှေ့ရှု့သူတွေဖြစ်ပါစေ။ ကမ္ဘာကြီးမှာ တရားမျှတမှု့ရှိတဲ့ ငြိမ်းချမ်းရေးတွေ ဖြစ်ပေါ်လာပါစေ။ကြီးနိုင် ငယ်ညှင်း စိတ်ဓါတ်တွေ ပျောက်ဆုံးပါစေ၊ လူငယ်တွေ ပညာတက်တွေ ဖြစ်ပါစေ၊ ဆယ်တန်းကို မခိုးချဘဲအောင်ပါစေ၊ သားလေး ဘဝကို တန်ဖိုးရှိအောင် အသုံးချနိုင်ပါစေ၊ သမီးလေ ကိုယ့်ကိုကိုယ် တန်ဖိုးထားနိုင်ပါစေ၊ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်း ဘို့ နိုင်ငံခေါင်းဆောင်များ ညီမျှတဲ့ အပေးအယူတွေ နဲ့ ပေးဆပ် ထိန်းသိမ်းနိုင်ပါစေ၊ ဘာသာရေးသမားများ၊ နိုင်ငံရေးသမားများ လုပ်စားမှု့ ကင်းပါစေ.. လက်နှက်ကိုင် နိုင်ငံရေးသမားတွေ ပပျောက်ပါစေ။ မီးမှန်မှန်လာပါစေ၊ ချစ်သူတွေ စစ်မှန်တဲ့ မေတ္တာ တွေနဲ့ ချစ်နိုင်ကြပါစေ၊ အူးဝဲလို့ မွေးလိုက်တဲ့ ကလေးလေးမှာ မိစုံဖစုံ ရှိပါစေ၊ လင်ကောင်မပေါ်ဘဲ မွေးတဲ့ ကလေး ပပြောက်ပါစေ။ အပြီးတိုင် ခွဲခွာတော့မည့် လင်မယာ ကောင်းကွပ်လေးများ နဲ့ ပြန်ပေါင်းထုပ်နိုင်ပါစေ။ ကျန်းမာရေး ကို အလေးပြု အသိ ဝင်နိုင်ပါစေ။ ကမ္ဘာပေါ်မှာ မရှိတော့တဲ့ ချစ်သူတွေကို သတိရနိုင်ပါစေ
19 Jun 2010 ရေးသည်

No comments:

Post a Comment

This Is Not a Joke: It’s AI

We can no longer view the disruption caused by AI and robotics through the narrow lens of "will human jobs disappear?" A more crit...