အင်အားကြီးသူက၊ အင်အားငယ်သူကို ၊ စစ်နိုင်သူက ၊ စစ်ရှုံးသူကို သတင်း မီဒီယာ တွေနဲ့ ကိုယ်လိုရာ ဇတ်နာအောင် သမိုင်းရေးတက်သည်မှာ အခု မှ မဟုတ် ဒဿဂီရိ တောင် လူစင်စစ် ကနေ ဘီလူး သမိုင်းအရေးခံရတာကို သွားသတိရမိတယ်။
ပထမ ကမ္ဘာစစ်တုန်းက စစ်နိုင်သူ အင်္ဂလိပ်နဲ့ ပြင်သစ်တို့ အနိုင်အထက် စစ်ရှုံး ဂျာမန်တွေကို မတရားစာချုပ်တွေနဲ့ အနိုင်ယူခဲ့တော့ ဒုတိယ ကမ္ဘာစစ်ဖြစ်လာတယ်။ ဟစ်တလာ လည်း ဒဿဂီရိ သမိုင်းအရေးခံရ တော့တာပေါ့။
အင်္ဂလိပ်တွေ အမေရိကန်တွေဟာ ကမ္ဘာ့ကယ်တင်ရှင် သူတော်ကောင်း တွေပါ၊ သူတို့ ဟာ မည်သူက မည်သူ့ကို ကျူးကျော်တာ
သိမ်းပိုက်တာ၊ ဂုတ်သွေးစုပ် တာမှ လက်မခံပါဘူး။ ( သူတို့ မှ လွဲပြီးတော့ )
ဒီတော့ ဒုတိယ ကမ္ဘာစစ်ပြီးတော့ တကမ္ဘာလုံး တရားမျှတပြီး၊ လူ့အခွင့်အရေး တန်းတူညီမျှစေရန် ကုလသမဂ္ဂအဖွဲ့ ကြီးကို သူတို့မှာ ဗီတိုအာဏာ ကိုယ်စီနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ဒါဟာ စစ်ရှုံး နိုင်ငံများကို ဒသဂီရိ ဇတ်ရိုက်ရုံတင်မက တကမ္ဘာလုံးကို ပါရိုက် လိုက်လေသလား မသိ ?
တကယ်အမြော်အမြင်ရှိသူတွေပါ လူ့ အသက် သွေး ပေါင်းများစွာ ပျက်သုန်း သွားနိုင်တဲ့ RUSSIA VS USA စစ်အေး ကာလမှာ ကုလသမဂ္ဂ ဆိုတာဟာ သူတို့ ဦးထိပ်ထားရာ၊ တန်ဖိုးထားရာ သူတို့ ကစားကွင်းပေါ့။
စစ်အေးကာလ ပြီးတဲ့ အချိန်မှာ ကုလသမဂ္ဂဆိုတာ မုတ်ဆိုးမ တစ်ယောက်လို ဒုက္ခပင်လယ်ဝေပြီး၊ ဟန်သာရှိတော့တဲ့ ဘဝပါ။
သူတို့ ဦးဆောင် တဲ့ ကုလသမဂ္ဂ ကို လိုရင်သုံးတယ် စိတ်မထင်ရင် ဘေးချိတ်ပြီး နေတိုး ကို သုံးပါတယ်။ ဒါကို ကြည့်ချင်းဖြင့် ကုလသမဂ္ဂ ဟာ ကမ္ဘာ့အရေးအခင်းတွေမှာ အသုံးမဝင် ၊ အသုံးမတည့်တော့သည်မှာ သေချာ လာပြီး၊ ကုလသမဂ္ဂ ကို နိုင်ငံငယ်များ အရေးကိုင်တွယ်ရန် လက်နှက်တစ်ခု ဖြစ်မှန်း မသိဖြစ်လာတော့မှာလား၊
2011 ခုနှစ်ကရေးသည်
No comments:
Post a Comment