စိတ်မကောင်းပါဘူး ဂျပန် ရယ် . . . Say sorry for Japan by Aung Myo Lwin Agga on Saturday, March 12, 2011 at 1:01am ကျွန်တော်ချစ်ရတဲ့ ကျွန်တော့်အဖွား ဒေါ်အေးခင် ဂျပန်မှာ အကြီးအကျယ် ငလျင်လှုပ်ပြီး ဘေးဒုက္ခ အကြီးအကျယ်ရောက်တာ တွေ့တော့ သွားသတိရမိတာလေး တစ်ခုရှိတယ်၊ အဲ့ဒါလေးကကျွန်တော် ၁၀ တန်းနှစ်မှာ မြန်မာပြည်ကို နှစ်စဉ်လာလေ့ ရှိတဲ့ ဂျပန် လင်မယား နှစ်ယောက် ကို ၃ နှစ်လောက် မတွေ့ ရဘဲ နောက်ဆုံး အကြိမ်အဖြစ် တွေ့ဆုံခဲ့ကျတယ်။ သူတို့လင်မယား မြန်မာပြည်ကို ကျွန်တော်ငယ်ငယ်က လာပြီဆို ကျွန်တော် သိပ်ပျော်တယ်၊ ပျော်ဆိုလည်း ပျော်စရာ၊ ကစားစရာ အသစ်အစမ်း လေးတွေ လက်ဆောင်ရတယ်လေ..( ထိုစဉ်က ဆိုရှယ်လစ် ခေတ်ဆိုတော့ ယခုလောက် ကစားစရာအသစ် အစမ်းများ ပိုက်စံ ပေးလို့ ပင်ဝယ်မရသည့် အချိန်၊) သူတို့ဟာ ကျွန်တော့် အဖေ ဂျပန်မှာ ပညာတော်သင် သွားတုန်း တွေ့ဆုံးခဲ့ကျသူတွေဖြစ်ပြီး၊ သူတို့ မြန်မာပြည်သွားရင် အဖေ့မိသားစုနဲ့ တွေ့မယ်ပြောတော့ ရန်ကုန်မှာ ရှိတဲ့ ကျွန်တော့် အဖွားနဲ့ ဂျပန်စကားကောင်းစွာပြောတက်တဲ့ ကျွန်တော်အမေ တို့က မြန်မာ့ ယဉ်ကျေးမှု့အရ ပျူပျူဌာဌာ ထမင်းကျွေးဧည့်ခံတာပေါ့၊ သူတို့လည်း မြန်မာ့ ဟင်လျာများကို စားသောက်ရင် အမေန...